ပိုက်ဆံရှာနည်း

ပိုက်ဆံဆိုတာ မိန်းမလိုပဲဗျ။ ကိုယ်ကလိုက်ရင် သူက ပြေးတယ်။ ကိုယ်ကပြေးရင်တော့ သူက  ပြန်လိုက်တယ် ဟု ပြောလိုက်သူကား ကျွန်ုပ်၏ ဗေဒင် စီနီယာကျောင်းသားတစ်ဦးဖြစ်သော ဆရာ ထက်အောင်ဝင်း(ပုသိမ်)ဖြစ်၏။

သူပြောလိုက်သော စကားကို ကြားလိုက် သည့် တစ်ခဏ ကျွန်ုပ်ခေါင်းရော မျက်စိပါ လည် သွားခဲ့၏။ ဆရာထက်အောင်ဝင်းက စဉ်းစဉ်းစားစား ဖြင့် ဆက်ပြော၏။

“ဒီတော့ ဆရာဇေယျတု … ပိုက်ဆံ နောက်ကို မလိုက်နဲ့ဗျာ။ ခင်ဗျားက ပြေးတဲ့သူလုပ်၊ အဲဒါဆို ပိုက်ဆံက ခင်ဗျားနောက် ပြန်လိုက်လာလိမ့် မယ်”

ကျွန်ုပ်လည်း နားလည်သလိုလို မလည်သ လိုလိုဖြင့် ရှိခဲ့၏။

သို့ဖြင့် ဆရာထက်အောင်ဝင်း ပြောခဲ့သော နိယာမကို ကျွန်ုပ် လက်တွေ့ကျကျအသုံးချကြည့်ခဲ့ ၏။ ပိုက်ဆံကို လောဘတကြီး လိုချင်တောင့်တစိတ် ဖြင့် မရှာတော့။ ဖာသိဖာသာ နေလိုက်၏။

ဗေဒင်ဟောရာတွင် ပထမ နှစ်ရာကျပ် သတ်မှတ်ကာ ဟော၏။ တဖြည်းဖြည်းနှင့် ငါးရာကျပ် သို့တိုး၏။ နောက်ထပ် တစ်ဖန် သာပေါင်းမြို့တွင် ဗေဒင်ဟောခန်းဖွင့်သောအခါ တစ်ထောင်ကျပ်အထိ သတ်မှတ်လိုက်၏။ ထိုမှတစ်ဖန် ရန်ကုန်မြို့သို့ တာဝန်ဖြင့် ပြောင်းရွှေ့နေထိုင်ရသောအခါ ဟောခကို သုံးထောင်ကျပ် သတ်မှတ်လိုက်ပြန်၏။

ထိုစဉ်က ဟောခမှာ သတ်မှတ်ထားသည့် အတိုင်းသာရ၏။ ကျွန်ုပ်လည်း ကျေနပ်၏။

အချို့မတတ်နိုင်သူများ ဖြစ်ပါက ငါးရာ တစ် ထောင်ပဲ ရ၏။ ကျွန်ုပ် မကျေနပ်။

နောက်မှ အထက်က ဆရာထက်အောင်ဝင်း ပြောခဲ့သော စကားကို ရေးရေးလေး နားလည်လာ ကာ သတ်မှတ်ချက်မထားတော့။

ဗေဒင်ပရိသတ်အတွက် စေတနာရှေ့ထား ကာ စိတ်ဝင်တစားသာ လုပ်ပေးတော့၏။ ထမင်းစား ဖို့အတွက်ကား မပူပါ။ (မူလအလုပ်ဖြစ်သော ကုမ္ပဏီ အထွေထွေမန်နေဂျာ ဂျီအမ်တစ်ဦး၏ လစာသည် မိသားစုကို ကိုယ်ပိုင်ကားနှင့်ပါ ထားနိုင်၏။ ထို့အ တွက် ထမင်းစားဖို့ မပူရတော့ ဗေဒင်ဟောခကို လည်း မယူချင်တော့)

ထိုသို့ စေတနာသာ အဓိကထား၍ ပြုလုပ် ဟောပြောဆောင်ရွက်ပေးခဲ့ပြီး ဟောခ၊ ဥာဏ်ပူဇော် ခဟူ၍ စေတနာရှိသလောက်သာ လှူသွားပါဟု ပြောခဲ့၏။

အဲဒီလိုပြောလိုက်မှ တစ်သောင်းလှူသွားသူ လည်းရှိ၏။ ငါးထောင် လှူသွားသူလည်းရှိ၏။ ဗေဒင် ဥာဏ်ပူဇော်ခမရှိလို့ သူများဆီက ချေးလာရတယ် ဟု ပြောသည့်သူကိုလည်း ကားခရော၊ ထမင်းစရိတ် ပါ ပြန်ပေးလိုက်၏။ ထိုသို့ ပြန်ပေးလိုက်သော တန်ဖိုးသည် တစ်ထောင်လောက်ဆိုလျှင် တစ်နာရီ ပင်မပြည့်၊ နောက်တစ်ဦး ပေါ်လာကာ တစ်သောင်း ကန်တော့သွားတော့၏။

ယခုမှ ကျွန်ုပ်ပြန်သတိရမိသည်မှာ ကျွန်ုပ် ငါးမွေးကန် တာဝန်ဖြင့်ရှိစဉ်က ကျွန်ုပ်လိုချင်သော  ပိုက်ဆံပမာဏကို အမြဲမျှော်ကိုးကာ နေမိ၏။ ဘယ် တုန်းကမှ မပြည့်ခဲ့။ သို့သော် တစ်နေ့တွင် ကျွန်ုပ် ထိုပိုက်ဆံ အရေအတွက်ကို မမျှော်ကိုးတော့ပါဟု စိတ်ဒုံးဒုံးချ လွတ်လပ်သွားသောအခါ မလိုချင်တော့ ပါဘူးဟု စိတ်ထဲရှိလာသောအခါကျမှ ပိုက်ဆံတွေက သိန်းရာချီဝင်လာတော့၏။ နှုတ်မှပင် အဲဒီပိုက်ဆံတွေ ငါ မလိုချင်တော့ဘူးကွာဟု ပြောမိသည်အထိ ဒလ ဟော ဝင်ကုန်တော့၏။

ယခုလည်း သည်အတိုင်းပင်။ မလိုတော့ဟု စိတ်ဒုံးဒုံးချ လွတ်လပ်သွားတော့မှ ဒလဟောဝင်လာ နေကြ၏။ ထိုစဉ်က ဆရာထက်အောင်လင်းက ပြော ခဲ့ဖူး၏။

]]အဲဒီစကားက ကျွန်တော်ပြောတာ မဟုတ် ဘူးဗျ။ ကျွန်တော်တို့ အဘကြီးပြောခဲ့တာ။ ကျွန်တော် ဗေဒင်ဟောခန်းစဖွင့်ပြီး နှစ်နှစ်လောက်အထိ ထမင်း တောင်နပ်မမှန်ခဲ့ဘူးဗျ။ မနက်စာနဲ့ ညနေတစ်နပ် ပဲပေါင်းစားရတာ မနည်းဘူး။ ကျွန်တော့်မိန်းမ ဆန် ကောလေးရွက်ပြီး ကျောင်းဈေးရောင်းရတာလေးနဲ့ မလောက်မငပေါ့။ အဲဒါ အဘကြီးကို ကျွန်တော် တော့ အရင်အလုပ်ပဲ ပြန်လုပ်တော့မယ်။ ဗေဒင် မဟောတော့ဘူးဆိုလို့ အဘကြီး ကျွန်တော့်ကို ဆုံးမ လိုက်တဲ့စကားဗျ။ အဲဒီနေ့ကစပြီး ကျွန်တော်ပိုက်ဆံ နောက် မလိုက်တော့ဘူး။ အလိုလေးဗျာ အဲဒီလို မလိုက်ဘဲ သူ့ကို မသိကျိုးကျွံလုပ်နေကာမှ လာ လိုက်တဲ့ ပိုက်ဆံတွေများ ခုကျွန်တော် ဗေဒင်ဟော သက် ၁၀ နှစ်ရှိတော့မယ်။ ခုဆရာမြင်တဲ့အတိုင်း ပဲလေ။

ဟိုတုန်းက ကျွန်ုပ်သိန်းဆယ်ချီပြီး အဘကြီး အတွက် လှူနိုင်ခဲ့သူဖြစ်၏။ ယခုကား ゞင်း ဆရာ ထက်အောင်ဝင်းကား အဘကြီးတန်ဆောင်းတော် ကြီးအတွက် သိန်းဆယ်ချီပြီး ဦးဆောင်လှူနိုင်သူ ဖြစ်နေပြီဖြစ်၏။

မိတ်ဆွေ ပရိသတ်ကြီးလည်း ကျွန်ုပ်တို့ကဲ့ သို့ ပိုက်ဆံကို လိုချင်သည့်စိတ်ဖြင့် မရှာဘဲ မလို ချင်သည့်စိတ် ထားကြည့်စမ်းပါ။

အလိုလို လွတ်လပ်ပေါ့ပါးသွားကာ ယခင်ုမိတ်ဆွေတောင့်တနေသော လိုချင်နေသော သိန်း ထောင့်ငါးရာထက် မလိုချင်ဘဲ ဝင်လာသော ကျပ် ထောင့်ငါးရာက ပို၍ တန်ဖိုးရှိမည်ဖြစ်သည်ကို ကိုယ်တိုင် သိလာလိမ့်မည်ဖြစ်ကြောင်းပါဗျာ။

ခြွင်းချက်။ ။ အဘဆရာကြီး ဒေါက်တာမင်း သိင်္ခ၏ ဒဿနများကို စီနီယာဆရာများထံမှ ပြန် လည် ကြားရသည်ကို မျှဝေခြင်းသာဖြစ်ပါသည်။ အယူအဆများမှာ မိမိတို့ သဘောအတိုင်းသာ ဖြစ် ကြောင်းပါ။

သဗ္ဗေသတ္တာ သဗ္ဗမင်္ဂလာ

ဗေဒင်ကျောင်းသား ဇေယျတု

(အယူတော်မင်္ဂလာ)

Comments

comments

Post Author: manawmaya