ရွှေလမ်း ငွေလမ်း ညွှန်လိုက်မယ်

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကို တည်၍ (၇)ဖြင့်စားပါ။

(၆) ကြွင်းသူများအတွက်

********************

မြန်မာသက္ကရာဇ် ၁၂၈၀ ခု၊ ၁၂၈၇ ခု၊ ၁၂၉၄ ခု၊ ၁၃၀၁ ခု၊ ၁၃၀၈ ခု၊ ၁၃၁၅ ခု၊ ၁၃၂၂ ခု၊ ၁၃၂၉ ခု၊ ၁၃၃၆ ခု၊ ၁၃၄၃ ခု၊ ၁၃၅၀ ခု၊ ၁၃၅၇ ခု၊ ၁၃၆၄ ခု၊ ၁၃၇၁ ခု၊ ၁၃၇၈ ခု၊ ၁၃၈၅ ခု၊ ၁၃၉၂ ခု၊ ၁၄၉၉ ခု၊ ၁၄၀၆ ခု၊ ၁၄၁၃ ခု၊ ၁၄၂၀ ခု၊ ၁၄၂၇ ခု၊ ၁၄၃၄ ခု၊ ၁၄၄၁ ခု၊ ၁၄၄၈ ခု၊ ၁၄၅၅ခု၊ ၁၄၆၂ ခု၊ ၁၄၆၉ ခု၊ ၁၄၇၆ ခု၊ ၁၄၈၃ ခု၊ ၁၄၉၀ ခု၊ ၁၄၉၇ ခု၊ ၁၅၀၄ ခု၊ ၁၅၁၁ ခု၊ ၁၅၁၈ ခု၊ ၁၅၂၅ ခု၊ ၁၅၃၂ ခု၊ ၁၅၃၉ ခု၊ ၁၅၄၆ ခု၊ ၁၅၅၃ ခု၊ ၁၅၆၀ ခု၊ ၁၅၆၇ ခု၊ ၁၅၇၄ ခု၊ ၁၅၈၁ ခု ခုနှစ်များတွင် မွေးဖွားသူများ အတွက် ဖြစ်ပါသည်။

ထှိုနှစ်များအနက် တစ်ခုခုတွင် ဖွားမြင်သော မိတ်ဆွေသည် –

တနင်္ဂနွေသားသမီးဆိုပါက သိုက်ဖွားဖြစ်ပါ သည်။

တနင်္လာသားသမီးဆိုပါက မရဏဖွားဖြစ်ပါ သည်။

အင်္ဂါသားသမီးဆိုပါက အဓိပတိဖွား ဖြစ်ပါ သည်။

ဗုဒ္ဓဟူးသားသမီးဆိုပါက ရာဇဖွားဖြစ်ပါ သည်။

ကြာသပတေးသားသမီးဆိုပါက အထွန်း ဖွားဖြစ်ပါသည်။

သောကြာသားသမီးဆိုပါက ဘင်္ဂဖွားဖြစ်ပါ သည်။

စနေသားသမီးဆိုပါက ပုတိဖွားဖြစ်ပါ သည်။

 

ဘုရား ရဟန္တာပူဇော်ရာ

***************

မိတ်ဆွေရဲ့ ဘုရားစင်မှာ ပေါက်သား၊ ပျဉ်းမ  သား စတာတွေနဲ့ ဘုရားထုလုပ် ကိုးကွယ်ပူဇော် သင့်ပါတယ်။ ညောင်သား၊ ဆီးသား စတာတွေနဲ့ ရှင်သီဝလိ၊ လင်းလွန်းသား၊ လက်ပံသား စတာတွေနဲ့ ရှင်ဥပဂုတ္တ ထုလုပ်ပြီး ကိုးကွယ်ပူဇော်သင့်ပါတယ်။

 

စိတ်နေသဘော အကျဉ်းဟောရသော်

*************************

မိတ်ဆွေဟာ –

မခံချင်စိတ်၊ အလွန်ပြင်းထန်တတ်ပါတယ်။

စိတ်မြန်ကိုယ်မြန် ပြုမူဆောင်ရွက်တတ်ပါ တယ်။

အချစ်ကြီးချစ်တတ်သူ၊ အမုန်းကြီး မုန်း တတ်သူဖြစ်ပါတယ်။

အင်မတန် သနားကြင်နာသလောက် ရက် စက်ပြီဟေ့ဆိုရင်လည်း ကမ်းကုန်အောင် ရက်စက်မိ တတ်ပါတယ်။

အိမ်ထောင်ပြိုကွဲလွယ်ကြောင်း အိမ်ထောင် ဆက်များတတ်ကြောင်း သတိပြုသင့်ပါတယ်။

ဘာသာရေး လုပ်နိုင်လေလေ အောင်မြင် လေလေဖြစ်ပါလိမ့်မယ်။

ဘဝမှာ မလွဲသာမရှောင်သာ အမှုအခင်း ရုံး ပြင်ကန္နားတွေနဲ့ ပတ်သက်ရတတ်ပါတယ်။

 

လုပ်ငန်းလမ်းညွှန်

***************

မိတ်ဆွေရဲ့ဘဝမှာ ဘယ်လုပ်ငန်းနဲ့ မားမား မတ်မတ် အခိုင်အမာ ရပ်တည်မှာလဲဆိုတဲ့ ရည်ရွယ် ချက်တစ်ခု ပြတ်ပြတ်သားသား ချမှတ်ထားဖို့အရေး ကြီးပါတယ်။

ရည်ရွယ်ချက်ထားကြတယ်ဆိုတဲ့ နေရာမှာ လည်း အချို့က ကိုယ်နဲ့ နီးစပ်တဲ့ မိရိုးဖလာလုပ်ငန်း တွေ ကိုယ့်ပတ်ဝန်းကျင်မှာ ထိစပ်နေတဲ့ လုပ်ငန်း တွေကိုပဲ ရည်ရွယ်လေ့ရှိပါတယ်။ အချို့ကျတော့  လည်း လုပ်ချင်တာတွေ၊ လုပ်သင့်တာတွေထက် အခြေအနေပေးလာတဲ့ ကြုံရာကျပန်းအလုပ်တွေကို ပဲ ဝင်ရောက်လုပ်ကိုင်နေမိကြပါတယ်။

ကျွန်တော့်အတွေ့အကြုံအရပဲဖြစ်ဖြစ် ကျွန်တော့်ပတ်ဝန်းကျင်က မိတ်ဆွေအပေါင်းအသင်း  တွေရဲ့ အတွေ့အကြုံအရဘဲ ဖြစ်ဖြစ် ကျွန်တော် တစ်ခုသတိထားမိတာက လူတစ်ယောက်ရဲ့ဘဝမှာ  အခြေအနေတစ်ခုကနေ တစ်ခုကို ပြောင်းဖို့ဆိုတာ ပြောင်းရဖို့ဆိုတာ ပြောင်းနိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲတယ်ဆိုတာပါပဲ။

ဆိုကြပါစို့ …ကိုယ်က အလုပ်တစ်ခုမှာ ဝင် ပြီးလုပ်နေတယ်။ အဲဒီအလုပ်ဟာ အဆင်မပြေကြီး မဟုတ်လှပေမယ့် အဆင်ပြေတာမျိုးလည်း မဟုတ် ပြန်ဘူး။ ကိုယ့်ဘဝအတွက် အာမခံနိုင်တဲ့ အခြေ ခိုင်သွားနိုင်တဲ့ လုပ်ငန်းမျိုးလည်း မဟုတ်ပြန်ဘူး။ ဒီလိုလုပ်နေရင်းနဲ့ သူ့ထက်ပိုပြီး အခြေအနေ ကောင်းတဲ့ လုပ်ငန်းအဆက်အသွယ်မျိုး ပေါ်လာ တယ်ဆိုပါတော့။ မူလအလုပ်က ထွက်ပြီး နောက် တစ်လုပ်ကို ပြောင်းနိုင်ဖို့ ပြောင်းရဲဖို့ အင်မတန် ခက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီတိုင်း လေး ဣနြေ္ဒမပျက်နေတာက ပိုကောင်းပါတယ်လေ ဆိုပြီး လက်ရှိအလုပ်အကိုင်မှာပဲ ဆက်လုပ်ဖြစ်တဲ့   လူတွေက များပါတယ်။

အဲဒါဟာ လက်ရှိအလုပ်ကို လက်ရှိပတ်ဝန်း ကျင်ကို သံယောဇဉ်တွယ်နေတာ ပစ်မသွားရက်တာ ကြောင့်လည်း ပါပါလိမ့်မယ်။ သတ္တိနည်းတာလို့ လည်းဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်အကိုင်    ပဲဖြစ်ဖြစ်၊ နေရာထိုင်ခင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်း အသင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ သံယောဇဉ်ကြီး နေတာက များပါတယ်။

အဲဒါဟာ လက်ရှိအလုပ်ကို လက်ရှိပတ်ဝန်း ကျင်ကို သံယောဇဉ်တွယ်နေတာ ပစ်မသွားရက်တာ ကြောင့်လည်း ပါပါလိမ့်မယ်။ သတ္တိနည်းတာလို့ လည်းဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်အကိုင်  ပဲဖြစ်ဖြစ် နေရာထိုင်ခင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်း အသင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ သံယောဇဉ်ကြီး နေတာက များပါတယ်။ အသစ်အသစ်တွေကို ရှာ ဖို့ ဝန်လေးနောက်တွန့်နေမိတတ်ကြပါတယ်။

ဆိုလိုချင်တာက အလုပ်တစ်ခု လုပ်မိပြီဆို ရင် နောက်တစ်ခုပြောင်းဖို့ အင်မတန် ခဲယဉ်းတယ် ဆိုတာပါပဲ။ အဲဒီတော့ မိတ်ဆွေရဲ့ဘဝမှာ ဘယ်လုပ် ငန်းနဲ့ အခိုင်အမာ ရပ်တည်သင့်သလဲ။ ဘယ်လုပ် ငန်းတွေဟာ မလုပ်သင့်တဲ့ လုပ်ငန်းတွေလဲဆိုတာ ကို တိတိကျကျပြတ်ပြတ်သားသား သိထားမယ်ဆို ရင် အခုမိမိလုပ်နေတဲ့ အလုပ်နဲ့ကိုယ်နဲ့ အပ်စပ် သလား မအပ်စပ်ဘူးလား ဒါမှမဟုတ် ရည်ရွယ်ထား သော နောင်လုပ်လတ္တံ့သော လုပ်ငန်းနဲ့ ကိုယ်နဲ့က ရော အပ်စပ်သလား။ မအပ်စပ်ဘူးလားဆိုတာကို ချင့်ချိန်တွက်ဆနိုင်ပါလိမ့်မယ်။

မိတ်ဆွေရဲ့ ကံတရားကပေးလာတဲ့ လုပ်ငန်း အသီးသီးရဲ့ အကောင်းအဆိုး အခြေအနေတွေကို စနစ်တကျ တွက်စစ်ပြီး ဖော်ပြပေးလိုက်ရပါတယ်။

 

ချစ်စွာသော မိတ်ဆွေများခင်ဗျား …မိတ် ဆွေတို့ အတွက် –

**********************

နံပါတ်(၁) ကြာသပတေးနံနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေဟာ ဘဝမှာ အကြီးအကျယ်ထွန်းပေါက် အောင်မြင်တဲ့ အလုပ်တွေဖြစ်ပါတယ်။ ကြာသပတေး နံနဲ့ပတ်သက်တဲ့ အလုပ်တွေဆိုတာက မြေအရောင်း အဝယ်အလုပ်တွေ၊ ပဲပြောင်းစတဲ့ အလုပ်တွေ၊ ပွဲရုံ လုပ်ငန်း၊ မွေးမြူရေးအလုပ်တွေ၊ ပညာရပ်ဆိုင်ရာ    အလုပ်တွေ၊ စာသင်ရတဲ့ပညာသင်ရတဲ့အလုပ်တွေ၊ ဘာသာရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ အလုပ်တွေ   စတာတွေ ဖြစ်ပါတယ်။

နံပါတ်(၂) အင်္ဂါနံနဲ့ ပတ်သက်တဲ့လုပ်ငန်း တွေကို လုပ်ကိုင်မယ်ဆိုရင်တော့ အဲဒီအလုပ်ကြောင့် နာမည်ဂုဏ်သတင်းတက်ခြင်း၊ အထွတ်အထိပ် ရောက်ခြင်း၊ ဩဇာအာဏာအရှိန်အဝါကြီးမားခြင်းတဲ့ အကျိုးထူးတွေခံစားရနိုင်ပါတယ်။ အင်္ဂါနံနဲ့ ပတ်သက် တဲ့အလုပ်တွေဆိုတာက ဆန်လုပ်ငန်း၊ ဆီလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ ဆားလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ စိန်လုပ်ငန်း၊ စက္ကူစာရေးကိရိယာလုပ်ငန်း၊ စာအုပ် လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်း စတာတွေ ဖြစ်ပါ တယ်။

နံပါတ်(၃) ဗုဒ္ဓဟူးနံနဲ့ပတ်သက်တဲ့ အလုပ် တွေကို လုပ်မယ်ဆိုရင်တော့ ဩဇာအာဏာ အရှိန် အဝါ ကြီးမားခြင်း၊ ပြိုင်ဘက်ကင်းလောက်အောင် အောင်မြင်ခြင်း၊ အြွေခအရံ အသင်းအပင်း ပေါများ ခြင်း စတဲ့ အကျိုးထူးတွေ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဒီအလုပ်တွေနဲ့ ပတ်သက်လာရင် သမားရိုးကျ ရိုးရိုး ကြီးတွေး၊ ရိုးရိုးကြီးလုပ်တာထက် အသစ်အဆန်းတီ ထွင်ခြင်း၊ ပရိယာယ်ြွကယ်ဝခြင်း၊ လုပ်ငန်းပြိုင်တွေ ကို လှည့်စားအကွက်ရွှေ့နိုင်ခြင်း စတဲ့ အရည်အ ချင်းတွေကို အသုံးပြုနိုင်လေလေ အောင်မြင်လေလေ ဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဟူးနံနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ ဆိုတာက အနုပညာ လုပ်ငန်း၊ ရေနဲ့ ပတ်သက် တဲ့လုပ်ငန်း၊ လမ်းနဲ့ ပတ်သက်တဲ့လုပ်ငန်း၊ လယ် ယာနဲ့ ပတ်သက်တဲ့ လုပ်ငန်း၊ ဝက်နဲ့ပတ်သက်တဲ့ လုပ်ငန်း၊ ဝါးနဲ့ ပတ်သက်တဲ့လုပ်ငန်း စတာတွေ ဖြစ်ပါတယ်။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya