ကြာပန်းအတွင်းမှ ပဋိက္ခရာရှစ်ပါး

ဘုရားရှင်များ သုံးဆောင်တော်မူ ရန် တန်ခိုးတော်အလျာက် ကြာပန်းတွင်း မှရရှိအပ်သော ပရိက္ခရာရှစ်ပါးအကြောင်း အား ပြောပြနေသည့် ကျွန်မ၏စကားများ အား သမီးသည် အံ့ဩခြင်းများဖြင့် နား ထောင်လျက်ရှိလေသည်။ ထို့နောက် သမီး၏ မေးခွန်းတစ်ခုဖြစ်သော ပရိက္ခရာ ရှစ်ပါးအကြောင်းကို ဤသို့ပြောပြရလေ သည်။

“ပရိက္ခရာဆိုတာ ရဟန်းအသုံး အဆောင်ပစ္စည်းကို ပြောတာသမီးရဲ့ ..။ ကြာပန်းအတွင်း ပရိက္ခရာဆိုတာက သင်း ပိုင်၊ ဧကသီ၊ နှစ်ထပ်သင်္ကန်း၊ သပိတ်၊ ပဲခွပ်(သို့မဟုတ်) သင်တုန်းဓား၊ အပ်၊ ခါး ပန်းကြိုး၊ ရေစစ်တဲ့ …” ဟု ဆိုလိုက် လျှင် အရေအတွက်အား လက်ချိုးရေ ထားပြီးဖြစ်သော သမီးက –

“ရှစ်မျိုးပြည့်သွားပြီ မေမေ …။ ဒါဆိုရင် ထီးတို့၊ ဖိနပ်တို့၊ ယပ်တို့က ပရိက္ခရာရှစ်ပါးထဲမှာ မပါဘူးပေါ့နော်”

ဟုမေးလေရာ ကျွန်မမှာလည်း အသာ အယာ ခေါင်းညိတ်ပြရင်း ဆက်လက်၍-

“မေမေတို့ရဲ့ ဂေါတမဘုရားအ လောင်းတော် သိဒ္ဓတ္ထမင်းသား တော ထွက်တော်မူတော့ သုဒ္ဓါဝါသ ဗြဟ္မာ့ပြည် ကို ဆောင်ယူထားတဲ့ ကြာသင်္ကန်းကို နေရဉ္ဇရာမြစ်ကမ်းမှာ လာရောက်ဆပ် ကပ်တယ်။ ဒါကြောင့်လည်း သင်္ကန်းအစ ကြာပန်းကလို့ ဆိုခဲ့ကြတာပေါ့ …” ဟု ရှင်းပြလေရာ သမီးက –

“အဲဒါဆိုရင် တစ်ခုလောက်ထပ် မေးမယ်နော်  …အဲဒီကြာပန်းအတွင်း က သင်္ကန်းက အခုသင်္ကန်းတွေလို အ ရောင်မျိုးပဲလား …။ ဆက်ပြီးချုပ်လုပ် ထားတဲ့ သင်္ကန်းပဲလား ..”ဟုမေးပြန် လေသည်။ ကျွန်မလည်း သမီး၏ နှိုက် နှိုက်ချွတ်ချွတ် မေးတတ်ပုံကို သဘော ကျ စွာပြုံးမိရင်းက –

“ဆက်ပြီးချုပ်ထားတာလို့မပြောနဲ့ သမီးရဲ့။ သင်္ကန်းမှာအခန်းကြီး အခန်း ငယ်တွေပါတယ်လို့ပြောရတယ် …။ အဲဒီအခါတုန်းက ဘုရားရှင်ဝတ်ရုံတော် မူတဲ့ ကြာသင်္ကန်းဟာ လူတွေလုပ်တာ မဟုတ်တဲ့အတွက် အခုသင်္ကန်းတွေလို အခန်းငယ်၊ အခန်းကြီးတွေ ပါသလား။ မပါဘူးလား။ အလျား၊ အနံဘယ်လောက် ရှိတယ် ဆိုတာကိုတော့ သေသေချာချာ မသိဘူးပေါ့။

ပုဗ္ဗနိမိတ် ကြာသင်္ကန်းဟာ သင်္ကန်းသမိုင်းရဲ့ အဦးအစကတော့ အမှန်ပဲ ဘုရားအလောင်းဟာ သည်သ င်္ကန်းကိုဝတ်ရုံပြီးတော့ ဘုရားအဖြစ်ကို  ရောက်တော်မူတယ်။

အဲဒီနောက် ဘုရားရှင်ရဲ့ သာသ နာအတွင်းကို ပထမဝင်ရောက်လာကြတဲ့ ပဉ္စဝဂ္ဂီငါးဦး၊ အဲသည်နောက် နာလက မထေရ်နဲ့ ယသသူဌေးသား၊ ပြီးတော့ ယသသူဌေးသားရဲ့ သူငယ်ချင်းဟောင်း ငါးကျိပ်လေးဦး …။ အဲဒီပုဂ္ဂိုလ်တွေ အားလုံးဟာ ဧဟိဘိက္ခု ရဟန်းတွေချဉ်း ဖြစ်လို့ ထိုပုဂ္ဂိုလ်များဝတ်ရုံတဲ့ သင်္ကန်း တွေဟာလည်း လူလုပ်တာမဟုတ်ဘူး။ ဣဒ္ဓိက သင်္ကန်းတွေချည်းပဲ …။ ပြီးတော့ ကျန်သေးတယ် …ဘဒ္ဒဝဂ္ဂီနောင်ညီသုံး ကျိတ်တို့နဲ့ ရသေ့ညီနောင် ရှစ်ထောင်တို့ ကလည်း ဧဟိဘိက္ခုရဟန်းတွေ ချည်းမို့ ကိုယ်တော်များ သုံးဆောင်တဲ့သင်္ကန်း တွေကလည်း ဣဒ္ဓိကသင်္ကန်းတွေချည်း ဖြစ်တယ် …။

အဲဒီအချိန်ထိတိုင်အောင် လူ နတ် လှူဒါန်းတဲ့ သင်္ကန်းကို ဘုရားရှင် ခွင့်ပြု တော်မမူသေးတဲ့အတွက်  ရဟန်းပြုလို တဲ့ ပုဂ္ဂိုလ်ဟာ ဣဒ္ဓိကသင်္ကန်းကိုဖြစ်ဖြစ်၊ ဣဒ္ဓိကသင်္ကန်းမရခဲ့ရင် ပံ့သကူသင်္ကန်း ကိုဖြစ်ဖြစ် သုံးဆောင်ကြရတယ် …။ ကိုယ့်မှာ သင်္ကန်းသပိတ် ပရိက္ခရာရှိပြီး ဖြစ်စေကာမူ ပံ့သကူသင်္ကန်းမဟုတ်ရင် ဘုရားရှင် ခွင့်ပေးတော်မမူဘူးဟု ရှင်းပြ လေရာ သမီးသည် ကျွန်မပြောပြသော အကြောင်းအရာများနှင့် ပတ်သက်၍ နားမလည်သော စိတ်ရှုပ်သောအမူ အရာ များဖြင့် ပခုံးကိုတွန့်၍ အသံထွက်အောင် သက်ပြင်းချလေသည်။ သမီးကို အကဲ ခတ်မိသော ကျွန်မသည် သမီးတွင် မေး စရာအလွန်ပင်များနေမည်ကို သိသော ကြောင့် ‘နားမလည်တာကိုမေး’ ဟု စကားလမ်းကြောင်း ဖွင့်ပေးရလေသည်။ ထိုအခါသမီးက နားမလည်သော မေးခွန်း တစ်ခုစီအားလက်ချိုးရေတွက်၍-

“သမီး ပထမဆုံးမေးချင်တာက မေမေပြောတဲ့အထဲမှာ ပုဗ္ဗနိမိတ်အရ ကြာပန်းတွင်းက သင်္ကန်း လို့ပြောတယ် နော် …အဲဒီ ပုဗ္ဗနိမိတ်ဆိုတာဘာလဲ။ နောက်တစ်ခုက ဘုရားရှင် ဝတ်ရုံတော် မူတဲ့ သင်္ကန်းရော ဘုရားရှင်ပွင့်တော်မူ စက သာသနာအတွင်းကို ဝင်ရောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့သင်္ကန်းဟာ လူလုပ်တာ မဟုတ်ဘူး …။ လူလုပ်တာမဟုတ်ဘဲ ဣဒ္ဓိက သင်္ကန်းတွေ ချည်းပဲလို့ပြောတယ် လေ …။ ဣဒ္ဓိကသင်္ကန်းဆိုတာ ဘာကို ပြောတာလဲ …။ ပြီးတော့ ဧဟိဘိက္ခုရ ဟန်းဆိုတာကရောဘာလဲ မေမေ …” ဟု သိချင်သည်များကို အစီအစဉ်တကျ မေးလေသည်။ ကျွန်မသည် သမီးမေး လာသော သိချင်သည်များကို တစ်ခုချင်းစီ ဤသို့ရှင်းပြရလေသည်။

“ကဲ …သမီးမေးတဲ့ ပထမဆုံး မေးခွန်း ပုဗ္ဗနိမိတ်ဆိုတာကို အရင်စပြီး ပြောပြမယ်။ ‘ပုဗ္ဗနိမိတ်’ဆိုတာ ‘ရှေး၌ ဖြစ်လတ္တံ့သောအကြောင်း’ လို့အဓိပ္ပာယ် ရတယ်။ နောက်တစ်ခုက ‘ဣဒ္ဓိက သင်္ကန်း’ဆိုတာ ‘တန်ခိုးတော်ကြောင့် ဖြစ်သောသင်္ကန်း’ကို ဆိုလိုတယ် … ‘လာလှည့်ရဟန်း’လို့ ‘ခေါ်တော်မူတဲ့ အ တွက် ရဟန်းပြုအပ်သောပုဂ္ဂိုလ်’ကိုခေါ် ပါသတဲ့။ ကဲ …မေမေ သိသလောက် မှတ်သလောက်တော့ ပြောပြပြီးပြီ …။ နောက်နေ့ကျရင် လူတွေလှူတဲ့ သင်္ကန်း ကို ဘုရားရှင်ဘယ်တုန်းကစပြီး ခွင့်ပြုခဲ့ တာလဲ …။ ဘယ်လိုသင်္ကန်းမျိုးကို ခွင့် ပြုတော်မူခဲ့တာလဲ …ဘယ်လိုအရောင် မျိုးကို ခွင့်ပြုတော်မူ ခဲ့သလဲ …ဆိုတာ တွေကိုဆက်ပြီး ပြောပြမယ်နော် …ဟု သမီးအားနှစ်သိမ့်၍ စကားစကိုရပ်နားခဲ့ပါ လေတော့သည်။

ဇင်လဲ့ရည်နွယ်

Comments

comments

Post Author: manawmaya