ရိုစီမပြောပြတဲ့ ကျွန်ုပ်နှင့် လာဘ်ပွင့်ပုလင်း

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းက လေးရှိရာသို့ ရိုစီမဟူသော အူကြောင်ကြောင် ကျပ် မပြည့်သည့် မိန်းကလေးတစ်ဦး ရောက်ရှိလာခဲ့လေ ၏။

ထိုနေ့မှာ တနင်္လာနေ့တစ်နေ့ ဖြစ်၏။ တန င်္လာနေ့များတွင် ကျွန်ုပ်သည် ဗေဒင်ဟောခန်းကို ပိတ်၍ စာရေးခြင်း၊ ဂျာနယ်မဂ္ဂဇင်းတိုက်များသို့ စာမူ များသွား၍ပို့ခြင်းများကို ပြုလုပ်လေ့ရှိလေ၏။

ထိုအချိန်၌မှာမူ ကျွန်ုပ်သည် အခန်းရှေ့တွင်  ခွေးခြေစုံကလေးတစ်လုံးကိုချ၍ ငုတ်တုတ်ကလေး ထိုင်ကာ လမ်းသွားလမ်းလာများကို အကြောင်းမဲ့ ငေးမောနေမိလေ၏။ ထိုသို့ ငေးမောရင်းလည်း ကျွန်ုပ်သည် အကြောင်းမဲ့ ဒူးကလေးကို တနှံ့နှံ့ လုပ်နေမိလေ၏။ ရိုစီမသည် ကျွန်ုပ်အားမြင်လိုက် သည်နှင့် –

“ဂွတ်မောနင်း မင်္ဂလာပါဆရာ”ဟု အင်္ဂ လိပ်တစ်ပိုင်း မြန်မာတစ်ဝက်နှုတ်ဆက်လေ၏။ ပြီး နောက် အနီးရှိ အုတ်ခုံပေါ်တွင် ဝင်၍ထိုင်ရင်း

“ဆရာ ဘာလုပ်နေတာလဲ”ဟု မေးလျှင် ကျွန်ုပ်က

“ဘာမှမလုပ်ဘူး”ဟု ပြန်၍ ဖြေလိုက်လေ ၏။ ထိုအခါ ရိုစီမက တနှံ့နှံ့လုပ်နေသော ကျွန်ုပ်၏ ဒူးများကို လက်ညှိုးဖြင့် ထိုးရင်း

“အဲဒါကရော ဘာလုပ်နေတာတုန်း”ဟု မေးပြန်လေ၏။

“အဲဒါက ဘာမှလုပ်တာမဟုတ်ဘူး သူ့ဟာ သူဖြစ်နေတာ”ဟု ကျွန်ုပ်က ပြန်၍ပြောလိုက်လျှင် ရိုစီမက ရယ်လေ၏။ ထိုသို့ရယ်ပြီးနောက် –

“လူတွေမှာ စိတ်တန်ခိုး စိတ်အင်အားဆိုတာ သံလိုက်ဓာတ်၊ ညှို့ဓာတ်ဆိုတာလည်း ရှိတယ်။ အဲဒီ ဓာတ်တွေ အားကောင်းလေလေ အများရဲ့ ယုံကြည် ကိုးစားခြင်းကို ခံရပြီး ကိုယ့်ရဲ့အလုပ်တွေ အောင် မြင်လေလေပဲ အခုလို အကြောင်းမဲ့ ဒူးတနှံ့နှံ့လုပ် တာ ခေါင်းတဆတ်ဆတ်ညိတ်နေတာ ခြေတရမ်း ရမ်းလက်တလှုပ်လှုပ် ဖြစ်နေတာမျိုးတွေဟာ အဲဒီ ဓာတ်တွေကို လျော့ပါးစေတယ်။ အလဟသ ယိုစီး သွားစေတယ်။ အဲဒီတော့ ဆရာ့အနေနဲ့အခုကစ ပြီး အဲဒီအဓိပ္ပာယ်မရှိတဲ့ အမူအကျင့်တွေကို ဖျောက် ဖျက်ပစ်ဖို့ အရေးကြီးတယ်” ဟု စကားကြီး စကား ကျယ်ပြော၍ ဆရာလုပ်ပါလေတော့၏။

ထို့နောက် ၄င်းကပင် ဆက်လက်၍ –

“ဆရာတို့လို ဂမ္ဘီရအလုပ် လုပ်နေကြတဲ့ သူတွေအဖို့ ပိုပြီးတော့တောင် အရေးကြီးသေးတယ်။ အထူးသဖြင့် လက်ကိုသတိထားရမယ် ဆရာရဲ့”ဟု ပြောလျှင် ကျွန်ုပ်က –

“ဟဲ့ ဗေဒင်ဟောတာနဲ့ လက်နဲ့က ဘာဆိုင် လို့တုန်း”ဟု ပြန်၍မေးမိလေ၏။ ထိုအခါ ရိုစီမက

“ဟောဒီ့လူ့လောကကြီးရဲ့ အဆင့်ဆင့် တိုး တက်ထွန်းကားလာမှုမှာ လက်တွေဟာ အခရာကျ တဲ့နေရာကပါခဲ့တယ်နော်။ ကျောက်ခေတ်ကစပြီး ဒီနေ့အထိ ဆရာစဉ်းစားကြည့်လိုက်။

ဟောဒီလက်တွေနဲ့ပဲ အမဲလိုက်ပြီး အသက် ဆက်ခဲ့ကြတယ်။ ဟောဒီလက်တွေနဲ့ မီးကိုဖန်တီး ပြီး ယဉ်ကျေးမှု တစ်ဆင့်မြှင့်ခဲ့ကြတယ်။ ဟောဒီ လက်တွေနဲ့ပဲ အပင်တွေစိုက်ခဲ့ပျိုးခဲ့ကြတယ်။ ဟော ဒီလက်တွေနဲ့ပဲ အသုံးအဆောင်တွေလုပ်ကြ၊  နေရာ ထိုင်ခင်းတွေ ဖန်တီးကြ၊ အဝတ်အထည်တွေ ဖန်တီး ကြ၊ လက်နက်ကိရိယာတွေ လုပ်ခဲ့ကြ။ ရန်သူကို ကာကွယ်ခဲ့ကြတယ်။

မိမိတို့ရဲ့ ဘဝရပ်တည်ရေး၊ ရှင်သန်ရေး တိုးတက်ရေးအတွက် လက်တွေကို အများကြီး အများ ကြီး အသုံးချခဲ့ကြတယ်။ နောက်ပြီးတော့ ဘယ် ဘာသာရေးကိစ္စမဆိုလက်တွေနဲ့ ပူဇော်ပသခြင်းကို ဖော်ပြခဲ့ကြတယ်။ ဘာသာစကားရယ်လို့ အကျအန မရှိသေးခင်တုန်းကဆိုရင်လည်း လက်တွေနဲ့ပဲ တစ် ယောက်နဲ့တစ်ယောက် နားလည်အောင် ဆက်ဆံ အချက်ပြခဲ့ကြရတယ်။ အီဂျစ်တို့၊ ရောမတို့၊ ဂရိ တို့လူ့သမိုင်းမှာ ထွန်းလင်းတောက်ပြောင်ခဲ့တဲ့ ခေတ် ကာလတွေမှာဆိုရင် လက်မှာထူးခြားဆန်းကြယ်တဲ့ ဂမ္ဘီရအာနိသင်တွေ တန်ခိုးသိဒ္ဓိတွေ ရှိနေတယ်ဆို တာ သိမြင်ဖော်ထုတ်ပြီး အသုံးချနေခဲ့ကြပြီ။

ဒါတွေက လက်တွေရဲ့ စွမ်းရည်ကို ဆရာ တွက်ဆချင့်ချိန်နိုင်အောင် အလွယ်ပြောလိုက်တာ တွေပါ။ အသေးစိတ်ပြောမယ်ဆိုရင် ခုနစ်ရက် လောက်ထိုင်ပြီး ပြောသွားရမယ်။ အဲဒီတော့ ဆရာ ရယ် လွယ်လွယ်ပဲ သဘောပေါက်လိုက်ပါ။ လက် တွေ့မှာ ထူးခြားဆန်းကြယ်တဲ့ တန်ခိုးစွမ်းရည် တွေရှိ နေတယ်။ အဲဒီစွမ်းရည်ကို အသုံးချနိုင်သလောက် လူထဲမှာ တမူထူးပြီး အောင်မြင်သွားမယ်။

အထူးသဖြင့် ဆရာတို့လို ဗေဒင်ဆရာတွေ အတွက် ပိုပြီးတော့တောင် အရေးကြီးသေးတယ်။ ဗေဒင်တွက်ပြင်ကို လက်နဲ့ရေးရတယ်။ လက်နဲ့တွက် ရတယ်။ ဗေဒင်ဟောတော့လည်း ကျောက်ဆစ်ရုပ် ကြီးလို ငြိမ်ငြိမ်ကြီး ဟောလို့မရဘူး။ လက်ဟန် ခြေဟန်နဲ့ ရောပြီး ဟောရတာ ယတြာတွေ လမ်း ညွှန်မယ်ဆိုရင်လည်း လက်မပါလို့ မပြီးဘူး။ အစီအ ရင် ဖယောင်းတိုင်လုပ်မလား။ အင်းတွေ စမတွေ ရေးမလား အဆောင်လက်ဖွဲ့တွေ လုပ်ပေးမလား အားလုံးအားလုံး လက်ကို သုံးရတာချည်းပဲ။

အဲဒီတော့ ဗေဒင်တတ်တာချင်း ယတြာ အစီ အရင်ပညာတွေချင်း တူဦးတော့ လက်ရဲ့ စွမ်းရည် အာနိသင် သာလွန်တဲ့ဗေဒင်ဆရာက သူများထက် ပိုပြီး တော်သွားကျော်သွားမှာပဲ

အရပ်ထဲမှာ ကြားဖူးမှာပေါ့၊ ဟင်းရွက်တွေ ဘာတွေ ချဉ်ဖတ်စိမ်မယ်ဆိုရင်တောင် လူတိုင်းစိမ် လို့ မချဉ်ဘူးဆရာရဲ့၊ လက်ဆိပ်ရှိတဲ့လူစိမ်မှ ချဉ် သတဲ့၊ ပြီးတော့ ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက်  ပန်းခူးမိတဲ့ပန်းပင်ဟာ ပိုးတွေကျပြီး ပျက်စီးသွား ရောတဲ့၊ အနှိပ်သည်တွေမှာ ပညာချင်းတူရင်တောင် လက်ပေါက်တာချင်း ထိရောက်တာချင်း ကွာသတဲ့။

ထားပါတော့ ဆရာရယ် ဆရာနဲ့ ပတ်သက် တာကိုပဲ ပြောပါမယ်။ ဆရာ့အနေနဲ့ ထူးထူးခြားခြား  အောင်မြင်ထွန်းပေါက်တဲ့ ဗေဒင်ဆရာ၊ ဂမ္ဘီရပညာ ရှင်တစ်ယောက်ဖြစ်လာဖို့အတွက် ဆရာ့ရဲ့ လက်တွေ ကို စွမ်းရည်ထက်မြက်လာအောင် တန်ဖိုးတက်လာ အောင် စိုက်လိုက်မတ်တတ် လေ့ကျင့်ဖို့တော့ လို တယ်။ အလွယ်ဆုံးနဲ့ အကောင်းဆုံးကတော့ ပုတီး များများစိပ်ပါ။ အခြားဂါထာမန္တာန်တွေ အသာထား လို့ ပုတီးစိပ်တိုင်း စိပ်တိုင်းမှာ –

“ငါ့ရဲ့လက်တွေဟာ တစ်နေ့ထက်တစ်နေ့ တန်ခိုးစွမ်းရည် ကြီးလာနေပြီ၊ ငါ့ရဲ့ လက်တွေမှာ စကြာဝဠာထဲက တန်ခိုးသိဒ္ဓိတွေ စွမ်းရည်တွေ ကိန်း အောင်းနေကြပြီ”

