မိမိ၏ မြန်မာမွေးသက္ကရာဇ်ကို တည်၍ (၇)ဖြင့်စားပါ။ (၅) ကြွင်းသူများအတွက် …

 

မြန်မာသက္ကရာဇ် ၁၂၇၉ ခု၊ ၁၂၈၆ ခု၊ ၁၂၉၃ ခု၊ ၁၃၀ဝ ခု၊ ၁၃၀၇ ခု၊ ၁၃၁၄ ခု၊ ၁၃၂၁ ခု၊ ၁၃၂၈ ခု၊ ၁၃၃၅ ခု၊ ၁၃၄၂ ခု၊ ၁၃၄၉ ခု၊ ၁၃၅၆ ခု၊ ၁၃၆၃ ခု၊ ၁၃၇၀ ခု၊ ၁၃၇၇ ခု၊ ၁၃၈၄ ခု၊ ၁၃၉၁ ခု၊ ၁၃၉၈ ခု၊ ၁၄၀၅ ခု၊ ၁၄၁၂ ခု၊ ၁၄၁၉ ခု၊ ၁၄၂၆ ခု၊ ၁၄၃၃ ခု၊ ၁၄၄၀ ခု၊ ၁၄၄၇ ခု၊ ၁၄၅၄ ခု၊ ၁၄၆၁ ခု၊ ၁၄၆၈ ခု၊ ၁၄၇၅ ခု၊ ၁၄၈၂ ခု၊ ၁၄၈၉ ခု၊ ၁၄၉၆ ခု၊ ၁၅၀၃ ခု၊ ၁၅၁၀ ခု၊ ၁၅၁၇ ခု၊ ၁၅၂၄ ခု၊ ၁၅၃၁ ခု၊ ၁၅၃၈ ခု၊ ၁၅၄၅ ခု၊ ၁၅၅၂ ခု၊ ၁၅၅၉ ခု၊ ၁၅၆၆ ခု၊ ၁၅၇၃  ခု၊ ၁၅၈၀ ခုနှစ်များတွင် မွေးဖွားသူများအတွက် ဖြစ်ပါသည်။

ထိုနှစ်များအနက် တစ်ခုခုတွင် ဖွားမြင်သော မိတ်ဆွေသည်

တနင်္ဂနွေသားသမီးဆိုပါက မရဏ ဖွားဖြစ်ပါသည်။

တနင်္လာသားသမီးဆိုပါက အဓိပတိဖွားဖြစ်ပါသည်။

အင်္ဂါသားသမီးဆိုပါက ရာဇဖွားဖြစ်ပါသည်။

ဗုဒ္ဓဟူးသားသမီးဆိုပါက အထွန်းဖွား ဖြစ်ပါသည်။

ကြာသပတေးသားသမီးဆိုပါက ဘင်္ဂဖွားဖြစ်ပါသည်။

သောကြာသားသမီးဆိုပါက ပုတိဖွားဖြစ်ပါသည်။

စနေသားသမီးဆိုပါက သိုက်ဖွားဖြစ်ပါသည်။

 

ဘုရား ရဟန္တာပူဇော်ရာ

********************

မိတ်ဆွေရဲ့ဘုရားစင်မှာလင်းလွန်းသား၊လက် ပံသား စတာတွေနဲ့ ဘုရားထုလုပ် ကိုးကွယ်ပူဇော် သင့်ပါတယ်။ ကံ့ကော်သား၊ ခရေသား စတာတွေနဲ့ ရှင်သီဝလိ၊ ညောင်သား၊ ဆီးသား စတာတွေနဲ့ ရှင်ဥပဂုတ္တထုလုပ်ပြီး ကိုးကွယ်ပူဇော်သင့်ပါတယ်။

 

စိတ်နေသဘောအကျဉ်းဟောရသော် …

*******************

မိတ်ဆွေဟာ –

မိသားစုအရေး၊ အိမ်ထောင်ရေးကံ မကောင်း လှပါဘူး။ မွေးဇာတိမဟုတ်တဲ့ တစ်ရပ်တစ်ကျေးမှာ အိမ်ရဲ့ပြင်ပမှာ အကျိုးပေး အောင်မြင်တတ်ပါတယ်။  တမူထူးခြားတဲ့ အတွေးအခေါ် အသစ်အဆန်းတွေနဲ့      နာမည်ဂုဏ်သတင်း ကျော်ဇောတတ်ပါတယ်။

လူအများနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ အောင်မြင်တတ်ပါတယ်။

အိမ်ထောင်ရေး ပျက်ပြားလွယ်ကြောင်း သ တိပြုသင့်ပါတယ်။

စိတ်တူကိုယ်တူ အိမ်ထောင်ဖက်မျိုး မရ တတ်ပါဘူး။

စိတ်တူကိုယ်တူဆိုရင်လည်း လူမျိုးကွဲ ဘာ သာကွဲဖြစ်နေတတ်ပါတယ်။

 

လုပ်ငန်းလမ်းညွှန်

**************

မိတ်ဆွေရဲ့ဘဝမှာ ဘယ်လုပ်ငန်းနဲ့ မားမား မတ်မတ်အခိုင်အမာ ရပ်တည်မှာလဲဆိုတဲ့ ရည်ရွယ် ချက်တစ်ခု ပြတ်ပြတ်သားသား ချမှတ်ထားဖို့အရေး ကြီးပါတယ်။

ရည်ရွယ်ချက်ထားကြတယ်ဆိုတဲ့နေရာမှာ လည်း အချို့က ကိုယ်နဲ့ နီးစပ်တဲ့ မိရိုးဖလာလုပ်ငန်း တွေ ကိုယ့်ပတ်ဝန်းကျင်မှာ ထိစပ်နေတဲ့ လုပ်ငန်း တွေကိုဘဲ ရည်ရွယ်လေ့ရှိပါတယ်။ အချို့ကျတော့  လည်း လုပ်ချင်တာတွေ၊ လုပ်သင့်တာတွေထက် အခြေအနေပေးလာတဲ့ကြုံရာကျဘန်းအလုပ်တွေကို ပဲ ဝင်ရောက်လုပ်ကိုင်နေမိကြပါတယ်။

