






 



တနင်္လာသားသမီးများ


အင်္ဂါသားသမီးများ


ဗုဒ္ဓဟူးသားသမီးများ


ကြာသပတေးသားသမီးများ


သောကြာသားသမီးများ


စနေသားသမီးများ


 

Unicode Version

ဆွေမျိုးသားချင်းအတွက် ဒုက္ခကြုံရသော နှစ်
**ဇင်ယော်နီ**
********************************
လူတစ်ခု ပူမှုရတယ်တဲ့ ဆယ်ကုဋေဆိုတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ဟာ အမြဲတစေလိုလို ပူပင်သောက တစ်ခုမဟုတ် တစ်ခုနဲ့တော့ ပတ်သက် နေရတတ်တာပါပဲ။
အပူသောကက သေးချင်သေးမယ်၊ ကြီးချင် ကြီးမယ်ပေါ့ဗျာ …။ လုံးဝလွတ်အောင်ကတော့ ရှောင်ဖို့ဆိုတာ မလွယ်ရေးချ မလွယ်ပါပဲ။
အဲဒီအထဲမှာ ကိုယ်ကိုယ်တိုင် ကြုံရတတ်တဲ့ ပူပင်သောကရယ်၊ ကိုယ့်မှာမကြုံရင်တောင် ဆွေမျိုး သားချင်းအတွက် ပူပင်ရတတ်တဲ့ သောကရယ်ဆိုပြီးတော့ ရှိနေပါသေးတယ်။
ဟောဒီလိုနှစ်အပိုင်းအခြားတွေမှာတော့ ကိုယ့်ရဲ့ကံက သိသိသာသာ ကောင်းနေပါလိမ့်မယ်။ စီးပွားတက်ငွေရွှင်၊ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံနေပါလိမ့်မယ်။ သို့ပါသော်လည်း အဲဒီလိုနှစ်တွေမှာ ကိုယ့်ရဲ့ကံကကောင်း သလောက် ဆွေမျိုးသားချင်းတွေအတွက် ပူပင်သောက အနည်းနဲ့အများ ကြုံရတတ်ပါတယ်။
ဆွေမျိုးအသိုင်းအဝိုင်းထဲကကျန်းမာရေးကိစ္စ၊ အမှုကိစ္စ၊ ဘာပြဿနာဖြစ်လို့ လိုက်ရှင်းပေးရတာ၊ ဖွဟဲ့ … နာရေးကိစ္စအထိပါ ကြုံရတတ်တယ်ဆိုတာလေး သတိပြုစေချင်ပါတယ်။
မုချ ဖြစ်မယ်လို့ ပါးစပ်ပုပ်ကြီးနဲ့ မပြောလိုပါဘူး။ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ …။ ဖြစ်တတ်တဲ့ သဘောသဘာဝလေးကို သတိပေးလိုရင်းဖြစ်ပါတယ်။

တနင်္ဂနွေသားသမီးများ
အသက် ၈ နှစ်၊ ၁၆ နှစ်၊ ၂၄ နှစ်၊ ၃၂ နှစ်၊ ၄၀ နှစ်၊ ၄၈ နှစ်၊ ၅၆ နှစ်၊ ၆၄ နှစ်၊ ၇၂ နှစ်၊ ၈၀ နှစ်၊ ၈၈ နှစ်၊
တနင်္လာသားသမီးများ
အသက် ၇ နှစ်၊ ၁၅ နှစ်၊ ၂၃ နှစ်၊ ၃၁ နှစ်၊ ၃၉ နှစ်၊ ၄၇ နှစ်၊ ၅၅ နှစ်၊ ၆၃ နှစ်၊ ၇၁ နှစ်၊ ၇၉ နှစ်၊ ၈၇ နှစ်၊
အင်္ဂါသားသမီးများ
အသက် ၆ နှစ်၊ ၁၄ နှစ်၊ ၂၂ နှစ်၊ ၃၀ နှစ်၊ ၃၈ နှစ်၊ ၄၆ နှစ်၊ ၅၄ နှစ်၊ ၆၂ နှစ်၊ ၇၀ နှစ်၊ ၇၈ နှစ်၊ ၈၆ နှစ်၊
ဗုဒ္ဓဟူးသားသမီးများ
အသက် ၅ နှစ်၊ ၁၃ နှစ်၊ ၂၁ နှစ်၊ ၂၉ နှစ်၊ ၃၇ နှစ်၊ ၄၅ နှစ်၊ ၅၃ နှစ်၊ ၆၁ နှစ်၊ ၆၉ နှစ်၊ ၇၇ နှစ်၊ ၈၅ နှစ်၊
ကြာသပတေးသားသမီးများ
အသက် ၃ နှစ်၊ ၁၁ နှစ်၊ ၁၉ နှစ်၊ ၂၇ နှစ်၊ ၃၅ နှစ်၊ ၄၃ နှစ်၊ ၅၁ နှစ်၊ ၅၉ နှစ်၊ ၆၇ နှစ်၊ ၇၅ နှစ်၊ ၈၃ နှစ်၊
သောကြာသားသမီးများ
အသက် ၁ နှစ်၊ ၉ နှစ်၊ ၁၇ နှစ်၊ ၂၅ နှစ်၊ ၃၃ နှစ်၊ ၄၁ နှစ်၊ ၄၉ နှစ်၊ ၅၇ နှစ်၊ ၆၅ နှစ်၊ ၇၃ နှစ်၊ ၈၁ နှစ်၊ ၈၉ နှစ်၊
စနေသားသမီးများ
အသက် ၄ နှစ်၊ ၁၂ နှစ်၊ ၂၀ နှစ်၊ ၂၈ နှစ်၊ ၃၆ နှစ်၊ ၄၄ နှစ်၊ ၅၂ နှစ်၊ ၆၀ နှစ်၊ ၆၈ နှစ်၊ ၇၆ နှစ်၊ ၈၄ နှစ်၊

Comments

comments

Post Author: manawmaya