မဲႏိႈက္ခါနီး ဘာရြတ္ရမွာလဲရွင့္

“ဟဲလို …ဆရာဇင္ေယာ္နီပါလားရွင္၊ သိခ်င္တာေလးတစ္ခု ေမးခ်င္လို႔ပါရွင့္ …”

“ဟုတ္ကဲ့ …လိုရင္းတိုရွင္းေလးေပါ့ ခင္ဗ်ာ၊  ကြ်န္ေတာ့္မွာ အခ်ိန္အခက္အခဲရွိလို႔ သိခ်င္တဲ့ကိစၥကို လိုတိုရွင္းကေလး ေမးလိုက္ပါ …”

“ဒီလိုပါရွင့္ …၊ မဲေတြဘာေတြႏိႈက္ရင္ ရြတ္ရတဲ့ ဂမီၻရအသံကေလး ရွိတယ္ဆိုတာ ကြ်န္မ မွတ္သားဖူးပါတယ္ …၊

အရင္တစ္ခါတုန္းက အဲဒါေလးရြတ္ၿပီး မဲႏိႈက္တာ အဆင္ေျပသြားပါတယ္ရွင့္၊ ကြ်န္မျဖင့္ ဝမ္းသာလိုက္တာဆိုေတာ့ေလ …၊ ဆရာတို႔ ေက်းဇူးကိုလည္း မေမ့ပါဘူးရွင့္ …”

“ဟုတ္ကဲ့ …လိုရင္းေလးကို ေျပာလိုက္ပါခင္ဗ် …”

“ေျပာပါ့မယ္ရွင့္ …ေျပာပါ့မယ္ …၊ ခုလို ဆရာနဲ႔ေတြ႕ရတာ ဝမ္းသာလြန္းလို႔ပါ …၊ ဝမ္းသာတာနဲ႔ပဲ ေျပာခ်င္တဲ့စကားေတာင္ ေမ့သြား ၿပီ …၊ ဘာပါလိမ့္ …”

“ဪသာ္ …အဲဒါဆိုလည္း ျပန္စဥ္းစားၿပီး ခဏေနမွ သတိရမွ ျပန္ဆက္လိုက္ပါခင္ဗ် …၊ ဒီမွာ စာမူတစ္ပုဒ္ေရးတုန္းတန္းလန္း ျဖစ္ေနလို႔ ပါ …”

“ဪ …အားနာလိုက္တာဆရာရယ္၊ ခဏေလးပါေနာ္ …၊ ဖုန္းမခ်လိုက္ပါနဲ႔ဦးဆရာ ရယ္ …၊ ဆရာ့ဆီကို ဖုန္းေခၚရတာက ခက္လို႔ပါ …၊ သတိရၿပီ …သတိရၿပီ …၊ မဲႏိႈက္ရင္ ရြတ္ရမယ့္ ဂမီၻရအသံကေလးနဲ႔ ဘယ္ႏွေခါက္ ရြတ္ရမယ္ဆိုတာ ေလး သိခ်င္တာ ပါရွင့္ …”

“ဟုတ္ပါၿပီဗ်ာ …၊ ‘တာဗားႏိုး’ဆိုတဲ့ အသံကို ရြတ္ရမွာ ျဖစ္ပါတယ္ …၊

(၃၁)ေခါက္ ရြတ္ၿပီးမွ မဲႏိႈက္ရမွာ ျဖစ္ပါတယ္ …၊

ကဲ ..ကဲ … ရၿပီေနာ္ …၊ အဆင္ေျပပါေစဗ်ာ …”

“ဟုတ္ကဲ့ …ဟုတ္ကဲ့ … ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္ …”

သေဗၺဓမၼာ

ဇင္ေယာ္နီ

(သတိျပဳေတာ္မူၾကပါရန္ . . . .

ဆရာဇင္ေယာ္နီသည္ ဖုန္းျဖင့္၊ ဗိုက္ဘာျဖင္႕၊ မက္ဆင္ဂ်ာျဖင္႕ . . .စသည္တို့႔ျဖင္႕ အခေၾကးေငြယူၿပီး လံုးဝ ေဗဒင္ မေဟာပါ။ လူႀကံဳျဖင္႕၊ တပည္႕မ်ားမွ တစ္ဆင္႕ျဖင္႕လည္း ေဟာေျပာေပးျခင္း မျပဳပါ။

ဖုန္းျဖင့္လည္းေကာင္း၊ အင္တာနက္၊ ေဖ့စ္ဘြတ္မွ အေကာင္႕အတုမ်ားျဖင္႕လည္းေကာင္း၊ ဆရာဇင္ေယာ္နီ အေယာင္ေဆာင္၍ လိမ္လည္သူမ်ား ရွိေနသည္ကို သတိျပဳၾကပါကုန္ . . .)

 

Unicode ျဖင့္ ဖတ္ရန္

 

“ဟဲလို …ဆရာဇင်ယော်နီပါလားရှင်၊ သိချင်တာလေးတစ်ခု မေးချင်လို့ပါရှင့် …”

“ဟုတ်ကဲ့ …လိုရင်းတိုရှင်းလေးပေါ့ ခင်ဗျာ၊  ကျွန်တော့်မှာ အချိန်အခက်အခဲရှိလို့ သိချင်တဲ့ကိစ္စကို လိုတိုရှင်းကလေး မေးလိုက်ပါ …”

“ဒီလိုပါရှင့် …၊ မဲတွေဘာတွေနှိုက်ရင် ရွတ်ရတဲ့ ဂမ္ဘီရအသံကလေး ရှိတယ်ဆိုတာ ကျွန်မ မှတ်သားဖူးပါတယ် …၊

အရင်တစ်ခါတုန်းက အဲဒါလေးရွတ်ပြီး မဲနှိုက်တာ အဆင်ပြေသွားပါတယ်ရှင့်၊ ကျွန်မဖြင့် ဝမ်းသာလိုက်တာဆိုတော့လေ …၊ ဆရာတို့ ကျေးဇူးကိုလည်း မမေ့ပါဘူးရှင့် …”

“ဟုတ်ကဲ့ …လိုရင်းလေးကို ပြောလိုက်ပါခင်ဗျ …”

“ပြောပါ့မယ်ရှင့် …ပြောပါ့မယ် …၊ ခုလို ဆရာနဲ့တွေ့ရတာ ဝမ်းသာလွန်းလို့ပါ …၊ ဝမ်းသာတာနဲ့ပဲ ပြောချင်တဲ့စကားတောင် မေ့သွား ပြီ …၊ ဘာပါလိမ့် …”

“ဪသာ် …အဲဒါဆိုလည်း ပြန်စဉ်းစားပြီး ခဏနေမှ သတိရမှ ပြန်ဆက်လိုက်ပါခင်ဗျ …၊ ဒီမှာ စာမူတစ်ပုဒ်ရေးတုန်းတန်းလန်း ဖြစ်နေလို့ ပါ …”

“ဪ …အားနာလိုက်တာဆရာရယ်၊ ခဏလေးပါနော် …၊ ဖုန်းမချလိုက်ပါနဲ့ဦးဆရာ ရယ် …၊ ဆရာ့ဆီကို ဖုန်းခေါ်ရတာက ခက်လို့ပါ …၊ သတိရပြီ …သတိရပြီ …၊ မဲနှိုက်ရင် ရွတ်ရမယ့် ဂမ္ဘီရအသံကလေးနဲ့ ဘယ်နှခေါက် ရွတ်ရမယ်ဆိုတာ လေး သိချင်တာ ပါရှင့် …”

“ဟုတ်ပါပြီဗျာ …၊ ‘တာဗားနိုး’ဆိုတဲ့ အသံကို ရွတ်ရမှာ ဖြစ်ပါတယ် …၊

(၃၁)ခေါက် ရွတ်ပြီးမှ မဲနှိုက်ရမှာ ဖြစ်ပါတယ် …၊

ကဲ ..ကဲ … ရပြီနော် …၊ အဆင်ပြေပါစေဗျာ …”

“ဟုတ်ကဲ့ …ဟုတ်ကဲ့ … ကျေးဇူးအများကြီးတင်ပါတယ်ရှင့် …”

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

(သတိပြုတော်မူကြပါရန် . . . .

ဆရာဇင်ယော်နီသည် ဖုန်းဖြင့်၊ ဗိုက်ဘာဖြင့်၊ မက်ဆင်ဂျာဖြင့် . . .စသည်တို့ဖြင့် အခကြေးငွေယူပြီး လုံးဝ ဗေဒင် မဟောပါ။ လူကြုံဖြင့်၊ တပည့်များမှ တစ်ဆင့်ဖြင့်လည်း ဟောပြောပေးခြင်း မပြုပါ။

ဖုန်းဖြင့်လည်းကောင်း၊ အင်တာနက်၊ ဖေ့စ်ဘွတ်မှ အကောင့်အတုများဖြင့်လည်းကောင်း၊ ဆရာဇင်ယော်နီ အယောင်ဆောင်၍ လိမ်လည်သူများ ရှိနေသည်ကို သတိပြုကြပါကုန် . . .)

Comments

comments

Post Author: manawmaya