ရွှေလမ်းငွေလမ်းလမ်းညွှန်လိုက်မယ်

 

မြန်မာသက္ကရာဇ် ၁၂၇၆ ခု၊ ၁၂၈၃ ခု၊ ၁၂၉၀ ခု၊ ၁၂၉၇ ခု၊ ၁၃၀၄ ခု၊ ၁၃၁၁ ခု၊ ၁၃၁၈ ခု၊ ၁၃၂၅ ခု၊ ၁၃၃၂ ခု၊ ၁၃၃၉ ခု၊ ၁၃၄၆ ခု၊ ၁၃၅၃ ခု၊ ၁၃၆၀ ခု၊ ၁၃၆၇ ခု၊ ၁၃၇၄ ခု၊ ၁၃၈၁ ခု၊ ၁၃၈၈ ခု၊ ၁၄၉၅ ခု၊ ၁၄၀၂ ခု၊ ၁၄၀၉ ခု၊ ၁၄၁၆ ခု၊ ၁၄၂၃ ခု၊ ၁၄၃၀ ခု၊ ၁၄၃၇ ခု၊ ၁၄၄၄ ခု၊ ၁၄၅၁ ခု၊ ၁၄၅၈ ခု၊ ၁၄၆၅ ခု၊ ၁၄၇၂ ခု၊ ၁၄၇၉ ခု၊ ၁၄၈၆ ခု၊ ၁၄၉၃ ခု၊ ၁၅၀ဝ ခု၊ ၁၅၀၇ ခု၊ ၁၅၁၄ ခု၊ ၁၅၂၁ ခု၊ ၁၅၂၈ ခု၊ ၁၅၃၅ ခု၊ ၁၅၄၂ ခု၊ ၁၅၄၉ ခု၊ ၁၅၅၆ ခု၊ ၁၅၆၃ ခု၊ ၁၅၇၀ ခုများတွင် မွေးဖွားသူများအတွက် ဖြစ်ပါသည်။

ထိုနှစ်များအနက် တစ်ခုခုတွင် ဖွားမြင်သော မိတ်ဆွေသည် –

တနင်္ဂနွေသားသမီးဆိုပါက အထွန်းဖွား ဖြစ်ပါသည်။

တနင်္လာသားသမီးဆိုပါက ဘင်္ဂဖွား ဖြစ်ပါ သည်။

အင်္ဂါသားသမီးဆိုပါ က ပုတိဖွား ဖြစ်ပါသည်။

ဗုဒ္ဓဟူးသားသမီးဆိုပါက သိုက် ဖွား ဖြစ်ပါသည်။

ကြာသပတေးသားသမီးဆိုပါက မရဏ ဖွား ဖြစ်ပါသည်။

သောကြာသားသမီးဆိုပါက အဓိပတိဖွား ဖြစ်ပါသည်။

စနေသားသမီးဆိုပါက ရာဇဖွား ဖြစ်ပါသည်။

 

ဘုရားရဟန္တာ ပူဇော်ရာ

 

မိတ်ဆွေရဲ့ ဘုရားစင်မှာ အင်သား၊ အုန်း သား စတာတွေနဲ့ ဘုရားထုလုပ် ကိုးကွယ်ပူဇော် သင့်ပါတယ်။ သီးသား၊ သီဟိုဠ်သား စတာတွေနဲ့ ရှင်သီဝလိ၊ ထိန်သား၊ ထန်းသား စတာတွေနဲ့ ရှင်ဥပဂုတ္တ ထုလုပ်ကိုးကွယ်ပူဇော်သင့်ပါသည်။

 

စိတ်နေသဘောအကျဉ်းဟောရသော်

 

မိတ်ဆွေဟာ လွတ်လပ်မှုကို အလွန်နှစ်ခြိုက် မယ်။ မိမိရဲ့ အတွေးအခေါ် အယူအဆအပေါ်မှာ အခိုင်အမာ ရပ်တည်တတ်သူဖြစ်တယ်။ ကောင်း တာလုပ်လုပ်၊ ဆိုးတာပဲလုပ်လုပ် နာမည်ကျော်တတ် တယ်။ ဘာမဆို ပေါ်ပေါ်ထင်ထင်လုပ်ကိုင်ပြုမူတတ် တယ်။ အစွဲအလမ်းကြီးတတ်တယ်။ အဖွဲ့အစည်းနဲ့ စုပေါင်းလုပ်ကိုင်တာကို ဝါသနာပါတတ်တယ်။ အဲဒီ လို အလုပ်တွေနဲ့လည်း အကျိုးပေးအောင်မြင်မယ်။   စိတ်မြန်ကိုယ်မြန် လုပ်တတ်လွန်းတာကို သတိပြု သင့်ပါတယ်။ လူကောင်းသူကောင်းတွေနဲ့ တွဲမိရင် တအားကောင်းတတ်ပြီး လူဆိုးသူဆိုးတွေနဲ့ တွဲမိရင် တော့ ကမ်းကုန်အောင် ဆိုးတတ်ကြောင်း သတိချပ် စေလိုပါတယ်ခင်ဗျာ။

 

လုပ်ငန်းလမ်းညွှန်

 

မိတ်ဆွေရဲ့ဘဝမှာ ဘယ်လုပ်ငန်းနဲ့ မားမား မတ်မတ် အခိုင်အမာရပ်တည်မှာလဲဆိုတဲ့ ရည်ရွယ် ချက်တစ်ခု ပြတ်ပြတ်သားသား ချမှတ်ထားဖို့အရေး ကြီးပါတယ်။

ရည်ရွယ်ချက်ထားကြတယ်ဆိုတဲ့ နေရာမှာ လည်း တချို့က ကိုယ်နဲ့ နီးစပ်တဲ့ မိရိုးဖလာလုပ်ငန်း တွေ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ထိစပ်နေတဲ့ လုပ်ငန်း တွေကိုပဲ ရည်ရွယ်လေ့ရှိပါတယ်။ တချို့ကလည်း ဝါသနာအလျောက် ဘာလုပ်မယ်ဆိုပြီး ရည်ရွယ် လေ့ရှိကြပါတယ်။ အချို့ကြတော့လည်း လုပ်ချင်တာ တွေ၊ လုပ်သင့်တာတွေထက် အခြေအနေပေးလာ ကြတဲ့ ကြုံရာကျဘမ်းအလုပ်တွေကိုပဲ ဝင်ရောက် လုပ်ကိုင်နေတတ်ကြပါတယ်။

ကျွန်တော့်အတွေ့အကြုံအရပဲဖြစ်ဖြစ်၊ ကျွန်တော့်ပတ်ဝန်းကျင်က မိတ်ဆွေအပေါင်းအသင်း တွေရဲ့ အတွေ့အကြုံအရပဲဖြစ်ဖြစ် ကျွန်တော်တစ်ခု  သတိထားမိတာက လူတစ်ယောက်ရဲ့ ဘဝမှာ အခြေ အနေတစ်ခုကနေ တစ်ခုကို ပြောင်းဖို့ဆိုတာ ပြောင်း ရဲဖို့ဆိုတာ ပြောင်းနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတယ် ဆိုတာပါပဲ။

ဆိုကြပါစို့ …ကိုယ်က အလုပ်တစ်ခုမှာ ဝင် ပြီးလုပ်နေတယ်။ အဲဒီအလုပ်ဟာ အဆင်မပြေကြီး မဟုတ်လှပေမယ့် အဆင်ပြေတာမျိုးလည်း မဟုတ် ပြန်ဘူး။  ဒီလိုလုပ်နေရင်းနဲ့ သူ့ထက်ပို ပြီး အခြေအနေကောင်းတဲ့ လုပ်ငန်း အဆက်အသွယ်မျိုးပေါ်လာတယ်ဆို ပါတော့။ မူလအလုပ်က ထွက်ပြီး နောက် တစ်လုပ်ကို ပြောင်းနိုင်ဖို့၊ ပြောင်းရဲဖို့အင်မတန်ခက်ခဲပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီ တိုင်းလေး ဣနြေ္ဒမပျက်နေတာက ကောင်းပါတယ် လေဆိုပြီး လက်ရှိအလုပ်မှာဘဲ ဆက်လုပ်ဖြစ်နေတဲ့ လူတွေက များပါတယ်။

အဲဒါတွေက လက်ရှိအလုပ်ကို လက်ရှိပတ် ဝန်းကျင်ကို သံယောဇဉ်တွယ်နေတာ၊ ပစ်မသွားရက် တာကြောင့်လည်း ပါပါလိမ့်မယ်။ သတ္တိနည်းတာလို့ လည်း ဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်အကိုင် ပဲဖြစ်ဖြစ်၊ နေရာထိုင်ခင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်း အသင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ သံယောဇဉ်ကြီး နေတာက များပါတယ်။ အသစ်သစ်တွေကို ရှာဖို့ ဝန်လေးနောက်တွန့် နေမိတတ်ကြပါတယ်။

ဆိုလိုချင်တာက အလုပ်တစ်ခုလုပ်မိပြီဆို ရင် နောက်တစ်ခုပြောင်းဖို့ အင်မတန်ခဲယဉ်းတယ်ဆိုတာ ပါပဲ။ အဲဒီတော့ မိတ်ဆွေရဲ့ ဘဝမှာဘယ်လုပ်ငန်းနဲ့  အခိုင်အမာရပ်တည်သင့်သလဲ၊ ဘယ်လုပ်ငန်းတွေ ဟာ မလုပ်သင့်တဲ့ လုပ်ငန်းတွေလဲဆိုတာကို တိတိ ကျကျ ပြတ်ပြတ်သားသား သိထားမယ်ဆိုရင် အခု မိမိလုပ်နေတဲ့ အလုပ်နဲ့ကိုယ်နဲ့ အပ်စပ်သလား၊ မအပ်စပ်ဘူးလား၊ ဒါမှမဟုတ် ရည်ရွယ်ထားသော နောင် လုပ်လတ္တံ့သော လုပ်ငန်းနဲ့ ကိုယ်နဲ့ကရော အပ်စပ်သလား၊ မအပ်စပ်ဘူးလားဆိုတာကို ချင့်ချိန် တွက်ဆနိုင်ပါလိမ့်မယ်။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya