ရိုစီမ ပြောပြတဲ့ ကျွန်ုပ်နှင့် လူချစ်လူများစေသော အဆောင်လေးတစ်ခု

တစ်နေ့သ၌ လှိုင်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီး၊ ဘူတာရုံလမ်းမှတ်တိုင်အနီး၊ အေးရိပ် မွန် ၁ လမ်းရှိ ကျွန်ုပ်၏ဗေဒင်လက္ခဏာဟောခန်း ကလေးရှိရာသို့ ရိုစီမဟူသော အူကြောင်ကြောင် ကျပ်မပြည့်သည့် မိန်းကလေးတစ်ဦး ရောက်ရှိလာခဲ့ လေ၏။

ကျွန်ုပ်သည် ရိုစီမကို ကြည့်ပြီးနောက် ပြုံး ရအခက်၊ မဲ့ရအခက်ကြီး ဖြစ်သွားရလေ၏။ ရိုစီမ သည် မျက်နှာညာဘက်တစ်ခြမ်း၌ မြန်မာသနပ်ခါး များကို ဖုံနေအောင်လူးထား၏။ ပါးကွက်ကျားကြီးကို လည်း မြန်မာဆန်ဆန် ကွက်ထားလိုက်သေး၏။ ညာဘက်ခြမ်းရှိ ဆံပင်ကိုလည်း အုန်းဆီထည့်ကာ ကြက်တောင်စည်းထားလေ၏။

မျက်နှာဘယ်ဘက်ခြမ်းတွင်မူအနောက်တိုင်း ဖြစ် မိတ်ကပ်များကို ပြာနှမ်းနေသည်အထိ လူးထား လေ၏။ နှုတ်ခမ်းဘယ်ဘက်ခြမ်းကိုလည်း နှုတ်ခမ်း နီများ ရဲရဲတွတ်နေအောင် ဆိုးထားလေ၏။ ဆံပင် ဘယ်ဘက်ခြမ်းကိုလည်း ငှက်သိုက်အလား ကောက် ထားလိုက်သေး၏။

၎င်းသည် မြန်မာရင်ဖုံးအင်္ကျီအဖြူလေးတစ် ထည်ကို သေသပ်စွာ ဝတ်ဆင်ထား၏။ အောက်ပိုင်း တွင်မူ ဂါဝန်တိုနှံ့နှံ့ တစ်ထည်ကို ဝတ်ဆင်ထားလေ ၏။ ညာဘက်ခြေထောက်တွင် မန္တလေးပုံတော်ဖိနပ် ဟုခေါ်သော မြန်မာဆန်ဆန်ဖိနပ်ကို စီးနင်းထားပြီး လျှင် ဘယ်ဘက်ခြေထောက်တွင်မူ တစ်မိုက်ခန့်ထူ သော ဒေါက်ဖိနပ်ကြီးတစ်ဖက်ကို စီးနင်းထားလေ၏။

“ဘယ်လိုဖြစ်တာလဲ ရိုစီမ”ဟု ကျွန်ုပ်က မေးလိုက်လျှင် ရိုစီမသည် ချက်ချင်းပြန်မဖြေသေးဘဲ  ပြုံးစိစိကလေး လုပ်နေလေ၏။ ထိုအချိန်၌မှာပင် ကျွန်ုပ်ထံ၌ ဗေဒင်မေးသွားဖူးသော အသက်ငါးဆယ် ကျော်ခန့်အရွယ်နယ်မှ စပါးပွဲစား လင်မယားနှစ်ဦး သည်ရောက်ရှိလာကြ၏။ ယောကျာ်းဖြစ်သူသည် ကျွန်ုပ်အား တွေ့လိုက်သည်နှင့်

“ဂွတ်တယ် ဆရာရေ …အရမ်းပဲ ဒီနေ့ တနင်္လာနေ့ဆိုတော့ ဆရာ့ဟောခန်း ပိတ်မှန်းသိပေ မယ့် ဝမ်းသာစရာတွေ ပြောချင်လွန်းလို့ကို ရန်ကုန် ရောက်တုန်း ဝင်လာလိုက်တာပါ”ဟု အာပေါင်အာ ရင်းသန်သန်ဖြင့် ပြောလေ၏။ ၄င်း၏စကားဆုံး သည်နှင့် မိန်းမဖြစ်သူကမူ –

“ဘယ်လိုလုပ်ကြမလဲ ဆရာ …   အကုန်လုံး တလွဲတွေချည်းပဲ ဆရာ့လောက်ညံ့တဲ့ ဗေဒင်ဆရာ တော့ မတွေ့ဖူးပါဘူး”ဟု မကျေမချမ်း မျက်နှာ ထားဖြင့် ပြောလေတော့၏။ ထို့နောက် ယောကျာ်း ဖြစ်သူက ၄င်းအား ဟောထားသော ကျွန်ုပ်၏ ဟော စာတမ်းစာရွက်ကို ထုတ်၍ပြရင်း –

“ဆရာ ဟောချက် သုံးဆယ်ကျော်လောက် ဟောလိုက်တာ နှစ်လအတွင်းမှာပဲ အချက်နှစ်ဆယ် လောက်မှန်နေပြီ ဆရာရေ”

ဟု ပြောလေ၏။ ကျွန်ုပ်လည်း ထိုစာရွက် ကိုယူ၍ကြည့်လိုက်လျှင် အမှန်ကောက်ခြစ်ထားသော အခြစ်ရာများ ပွရှုပ်နေသည်ကို တွေ့ရလေ၏။ ထို အချိန်၌မှာပင် မိန်းမဖြစ်သူကလည်း ၄င်းအား ဟော ထားသော ဟောစာတမ်းစာရွက်ကို ကျွန်ုပ်၏ရှေ့သို့  ပစ်ချကာ –

“ဟောဒီမှာ အကုန်လုံး တလွဲတွေချည်းပဲ ပြောင်းပြန်တွေ လျှောက်ပြောထားတဲ့အတိုင်းပဲ” ဟု ပြောလေ၏။ ထိုစာရွက်တွင်မူ ကြက်ခြေခတ်များ မွစာကြဲအောင် ခတ်ထားသည်ကို တွေ့ရလေ၏။

“ဆရာပြောတဲ့အတိုင်းပဲ ကျွန်တော်ရာထူး တက်တယ်ဆရာ၊ ကျွန်တော်ရှေ့က ခုနစ်ယောက် လောက်ကို ကျော်ပြီး တက်သွားတာ”ဟု ယောကျာ်း ဖြစ်သူက ပြော၏။

“သူ ရာထူးတက်တာက အရေးမကြီးဘူး နိုင်ငံခြားမှာ ရောက်နေတဲ့ ကျွန်မသားလေး အဆင် ပြေမယ်လို့ ဆရာက ပြောတယ်။ ဟိုတစ်နေ့က ဖုန်းလာတယ်။ သူအလုပ်ထုတ်ခံရတယ်တဲ့”ဟု မိန်းမကြီးက ဝင်၍ပြောလေ၏။

“ကျွန်တော်တို့ အိမ်ကလေး ဆောက်လက်စ တန်းလန်းကြီးဖြစ်နေတာ သုံးပတ်အတွင်း ပြီး မြောက်အောင်မြင်သွားမယ်လို့ ဆရာဟောလိုက် တယ်။ ပြီးခဲ့တဲ့အပတ်ထဲကပဲ အားလုံးချောမော အောင်မြင်သွားလို့ အိမ်သစ်တက် တရားနာဆွမ်း ကျွေးလုပ်ပြီးပြီဆရာ”ဟု ယောကျာ်းကြီးက ပြော ၏။

“အိမ်ကိစ္စက အရေးမကြီးပါဘူး။ ကျွန်မ ရဲ့ မိဘတွေကျန်းမာရေး ဒေါင်ဒေါင်မြည်နေမယ် လို့ ဆရာဟောလိုက်တယ်လေ ပြီးခဲ့တဲ့လကပဲ မိခင်ကြီးဆုံးသွားတယ်။ အိမ်မှာ အသုဘချတဲ့ ကြေး စည်သံပဲ တဒေါင်ဒေါင်ညံသွားတယ်ဆရာရေ”ဟု မိန်းမကြီးက ဝင်၍ပြောပြန်လေ၏။

ဤသို့ဖြစ်လျှင် ယောကျာ်းဖြစ်သူက ကျွန်ုပ် ၏ဟောချက်များသည် အံ့မခန်းမှန်ကန်ပါကြောင်း တတွတ်တွတ်ပြော၏။ မိန်းမကြီးကမူ ကျွန်ုပ်ဟော သမျှ တလွဲတွေချည်းသာဖြစ်ကြောင်း ရေပက်မဝင် အောင်ပြောနေလေ၏။ ထို့နောက်တွင်ကား –

ယောကျာ်းဖြစ်သူက ရန်ကုန်ရောက်ခိုက် ဘုရားစုံ သွားဖူးဦးမည်ဟုဆိုကာ ကျွန်ုပ်အား နှုတ် ဆက်၍ ထိုင်ရာမှထ၏။ မိန်းမကြီးကမူ ၄င်းထံမှ မလှိမ့်တပတ်ဖြင့် ပိုက်ဆံချေးသွားပြီး ပြန်မဆပ် သေးသော ၄င်းတို့ရွာက ရွာသားတစ်ဦးကို မြို့ပတ်၍ ရှာကာ ပြဿနာရှာမည်ဟု ကြိမ်းဝါး၍ ထွက်သွား လေတော့၏။ ကျွန်ုပ်လည်း ဂုဏ်ယူရမလိုလို၊ သိမ် ငယ်ရမလိုလိုဖြင့် ကျန်ရစ်ခဲ့ရလေတော့၏။ ရိုစီမ လေးမှာမူ တခစ်ခစ်ရယ်၍သာလျှင် နေလေတော့၏။

“နင်က ဘာရယ်တာလဲ”ဟု ကျွန်ုပ်က ခပ် ငေါက်ငေါက်မေးလိုက်လျှင် ရိုစီမက –

“ဒီလိုရှိတယ် ဆရာရဲ့။ လူမှာက ဓာတ်ဆို တာရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ဓာတ်တည့် တယ်။ ဓာတ်မတည့်ဘူးဆိုတာမျိုးတွေ ဆရာကြား ဖူးမှာပေါ့ ဓာတ်တည့်တဲ့သူ အချင်းချင်းကျရင် ဘယ်လောက်ပဲ နစ်နစ်နာနာ၊ ရင့်ရင့်သီးသီးတွေ ပြောဆိုဆက်ဆံဦးတော့ စိတ်ကိုမဆိုးနိုင်ဘူး ဆရာ ရေ၊ အပြုံးမပျက်ဘူး။ အဲဒီလူလုပ်သမျှ အားလုံး ကောင်းတယ်လို့ချည်း ထင်မှတ်နေတော့တာပဲ။ ဓာတ်မတည့်တဲ့သူ အချင်းချင်းကျတော့လည်း ဘာပဲ ပြောပြောအကောင်းကို မမြင်နိုင်တာ ဆရာရေ … လမ်းမြန်မြန်လျှောက်ရင်လည်း မြန်မြန်လျှောက်လို့ ထိုင်နေရင်လည်း ထိုင်နေလို့ စကားမပြောရရင် လည်း မပြောလို့ ပြောရင်လည်း ပြောလို့ဆိုပြီး လုပ် သမျှ အပြစ်မြင်နေတော့တာပါပဲ။

အဲဒါ အင်မတန်အရေးကြီးတယ်နော်။ ကိုယ် ကြည့်မရတဲ့ လူတစ်ယောက်က ကိုယု့်ကို အစားအ သောက် လာကျွေးရင်တောင် အဆိပ်ခပ်ထားမလား။ မကောင်းတာတွေ ထည့်ထားမလားဆိုပြီး ထင် တတ်ကြတာ။ ရွှေလာပေးရင်တောင် ခိုးရာပါ ပစ္စည်း ကြီး လာပေးသလားမသိဘူးဆိုပြီး သံသယ ပွားချင် ပွားနေတာ။

အဲဒါဘာလို့လဲ မမေးနဲ့။ သမီးလည်း မသိ ဘူး၊ ဓာတ်မတည့်ဘူးဆိုတာ ရှင်းရှင်းပြောရရင် ဓာတ်မတည့်တာဘဲ။ မိကျောင်းသားဟာ နနွင်းနဲ့ထိ ရင် ထပြီးခုန်သတဲ့။ ပြဒါးဟာ အပူနဲ့ တွေ့ရင် သုတ် ခြေတင်ပြီး ပြေးသတဲ့။ သူများ အချဉ်စားနေတာ မြင်ရင် ကိုယ့်ပါးစပ်ထဲမှာ သွားရည်တွေ ယိုလာရော။ အဲဒါမျိုးပဲပေါ့ ဆရာရယ်။ လူအချင်းချင်းမှာလည်း ဓာတ်တည့်တဲ့သူဆိုတာ ရှိသလို ဓာတ်မတည့်ဘူး ဆိုတဲ့လူမျိုးလည်း ရှိပေတာပေါ့”ဟု ရှည်လျား ထွေ ပြားစွာ ရှင်းပြပါလေတော့၏။

“ဆက်စမ်းပါဦး ရိုစီမရယ်”ဟု ကျွန်ုပ်က စကားကို ထောက်ပေးလိုက်လျှင် ရိုစီမက –

“တစ်ယောက်ချင်း နှစ်ယောက်ချင်း ဓာတ် မတည့်တာကတော့ ကိစ္စမရှိလှပါဘူး။ ကိုယ်မတည့် လည်း ကိုယ်က ဘလဲ့ပေါ့။ ဒါပေမဲ့ အများပရိသတ် နဲ့ ဆက်ဆံရတဲ့အခါတွေမှာ ဓာတ်မတည့်တဲ့သူတွေ များလာရင် ကိုယ့်အလုပ်တွေ ဘယ်အောင်မြင်နိုင် တော့မလဲ။ အကုန်ပျက်စီးကုန်တော့မှာပေါ့။

ဈေးရောင်းမလား အများက ကိုယ့်ကို အမြင် မကြည်ဘူးဆိုရင် ကိုယ့်ဆိုင်မှာ ဘယ်လာဝယ်တော့ မလဲ။ ကိုယ်က သူများထက်ဈေးလျှော့ပြီး ရောင်းဦး တော့ တခြားဆိုင်မှာသွားပြီး ဝယ်မှာသေချာတယ်။ ဘယ်လောက်ပဲ ဈေးချိုချို ကိုယ့်ကို အမြင်ကပ်လို့ ကို အားမပေးတာဆိုတဲ့ လူမျိုးတွေ တွေ့ဖူးမှာပေါ့။

ကိုယ်ကပစ္စည်းကို ပိုပိုသာသာ ထည့်ပေး လည်း အကောင်းမြင်မှာမဟုတ်ဘူး။

ကျွန်မတို့လမ်းထိပ်မှာ မုဆိုးမသားအမိနှစ် ယောက် မုန့်ဟင်းခါးဆိုင်လေး ဖွင့်ထားတယ်။ ကောင် မလေးက မျက်နှာလေးလည်းချိုပါတယ်။ ရုပ်ကလေး ကလည်း သနားကမားလေး၊ လုပ်တာကိုင်တာလည်း သန့်ရှင်းသေသပ်တယ်။ မအေကြီးကတော့ အသက် ခြောက်ဆယ်တောင်ကျော်ပြီ။ မျက်နှာကလည်း တင်းနေတာပဲ။ ပန်းကန်ခွက်ယောက်တွေ ကိုင်လိုက်၊ ရွှီးခနဲ နှပ်ချေးညှစ်လိုက်၊ ထဘီကိုသုတ်လိုက်၊ အဲဒီ လက်နဲ့ပဲ မုန့်ဖက်တွေကိုင်ပြီး ထည့်ပေးလိုက်နဲ့ အ တော့်ကို ညစ်ပတ်တာ။

ဒါပေမဲ့ ဘယ်လိုဖြစ်တယ် မဆိုနိုင်ပါဘူး ဆရာရယ် …ကောင်မလေး ဆိုင်ထိုင်ပြီး ရောင်းတဲ့ အခါတွေမှာဆိုရင် လူတွေက သူတို့ဆိုင်မှာ မစားကြ ဘူး၊ ဘေးကဆိုင်ကိုပဲ ဝင်ပြီးစားကြတယ်။ မအေကြီး ဆိုင် ထိုင်နေတဲ့အချိန်ဆိုရင်တော့ အဲဒီဆိုင်ကိုပဲဝင်စား ကြတော့တာပဲ။

အဲဒီတော့ ဓာတ်ဆိုတာ အရေးကြီးတယ် နော်ဆရာ။ ဓာတ်မှာ အကြောင်းပြချက်မရှိဘူး။ ကောင်းကောင်း မကောင်းကောင်း ကြိုက်ရင်ကြိုက် တာပဲ။ တည့်ရင်တည့်တာပဲ။ မကြိုက်ရင် မကြိုက် တာပဲ။ မတည့်ရင် မတည့်တာဘဲ”ဟု ပြောပြန်ပါ လေ၏။

“ဆက်စမ်းပါဦး ရိုစီမရယ်”

ဟု ကျွန်ုပ်ကစကားကို ထောက်ပေးလိုက်ရ ပြန်လေ၏။ ထိုအခါ ရိုစီမက ၄င်း၏လည်ပင်းတွင် ဆွဲထားသော ဆွဲပြားကလေးတစ်ခုကို ဖြုတ်ကာ ကျွန်ုပ်အား ပြရင်း –

“တစ်ခါတုန်းက ဟိုးအထက်အညာဘက်မှာ အငြိမ့်မင်းသမီးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့အသက် ခုနစ်ဆယ်ကျော်အထိ အငြိမ့်အဖွဲ့ကို ဦးဆောင်သွား နိုင်ခဲ့တယ်။ ကျန်တဲ့ လက်သစ်မင်းသမီးလေးတွေ ဘယ်လောက်ပဲချောချော၊ ဘယ်လောက်ပဲ ငယ်ငယ်  ပရိသတ်က အားမရဘူး။ အဘွားကြီးထွက်ကမှပဲ အငြိမ့်က လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ပွဲစည်သွား    လေ့ရှိသတဲ့။ အဲ့ဒီအငြိမ့်မင်းသမီး အဘွားကြီးဟာ ဟောဒီလည်ဆွဲလေးကို အမြဲတမ်းဆွဲထားတယ်။ ကçရင်လည်း လက်လေးတစ်ဖက်က ဟောဒီဆွဲပြား လေးကို ကိုင်ကိုင်ပြီး ကçလေ့ရှိတယ်။ သူကွယ်လွန် ခါနီးမှာ ကျွန်မကို ပေးသွားတာ။

ကျွန်မက ဘယ်သူနဲ့မှ ဓာတ်တည့်စရာ အကြောင်းမရှိပါဘူး။ အားလုံးအေးဆေးပဲ။ ဆရာ ကတော့ ခုနစ်ရက်သားသမီး အများပရိသတ် ကျွေး တဲ့ထမင်းကို စားနေရတာဆိုတော့ ဓာတ်မတည့်တဲ့ လူများလာရင် ဆရာ ထမင်းငတ်သွားမယ်။ ထမင်းအိုး လေးပါ အပေါင်ဆိုင် ရောက်သွားမယ်။ အဲဒီတော့ ဆရာ့အတွက်က ဒါလေးလိုအပ်တယ်။ ဆောင်ထား ပေတော့”ဟု ပြောပြောဆိုဆိုပင် ၄င်းလည်ဆွဲလေး အား ကျွန်ုပ်၏ လက်ဝယ်သို့ ပေးအပ်လိုက်လေ၏။

ကျွန်ုပ်၏ လက်ဝယ်သို့ ထိုဆွဲပြားကလေး ရောက်လာသည့်နေ့မှစ၍ ကျွန်ုပ်၏ ဟောခန်းတွင်  သိသိသာသာ လူစည်လာခဲ့၏။ ကျွန်ုပ်၏ဗေဒင်ဟော ခြင်း၊ ယတြာပေးခြင်းအလုပ်များ၌လည်း ထောက်ခံ မှု ပို၍ပို၍ရလာခဲ့၏။ ယခင်ကဆိုလျှင် ကျွန်ုပ်၏ ဟောခန်း၌ ပရိသတ်တစ်ဦးမဟုတ်တစ်ဦးနှင့် တစ် ကြောင်းမဟုတ် တစ်ကြောင်းကြောင့် စကားများ၊ ရန်ဖြစ်ရလေ့ရှိ၏။ ယခုမူ အားလုံးနှင့် အဆင်ပြေနေ လေတော့၏။

ကျွန်ုပ်၏ ပရိသတ်များထဲတွင်လည်း ရောင်း ဝယ်ဖောက်ကားသူများ၊ မော်ဒယ်၊ သရုပ်ဆောင်၊ အဆိုတော်၊ အနုပညာရှင်များ၊ ပွဲစားများ၊ ဆံပင် ညှပ်ဆိုင်၊ အလှပြင်ဆိုင် စသည်ဖြင့် အများပရိသတ် နှင့် ဆက်နွှယ်နေရသောသူများ ရှိပေလိမ့်မည်။ ထို ထိုသော ပရိသတ်များအတွက်လည်း ကိုယ်ချင်းစာ စိတ် အပြည့်ဖြင့် အထက်ကဆိုခဲ့သော ဆွဲပြားက လေးကို ဖော်ပြလိုက်ရပေသည်။

အဆောင်အဖြစ် ပြုလုပ်၍ လည်ပင်းတွင် ဆွဲထားခြင်း၊ လက်တွင်ဝတ်ဆင်ခြင်းများ ပြုလုပ်နိုင် ပေသည်။ တတ်နိုင်သူများ၊ ရွှေဖြင့်ဖြစ်စေ၊ ငွေဖြင့် ဖြစ်စေ ပြုလုပ်၍ ဝတ်ဆင်နိုင်ပေသည်။ အရေးကြီး သောအခါများတွင်လည်း ထိုတံဆိပ်ကလေးကို မိတ္တူ ကူး၍ ပြာချပါ။ သနပ်ခါး၊ မိတ်ကပ်၊ ရေမွှေး၊ ချိုး သောရေတို့တွင် ထိုပြာကို စတိကလေးမျှရော၍ လိမ်းကျံ အသုံးပြုခြင်းအားဖြင့် မျက်နှာပွင့်ခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ မိမိ၏ပြောစကားလိုအင် ဆန္ဒအောင်မြင်ခြင်းစသော စသော ကောင်းကျိုး ချမ်းသာများကို လက်ငင်းလက်တွေ့ဆိုသလို ရရှိခံ စားရမည်ကားမုချစင်စစ်ဧကန်ဖြစ်ပေတော့သတည်း။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya