ရိုစီမပြောပြတဲ့ ဝေးကြသူများ နီးဖို့ရာ

“အစ်မရဲ့ ပူပင်သောကဆိုတာက သေးသေးလေးပါ။ ဆရာ့လို ပညာဥာဏ်ကြီးမားတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ သိပ်ပြီး မတန်လှပါဘူး။ အဲဒီကိစ္စမျိုးကို ဆရာ့လို ပုဂ္ဂိုလ်မျိုးက ဝင်ပြီးဖြေရှင်းပေးနေရမယ်ဆိုရင် မီလျှံနာ သူဋ္ဌေးကြီးကို ခွေးမောင်းခိုင်းသလိုမျိုး မတန်မရာ ဖြစ်နေတော့မှာပေါ့။ ကျွန်မရဲ့ အဆင့်လောက်နဲ့ ပြီးပါတယ် အစ်မရယ်၊ ဒီပုံလေးကို သေချာကြည့်ထား၊ အစ်မရဲ့ အချစ်ရေး အိုကေမှာ စိုပြည်ပြီး တူနှစ်ကိုယ် အမြန်နီးစေဖို့ ဘယ်လိုသုံးရမယ်ဆိုတာ ကျွန်မပြောပြမယ်။ သေချာနားထောင်”

ဟူသော စကားကို အင်္ဂလိပ်ဘာသာတစ်ဝက်၊ အရောရောဖြင့် ပြောလေ၏။

ရိုစီမ ရေးဆွဲပြသောပုံမှာ အောက်ပါအတိုင်း ဖြစ်လေ၏။

ရိုစီမသည် အသည်းနှလုံးလေးနှစ်ခုထပ် ထားသော ဂမ္ဘီရအမှတ်တံဆိပ်ကလေးကို ရေးဆွဲပြ ပြီးနောက် အောက်ပါအတိုင်း ဆက်၍ ပြောပြပြန် ၏။ မြင်းမလေးကလည်း စိတ်ဝင်စားစွာ စူးစိုက်စွာ ဖြင့် နားထောင်နေလေ၏။

သူမ၏စိတ်တွင်မူ ရိုစီမနှင့် ကျွန်ုပ်သည် ဆရာတပည့်ဟုပင် ထင်နေဟန်ရှိ၏။ ရိုစီမသည် လည်း ဂမ္ဘီရပညာရပ်များကို တတ်ကျွမ်းနှံ့စပ်သော မိန်းကလေးတစ်ယောက်ဖြစ်သည်ဟု ထင်နေဟန်ရှိ ၏။ ထို့ကြောင့်လည်း ရိုစီမက ဆရာမကြီးတစ် ယောက်သဖွယ် လူတတ်ကြီးလုပ်၍ ပြောပြနေသည် များကို အလေးတစိုက် နားထောင်နေခြင်းဖြစ်လေ ၏။ ရိုစီမက ပြော၏။

“ဒီလိုအစ်မရဲ့ …အစ်မရဲ့ ဓာတ်ပုံနဲ့ ချစ်သူ ရဲ့ ဓာတ်ပုံလေးတစ်ပုံစီကို အသည်းနှလုံးကလေး တစ်ခုစီအပေါ်မှာ စွဲမြဲအောင် ကပ်ရမယ်။ အသည်းနှ လုံးလေးနှစ်ခုကို ချိတ်တွဲထားတဲ့ ကြိုးကလေး၊ ကွင်း ကလေးကိုတော့ မထိစေရဘူးပေါ့။

အဲဒါလေးကို ပလတ်စတစ်ကတ်လေး လောင်းထားရမယ်။ မကြာခဏ အမွှေးနံ့သာ ဆွတ် ဖြန်းပေးရမယ်။ ပြီးတော့ ညအိပ်ရာဝင်ခါနီးတိုင်းမှာ အစ်မရဲ့ လက်ဝါးပြင်နဲ့ ပုံကို ဖွဖွလေးပွတ်ပြီး အစ်မ တို့နှစ်ယောက် အမြန်နီးဖို့ ဆုတောင်းရမယ်။ လက် ဝါးနဲ့ပွတ်တဲ့အခါမှာ အဓိကကတော့ သောကြာဂြိုဟ်ခုံ လို့ခေါ်တဲ့ လက်မရဲ့ဘေးက အသားစိုင် ထူထူလေးနဲ့ ထိမိအောင် သတိထားပြီး ပွတ်ရမယ်။

အဲဒါဟာ အနောက်တိုင်းက ဂမ္ဘီရဆရာကြီး တွေရဲ့ အစီအရင်တစ်ခုပဲ အစ်မရဲ့။ ကျွန်မတို့ဆီ မှာ အင်းတွေ၊ စမတွေကို အားပြုပြီး သုံးကြသလိုပဲ  သူတို့ဆီမှာလည်း ဒါမျိုးတွေကို တွင်တွင်ကျယ်ကျယ် သုံးကြတယ်” ဟု ရိုစီမက ချက်နှင့်လက်နှင့် ရှင်း ပြလေ၏။

အချစ်မီးပူလောင်စွာ တောက်လောင်နေ သော မြင်းမကလေးသည် –

“ကျေးဇူးတင်ပါတယ် ဆရာမရယ်။ ကျေးဇူး တင်ပါတယ်။ ကျွန်မ အမြန်ဆုံးလုပ်ပါမယ်။ ဆရာတို့ အစ်မတို့ ကျေးဇူးလည်း မမေ့ပါဘူး”ဟု အထပ်ထပ် ပြောကာ ပြန်သွားလေတော့၏။

ရိုစီမသည်လည်း မရှေးမနှောင်းပင် ပြန်သွား ခဲ့ပါလေတော့သတည်း။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး သုံးပတ်ခန့်ကြာလွန်သော နေ့တစ်နေ့တွင် ရိုစီမသည် ကျွန်ုပ်ထံသို့ ရောက်လာပြန်၏။ သူသည် အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော ဂမ္ဘီရစာအုပ်အချို့ ကို ယူဆောင်လာ၏။ ကျွန်ုပ်လည်း စာအုပ်အဖုံးများ ကို ကြည့်ပြီးနောက် –

“နင်က ဘာသဘောနဲ့ ဒီစာအုပ်တွေ ငါ့ဆီ ကို ယူလာရတာလဲ။ ငါ အင်္ဂလိပ်စာတတ်တယ်ဆို တာက အင်္ဂလိပ်အက္ခရာ အေဘီစီဒီ ၂၆ လုံးကို ဒိုးဒိုးဒေါက်ဒေါက်ရရုံကလွဲပြီး ဘာမှတတ်တာ မဟုတ် ဘူး။ အများတကာတွေ အင်္ဂလိပ်စာအုပ်တွေကို ဖတ် နေတာတွေ့လို့ အားကျမခံ ငါလည်း ဖတ်မယ်ဆိုပြီး ကြိုးစားကြည့်ဖူးတယ်။

ငါ့ဘေးမှာ ဒစ်ရှင်နရီသုံးအုပ်ရယ်၊ ခဲတံ နီပြာ တံတွေရယ်၊ မှတ်စုစာအုပ်တွေရယ် ရှုပ်ပွသွားတာ ကလွဲလို့ အလုပ်မဖြစ်ခဲ့ဘူး။ ဒစ်ရှင်နရီကိုသုံးပြီး    အဓိပ္ပာယ် မီးနင်းတွေ သိသွားပေမယ့် ဝါကျကို ဘာ သာပြန်တဲ့အခါကျတော့ ပြန်လို့မရတော့ဘူး။ တစ် လုံးချင်း အဓိပ္ပာယ်တွေအားလုံးသိတယ်။ ဘာသာ လည်း ပြန်လို့မရဘူး။ အဲဒီမှာတင် ငါ့အခြေအနေကို ငါသဘောပေါက်လိုက်ရတယ် ရိုစီမရေ” ဟု ပြော လိုက်လျှင် ရိုစီမလည်း တခစ်ခစ် ရယ်လေ၏။ ထို့နောက် ရိုစီမက –

“တစ်ခါတုန်းက အင်္ဂလိပ်စာရေးဆရာကြီး တစ်ယောက်ဟာ လမ်းလျှောက်ထွက်ရင်းနဲ့ ကျောင်း သားလေးတစ်ယောက်ကို တွေ့သတဲ့။ အဲဒီ ကျောင်း သားလေးက သုံးထပ်တိုက်ပေါ်က သူ့အဖော် သူငယ်ချင်းကို လှမ်းပြီးခေါ်တယ်။ အပေါ်က ကလေး က လက်ကာပြပြီး ဝိတ်ဝိတ် (Wait Wait)လို့ လှမ်းပြီး ပြောသတဲ့။ အောက်က သူငယ်က ခေါင်းညိတ်ပြသတဲ့။

အဲဒီမှာတင် ဆရာကြီးက မသိချင်ယောင် ဆောင်ပြီး အပေါ်က သူငယ်က ဘာပြန်ပြောသွား တာလဲကွယ့်လို့ မေးလိုက်တဲ့အခါ အမေးခံရတဲ့ ကျောင်းသားလေးက ခဏခဏလို့ ပြောသွားတာပါ  လို့ ပြန်ပြောသတဲ့။

ဆရာကြီးလည်း ပြုံးစိစိ ဖြစ်သွားတယ်။ Wait ဆိုတာစောင့်သည်။ စောင့်ပါဆိုတဲ့ အဓိပ္ပာယ် ထွက်တယ်။ အပေါ်က ကလေး ပြန်ပြောတဲ့အတိုင်း အဓိပ္ပာယ်ပြန်မယ်ဆိုရင် စောင့်ပါစောင့်ဆိုတဲ့ အဓိပ္ပာယ်ထွက်နေတယ်။ ဟုတ်တော့ ဟုတ်တယ်။ သဘာဝမကျဘူး။ အောက်ကကလေး ဘာသာပြန် လိုက်တဲ့ ခဏ ခဏဆိုတာလေးက မြန်မာဆန် တယ်။ သဘာဝကျတယ်။ တကယ်က ဝိတ်ဆိုတာ ဟာ ခဏ မဟုတ်ဘူးလေ။ မဟုတ်ပေမယ့် ဟုတ်သွား တယ်လေ။

အဲဒီတော့ ဆရာသဘောပေါက်ဖို့က အင်္ဂလိပ် စာကို အင်္ဂလိပ်လိုဖတ်ပြီး အင်္ဂလိပ်လို မစဉ်းစားပါနဲ့ မြန်မာလို စဉ်းစားမှ အဆင်ပြေလိမ့် မယ်ဆရာရေ”ဟု အကျအန ပြောပြပါလေတော့၏။ ကျွန်ုပ်လည်း ကျေးဇူးတင် သဘောကျစွာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေမိလေတော့၏။

ထို့နောက် ရိုစီမသည် ၄င်းဝယ်လာသော ရွှေရင်အေးတစ်ခွက်ကို ကျွန်ုပ်အား တိုက်လေ၏။ ကျွန်ုပ်လည်း ခံတွင်းတွေ့သောကြောင့် တစ်ခွက်လုံး ကုန်အောင် ကျေကျေနပ်နပ်ကြီး သောက်ပစ်လိုက်    လေ၏။ ရိုစီမက ပြုံးပြုံးကြီးကြည့်ရင်း –

“ကောင်းလား”ဟု မေး၏။ ကျွန်ုပ်က နှုတ်ခမ်းကို လက်ခုံဖြင့်ပွတ်ရင်း –

“ဘဲရီးနှစ်ခါ ဂွဒ်”ပြန်၍ ပြောလိုက်လေ၏။ ထိုအခါ ရိုစီမက ဟက်ဟက်ပက်ပက် ရယ်မောရင်း-

“ဆရာတို့ဟာလေ အရမ်းခက်တာပဲ။ ရွှေ ရင်အေးကျတော့ကြိုက်တယ်။ တစ်ခါတလေ ကျ တော့ သိပ်ပြီး တစ်ယူသန်လွန်းတာပဲ။ မစွဲရမယ့် အရာတွေကို စွဲနေတယ်။ လူမျိုးစွဲ၊ ဘာသာစွဲ၊ ယဉ် ကျေးမှုစွဲဆိုတာတွေဟာ အင်မတန် လိုအပ်ပါတယ်။ ဒါပေမဲ့ ကိုယ့်အမျိုးဘာသာ၊ သာသနာကို မထိခိုက် စေတာတွေကိုတော့ လက်ခံသင့်ရင် လက်ခံရမှာပေါ့ ဆရာရဲ့ …။

အခုပဲကြည့်လေ ရွှေရင်အေးဆိုတာ ဘယ်လို ပစ္စည်းမျိုးလဲ၊ မြန်မာ့ရိုးရာ အစားအသောက်အမှန် က မုန့်လက်ဆောင်းဆရာရဲ့…။ ထန်းလျက်နဲ့ မုန့်ဖတ် နှစ်မျိုးပဲပါတယ်။ အခုတော့ ကြည့်စမ်းပါဦး ပေါင်မုန့်လည်းပါတယ်။ ကိတ်ခြောက်လည်းပါတယ်။ ကျောက်ကျောလည်း ပါတယ်။ ရေခဲတုံးလည်းပါ တယ်။ နို့စိမ်းလည်း ပါတယ်။ သာကူလည်း ပါတယ်။ မြန်မာဆန်တဲ့ ထန်းလျက်ရည်တောင် မပါတော့ဘူး။ အဲဒီတော့ မြန်မာအစားအသောက်လား၊ အနောက် တိုင်း အစားအသောက်လား။ ဘာဖြစ်သွားပြီလဲ စဉ်းစားကြည့်စမ်းပါဦး၊ ရောသမမွှေဖြစ်သွားပြီလေ ဆရာရဲ့ …မြန်မာဆန်ချင်တယ်။ မြန်မာမှုမပျောက် ချင်ဘူးဆိုရင်တော့ ဆရာ့အနေနဲ့ ရွှေရင်အေး ဆန့် ကျင်ရေး လုပ်ရတော့မယ်။ အခုတော့ ဆရာကပါ ရွှေရင်အေးကို ကြိုက်နေပြီမဟုတ်လား”ဟု ပြောပါ လေတော့၏။

ကျွန်ုပ်လည်း ၄င်းဝယ်လာသော ရွှေရင်အေး ကို မျိုချရအခက်၊ ထွေးထုတ်ရအခက်၊ မရှုနိုင် မကယ်နိုင်ကြီး ဖြစ်ရလေတော့၏။ ထိုအခါ ရိုစီမက  ဆက်လက်၍ –

“တကယ်တော့ ရွှေရင်အေးကို ဆရာ သောက်နေတာဟာ အစွဲကြီးသူတွေဘက်ကကြည့် ရင် အမျိုးသားယဉ်ကျေးမှုကို သစ္စာဖောက်နေတာ ပဲ။ ဒါပေမဲ့ ရွှေရင်အေး သောက်လိုက်တဲ့အတွက် အမျိုးလည်း ပျက်မသွားပါဘူး။ ဘာသာကိုလည်း မထိခိုက်ပါဘူး။ သာသနာအတွက်လည်း အနှောင့် အယှက်မဖြစ်ပါဘူး။ ရဲရဲတင်းတင်း စိတ်ချလက်ချ သာ သောက်စမ်းပါ ဆရာရယ် …။ တကယ်တော့ ရွှေရင်အေးဆိုတာ ဒီခေတ်စကားနဲ့ ပြောရရင် ဂလို ဘယ်လိုက်ဇေးရှင်း မုန့်တစ်မျိုးပါပဲ ဆရာရဲ့” ဟု ပြောပြန်ပါလေတော့၏။

ထိုအချိန်၌မှာပင် လွန်ခဲ့သော သုံးပတ်ခန့် က ကျွန်ုပ်ထံ ရောက်လာဖူးသော မြင်းမကလေး သည် ရွှင်မြူးတက်ကြွသော အမူအရာမျိုးဖြင့် မခုန်မပေါက်ရုံတမယ် အပြေးအလွှား ရောက်ရှိလာ လေ၏။ ၄င်းသည် ကျွန်ုပ်၏ရှေ့တွင် ထိုင်နေသော ရိုစီမအား ဝမ်းသာအားရဖြင့် ပြေးဖက်လိုက်၏။ ရိုစီမ၏ မျက်နှာကိုလည်း တရွှတ်ရွှတ်နမ်းလေ၏။ ထို့နောက်

“ကျေးဇူးတင်လိုက်တာ ဆရာမရယ် …။ ကျေးဇူးတင်လိုက်တာ ကျွန်မတို့ နှစ်ယောက်ကိစ္စ အိုကေမှာ စိုပြည်သွားကြပြီ”ဟု ပြောလေ၏။ ထို အခါ ရိုစီမက –

“ကျွန်မတစ်ယောက်တည်းတင် ကျေးဇူး ကွက်တင်လို့တော့မရဘူး။ ဆရာ့ကိုလည်း တင်ရ မယ်လေ”ဟု ပြောလျှင် မြင်းမလေးက –

“ဆရာ့ကိုလည်း တင်ပါတယ်။ ဆရာ့ကို လည်း တင်ပါတယ်”ဟုပြန်၍ပြောလေ၏။ ထိုအခါ ရိုစီမက –

“အဲဒီလိုတော့ မလုပ်နဲ့လေ …၊ ကျွန်မကို ကျေးဇူးတင်တုန်းက ကျွန်မကို ဖက်ပြီး နမ်းတယ်။ ဆရာ့ကို ကျေးဇူးတင်တဲ့အခါကျတော့လည်း အဲဒီ လိုပဲ တင်လေ။ ခွဲခြား ခွဲခြားမလုပ်ပါနဲ့”ဟု ပြောလိုက် သည်ဖြစ်ရာ ကျွန်ုပ်နှင့် မြင်းမလေးလည်း ဘာပြန် ပြောရမှန်းမသိဘဲ မျက်နှာများ ရဲခနဲ ဖြစ်သွားကြရ လေ၏။

ထိုအချိန်၌မှာပင် ကျွန်ုပ်၏ အခန်းရှေ့သို့ ကားတစ်စီး ထိုးစိုက်လာ၏။ ထိုအခါ ကျွန်ုပ်လည်း လွယ်အိတ်ကို ကောက်၍လွယ်ကာ ထိုင်ရာမှထ လိုက်ရင်း –

“ကဲ ကဲ စကားပြောလို့တော့ ကောင်းပါရဲ့။ ဒီနေ့ငါ့စာအုပ်ဖြန့်မယ်။ ဒေါ်ဝါယောနဲ့ လောကဇာတ်ခုံ ယတြာစုံဆိုတဲ့ ယတြာပေါင်းချုပ် စာအုပ်ပေါ့။ ငါ့ရဲ့ စာအုပ်တွေဖြန့်တိုင်း ဘုရားတွေမှာ ကန်တော့ပွဲတွေ နဲ့လိုက်ပြီး ပူဇော်လေ့ရှိတယ်။ အခုသွားကြမှာ” ဟု ပြောလိုက်လျှင် ရိုစီမနှင့် မြင်းမလေးကလည်း –

“ကျွန်မတို့လည်း လိုက်မယ် …၊ ကျွန်မတို့လည်း လိုက်မယ်”ဟု ကလေးများပမာ ပူဆာကြလေ၏။ ထိုအခါ ကျွန်ုပ်က ရိုစီမ၏နဖူးအား လက် ညှိုးဖြင့် ထိုးလိုက်ရင်း –

“ အေး လိုက်ချင်တော့လိုက်၊ ဒါပေမဲ့ ငါ့ရဲ့ ရိုးရာနတ်ကန်တော့ပွဲကိုတော့ နတ်ဝင်ပြီး ဂလိုဘယ် လိုက်ဇေးရှင်း လုပ်မပစ်ကြေးပေါ့ဟယ်” ဟု ပြော လိုက်ရပါလေတော့သတည်း။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya