ရွှေလမ်းငွေလမ်း ညွှန်လိုက်မယ်

 

အရောင်လမ်းညွှန်

ချစ်စွာသော မိတ်ဆွေခင်ဗျား …

လောကကြီးမှာ အရောင်အသွေးဆိုတာလည်း အရေးကြီးပါတယ်။ အရောင်တွေမှာ ထူးခြား တဲ့ ဂမ္ဘီရအာနိသင်တွေ၊ အစွမ်းအစတွေ ကိန်းအောင်း နေပါတယ်။ လူတွေရဲ့စိတ်ကို လွှမ်းမိုးပြောင်းလဲစေ နိုင်သလိုပဲ မိမိရဲ့ကံ အကောင်းအဆိုးပေါ်မှာလည်း လွှမ်းမိုးသက်ရောက်နေပါတယ်။ မိမိကိုကောင်းကျိုး ချမ်းသာဖြစ်စေမယ့် အရောင်တွေရှိနေသလို မိမိကို ဆိုးကျိုးဒုက္ခပေးမယ့်အရောင်တွေလည်းရှိနေပါတယ်။

တချို့က စကားကတ်ပြီး ပြောချင်ကြပါလိမ့် မယ်။ ငါ့ကိုဒုက္ခပေးမှာ ဘာအရောင်လဲ။ အမြဲတမ်း အဲဒီ အရောင်ဝတ်မယ်။ ဒုက္ခရောက်ပါ့မလား။ ဒါမှ မဟုတ် ငါ့ကိုကောင်းကျိုးပေးမှာက ဘယ်အရောင်လဲ။ အဲဒီအရောင်ကို အမြဲတမ်းဝတ်မယ်။ ချမ်းသာလာမှာလားလို့ စကားကတ်ပြီး ပြောချင်ပြောကြပါလိမ့် မယ်။

တကယ်ကတော့ မိမိကိုယ်တိုင်သည်သာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ကိုယ့်ဘဝအကောင်း အဆိုး၊ အတက်အကျမှာ ကိုယ်သာလျှင် အခြေခံ အကျဆုံးပါပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က အခြေ အနေအမျိုးမျိုးရဲ့ သက်ရောက်မှု၊ ပံ့ပိုးနိုင်မှု၊ နှောင့်ယှက်နိုင်မှုတွေကိုလည်း ထည့်ပြီးမတွက်လို့ မရနိုင်ပါဘူး။

ဆိုကြပါစို့။ ရှင်တော်ဗုဒ္ဓဟာ လောကသုံးပါး မှာ အထွတ်အမြတ် ပုဂ္ဂိုလ်ဖြစ်တော်မူပါတယ်။ တရားကိုယ်သဘောနဲ့ပြောမယ်ဆိုရင် မြတ်စွာဘုရား ရဲ့ ခမည်းတော်သုဒ္ဓေါဓနမင်းကြီးနဲ့ မယ်တော်မာယာ မိဖုရားတို့ဟာ မြတ်စွာဘုရားလောက် မမြင့်မြတ် တော်မူပါဘူး။ ဒါပေမဲ့ အဲဒီခမည်းတော်နဲ့ မယ်တော် မရှိဘူးဆိုရင်လည်း ရှင်တော်ဗုဒ္ဓရယ်လို့ ဖြစ်လာ စရာ အကြောင်းမရှိပါဘူး။ ဒါက စဉ်းစားမိတာလေး တစ်ခုပြောပြတာပါ။ အဲဒီလို အဲဒီလိုပဲ ပတ်ဝန်း ကျင်ရဲ့ သက်ရောက်ပံ့ပိုးမှုတွေဟာ ကျွန်တော်တို့ အပေါ်မှာ အများကြီး အများကြီး ရှိနေပါတယ်။ အရောင်အသွေးဆိုတာကလည်း အဲဒီလိုပဲပေါ့။

အဲဒီတော့ ကျွန်တော်တို့ရဲ့ နေအိမ်တွေ၊ အလုပ်ခန်းတွေ၊ ရုံးခန်းတွေ၊ ဆိုင်ခန်းတွေ၊ ဆိုင်း ဘုတ်တွေကို ပြင်ဆင်မွမ်းမံခြယ်သတဲ့အခါမှာပဲ ဖြစ် ဖြစ်၊ ကျွန်တော်တို့ရဲ့ အဝတ်အစားတွေ အထူး သဖြင့် စာမေးပွဲဖြေတဲ့အခါ၊ အင်တာဗျူးဖြေတဲ့အခါ၊ုအလုပ်လျှောက်တဲ့အခါ၊ ဆရာသမားလူကြီးတွေဘာ တွေနဲ့ အရေးကြီးတဲ့ကိစ္စ သွားရောက်တွေ့ဆုံပြောဆို တဲ့အခါ၊ြွေကးသွားတောင်းတဲ့အခါ၊ နောက်ဆုံး လူငယ်တွေ ချစ်စကားကြိုက်စကားပြောတဲ့အခါတွေ မှာပဲဖြစ်ဖြစ်၊ ကိုယ့်ကို အထောက်အကူပြုအကျိုးပေး မယ့် အရောင်အသွေးတွေကို ရွေးချယ်ဝတ်ဆင် အသုံးပြုမယ်ဆိုရင်ဖြင့် ပိုကောင်းတာပေါ့ဗျာ။

တကယ်ကတော့ဗျာ …ကျွန်တော်တို့အနေ နဲ့ အဝတ်အစားမဝတ်ဘဲ နေလို့ မရပါဘူး။ ဝတ်ကို ဝတ်ရမှာ။ ဝတ်တဲ့အခါမှာလည်း တစ်ရောင်မဟုတ် တစ်ရောင်ကို သုံးကိုသုံးရမှာမဟုတ်လား။ ကိုယ့်ရဲ့ ဆိုင်းဘုတ်ဆိုရင်လည်း ဗလာဟင်းလင်းကြီး တင် ထားလို့မှမရဘဲ။ တစ်ရောင် မဟုတ်၊ တစ်ရောင်နဲ့ ရေးကိုရေးရမှာပဲ မဟုတ်လား။ အလုပ်ခန်းတွေ ဘာတွေကိုလည်း ပြင်ဆင်မွမ်းမံမယ်ဆိုရင် အရောင် တစ်မျိုးမဟုတ် တစ်မျိုးကို သုံးရမှာပဲမဟုတ်ပါလား ဗျာ။

အဲဒီလိုသုံးရမယ့်အတူတူ အခုကျွန်တော်ညွှန်ပြမယ့် အရောင်လေးတွေကို အားပြုပြီး သုံးစေချင် ပါတယ်။ အဲဒီအတွက် အကျိုးမထူးဘူးဆိုပါတော့။ မထူးတာဘဲရှိမယ်။ ထိခိုက်နစ်နာတာတော့ မဖြစ်စေ ဘူးလေဗျာ။ တကယ်အကျိုးထူးစေမယ်ဆိုရင်တော့ အဲဒီအရောင်လေးတွေ သုံးရကျိုးမနပ်ဘူးလားဗျာ။ အဲဒီအတွက် စေတနာကောင်းနဲ့ ညွှန်ပြလိုက်ခြင်းဖြစ်ပါတယ်။

မိတ်ဆွေရဲ့ဘဝမှာ ကံကောင်းထောက်မခြင်းတွေကို ဖြစ်စေမယ့် ကောင်းကျိုးချမ်းသာတွေကို ပေးစေမယ့် အရောင်တွေကတော့ –

(၁) အပြာရောင်၊ အပြာရောင်နဲ့ နွှယ်တဲ့ အရောင်များ

(၂) အစိမ်းရောင်၊ အစိမ်းရောင်နဲ့ နွှယ်တဲ့ အရောင်များ

(၃) အဝါရောင်၊ အဝါရောင်နဲ့ နွှယ်တဲ့အရောင် များ

စတာတွေဖြစ်ကြပါတယ်။ ဒီအရောင်တွေနဲ့ အားပြုပြီး အခြားနှစ်သက်ရာ ကောင်းနိုးရာရာ အရောင်များနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်ခင်ဗျား။

 

စီးပွားဥစ္စာ မြဲဖို့ရာ

ချစ်စွာသောမိတ်ဆွေများ ခင်ဗျား …

မိတ်ဆွေရဲ့ဘဝမှာ ငွေကြေးတွေ၊ စီးပွားဥစ္စာ   တွေကို အသည်းအသန် ရှာဖွေရရှိပြီးတဲ့နောက် အဲဒီ ငွေကြေးစီးပွားတွေ အဖတ်မတင်ဘူး။ မမြဲဘူး။ အလဟဿ လေလွင့်ဆုံးရှုံးကုန်မယ်ဆိုရင်လည်း ရှာရ ဖွေရကျိုး ကြိုးရပမ်းရကျိုး နပ်မှာမဟုတ်ပါဘူး။

အဲဒီတော့ ရှာဖွေရရှိလာတဲ့ ငွေကြေးဥစ္စာ တွေကို စီးတဲ့ရေဆည်တဲ့ကန်သင်းဆိုသလို အဖတ် တင်အကျိုးပေးနိုင်ဖို့ ရှေးမဟာဘုတ်ဆရာကြီးများက  မိမိရဲ့မဟာဘုတ် သိုက်ဆိုတဲ့နေရာမှာရှိတဲ့ အသား  နဲ့ သေတ္တာလုပ်ပြီး သှိမှီးသိမ်းဆည်းစုဆောင်းဖို့ လမ်း ညွှန်လေ့ရှိပါတယ်။ ရှာဖွေရရှိလာတဲ့ ငွေကြေးပစ္စည်း ရတနာ စတာတွေကို အဲဒီသေတ္တာထဲမှာ စတိသ ဘောလေးဖြစ်ဖြစ် ထည့်သိုသိမ်းဆည်းမယ်ဆိုရင် အဲဒီဝင်လာရာတဲ့ ရတနာငွေကြေး ပစ္စည်းဥစ္စာတွေ ဟာ တည်မြဲမယ်။ မိမိအတွက် အကျိုးဖြစ်ထွန်းစေ မယ်လို့ဆိုပါတယ်။

မိတ်ဆွေအတွက် ရတနာငွေကြေး၊ ပစ္စည်း ဥစ္စာတွေ တည်စေမြဲစေဖို့ သေတ္တာကလေးပြုလုပ် ထားသင့်တဲ့ အသားကတော့ –

ကံ့ကော်သား၊ ဒါမှမဟုတ် ခရေသားစတဲ့ တနင်္လာနံအသားတွေပဲ ဖြစ်ပါတယ်ခင်ဗျား။

 

ဩဇာအာဏာတက်ဖို့ရာ

ချစ်စွာသော မိတ်ဆွေခင်ဗျား …

မိတ်ဆွေရဲ့ဘဝမှာ ကိုယ်လေးစားရိုသေရ မယ့် ကိုယ့်ထက်ကြီးမြင့်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြုံ ဆက်ဆံရမှာဖြစ်သလို ကိုယ်နဲ့တန်းတူပုဂ္ဂိုလ်တွေနဲ့ လည်း တွေ့ကြုံဆက်ဆံရမှာပါပဲ။

အဲဒီလိုပဲ ကိုယ့်ထက်ငယ်တဲ့ အောက်လက် ငယ်သား တပည့်သားချင်းတွေနဲ့လည်း မလွဲမသွေ တွေ့ကြုံဆက်ဆံရမှာပါပဲ။ အဲဒီမှာ အချို့ဟာ ကိုယ့် ရဲ့သားသမီး လက်အောက်ငယ်သား တပည့်တပန်း တွေအပေါ် ဩဇာညောင်းကြတယ်။ အဲဒီသားသမီး အောက်လက်ငယ်သားတွေက ကိုယ့်ကိုချစ်လည်း ချစ်၊ ကြောက်လည်းကြောက်၊ ရိုလည်းရိုသေကြ တယ်။

အဲဒီလို ချစ်ကြောက်ရိုသေတယ်ဆိုတဲ့ စကား လေးဟာ စကားလုံးအားဖြင့် ဘာမှမဟုတ်လှပေမယ့် အဓိပ္ပာယ်အနှစ်သာရအားဖြင့်တော့ အများကြီးကျယ် ဝန်း နက်ရှိုင်းလှပါတယ်။

အချို့များဆိုရင် လူမလေး ခွေးမခန့်ဆိုသလို အဆက်ဆံခံရတတ်ကြတယ်။ ကြောင်အိုလို့ြွကက် မလေးဆိုတဲ့ အဖြစ်မျိုးတွေ ရင်ဆိုင်ရတတ်ကြတယ်။ ကိုယ့်အပေါ်မှာ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မအောက်မေ့တဲ့ ဆက်ဆံခြင်းမျိုးတွေနဲ့ အဆက်ဆံခံ ရလေ့ရှိကြတယ်။ မထီမဲ့မြင် အလုပ်ခံရတတ်ကြ တယ်။

အဲဒီအဖြစ်မျိုး မကြုံရလေအောင် ကိုယ့်ရဲ့ ဩဇာအာဏာ အရှိန်အဝါ ထက်မြက်အောင်ဆိုပြီး ရှေးမဟာဘုတ်ဆရာမြတ်တွေ လမ်းညွှန်ခဲ့တဲ့ နည်း တစ်ခုရှိပါတယ်။ ဒါကတော့ မိမိရဲ့မဟာဘုတ် ရာဇ ဆိုတဲ့ နေရာက အသားကို သန်လျက်ထုလုပ်ပြီး ဘုရားစင်မှာတင်ထား၊ ဒါမှမဟုတ် ဆောင်ထားတဲ့ နည်းပဲ ဖြစ်ပါတယ်။

မိတ်ဆွေအတွက် လမ်းညွှန်ရမယ်ဆိုရင်တော့

ပေါက်သား ဒါမှမဟုတ် ပျဉ်းမသား၊ ပျဉ်း တော်သိမ်သား စတဲ့ ကြာသပတေးနံအသားတွေကို အသုံးပြုဖို့ပဲ ဖြစ်ပါတယ်ခင်ဗျား

 

မဟာဘုတ်နဲ့ ရတနာလုပ်တဲ့နည်း

ချစ်စွာသော မိတ်ဆွေခင်ဗျား …

မိမိရဲ့မဟာဘုတ်က ကောင်းကျိုးချမ်းသာ ဖြစ်စေမယ့် ဂြိုဟ်တွေနံတွေကို ပေါင်းစပ်ပြီး အဆောင်အဖြစ် အသုံးပြုနိုင်တဲ့ နည်းတစ်နည်းကို ကျွန်တော်တို့ရဲ့ ဆရာကြီးက သင်ပြပေးခဲ့ဖူးပါတယ်။

အဲဒီအကြောင်းကိုလည်း ကျွန်တော်ရေးသား ခဲ့ဖူးပါတယ်။ အခုဒီဆောင်းပါးမှာလည်း မိတ်ဆွေအ တွက် ဖော်ပြပေးလိုက်ရပြန်ပါတယ်။

မိတ်ဆွေအတွက် အဆောင်ကောင်းအဖြစ် အသုံးပြုဖို့ ပုံကတော့ သပြေပန်းတွေ ဝေနေအောင် ထိုးထားတဲ့ ရွှေရောင်ဖလားတစ်လုံးရဲ့ပုံပဲ ဖြစ်ပါ တယ်ခင်ဗျား။ ဒီပုံကို မိမိရဲ့ဆိုင်ခန်း၊ ရုံးခန်း၊ အလုပ် ခန်းတွေမှာ လည်းချိတ်ဆွဲ ထားခြင်းအား ဖြင့် စီးပွားတိုး တက်လုပ်ငန်း အောင်မြင်မှုတွေ ကိုအထောက် အကူပြုစေပါ လိမ့်မယ်။

 

ဘဝကံကြမ္မာ အတက်အကျ ချိန်ဆနိုင်ဖို့ရန်

ချစ်စွာသော မိတ်ဆွေခင်ဗျား မိမိတို့ရဲ့ မဟာ ဘုတ်ကနေဆက်နွှယ်ပြီး မိမိတို့ရဲ့ အသက်ပိုင်းခြား အလိုက် ဘယ်အပိုင်းအခြားတွေမှာ ကံဇာတာတက် မယ်။ ဘယ်အပိုင်းအခြားတွေမှာတော့ ကံဇာတာနိမ့် ပါးတတ်တယ်ဆိုတဲ့ နည်းတစ်နည်းကိုလည်း ကျွန် တော်တို့ရဲ့ ဆရာကြီးက သင်ပြပေးဖူးပါတယ်။

မိတ်ဆွေရဲ့ဘဝမှာ ကံကြမ္မာတက်နိုင် ကျနိုင် တဲ့ အသက်အပိုင်းအခြားလေးတွေကို သိထားမယ်ဆို ရင် အများကြီး အထောက်အကူပြုနိုင်ပါလိမ့်မယ်။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya