ဘုရားကၽြန္ ေက်ာင္းကၽြန္

ကြ်န္မသည္ ယခုရက္ပိုင္းမ်ား တြင္ ပို၍ အလုပ္မ်ားေနေလသည္။ ေက်း ဇူးရွင္ အဘမင္းသိခၤ ရွိစဥ္အခါကပင္ ႏွစ္ စဥ္က်င္းပျပဳလုပ္ခဲ့ေသာ ေဆးေပါင္းခပြဲ ေတာ္ႀကီးအား တန္ေဆာင္မုန္းလျပည့္ည တြင္ ရန္ကုန္ၿမိဳ႕ မဂၤလာဒံုပုလဲၿမိဳ႕သစ္ရွိ ေရႊေပၚကြ်န္း ဓမၼစခန္းသစ္ ေက်ာင္းဝန္း အတြင္း အဘမင္းသိခၤ တန္ေဆာင္းတြင္ ျပဳလုပ္မည္ျဖစ္ရာ ထိုပြဲအတြက္ တာဆူ ေနခ်ိန္လည္း ျဖစ္ေလသည္။

ဆရာ ဇင္ေယာ္နီ၏ ဦးေဆာင္မႈ ျဖင့္ တပည့္ပရိသတ္မ်ား စုေပါင္း၍ ေမတၲာညႊန္းေဖာ္ေဆးပြဲေတာ္ႀကီးအတြက္ ေငြအား လူအားမ်ား စိုက္ထုတ္လံု႔လ ျပဳေနၾကေနခ်ိန္လည္း ျဖစ္ေပသည္။ ထို အလုပ္မ်ားျဖင့္ အေတာ္ပင္ ပ်ာယာခတ္ ေနေသာ ကြ်န္မအား သမီးက –

“ေမေမ …ေဆးေပါင္းခပြဲနီး လာၿပီဆိုရင္ ေမေမတို႔ေတြ ေတာ္ေတာ္ကို ပင္ပန္းၾကတယ္ေနာ္။ သမီး ဘာဝိုင္းကူ ေပးရဦးမွာလဲ။ မနက္ကေတာ့ ဟိုဆရာမ ေတြ သံလိုက္တံုးေတြ၊ ေက်ာက္ပ်ဥ္ေတြ ေရေဆးေနတာကို သမီးဝိုင္းကူေပးလိုက္ ေသးတယ္။ ၿပီးေတာ့ ဆရာမေတြ ေမာ လို႔ ေရေတာင္ခပ္တိုက္ လိုက္ေသးတယ္”ဟုေျပာလိုက္လွ်င္ ကြ်န္မက –

“ဝိုင္းကူလုပ္တာေတာ့ ဟုတ္ပါ တယ္ေအ။ အဘရွိတုန္းကတည္းက အဘေဖာ္ခဲ့တဲ့ ေဆးေတာ္ကို အဘေပးတဲ့ ပညာ၊ အဘရဲ႕ နည္းစနစ္ေတြအတိုင္း ႏွစ္စဥ္မပ်က္ ပြားထားတဲ့ ေဆးပုလင္း အညိဳႀကီးေတာ့ မကြဲေစနဲ႔ေအ။ အဲဒီပု လင္းႀကီးထဲမွာ ဟိုကသည္က လာၿပီး လွဴထားၾကတဲ့ စပါးႀကီးသည္းေျခတို႔၊ စပါးႀကီးညႇိဳ႕တံတို႔လည္း ထည့္ထားတယ္။ အဲဒါ အေရးႀကီးတယ္ေနာ္။ သမီး မႏိုင္ တာေတြကို ဝိုင္းမမရဘူးေနာ္”ဟု သတိ ေပးရေလသည္။ ထိုအခါ သမီးက –

“အမေလး သိပါတယ္ ေမေမရယ္ … ေမေမ့ရဲ႕ လုပ္အားေပး ဆရာမေတြက အဲဒီေဆးပုလင္းႀကီးကို တသသနဲ႔ ႏွစ္ေပါင္းဘယ္ေလာက္ရွိၿပီ ဘယ္မွ် ရွိၿပီနဲ႔ ေျပာေနတာ …ေနာက္ဆရာမ တစ္ေယာက္က ထပ္ေျပာေသးတယ္။ ေမတၲသုတ္ အေခါက္ေရ ကုေဋနဲ႔ခ်ီၿပီး ထံုမႊမ္းထားၾကတာတဲ့။ ကြဲလို႔ မျဖစ္ဘူး။ သတိထားၿပီး ကိုင္ၾကလို႔ ညာသံေပးၿပီး ေအာ္ေနက်တာ”ဟု ခပ္ၿပံဳးၿပံဳး မ်က္ႏွာ ေပးျဖင့္ ဆိုေလသည္။ ထို႔ေနာက္ သမီး က ဆက္လက္၍ –

“ေမေမ …ေဆးပြဲေတာ္အ တြက္ အလုပ္မ်ားေနတာနဲ႔ သမီးသိခ်င္တဲ့ ဘုရားကြ်န္၊ ေက်ာင္း ကြ်န္ ဆိုတာ ေလးေတာင္ ေျပာမျပျဖစ္ေတာ့ဘူးေနာ္။ ဒီညေလးမ်ား အခ်ိန္ေလးရရင္ မအိပ္ခင္ ေျပာျပပါလား”ဟု မခ်င့္မရဲျဖင့္ ပူဆာ ေလရာ ကြ်န္မလည္း ေျပာျပမည္ျဖစ္ ေၾကာင္း ေခါင္းညိတ္၍ အခ်က္ျပရင္း လုပ္လက္စ အလုပ္မ်ားအား အၿပီးသတ္ ခဲ့ရေလသည္။

ထို႔ေနာက္ အိပ္ရာဝင္ခ်ိန္သို႔ ေရာက္ေသာအခါတြင္မူ သမီးျဖစ္သူ သိခ်င္ေနေသာ ဘုရားကြ်န္ ေက်ာင္း ကြ်န္ ဆိုသည္ႏွင့္ ပတ္သက္ေသာ အ ေၾကာင္း အရာအခ်ိဳ႕အား ဤသို႔ ရွင္းျပ ျဖစ္ခဲ့ပါေလေတာ့သတည္း။

“သမီးက ဘုရားကြ်န္ဆိုတဲ့ ေဝါ ဟာရကို သမီးတို႔ေက်ာင္းက အထက္ တန္းေက်ာင္းသူ အစ္မႀကီးေတြရဲ႕ စကား ဝိုင္းက ၾကားလာခဲ့တာေနာ္။ ဟုတ္တာ ေပါ့။ အထက္တန္းပညာေရးရဲ႕ ျမန္မာစာ သင္ ၾကားမႈမွာ ပုဂံေခတ္က ေက်ာက္စာ၊ ဆုေတာင္းစာ က်ိန္စာ၊ အလွဴျပဳပံုဆိုတာ ေတြ သင္ရတာကိုး။ အဲဒီအထဲမွာ ေရွးက ျမန္မာမ်ား ဘုရားေက်ာင္းကန္ေတြလွဴတဲ့ အခါမွာ အဲဒီလွဴဖြယ္ေတြကို အဓြန္႔ရွည္ဖို႔ လံု႔လ ျပဳေစာင့္ေရွာက္ရန္၊ ထိန္းသိမ္းရန္ ဘုရားကြ်န္မ်ားလည္း တစ္ပါတည္း လွဴ တတ္ၾကသတဲ့။

ကဲ သမီးကိုပဲ ေမေမက ျပန္ၿပီး ေမးရဦးမယ္။ ဘုရားကြ်န္ဆိုတာကို သမီး က ဘယ္လိုနားလည္ထားသလဲ” ဟု ေမးလိုက္လွ်င္ သမီးက –

“ဘုရားကြ်န္ဆိုတာ ဘုရားဝန္း၊ ေက်ာင္းဝန္းအတြင္းမွာ ေနထိုင္ၾကတဲ့ ေဝယ်ာဝစၥေတြကို ေျပာတာလို႔ ထင္တယ္ ေမေမ”ဟု ျပန္၍ေျဖေလသည္။ ထို႔ ေၾကာင့္ ကြ်န္မက –

“သမီးေျပာသလို ဘုရားဝန္း၊ ေက်ာင္းဝန္း အတြင္းေနတိုင္း ဘုရားကြ်န္ ေက်ာင္းကြ်န္ေတာ့ မဟုတ္ဘူး သမီးရဲ႕။ ဝတၳဳကံေျမလို႔ေခၚတဲ့ ရတနာ သံုးပါးကို လွဴဒါန္းထားတဲ့ေျမအတြင္း ေနတိုင္းေတာ့ ဘုရားကြ်န္ မဟုတ္ဘူး။ ၿပီးေတာ့ ဘုရား ကြ်န္ဆိုတာလည္း နိမ့္ညံ့တဲ့အမ်ိဳး မဟုတ္ ဘူးသမီးရဲ႕။ တခ်ိဳ႕ လူခ်မ္းသာေတြ၊ ပညာႀကီးျမင့္တဲ့ ပုဂၢိဳလ္ေတြေတာင္မွ မိမိကိုယ္မိမိ ဘုရားထံ၊ သံဃာထံမွာ ခႏၶာႀကီးကို ကြ်န္အျဖစ္ အပ္ႏွင္းထား တာေတြေတာင္ ရွိသတဲ့။ လူ႕ဘဝမွာ ရရွိ ထားတဲ့ ႐ုပ္နာမ္ခႏၶာကို ဗုဒၶေဝယ်ာဝစၥ၊ ဓမၼေဝယ်ာဝစၥ၊ သံဃာ့ေဝယ်ာဝစၥအ တြက္ အသံုးျပဳဖို႔ မိမိကိုယ္မိမိ ကြ်န္အျဖစ္ လွဴထားတဲ့ လူေတြေတာင္ ရွိသတဲ့။ ဒါ ေၾကာင့္ သမီးသိခ်င္တဲ့  ဘုရားကြ်န္၊ ေက်ာင္းကြ်န္ဆိုတာ ေက်ာင္းဘုရားမ်ား ကို ျပဳျပင္ဖို႔အတြက္ လွဴဒါန္းထားတဲ့ လူေတြပါ။ လူယုတ္လူညံ့ မဟုတ္ၾကတဲ့ အျပင္ သာသနာေတာ္ရဲ႕ ေဝယ်ာဝစၥကို ျပဳလုပ္ေနၾကတဲ့ လူေတာ္လူေကာင္း ေတြ ျဖစ္ၾကတယ္။ တကယ္ေတာ့ ရတ နာသံုးပါးရဲ႕ ေဝယ်ာဝစၥကို ျပဳစုရျခင္းဟာ အလြန္မြန္ ျမတ္တဲ့ လုပ္ေဆာင္ခ်က္ပါပဲ သမီးရယ္”ဟု ရွင္းျပလိုက္လွ်င္ သမီး သည္ –

“ဒါဆို ဘုရားကြ်န္ ေက်ာင္းကြ်န္ ဆိုတာ ထူးတဲ့ကုသိုလ္ရွင္ေတြပဲေပါ့ေနာ္” ဟု ၾကည္လင္ေသာ အသံေလးျဖင့္ ပီတိ ဖံုးကာၿပံဳး၍ဆိုလိုက္ပါေလေတာ့သတည္း။

မွတ္ခ်က္။ ။ တည္ေတာဆရာ ေတာ္ဘုရား ႀကီး၏ ယေန႔ဗုဒၶဝါဒ ဆိုင္ရာ အေမးအေျဖစာစုမွ မွီျငမ္း တင္ဆက္ပါ ေၾကာင္း။

 

ဇင္လဲ့ရည္ႏြယ္

 

Unicode ျဖင့္ ဖတ္ရန္

ကျွန်မသည် ယခုရက်ပိုင်းများ တွင် ပို၍ အလုပ်များနေလေသည်။ ကျေး ဇူးရှင် အဘမင်းသိင်္ခ ရှိစဉ်အခါကပင် နှစ် စဉ်ကျင်းပပြုလုပ်ခဲ့သော ဆေးပေါင်းခပွဲ တော်ကြီးအား တန်ဆောင်မုန်းလပြည့်ည တွင် ရန်ကုန်မြို့ မင်္ဂလာဒုံပုလဲမြို့သစ်ရှိ ရွှေပေါ်ကျွန်း ဓမ္မစခန်းသစ် ကျောင်းဝန်း အတွင်း အဘမင်းသိင်္ခ တန်ဆောင်းတွင် ပြုလုပ်မည်ဖြစ်ရာ ထိုပွဲအတွက် တာဆူ နေချိန်လည်း ဖြစ်လေသည်။
ဆရာ ဇင်ယော်နီ၏ ဦးဆောင်မှု ဖြင့် တပည့်ပရိသတ်များ စုပေါင်း၍ မေတ္တာညွှန်းဖော်ဆေးပွဲတော်ကြီးအတွက် ငွေအား လူအားများ စိုက်ထုတ်လုံ့လ ပြုနေကြနေချိန်လည်း ဖြစ်ပေသည်။ ထို အလုပ်များဖြင့် အတော်ပင် ပျာယာခတ် နေသော ကျွန်မအား သမီးက –

“မေမေ …ဆေးပေါင်းခပွဲနီး လာပြီဆိုရင် မေမေတို့တွေ တော်တော်ကို ပင်ပန်းကြတယ်နော်။ သမီး ဘာဝိုင်းကူ ပေးရဦးမှာလဲ။ မနက်ကတော့ ဟိုဆရာမ တွေ သံလိုက်တုံးတွေ၊ ကျောက်ပျဉ်တွေ ရေဆေးနေတာကို သမီးဝိုင်းကူပေးလိုက် သေးတယ်။ ပြီးတော့ ဆရာမတွေ မော လို့ ရေတောင်ခပ်တိုက် လိုက်သေးတယ်”ဟုပြောလိုက်လျှင် ကျွန်မက –

“ဝိုင်းကူလုပ်တာတော့ ဟုတ်ပါ တယ်အေ။ အဘရှိတုန်းကတည်းက အဘဖော်ခဲ့တဲ့ ဆေးတော်ကို အဘပေးတဲ့ ပညာ၊ အဘရဲ့ နည်းစနစ်တွေအတိုင်း နှစ်စဉ်မပျက် ပွားထားတဲ့ ဆေးပုလင်း အညိုကြီးတော့ မကွဲစေနဲ့အေ။ အဲဒီပု လင်းကြီးထဲမှာ ဟိုကသည်က လာပြီး လှူထားကြတဲ့ စပါးကြီးသည်းခြေတို့၊ စပါးကြီးညှို့တံတို့လည်း ထည့်ထားတယ်။ အဲဒါ အရေးကြီးတယ်နော်။ သမီး မနိုင် တာတွေကို ဝိုင်းမမရဘူးနော်”ဟု သတိ ပေးရလေသည်။ ထိုအခါ သမီးက –

“အမလေး သိပါတယ် မေမေရယ် … မေမေ့ရဲ့ လုပ်အားပေး ဆရာမတွေက အဲဒီဆေးပုလင်းကြီးကို တသသနဲ့ နှစ်ပေါင်းဘယ်လောက်ရှိပြီ ဘယ်မျှ ရှိပြီနဲ့ ပြောနေတာ …နောက်ဆရာမ တစ်ယောက်က ထပ်ပြောသေးတယ်။ မေတ္တသုတ် အခေါက်ရေ ကုဋေနဲ့ချီပြီး ထုံမွှမ်းထားကြတာတဲ့။ ကွဲလို့ မဖြစ်ဘူး။ သတိထားပြီး ကိုင်ကြလို့ ညာသံပေးပြီး အော်နေကျတာ”ဟု ခပ်ပြုံးပြုံး မျက်နှာ ပေးဖြင့် ဆိုလေသည်။ ထို့နောက် သမီး က ဆက်လက်၍ –

“မေမေ …ဆေးပွဲတော်အ တွက် အလုပ်များနေတာနဲ့ သမီးသိချင်တဲ့ ဘုရားကျွန်၊ ကျောင်း ကျွန် ဆိုတာ လေးတောင် ပြောမပြဖြစ်တော့ဘူးနော်။ ဒီညလေးများ အချိန်လေးရရင် မအိပ်ခင် ပြောပြပါလား”ဟု မချင့်မရဲဖြင့် ပူဆာ လေရာ ကျွန်မလည်း ပြောပြမည်ဖြစ် ကြောင်း ခေါင်းညိတ်၍ အချက်ပြရင်း လုပ်လက်စ အလုပ်များအား အပြီးသတ် ခဲ့ရလေသည်။

ထို့နောက် အိပ်ရာဝင်ချိန်သို့ ရောက်သောအခါတွင်မူ သမီးဖြစ်သူ သိချင်နေသော ဘုရားကျွန် ကျောင်း ကျွန် ဆိုသည်နှင့် ပတ်သက်သော အ ကြောင်း အရာအချို့အား ဤသို့ ရှင်းပြ ဖြစ်ခဲ့ပါလေတော့သတည်း။