ကျွန်တော့်အတွေ့အကြုံအရပဲဖြစ်ဖြစ် ကျွန် တော့်ပတ်ဝန်းကျင်က မိတ်ဆွေအပေါင်းအသင်းတွေ ရဲ့ အတွေ့အကြုံအရပဲဖြစ်ဖြစ် ကျွန်တော် တစ်ခု သတိထားမိတာက လူတစ်ယောက်ရဲ့ဘဝမှာ အခြေ အနေတစ်ခုကနေ တစ်ခုကို ပြောင်းဖို့ဆိုတာ ပြောင်း ရဖို့ဆိုတာ ပြောင်းနိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲ တယ်ဆိုတာပါပဲ။

ဆိုကြပါစို့ ကိုယ်က အလုပ် တစ်ခုမှာဝင်ပြီး လုပ်နေတယ်။ အဲဒီ အလုပ်ဟာ အ ဆင်မပြေ ကြီး မဟုတ်လှပေမယ့် အဆင်ပြေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ကိုယ့်ဘဝအတွက် အာမခံနိုင်တဲ့ အခြေခိုင်သွားနိုင်တဲ့ လုပ်ငန်းမျိုးလည်း မဟုတ်ပြန် ဘူး။ ဒီလိုလုပ်နေရင်းနဲ့ သူ့ထက် ပိုပြီး အခြေအနေ မကောင်းတဲ့ လုပ်ငန်းအဆက်အသွယ်မျိုး ပေါ်လာ တယ်ဆိုပါတော့။ မူလအလုပ်က ထွက်ပြီး နောက် တစ်လုပ်ကို ပြောင်းနိုင်ဖို့ ပြောင်းရဲဖို့ အင်မတန် ခက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီတိုင်း လေး ဣနြေ္ဒမပျက်နေတာက ပိုကောင်းပါတယ်လေ ဆိုပြီး လက်ရှိအလုပ်အကိုင်မှာပဲ ဆက်လုပ်ဖြစ်တဲ့ လူတွေက များပါတယ်။

အဲဒါဟာ လက်ရှိအလုပ်ကို လက်ရှိပတ်ဝန်း ကျင်ကို သံယောဇဉ်တွယ်နေတာ ပစ်မသွားရက်တာ ကြောင့်လည်း ပါပါလိမ့်မယ်။ သတ္တိနည်းတာလို့ လည်းဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်အကိုင်    ပဲဖြစ်ဖြစ်၊ နေရာထိုင်ခင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်း အသင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ သံယောဇဉ်ကြီး နေတာက များပါတယ်။

အဲဒါဟာ လက်ရှိအလုပ်ကို လက်ရှိပတ်ဝန်း ကျင်ကို သံယောဇဉ်တွယ်နေတာ ပစ်မသွားရက်တာ ကြောင့်လည်း ပါပါလိမ့်မယ်။ သတ္တိနည်းတာလို့ လည်းဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်အကိုင်  ပဲဖြစ်ဖြစ် နေရာထိုင်ခင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်း အသင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ သံယောဇဉ်ကြီး နေတာက များပါတယ်။ အသစ်အသစ်တွေကို ရှာ ဖို့ ဝန်လေးနောက်တွန့်နေမိတတ်ကြပါတယ်။

ဆိုလိုချင်တာက အလုပ်တစ်ခု လုပ်မိပြီဆို ရင် နောက်တစ်ခုပြောင်းဖို့ အင်မတန်ခဲယဉ်းတယ် ဆိုတာပါပဲ။ အဲဒီတော့ မိတ်ဆွေရဲ့ဘဝမှာ ဘယ်လုပ် ငန်းနဲ့ အခိုင်အမာ ရပ်တည်သင့်သလဲ။ ဘယ်လုပ် ငန်းတွေဟာ မလုပ်သင့်တဲ့ လုပ်ငန်းတွေလဲဆိုတာ ကို တိတိကျကျပြတ်ပြတ်သားသား သိထားမယ်ဆို ရင် အခုမိမိလုပ်နေတဲ့ အလုပ်နဲ့ကိုယ်နဲ့ အပ်စပ် သလား မအပ်စပ်ဘူးလားဒါမှမဟုတ် ရည်ရွယ်ထား သော နောင်လုပ်လတ္တံ့သော လုပ်ငန်းနဲ့ ကိုယ်နဲ့က ရော အပ်စပ်သလား။ မအပ်စပ်ဘူးလားဆိုတာကို ချင့်ချိန်တွက်ဆနိုင်ပါလိမ့်မယ်။

ဒါကြောင့်မိတ်ဆွေရဲ့ ကံတရားက ပေးလာ တဲ့ လုပ်ငန်းအသီးသီးရဲ့ အကောင်းအဆိုးအခြေအနေ တွေကို စနစ်တကျတွက်စစ်ပြီး ဖော်စပ်ပေးလိုက်ရပါ တယ်။

 

ချစ်စွာသော မိတ်ဆွေခင်ဗျား မိတ်ဆွေအတွက် …

*************************************

နံပါတ်(၁)ဗုဒ္ဓဟူးနံနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေဟာ ဘဝမှာ အကြီးအကျယ် ထွန်းပေါက်အောင်မြင်နိုင်တဲ့ အလုပ်တွေဖြစ်ပါတယ်။ ဗုဒ္ဓဟူးနံနဲ့ပတ်သက်တဲ့ အလုပ်တွေဆိုတာက အနု ပညာလုပ်ငန်း၊ အလှကုန်ပစ္စည်းလုပ်ငန်း၊ ရွှေလုပ် ငန်း၊ ရတနာပစ္စည်းလုပ်ငန်း၊ ရေနဲ့ ပတ်သက်တဲ့ လုပ်ငန်း၊ လမ်းနဲ့ ပတ်သက်တဲ့လုပ်ငန်း၊ လယ်ယာနဲ့ ပတ်သက်တဲ့လုပ်ငန်း၊ ဝက်နဲ့ ပတ်သက်တဲ့လုပ်ငန်း၊ ငါးနဲ့ ပတ်သက်တဲ့လုပ်ငန်း၊  စတာတွေ ဖြစ်ပါတယ်။

နံပါတ်(၂)တနင်္လာနံနဲ့ ပတ်သက်တဲ့ လုပ်ငန်း တွေကို လုပ်ကိုင်မယ်ဆိုရင်တော့ အဲဒီအလုပ်ကြောင့် နာမည်ဂုဏ်သတင်း တက်ခြင်း၊ အထွတ်အထိပ် ရောက်ခြင်း၊ ဩဇာအာဏာအရှိန်အဝါ ကြီးမားခြင်းစ တဲ့ အကျိုးထူးတွေ ခံစားရနိုင်ပါတယ်။တနင်္လာနံ နဲ့ပတ်သက်တဲ့ လုပ်တွေဆိုတာက ငွေရေးကြေးရေးနဲ့ ပတ်သက်တာတွေ၊ ကျောက်လုပ်ငန်း၊ ကားလုပ်ငန်း ကြံလုပ်ငန်း၊ ကြက်လုပ်ငန်း၊ ငွေထည်ပစ္စည်းလုပ် ငန်း၊ြွေကထည်ပစ္စည်းလုပ်ငန်း၊ ကုန်သည်လုပ်ငန်း၊ ကွန်ပြူတာလုပ်ငန်း၊ ကော်နဲ့ပတ်သက်တဲ့လုပ်ငန်း စတာတွေဖြစ်ပါတယ်။

နံပါတ်(၃) အင်္ဂါနံနဲ့ ပတ်သက်တဲ့ အလုပ်တွေ ကို လုပ်မယ်ဆိုရင်တော့ ဩဇာအာဏာအရှိန်အဝါ ကြီးမားခြင်း၊ ပြိုင်ဘက်ကင်းလောက်အောင် အောင် မြင်ခြင်း၊ အြွေခအရံပေါများခြင်း စတဲ့အကျိုးထူးတွေ ခံစားရနိုင်ပါတယ်။

ဒါပေမဲ့ ဒီအလုပ်တွေနဲ့ ပတ်သက်လာရင် သမရိုးကျ ရိုးရိုးကြီးတွေ၊ ရိုးရိုးကြီးလုပ်တာ ထက် အသစ်အဆန်းတီထွင်ခြင်း၊ ပရိယာယ်ြွကယ်ဝခြင်း၊ လုပ်ငန်းပြိုင်တွေကို လှည့်စားအကွက်ရွှေ့နိုင်ခြင်း စတဲ့ အရည်အချင်းတွေကို အသုံးပြုနိုင်လေလေ အောင်မြင်လေလေ ဖြစ်ပါလိမ့်မယ်။

အင်္ဂါနံနဲ့ ပတ်သက်တဲ့ လုပ်တွေဆိုတာက ဆန်လုပ်ငန်း၊ ဆီလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ ဆား လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ စိန်လုပ်ငန်း၊ စက္ကူ စာရေး ကိရိယာလုပ်ငန်း၊ စာအုပ်လုပ်ငန်း၊ စပ်တူရှယ်ယာ လုပ်ငန်း စတာတွေဖြစ်ပါတယ်။

နံပါတ်(၄)စနေနံနဲ့ ပတ်သက်တဲ့ အလုပ်တွေ ကို လုပ်မယ်ဆိုရင်တော့ ဆိုးဆိုးဝါးဝါး၊ ပျက်စီးဆုံး ရှုံးတာတွေ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ အဲဒီအလုပ် တွေအတွက် ပူပင်ရတာ၊ သောက ရောက်ရတာ၊ တထင့်ထင့်ဖြစ်ရတာ ရန်သူ မျိုးငါးပါးကို စိုးရိမ်ကြောင့်ကြနေရတာ၊ လုပ်ငန်း အောင်မြင်ပေမယ့် အကျိုးအမြတ်မခံစားရတာ စတာ တွေ ကြုံတွေ့နိုင်ပါတယ်။

စနေနံနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေဆို တာက ထီးအထည်အလိပ်၊ ထီးလုပ်ငန်း၊ ဖိနပ် လုပ်ငန်း၊ ဓားလုပ်ငန်း၊ လက်နက်လုပ်ငန်း၊ လျှပ်စစ် ပစ္စည်းလုပ်ငန်း၊ ဝန်ထမ်းလုပ်ငန်း၊ ဆေးရုံဆေးခန်း ထောင်အချုပ် စတာတွေနဲ့ ဆက်နွယ်နေတဲ့လုပ်ငန်း၊ နွားလုပ်ငန်း၊ နို့လုပ်ငန်း၊ နှမ်းလုပ်ငန်း၊ စတာတွေ ဖြစ်ပါတယ်။

 

နံပါတ်(၅) သောကြာနံနဲ့ပတ်သက်တဲ့ အလုပ် တွေကို လုပ်မယ်ဆိုရင်တော့ ဘယ်လောက်ပဲ ကြိုး စားကြိုးစား အရာမထင် ဖြစ်တတ်ပါတယ်။ မအောင် မမြင်၊ မထင်မရှား၊ အောက်ကျနောက်ကျ အဖြစ်မျိုး တွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းဟာ မတိုးတက်ဘဲ တဖြည်းဖြည်းနဲ့ လုံးပါးပါးသွား တတ်ပါတယ်။ သော ကြာနံနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေဆိုတာက သစ် လုပ်ငန်း၊ သံလုပ်ငန်း၊ သွပ်လုပ်ငန်း၊ သဲလုပ်ငန်း၊ ခရီးများများ သွားရသောလုပ်ငန်း၊ ရေကြောင်းခရီး လုပ်ငန်း၊ ရေထွက်ကုန်ပစ္စည်းလုပ်ငန်း၊ အဖျော်ယ မကာလုပ်ငန်း၊ စကားအသံတွေနဲ့ ပတ်သက်တဲ့အဆို တော်၊ တေးသံရှင်၊ အခမ်းအနားမှူး၊ သတင်းကြေ ညာသူ၊ တရားဟောဆရာ နောက်ပြီးတော့ ကုန် သည်ပွဲစားအလုပ် စတာတွေ ဖြစ်ပါတယ်။

နံပါတ်(၆) ကြာသပတေးနံနဲ့ ပတ်သက်တဲ့အ လုပ်တွေကို လုပ်မယ်ဆိုရင် လုပ်ငန်းမှာ အထိအခိုက် အဆုံးအရှုံးများတတ်ပါတယ်။ မအောင်မမြင်ဖြစ်ဖို့က များပါတယ်။ အောင်မြင်ခဲ့ရင်လည်း အရှိန်ရနေတုန်း မှာ ဝုန်းခနဲပြုတ်ကျသွားတတ်ပါတယ်။ ရန်သူမျိုး ငါးပါးရဲ့ ဖျက်ဆီးခြင်းကို ခံရတတ်ပါတယ်။ ကြာသပ တေးနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုတာက မြေအ ရောင်းအဝယ်အလုပ်တွေ၊ ပဲပြောင်း စတဲ့အလုပ်တွေ ပွဲရုံလုပ်ငန်း၊ မွေးမြူရေးအလုပ်တွေ၊ ဘာသာရပ် ဆိုင်ရာ အလုပ်တွေ၊ ပညာသင်ရတဲ့အလုပ်တွေ၊ ဘာ သာရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့အလုပ်တွေ  စတာ တွေ ဖြစ်ပါတယ်။

နံပါတ်(၇) တနင်္ဂနွေနံနဲ့ ပတ်သက်တဲ့အလုပ် တွေကို လုပ်မယ်ဆိုရင်တော့ လုပ်ငန်းအခြေအနေ မငြိမ်မသက်တွေ ဖြစ်မယ်။ တစ်ခုပြီးတစ်ခု၊ တစ်မျိုး ပြီးတစ်မျိုးပြင်ဆင်ရတာ၊ ပြောင်းရွှေ့ရတာတွေ ကြောင့် ဗျာများရတတ်ပါတယ်။ တနင်္ဂနွေနံနဲ့ ပတ် သက်တဲ့လုပ်ငန်းတွေဆိုတာက အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း၊ အိမ်အရောင်းအဝယ် အိမ်ပွဲစားလုပ်ငန်း၊ အုတ်လုပ်ငန်း၊ ဥအမျိုးမျိုးလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်း စတာတွေကို ဖြစ်ပါ တယ်။ ဒီတော့မိတ်ဆွေရဲ့ဘဝမှာ အဓိကအားပြုပြီး အခိုင် အမာရပ်တည်လုပ်ကိုင်သင့်တဲ့လုပ်ငန်းတွေကို ပြတ် ပြတ်သားသား လမ်းညွှန်ပေးရမယ်ဆိုရင်

နံပါတ်(၁) ဗုဒ္ဓဟူးနံနဲ့ ပတ်သက်တဲ့ အလုပ် တွေဆိုတာက အနုပညာလုပ်ငန်း၊ အလှကုန်ပစ္စည်း လုပ်ငန်း၊ ရွှေလုပ်ငန်း၊ ရတနာပစ္စည်းလုပ်ငန်း၊ ရေနဲ့ ပတ်သက်တဲ့လုပ်ငန်း၊ လမ်းနဲ့ ပတ်သက်တဲ့လုပ်ငန်း၊ လယ်ယာနဲ့ပတ်သက်တဲ့လုပ်ငန်း၊ ဝက်နဲ့ ပတ်သက် တဲ့လုပ်ငန်း၊ ငါးနဲ့ပတ်သက်တဲ့လုပ်ငန်း၊  စတာတွေ ကို ရဲရဲဝံ့ဝံ့ လုပ်သင့်ပါတယ်။

နံပါတ်(၂) တနင်္လာနံနဲ့ပတ်သက်တဲ့ လုပ်တွေ ဆိုတာက ငွေရေးကြေးရေးနဲ့ ပတ်သက်တာတွေ၊ ကျောက်လုပ်ငန်း၊ ကားလုပ်ငန်း၊ ကြံလုပ်ငန်း၊ ကြက် လုပ်ငန်း၊ ငွေထည်ပစ္စည်းလုပ်ငန်း၊ ကြွေထည်ပစ္စည်း လုပ်ငန်း၊ ကုန်သည်လုပ်ငန်း၊ ကွန်ပြူတာလုပ်ငန်း၊ ကော်နဲ့ ပတ်သက်တဲ့လုပ်ငန်း  စတာတွေကို ရဲရဲဝံ့ဝံ့ လုပ်သင့်ပါတယ်။

နံပါတ် (၃) အင်္ဂါနံနဲ့ ပတ်သက်တဲ့ လုပ်တွေ ဆိုတာက ဆန်လုပ် ငန်း၊ ဆီလုပ်ငန်း၊ ဆေးဝါးလုပ် ငန်း၊ ဆားလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ စိန်လုပ်ငန်း၊ စက္ကူစာရေးကိရိယာလုပ်ငန်း၊ စာအုပ်လုပ်ငန်း၊ စပ် တူရှယ်ယာလုပ်ငန်း စတာတွေကို ရဲရဲဝံ့ဝံ့ လုပ်သင့် ပါတယ်။

 

စီးပွားဖက် အိမ်ထောင်ဖက်လမ်းညွှန်

*************************

မိတ်ဆွေရဲ့ဘဝမှာ စီးပွားဖက်၊ လုပ်ဖော်ကိုင် ဖက်အနေနဲ့ပဲဖြစ်ဖြစ်၊ အိမ်ထောင်ဖက်အနေနဲ့ပဲဖြစ် ဖြစ်၊ အချို့နေ့သားသမီးတွေဟာ ကိုယ့်ကိုအထောက် အကူများစွာပြုနိုင်ကြပါတယ်။ ကောင်းကျိုးချမ်းသာ တွေပေးတတ်ပါတယ်။ အချို့အတွက်တော့ဖြင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတတ်ပါတယ်။ အဲဒီတော့ ဘဝမှာ ဘယ်သူတွေနဲ့ တွဲသင့်သလဲ။ ဘယ်သူတွေနဲ့ မတွဲသင့်ဘူးလဲဆိုတာတွေကို တိတိကျကျ သိထား မယ်ဆိုရင် အများကြီး အထောက်အကူပြု အသုံး တည့်ပါလိမ့်မယ်။

 

ချစ်လှစွာသော မိတ်ဆွေခင်ဗျား …

မိတ်ဆွေရဲ့ ဘဝမှာ –

နံပါတ်(၁) ဗုဒ္ဓဟူးသားသမီးတွေနဲ့ ပတ်သက် လာရင် မိမိရဲ့လုပ်ငန်း၊ မိမိရဲ့ဘဝ အစစအရာရာ မှာ ထွန်းပေါက်အောင်မြင်မှုတွေ၊ နာမည်ဂုဏ်သတင်း   ထင်ရှားမှုတွေ ဖြစ်စေတတ်ပါတယ်။

နံပါတ်(၂) တနင်္လာသားသမီးတွေနဲ့ ပတ် သက်လာရင် မိမိရဲ့လုပ်ငန်း၊ မိမိရဲ့ဘဝမှာ အထွတ် အထိပ်ရောက်ခြင်း၊ ခမ်းနားထည်ဝါခြင်း၊ နာမည် ဂုဏ်သတင်း တိုးတက်ကျော်ဇောခြင်း၊ လူအများရဲ့ ယုံကြည်ကိုးစားမှုကို ခံရခြင်း၊ စတဲ့ အကျိုးထူးတွေ ရရှိနိုင်ပါတယ်။

နံပါတ်(၃) အင်္ဂါသားသမီး တွေနဲ့ပတ်သက်လာရင် ရာထူးဂုဏ်ရှိန်၊ ဩဇာအရှိန် အဝါကြီးမားခြင်း၊ လုပ်ငန်းပြိုင်များ အနှောင့်အယှက် များကို အောင်မြင် စွာကျော်လွှားနိုင်ခြင်း၊ အြွေခအရံ အသင်းအပင်း ပေါများခြင်း စတဲ့အကျိုးထူးတွေ ခံစား ရနိုင်ပါတယ်။

နံပါတ်(၄) စနေသားသမီးတွေနဲ့ ပတ်သက် လာရင် သူတို့ဟာ ကိုယ့်ကို ဒုက္ခပေးတာမဟုတ်ပေ မယ့် ကိုယ့်အနေနဲ့ သူတို့အတွက် ပူရပင်ရ၊ စိုးရိမ် ကြောင့်ကြရ၊ စိတ်သောကရောက်ရတာတွေ များ တတ်ပါတယ်။ ကိုယ်က အကူအညီရတာက နည်း နည်း သူ့ကို ကူညီထောက်ပံ့နေရတာက များများဖြစ် နေတတ်ပါတယ်။

နံပါတ်(၅) သောကြာသားသမီးတွေနဲ့ ပတ် သက်လာရင် ဘဝမှာ စဉ်းစားချင့်ချိန်တွက်ဆနေရ တာနဲ့ပဲ လုပ်ရမယ့်အလုပ်တွေ မလုပ်ဖြစ်၊ အခွင့် အရေးတွေ လက်လွတ်ဆုံးရှုံး၊ သူ့အတွက် ကိုယ့်မှာ နာမည်ဂုဏ်သတင်းထိခိုက် စတာတွေ ကြုံရတတ်ပါ တယ်။

နံပါတ်(၆) ကြာသပတေးသားသမီးတွေနဲ့ ပတ်သက်လာရင်တော့ ငွေကြေးပစ္စည်း အပျက်အစီး အဆုံးအရှုံး အလေအလွင့် များတတ်ပါတယ်။ သူ့ကို အကြောင်းပြုပြီး အလုပ်မှာ မအောင်မမြင် နာမည် ဂုဏ်သတင်း ထိခိုက်စတာတွေ ကြုံရတတ်ပါတယ်။

နံပါတ်(၇) တနင်္ဂနွေသားသမီးတွေနဲ့ ပတ် သက်လာရင်တော့ ဘဝမှာ အခြေအနေတွေ မငြိမ် မသက် ဖြစ်ရတတ်ပါတယ်။ ဘာကိုမှ အခြေတကျ  မတည်ထောင်ထားနိုင်တဲ့ အခြေအနေမျိုး ကြုံရတတ် ပါတယ်။ လုပ်ငန်းနေရာထိုင်ခင်း၊ အစစအရာရာ ဟိုရွှေ့ သည်ပြောင်းဖြစ်လိုက်၊ ခုတစ်မျိုး တော်ကြာ တစ်မျိုး အခြေအနေတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

ဒါကြောင့် မိတ်ဆွေရဲ့ဘဝမှာ စီးပွားဖက်၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်ထောင်ဖက်အဖြစ် ရွေးချယ် ဖို့ အကောင်းဆုံးကတော့ –

တနင်္လာသားသမီး၊ ဗုဒ္ဓဟူးသားသမီး၊ အင်္ဂါ သားသမီးတွေ ဖြစ်ပါတယ်လို့ အကြံပြု လိုက်ရပါ တယ်ခင်ဗျား။

 

အရောင်လမ်းညွှန်

***************

ချစ်စွာသော မိတ်ဆွေခင်ဗျား …

လောကကြီးမှာ အရောင်သွေးဆိုတာဟာ လည်း အရေးကြီးပါတယ်။ အရောင်တွေမှာ ထူးခြား တဲ့ ဂမ္ဘီရအာနိသင်တွေ၊ အစွမ်းအစတွေ ကိန်း အောင်းနေပါတယ်။ လူတွေရဲ့စိတ်ကို လွှမ်းမိုးပြောင်း လဲစေနိုင်သလိုပဲ မိမိရဲ့ ကံအကောင်းအဆိုးအပေါ် မှာလည်း လွှမ်းမိုးသက်ရောက်နေပါတယ်။ မိမိတို့ ကောင်းကျိုးချမ်းသာဖြစ်စေမယ့် အရောင်တွေရှိနေ သလို မိမိကို ဆိုးကျိုးဒုက္ခပေးမယ့် အရောင်တွေ လည်း ရှိနေပါတယ်။

တချို့က စကားကတ်ပြီး ပြောချင်ကြပါလိမ့် မယ်။ ငါ့ကိုဒုက္ခပေးမှာ ဘယ်အရောင်လဲ။ အမြဲတမ်း အဲဒီအရောင်ကို ဝတ်မယ်။ ဒုက္ခရောက်ပါ့မလား။ ဒါမှမဟုတ် ငါ့ကို ကောင်းကျိုးပေးမှာက ဘယ်အ ရောင်လဲ။ အဲဒီအရောင်ကိုပဲ အမြဲတမ်းဝတ်မယ်။ ချမ်းသာလာမှာလားလို့ စကားကတ်ပြီး ပြောချင်ပြော ကြပါလိမ့်မယ်။

တကယ်ကတော့ မိမိကိုယ်တိုင်သည်သာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ကိုယ့်ဘဝ အကောင်း အဆိုး၊ အတက်အကျမှာ ကိုယ်သာလျှင် အခြေခံ   အကျဆုံးပါပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က အခြေအနေ အမျိုးမျိုးရဲ့ သက်ရောက်မှု၊ ပံ့ပိုးနိုင်မှု၊ နှောင့်ယှက် နိုင်မှုတွေကိုလည်း ထည့်ပြီးမတွက်လို့ မရနိုင်ပါဘူး။

ဆိုကြပါစို့ ရှင်တော်ဗုဒ္ဓဟာ လောကသုံးပါး   မှာ အထွတ်အမြတ်ပုဂ္ဂိုလ် ဖြစ်တော်မူပါတယ်။ တရားကိုယ်သဘောနဲ့ ပြောမယ်ဆိုရင် မြတ်စွာဘုရား ရဲ့ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးနဲ့ မယ်တော် မာ ယာ မိဖုရားတို့ဟာ မြတ်စွာဘုရားလောက် မမြင့်မြတ် တော်မူပါဘူး။ ဒါပေမဲ့ အဲဒီ ခမည်းတော်နဲ့ မယ်တော် မရှိဘူးဆိုရင်လည်း ရှင်တော်ဗုဒ္ဓရယ်လို့ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ဒါက စဉ်းစားမိတာလေးတစ်ခု ပြောပြတာပါ။ အဲဒီလို အဲဒီလိုပဲ ပတ်ဝန်းကျင်ရဲ့ သက်ရောက်ပံ့ပိုးမှုတွေဟာ ကျွန်တော်တို့အပေါ်မှာ အများကြီးအများကြီးရှိနေပါတယ်။ အရောင်အသွေး ဆိုတာဟာလည်း အဲဒီလိုပဲပေါ့။

အဲဒီတော့ ကျွန်တော်တို့ရဲ့ နေအိမ်တွေ၊ အလုပ်ခန်းတွေ၊ ရုံးခန်းတွေ၊ ဆိုင်ခန်းတွေ၊ ဆိုင်း ဘုတ်တွေကို ပြင်ဆင် မွမ်းမံခြယ်သတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ အဝတ်အစားတွေ၊ အထူး သဖြင့် စာမေးပွဲဖြေတဲ့အခါ၊ အင်တာဗျူးဖြေတဲ့အခါ၊  အလုပ်လျှောက်တဲ့အခါ ဆရာသမားလူကြီးတွေ ဘာ တွေနဲ့ အရေးကြီးတဲ့ကိစ္စတွေ သွားရောက် တွေ့ဆုံ ပြောဆိုတဲ့အခါ၊ြွေကးသွားတောင်းတဲ့အခါ၊ နောက် ဆုံးလူငယ်တွေ ချစ်စရာကြိုက်စကားပြောတဲ့အခါ တွေမှာပဲဖြစ်ဖြစ်၊ ကိုယ့်ကို အထောက်အကူပြုအကျိုး ပေးမယ့် အရောင်အသွေးတွေကို ရွေးချယ်ဝတ်ဆင် အသုံးပြုမယ်ဆိုရင်ဖြင့် ပိုကောင်းတာပေါ့ဗျာ။

တကယ်ကတော့ဗျာ …ကျွန်တော်တို့အနေ နဲ့ အဝတ်အစားမဝတ်ဘဲ နေလို့မှမရဘဲ။ ဝတ်ကို ဝတ်ရမှာ ဝတ်တဲ့အခါမှာလည်း တစ်ရောင်မဟုတ် တစ်ရောင်ကို သုံးကိုသုံးရမှာပဲ မဟုတ်လား။ ကိုယ့်ရဲ့ ဆိုင်းဘုတ်ဆိုရင်လည်း ဗလာဟင်းလင်းကြီး တင် ထားလို့မှမရဘဲ။ တစ်ရောင်မဟုတ်၊ တစ်ရောင်နဲ့ ရေးကို ရေးရမှာပဲ မဟုတ်လား။ အလုပ်ခန်းတွေ ဘာတွေကိုလည်း ပြင်ဆင်မွမ်းမံမယ်ဆိုရင် အရောင် တစ်မျိုး မဟုတ်တစ်မျိုးကို သုံးရမှာပဲ မဟုတ်ပါ လားဗျာ။

အဲဒီလို သုံးရမယ့်အတူတူ အခု ကျွန်တော် ညွှန်ပြမယ့် အရောင်လေးတွေကို အားပြုပြီး သုံးစေ ချင်ပါတယ်။ အဲဒီအတွက် အကျိုးမထူးဘူးဆိုပါ တော့။ မထူးတာပဲရှိမယ်။ ထိခိုက်နစ်နာတာတော့  မဖြစ်စေဘူးလေဗျာ။ အမှန်တကယ် အကျိုးထူးစေ မယ်ဆိုရင် အဲဒီအရောင်လေးတွေ သုံးရကျိုးမနပ် ဘူးလားဗျာ။ အဲဒီအတွက် စေတနာကောင်းနဲ့ ညွှန် ပြလိုက်ရခြင်းဖြစ်ပါတယ်။

မိတ်ဆွေရဲ့ဘဝမှာ ကံကောင်းထောက်မခြင်း တွေကို ဖြစ်စေမယ့် ကောင်းကျိုးချမ်းသာတွေကို ပေးစေမယ့် အရောင်တွေကတော့ –

(၁) အဖြူရောင်၊ အဖြူနဲ့နွှယ်တဲ့ အရောင် များ။

(၂) အစိမ်းရောင်၊ အစိမ်းရောင်နဲ့ နွှယ် တဲ့အရောင်များ။

(၃) အညိုရောင်၊ အညိုရောင်နဲ့ နွှယ်တဲ့ အရောင်များ … စတာတွေ ပဲ ဖြစ်ကြပါတယ်။ ဒီအ ရောင်တွေကို အားပြု ပြီး အခြား နှစ်သက်ရာ ကောင်းနိုးရာရာ အရောင်များနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်ခင်ဗျား။

 

စီးပွားဥစ္စာမြဲဖို့ရာ

*************

ချစ်စွာသောမိတ်ဆွေများ ခင်ဗျား …

မိတ်ဆွေရဲ့ဘဝမှာ ငွေကြေးတွေ၊ စီးပွားဥစ္စာ   တွေကို အသည်းအသန် ရှာဖွေရရှိပြီးတဲ့နောက် အဲဒီ ငွေကြေးစီးပွားတွေ အဖတ်မတင်ဘူး။ မမြဲဘူး။ အလ ဟဿ လေလွင့်ဆုံးရှုံးကုန်မယ်ဆိုရင်လည်း ရှာရ ဖွေရကျိုး ကြိုးရ ပမ်းရကျိုး နပ်မှာမဟုတ်ပါဘူး။

အဲဒီတော့ ရှာဖွေရရှိလာတဲ့ ငွေကြေးဥစ္စာ တွေကို စီးတဲ့ရေဆည်တဲ့ကန်သင်းဆိုသလို အဖတ် တင် အကျိုးပေးနိုင်ဖို့ ရှေးမဟာဘုတ်ဆရာကြီးများက  မိမိရဲ့မဟာဘုတ် သိုက်ဆိုတဲ့နေရာမှာရှိတဲ့ အသား  နဲ့ သေတ္တာလုပ်ပြီး သှိမှီးသိမ်းဆည်းစုဆောင်းဖို့ လမ်း ညွှန်လေ့ရှိပါတယ်။ ရှာဖွေရရှိလာတဲ့ ငွေကြေးပစ္စည်း ရတနာစတာတွေကို အဲဒီသေတ္တာထဲမှာ စတိသ ဘောလေးဖြစ်ဖြစ် ထည့်သိုသိမ်းဆည်းမယ်ဆိုရင် အဲဒီဝင်လာရာတဲ့ ရတနာငွေကြေး ပစ္စည်းဥစ္စာတွေ ဟာ တည်မြဲမယ်။ မိမိအတွက် အကျိုးဖြစ်ထွန်းစေ မယ်လို့ဆိုပါတယ်။

 

မိတ်ဆွေအတွက် ရတနာငွေကြေး၊ ပစ္စည်း ဥစ္စာတွေ တည်စေမြဲစေဖို့ သေတ္တာကလေးပြုလုပ် ထားသင့်တဲ့ အသားကတော့ –

**********

ထန်းသား၊ ဒါမှမဟုတ်၊ တည်သား၊ ဒီးဒူး သား၊ ထိန်သား စတဲ့ စနေနံအသားတွေပဲ ဖြစ်ပါ တယ် ခင်ဗျား။

 

ဩဇာအာဏာတက်ဖို့ရာ

***************

ချစ်စွာသော မိတ်ဆွေခင်ဗျား …

မိတ်ဆွေရဲ့ဘဝမှာ ကိုယ် လေးစားရိုသေရ မယ့် ကိုယ့်ထက်ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြုံ ဆက်ဆံရမှာဖြစ်သလို ကိုယ်နဲ့တန်းတူပုဂ္ဂိုလ်တွေနဲ့ လည်း တွေ့ကြုံဆက်ဆံရမှာပါပဲ။

အဲဒီလိုပဲ ကိုယ့်ထက်ငယ်တဲ့ အောက်လက် ငယ်သားတပည့် သားချင်းတွေနဲ့လည်း မလွဲမသွေ တွေ့ကြုံဆက်ဆံရမှာပါပဲ။ အဲဒီမှာ အချို့ဟာ ကိုယ့် ရဲ့သားသမီး လက်အောက်ငယ်သား တပည့်တပန်းတွေအပေါ် ဩဇာညောင်း ကြတယ်။ အဲဒီ သားသမီး အောက်လက် ငယ်သားတွေက ကိုယ့်ကိုချစ်လည်း ချစ်၊ ကြောက်လည်းကြောက်၊ ရိုလည်းရိုသေ ကြတယ်။

အဲဒီလို ချစ်ကြောက်ရိုသေတယ်ဆိုတဲ့ စကား လေးဟာ စကားလုံးအားဖြင့် ဘာမှမဟုတ်လှပေမယ့် အဓိပ္ပာယ် အနှစ်သာရအားဖြင့်တော့ အများကြီးကျယ် ဝန်း နက်ရှိုင်းလှပါတယ်။

အချို့များဆိုရင် လူမလေးခွေးမခန့်ဆိုသလို အဆက်ဆံခံရတတ်ကြတယ်။ ကြောင်အိုလို့ြွကက် မလေးဆိုတဲ့ အဖြစ်မျိုးတွေ ရင်ဆိုင်ရတတ်ကြတယ်။ ကိုယ့်အပေါ်မှာ ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် မအောက်မေ့တဲ့ ဆက်ဆံခြင်းမျိုးတွေနဲ့ အဆက်ဆံခံ ရလေ့ရှိကြတယ်။ မထီမဲ့မြင် အလုပ်ခံရတတ်ကြ တယ်။

အဲဒီအဖြစ်မျိုး မကြုံရလေအောင် ကိုယ့်ရဲ့ ဩဇာအာဏာအရှိန်အဝါ ထက်မြက်အောင်ဆိုပြီး ရှေးမဟာဘုတ်ဆရာမြတ်တွေ လမ်းညွှန်ခဲ့တဲ့ နည်း တစ်ခုရှိပါတယ်။ ဒါကတော့ မိမိရဲ့မဟာဘုတ် ရာဇ ဆိုတဲ့ နေရာက အသားကို သန်လျက်ထုလုပ်ပြီး ဘုရားစင်မှာတင်ထား၊ ဒါမှမဟုတ် ဆောင်ထားတဲ့ နည်းပဲဖြစ်ပါတယ်။

မိတ်ဆွေအတွက် လမ်းညွှန်ရမယ်ဆိုရင်တော့

“ဆီးသား ဒါမှမဟုတ် စောင်ခြမ်းသားစတဲ့ အင်္ဂါနံအသားတွေကို အသုံးပြုဖို့ပဲဖြစ်ပါတယ် ခင်ဗျား”

 

မဟာဘုတ်နဲ့ ရတနာလုပ်တဲ့နည်း

********************

ချစ်စွာသော မိတ်ဆွေခင်ဗျား …

မိမိရဲ့မဟာဘုတ်က ကောင်းကျိုးချမ်းသာ ဖြစ်စေမယ့် ဂြိုဟ်တွေနံတွေကို ပေါင်းစပ်ပြီး အဆောင်အဖြစ် အသုံးပြုနိုင်တဲ့ နည်းတစ်နည်းကို ကျွန်တော်တို့ရဲ့ ဆရာကြီးက သင်ပြပေးခဲ့ဖူးပါတယ်။

အဲဒီအကြောင်းကိုလည်း ကျွန်တော်ရေးသား ခဲ့ဖူးပါတယ်။ အခု ဒီစာအုပ်မှာလည်း မိတ်ဆွေအ တွက် ဖော်ပြပေးလိုက်ရပြန်ပါတယ်။

မိတ်ဆွေအတွက် အဆောင်ကောင်း အဖြစ် အသုံးပြုဖို့ပုံကတော့ စိန်စီထားသော ခေါင်းလောင်း တစ်လုံးရဲ့ပုံပဲ ဖြစ်ပါတယ်ခင်ဗျား။

ဒီပုံကို မိမိရဲ့ဆိုင်ခန်း၊ ရုံးခန်း၊ အလုပ်ခန်း တွေမှာလည်း ချိတ်ဆွဲထားခြင်းအားဖြင့် စီးပွားတိုး တက် လုပ်ငန်းအောင်မြင်မှုတွေကို အထောက်အကူ ပြုစေပါလိမ့်မယ်။

 

ဘဝကံကြမ္မာ အတက်အကျ ချိန်ဆနိုင်ဖို့ရန်

*******************************

ချစ်စွာသော မိတ်ဆွေခင်ဗျား …

မိမိတို့ရဲ့ မဟာဘုတ်ကနေ ဆက်နွှယ်ပြီး မိမိတို့ရဲ့ အသက်ပိုင်းခြားအလိုက် ဘယ်အပိုင်းအ ခြားတွေမှာ ကံဇာတာတက်မယ်။ ဘယ်အပိုင်းအခြား တွေမှာတော့ ကံဇာတာနိမ့်ပါးတတ်တယ်ဆိုတဲ့ နည်း တစ်နည်းကိုလည်း ကျွန်တော်တို့ရဲ့ ဆရာကြီးက သင်ပြပေးဖူးပါတယ်။

မိတ်ဆွေရဲ့ဘဝမှာ ကံကြမ္မာတက်နိုင်ကျနိုင် တဲ့ အသက်အပိုင်းအခြားလေးတွေကို သိထားမယ်ဆို ရင် အများကြီး အထောက်အကူပြုနိုင်ပါလိမ့်မယ်။ အဲဒါကိုလည်း တစ်ဖက်မှာ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျား။

 

#ဇင်ယော်နီ

Comments

comments

Post Author: manawmaya