ညနေစောင်းတစ်ခု၌ ကျွန်ုပ်၏အိမ်နီးချင်းများ ဖြစ်ကြသော မိရွှေပု၊ တာတီးနှင့် ဘုတ်ဆုံမဟူသော အသက် ခြောက်နှစ်ကျော်၊ ခုနစ်နှစ်ခန့်အရွယ် က လေးငယ်သုံးဦးတို့သည် ကျွန်ုပ်ထံသို့ အပြေးကလေး ရောက်လာကြလေ၏။
၎င်းတို့သည် ထိုသို့လျှင် ကျောင်းဆင်းချိန် တိုင်း၌ ကျွန်ုပ်ထံသို့ ရောက်လာတတ်စမြဲ ဖြစ်၏။ ကျွန်ုပ်ကလည်း မုန့်ပဲသွားရေစာကလေးများ ထုတ်၍ ကျွေးရ၏။ ယခုလည်း ကျွန်ုပ်က ၄င်းတို့အား ထုံးစံ အတိုင်း မုန့်ဝေပေးသောအခါ ကျွန်ုပ်ပေးသောအရာ ကိုကြည့်၍ ကလေးသုံးဦးသည် စူးစမ်းနေကြ၏။ ထို့နောက် တာတီးက –
“ဘာကြီးလဲဘဘ …” ဟုမေးလျှင် ကျွန်ုပ် လည်း ရယ်၍ –
“အေးကွ …အဲဒါ ကြံသကာလို့ ခေါ်တယ်၊ ကြံရည်ကနေ လုပ်ထားတာ …၊ ဘဘတို့ငယ်ငယ် တုန်းကတော့ တော်တော့်ကို ကောင်းခဲ့တဲ့ သွားရေ စာပေါ့ကွယ် …၊ မင်းတို့ကျတော့လည်း သိတောင် မသိတော့ဘူးနော် …၊ ထန်းလျက်လိုပဲ အရမ်းချို တာကွဲ့ …၊ ထန်းလျက်ဆိုတာက ထန်းရည်ကလုပ် တာ …၊ ကြံသကာကကျတော့ ကြံရည်ကို ချက် တာကွဲ့ ..၊ နယ်က ဘဘရဲ့သူငယ်ချင်းတစ်ယောက် အလည်လာရင်း ယူလာလို့ ကလေးတို့အတွက် တမင်ချန်ထားတာ”ဟု ရှင်းပြရလေ၏။ ゞင်းတို့ သုံးဦး လည်း ကြံသကာကို ထောက်ခနဲ ထောက်ခနဲ ကိုက် ၍ မြည်းစမ်းနေကြလေ၏။ ထို့နောက် တာတီးက
“ဘဘရေ …ဒီညနေ ကျောင်းဆင်းချိန် တုန်းက ဘုတ်ဆုံမကြီး အရမ်းရယ်ရတာပဲ …၊ ခြေထောက်ကျဉ်လို့ဆိုပြီး မထနိုင်လို့ ရှုံ့မဲ့နေတာ လေ …၊ ငိုတော့မယ့်အတိုင်းပဲ …၊ ကျွန်တော် တို့က ဇွတ်ဆွဲပြီး ခေါ်လာရတာ …” ဟု ပြောရာ ဘုတ်ဆုံမလေးက တာတီးကို မျက်စောင်းထိုးရင်း
“သူ့ဟာသူဖြစ်တာ ဘယ်တတ်နိုင်မလဲဟ၊ အေးပါ …နင် အဲဒီလိုဖြစ်တော့ကျမှ ငါက တွဲမထူ ဘဲ တွန်းလှဲပစ်လိုက်မယ်မှတ် …” ဟု ရန်တွေ့လေ ၏။ ထိုအခါ ကျွန်ုပ်က –
“အေးကွဲ့ …အဲဒီလိုပါပဲ …၊ မလှုပ် မယှက် ထိုင်တာကြာသွားရင် ခြေထောက်တွေဘာ တွေ ကျဉ်လေ့ရှိတယ် …၊ နောက်နောင် အဲဒါမျိုး များ တစ်ယောက်ယောက်ကြုံခဲ့ရင်လေ ဟောဒီနည်း လေးကို မှတ်ထားကွဲ့ …၊
အိမ်တွေမှာ တူတွေဘာတွေ ရှိတတ်တယ် မဟုတ်လား …၊ အဲဒီလို သံတူလေးတစ်ချောင်းနဲ့ ထုံကျင်နေတဲ့နေရာကို ခပ်ဖွဖွလေးပေါ့ကွယ် … အရမ်းကြီးတော့ မဟုတ်ဘူးပေါ့ …ခပ်ဖွဖွလေး ထုပေးလိုက်ရင် ထုံတာကျဉ်တာ မြန်မြန်ပျောက်သွား စေတယ်ကွဲ့ …၊ အဲဒီနည်းလေး မှတ်ထားကြနော်၊
ကဲ …ကဲ …မိုးလည်းချုပ်တော့မယ် ..၊ ရေမိုးချိုးပြီး ညစာစား၊ စာကျက်ဖို့ လုပ်လိုက်ကြဦး ကွဲ့ …” ဟု ပြောပြလိုက်ရာ ကလေးသုံးဦးလည်း
“ဟုတ်ကဲ့ပါဘဘ …” ဟု ကိုယ်စီ ပြော ကြလျက် မြူြးွကရွှင်လန်းသော ခြေလှမ်းများနှင့် အတူ ကျွန်ုပ်၏အပါးမှ အပြေးကလေး ထွက်သွား ကြပါလေတော့သတည်း။ ။
သဗ္ဗေဓမ္မာ
ဇင်ယော်နီ