“သမီးက ဘုရားကျွန်ဆိုတဲ့ ဝေါ ဟာရကို သမီးတို့ကျောင်းက အထက် တန်းကျောင်းသူ အစ်မကြီးတွေရဲ့ စကား ဝိုင်းက ကြားလာခဲ့တာနော်။ ဟုတ်တာ ပေါ့။ အထက်တန်းပညာရေးရဲ့ မြန်မာစာ သင် ကြားမှုမှာ ပုဂံခေတ်က ကျောက်စာ၊ ဆုတောင်းစာ ကျိန်စာ၊ အလှူပြုပုံဆိုတာ တွေ သင်ရတာကိုး။ အဲဒီအထဲမှာ ရှေးက မြန်မာများ ဘုရားကျောင်းကန်တွေလှူတဲ့ အခါမှာ အဲဒီလှူဖွယ်တွေကို အဓွန့်ရှည်ဖို့ လုံ့လ ပြုစောင့်ရှောက်ရန်၊ ထိန်းသိမ်းရန် ဘုရားကျွန်များလည်း တစ်ပါတည်း လှူ တတ်ကြသတဲ့။

ကဲ သမီးကိုပဲ မေမေက ပြန်ပြီး မေးရဦးမယ်။ ဘုရားကျွန်ဆိုတာကို သမီး က ဘယ်လိုနားလည်ထားသလဲ” ဟု မေးလိုက်လျှင် သမီးက –

“ဘုရားကျွန်ဆိုတာ ဘုရားဝန်း၊ ကျောင်းဝန်းအတွင်းမှာ နေထိုင်ကြတဲ့ ဝေယျာဝစ္စတွေကို ပြောတာလို့ ထင်တယ် မေမေ”ဟု ပြန်၍ဖြေလေသည်။ ထို့ ကြောင့် ကျွန်မက –

“သမီးပြောသလို ဘုရားဝန်း၊ ကျောင်းဝန်း အတွင်းနေတိုင်း ဘုရားကျွန် ကျောင်းကျွန်တော့ မဟုတ်ဘူး သမီးရဲ့။ ဝတ္ထုကံမြေလို့ခေါ်တဲ့ ရတနာ သုံးပါးကို လှူဒါန်းထားတဲ့မြေအတွင်း နေတိုင်းတော့ ဘုရားကျွန် မဟုတ်ဘူး။ ပြီးတော့ ဘုရား ကျွန်ဆိုတာလည်း နိမ့်ညံ့တဲ့အမျိုး မဟုတ် ဘူးသမီးရဲ့။ တချို့ လူချမ်းသာတွေ၊ ပညာကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေတောင်မှ မိမိကိုယ်မိမိ ဘုရားထံ၊ သံဃာထံမှာ ခန္ဓာကြီးကို ကျွန်အဖြစ် အပ်နှင်းထား တာတွေတောင် ရှိသတဲ့။ လူ့ဘဝမှာ ရရှိ ထားတဲ့ ရုပ်နာမ်ခန္ဓာကို ဗုဒ္ဓဝေယျာဝစ္စ၊ ဓမ္မဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စအ တွက် အသုံးပြုဖို့ မိမိကိုယ်မိမိ ကျွန်အဖြစ် လှူထားတဲ့ လူတွေတောင် ရှိသတဲ့။ ဒါ ကြောင့် သမီးသိချင်တဲ့  ဘုရားကျွန်၊ ကျောင်းကျွန်ဆိုတာ ကျောင်းဘုရားများ ကို ပြုပြင်ဖို့အတွက် လှူဒါန်းထားတဲ့ လူတွေပါ။ လူယုတ်လူညံ့ မဟုတ်ကြတဲ့ အပြင် သာသနာတော်ရဲ့ ဝေယျာဝစ္စကို ပြုလုပ်နေကြတဲ့ လူတော်လူကောင်း တွေ ဖြစ်ကြတယ်။ တကယ်တော့ ရတ နာသုံးပါးရဲ့ ဝေယျာဝစ္စကို ပြုစုရခြင်းဟာ အလွန်မွန် မြတ်တဲ့ လုပ်ဆောင်ချက်ပါပဲ သမီးရယ်”ဟု ရှင်းပြလိုက်လျှင် သမီး သည် –

“ဒါဆို ဘုရားကျွန် ကျောင်းကျွန် ဆိုတာ ထူးတဲ့ကုသိုလ်ရှင်တွေပဲပေါ့နော်” ဟု ကြည်လင်သော အသံလေးဖြင့် ပီတိ ဖုံးကာပြုံး၍ဆိုလိုက်ပါလေတော့သတည်း။

မှတ်ချက်။ ။ တည်တောဆရာ တော်ဘုရား ကြီး၏ ယနေ့ဗုဒ္ဓဝါဒ ဆိုင်ရာ အမေးအဖြေစာစုမှ မှီငြမ်း တင်ဆက်ပါ ကြောင်း။

ဇင်လဲ့ရည်နွယ်

Comments

comments

Post Author: manawmaya