လို့ အလေးအနက်အာရုံပြုပြီး ရွတ်ရမယ်။ အဲဒီကျင့်စဉ်လုပ်တဲ့ အချိန်ကစလို့ လက်တွေကို အကြောင်းမဲ့ လှုပ်ရမ်းနေတာ။ ဟိုကုပ်ဒီကုပ်လုပ်နေ တာစားပွဲတွေဘာတွေကို ခေါက်နေတာမျိုးမလုပ်ရ ဘူး။ မဖြစ်မနေလှုပ်ရှားမှုကြုံမှပဲ လှုပ်ရှားရမယ်။ နောက်ပြီးတော့ ကိုယ်ကိုမတ်တတ်ရပ်ပြီး အသက်ကို ဖြည်းဖြည်းချင်းရှုသွင်းရမယ်။ အဲဒီလို ရှုသွင်းတာနဲ့ အတူ လက်နှစ်ဖက်ကို ခေါင်းပေါ်ကျော်သည်အထိ ဖြည်းဖြည်းချင်းလေး မြှောက်ယူရမယ်။ လက်က လေးတွေကို တင်းထား၊ တောင့်ထားတာမလုပ်ပဲ ပြေပြေလျော့လျော့လေးပဲ ထားရမယ်။ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်တာနဲ့အတူ လက်နှစ်ဖက် ကို ဖြည်းဖြည်းချင်း အောက်ပြန်ချရမယ်။ အဲဒီအ တိုင်းလည်း တစ်နေ့ကို ငါးမိနစ်ကနေ ဆယ့်ငါးမိ နစ်လောက်အထိ လုပ်ပေးရမယ်။

အဲဒါ ရက်ခြောက်ဆယ်လောက် လေ့ကျင့် လိုက်မယ်ဆိုရင် ဆရာ့လက်တွေရဲ့ လှုပ်ရှားမှုတိုင်း မှာ မမြင်ရတဲ့စွမ်းရည်တစ်ခုခု ကိန်းအောင်းနေ တယ်ဆိုတာ ဆရာကိုယ်တိုင် ခံစားတွေ့ရှိလာရပါ လိမ့်မယ်။ ဘယ်လိုမျိုးလဲဆိုတာတော့ ကျွန်မလည်း မပြောတတ်ဘူး လက်တွေ့လုပ်ကြည့်ရင် သိလာ လိမ့်မယ်

အဲဒီလေ့ကျင့်ထားတဲ့လက်တွေနဲ့ ဗေဒင်ပဲ ဟောဟော အဆောင်ယတြာတွေပဲ စီရင်စီရင် ဈေးပဲ ရောင်းရောင်း ဈေးပဲ ဝယ်ဝယ် အကူအညီပဲ တောင်း တောင်း ကိုယ်က အကူအညီပေးရတာပဲဖြစ်ဖြစ် အများတကာထက် ထူးခြားအောင်မြင်လာလိမ့်မယ်။ ဆရာရေ}}ဟု ရှည်လျားထွေပြားစွာ လက်ဋီကာ ဖွင့်ပါလေတော့၏။

၎င်းပြောမှပင် ကျွန်ုပ်လည်း သတိထား ဆင်  ခြင်မိကာ ကျွန်ုပ်၏ မြေးအရွယ်ခန့် ရိုစီမလေးအား လေးစားပါတယ် ရိုစီမရယ်ဟု ရေရွတ်ရင်း ဆလံသ လိုက်ရလေ၏။ ထို့နောက် ရိုစီမက

“အခန်းရှေ့ထွက်ထိုင်ပြီး ဆရာဘာလုပ်တာ လဲ” ဟု မေးပြန်လျှင် ကျွန်ုပ်က

“ညစ်နေတာဟေ့ ညစ်နေတာ မကြာခင် ငါ့အခန်းက လပြည့်လို့ စာချုပ်ပြန်ပြီး ချုပ်ရဦးမယ်။ ငှားရဦးမယ်။ လက်ထဲမှာက ငွေမရှိဘူး ငါ့ဗေဒင် ဟောခန်းက ငွေလေးတော့ ဝင်ပါရဲ့ သူ့ဟာနဲ့သူ ဘဲစားဘဲချေဖြစ်နေတယ်။ ဝင်တဲ့ငွေက နည်းရတဲ့ ထဲ မမြဲဘူး ကုန်စရာအပေါက်တွေက တန်းစီနေ တယ်။ ကြားဖူးတာက ဘယ်ဘက်ကတစ်ဆုပ်ကျဲ တော့ ညာဘက်က တစ်လှည်းဝင်တယ်တဲ့ ငါ့အ ဖြစ်ကတော့ ဘယ်ဘက်က တစ်ဆုပ်ဝင်ပြီး ညာဘက် က တစ်လှည်းထွက်နေတယ်”ဟု ပြောလိုက်လျှင် ရိုစီမသည် တခစ်ခစ်ရယ်လေ၏။ ထိုသို့ရယ်ပြီး နောက်

“အောင်မလေး ဆရာကလည်း အထင်ကရ ဂမ္ဘီရဆရာကြီးတစ်ယောက်လုပ်နေပြီး လာဘ်ပွင့်စေ မယ့် နည်းလေးဘာလေးလောက်တောင် မစီရင် တတ်ဘူးလား။ ကမ္ဘာ့လောကီပညာရှင်တွေမှာ ဂမ္ဘီရ ပုလင်း (Spell Bottles) ဆိုတဲ့ ပညာရပ်တွေ ရှိ တယ်။ ပုလင်းတွေကို အသုံးပြုပြီး ချမ်းသာဖို့ အောင်မြင်ဖို့ ငွေရွှင်ဖို့ လုပ်ငန်းတိုးတက်ဖို့ ကိစ္စ အတော်များများမှာ စီရင်အသုံးပြုလေ့ရှိတယ် ဆရာ ရဲ့ အဲဒီအထဲမှာ ပုလင်းနဲ့ လာဘ်ဖွင့်တဲ့ နည်းကလေး တစ်ခုရှိတယ်။

ဖန်ပုလင်းသန့်သန့်ကလေး တစ်လုံးထဲမှာ မတ်စေ့ ငါးစေ့၊ နှစ်ဆယ်တန် ငါးရွက်၊ ဆယ်တန်ငါး ရွက်၊ ငရုတ်ကောင်းငါးစေ့၊ စပါးစေ့ငါးစေ့၊ နှမ်းငါး စေ့၊ သစ်ကြမ်းပိုးခေါက် အစကလေး ငါးစ၊ လေးညှင်းပွင့်က ငါးပွင့် စုပြိးထည့်ရမယ်။ အဲဒီ ပုလင်းကို အဖုံးလုံနေကျပ်နေအောင် ပိတ်ရမယ်။ ပြီးတော့ ငါးမိနစ်လောက်ပုလင်းကို လက်နှစ်ဖက်နဲ့ ကိုင်လှုပ်ရင်း

“ငွေတွေ ငွေတွေလာပါစေ လာတဲ့ငွေတွေ မြဲပါစေ”လို့ ရွတ်နေရမယ်။

အဲဒီပုလင်းကို ဆရာ့ရဲ့ အလုပ်စားပွဲမှာထား ပိုက်ဆံအိတ်၊ ပိုက်ဆံပုံးနဲ့အတူ တွဲပြီးတော့ထား။ ဆိုင်တွေဘာတွေမှာဆိုရင်လည်း ကောင်တာမှာတင် ထား မကြာခဏလည်း အဲဒီပုလင်းရဲ့ အဖုံးပေါ်မှာ မတ်စေ့တစ်စေ့ခံ ဖယောင်းတိုင် အစိမ်းရောင်တစ် တိုင်ထွန်းထွန်းပေးရမယ်။ ပုလင်းကလည်း ဖြစ်နိုင် ရင်အစိမ်းရောင်ပုလင်းနဲ့လုပ်ရင်ပိုပြီးကောင်းတယ်” ဟု ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က

“ဟုတ်ပါ့မလား ရိုစီမရယ်”ဟု မေးမိလျှင် ရိုစီမက

“ဒါ့ထက်တောင်ပိုသေး”ဟု ပြန်၍ပြောလေ ၏။ ထို့နောက်

“ပညာကတော့ ဒီပညာပါပဲ ဒါပေမယ့် ဆရာ့ လက်တွေက ရိုးရိုးလက်တွေဖြစ်နေတယ်။ ကျွန်မ ကတော့ ကျွန်မရဲ့လက်တွေကို စွမ်းရည်ထက်မြက် တဲ့ ဂမ္ဘီရလက်တွေဖြစ်အောင် လေ့ကျင့်ထားတာ ကြာပြီ အဲဒီတော့ ဒီအစီအရင်ကိုပဲ ဆရာစီရင်တာ နဲ့ ကျွန်မစီရင်တာဆိုရင် အနည်းနဲ့ အများတော့ အာနိသင်ချင်းကွာလိမ့်မယ်။

ဒီတော့ ကျွန်မစီရင်  ထားပြီးသား ကျွန်မသုံး နေတဲ့ လာဘ်ပွင့်ပုလင်းကလေးကိုပဲ ဆရာ့ကိုပေးခဲ့ပါ တော့မယ်”ဟု ပြောပြောဆိုဆိုပင် သူမ၏ဗြုတ်စဗြင်း တောင်း ထည့်သော အိတ်ကလေးအတွင်းမှ အစိမ်း ရောင်ပုလင်းလေး တစ်လုံးထုတ်၍ ပေးလေ၏။

ကျွန်ုပ်လည်း ထိုပုလင်းကလေးကို စေ့စပ် သေချာစွာ ကြည့်နေမိ၏။ ထိုပုလင်းလေးထဲတွင် အထက်က သူမပြောထားသောပစ္စည်းများ ထည့်ထား သည်ကိုလည်း တွေ့ရလေ၏။

ကျွန်ုပ်သည် ထိုပုလင်းလေးကို ဖင်ပြန်ခေါင်း ပြန် စိတ်ဝင်တစား ကြည့်နေသည့်အခိုက်မှာပင် အခန်းဝသို့ အသက်လေးဆယ်ကျော်ခန့် လျှာရှည် လှသော မိန်းမကြီးတစ်ဦး လာ၍ရပ်လေ၏။

ထိုမိန်းမကြီးက ဆရာရေ အောင်ပြီဟု အရင်းမရှိ၊ အဖျားမရှိ ပြောပြီးနောက် ငွေတစ် သောင်းစီဟု ယူဆရသော တစ်ထောင်တန် အုပ် နှစ်အုပ်ကို ကျွန်ုပ်၏ လက်ဝယ်သို့ ထည့်ကာ ပုဆိန် ပေါက်ဦးချလေ၏။ ထိုမိန်းမကြီးသည် အပေါင်ဆုံး တော့မတတ်အိမ်ကို ရောင်းလိုကြောင်း ကျွန်ုပ်ထံ၌ ဓာတ်ရိုက်ဓာတ်ဆင် လာတောင်းခဲ့ဖူးကြောင်း ကျွန်ုပ် မှတ်မိလေ၏။

ကျွန်ုပ်လည်း ယခုပူပူနွေးနွေးပင် ကျွန်ုပ်၏ လက်ဝယ်သို့ ရောက်ရှိလာသော ရိုစီမ၏ လာဘ်ပွင့် ပုလင်းလေးနှင့် ငွေတစ်သောင်းအုပ်နှစ်အုပ်ကို တအံ့ တဩကြည့်ရင်း

“လေးစားပါတယ် ရိုစီမရယ်”ဟု ကျေကျေ နပ်နပ်ကြီး ရေရွတ်လိုက်မိပါလေတော့သတည်း။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya