သစ်တို့အရှင် သစ်မင်းသခင်

အတွေးကြောင့် စိတ်လေးမိ၏။ ညရောက် မည်ကို ကြောက်တော့သည်။ အိမ်ဆောက်ပြီးက တည်းက ညဥ့်စဉ်လိုလို တတောက်တောက်နှင့် တောက်ခေါက်သလို အသံက နေ့စဉ်ညတိုင်းကြားရ ၏။ လက်တွေ့မကြုံခဲ့ဘူးသည်မို့ အချို့လူများပြော သောစကားကို ရယ်စရာဟု အယုံအကြည်မရှိ စိတ်တွင် ဖြစ်ခဲ့ဖူးလေသည်။

“ဓာတ်မီးယူခဲ့စမ်း မိန်းမ၊ တစ်ကောင် ကောင် များလား”

“မဟုတ်ပါဘူး ယောကျာ်းရယ်၊ ပိုးကောင် မွှားကောင်ဆို သိသာပါတယ်။ အဖေပြောဖူးတဲ့ သစ် စုန်းတို့ သစ်ခေါက်တို့ ဖြစ်နေမလား ယောကျာ်းရယ်”

“ငါအဲ့ဒါတွေ လက်မခံချင်ဘူး”

“ရှင်လက်ခံတာ လက်မခံတာတော့ ကျွန်မ မသိဘူး။ အိမ်တွေဆောက်ရင် သစ်ခြောက်တွေ သစ် တောက်တွေ ပါလာတတ်တယ် ကြားဖူးလို့”

အိမ်ဆောက်ပြီး တစ်ပတ်မျှမပြည့် ညအိပ် ရာဝင်ပြီဆိုလျှင် တတောက်တောက်ခေါက်သံ ကြား ရသည်။ တစ်ခါတစ်ရံ စကားသံလိုလို ညည်းသံလို ကြားရသေးသည်။ ထ၍ကြည့်ပြန်တော့ အသံက ခဏတိတ်သွားပြန်သည်။ တစ်ခါပြန်အိပ် တစ်ခါပြန် ထ ကြာတော့ စိတ်ညစ်စရာဖြစ်တော့သည်၊ တစ်နေ့ စိတ်မကြည်မလင်ဖြင့် ဦးလေးတော်သူ ကိုတိုးလေး ဆိုသူထံ ရောက်သွားခဲ့လေသည်။ ဦးလေးက အထက်လိုင်း အောက်လိုင်း ဝါသနာပါသူမို့ ဆရာ သမားများဖြင့် အဆက်အသွယ်ရှိသည်ကို ကြားဖူး၍ လည်း ဖြစ်လေသည်။

“လာ ငါ့တူကြီး ထူးထူးခြားခြားပါလား”

“ဟုတ်တယ်ဦးလေး …တစ်ခုအကူအညီ တောင်းချင်လို့”

သို့ဖြင့် ဦးလေးဖြစ်သူအား အိမ်စတင်ဆောက် ခဲ့ပုံမှစ၍ ညစဉ်လိုလို သစ်တောက်၊ သစ်ခြောက် ခြင်းများဖြင့် ကြုံနေရသည့် အခက်အခဲအား အသေး စိတ် ပြောပြဖြစ်တော့သည်။

“ဒီလိုလုပ်ကွာ၊ ဆရာဦးဋ္ဌေးဦးဆိုတာရှိတယ်။ ဒီဆရာက လက်ခတ်တောင်ဆရာတော်ကြီးပေးထား တဲ့ သစ်ဆိုးတွေကို သစ်မင်းနဲ့ ရှင်းတဲ့နေရာမှာ အတော်ကို ပိုင်တယ်။ မင်းသူ့ဆီသွားလိုက်။ ဦးလေး လွှတ်လိုက်တယ်ပြော။ သူပြောတဲ့ အစီအရင်အတိုင်း သာလုပ်လိုက်”

သို့ဖြင့် ဆရာဦးဋ္ဌေးဦးရှိရာသို့ သွားရပါတော့  သည်။ ဆရာဦးဋ္ဌေးဦးအား တွေ့ဆုံပြီး ဦးလေးက စေလွှတ်လိုက်ကြောင်း၊ ညဥ့်စဉ်ကြုံတွေ့နေရသော   သစ်ခြောက်သည့် အကြောင်းအား အသေးစိတ် ပြော ပြဖြစ်လေသည်။

အများစုဟာလည်း ကိုယ်တိုင်ကြုံတွေ့ကြမှ သာ ဒီအခက်အခဲကို သိကြတာ။ လူကြားထဲပြော ပြလည်း မသင့်တဲ့ကိစ္စမျိုး။ ယနေ့ခေတ်ကာလပို တောင်မယုံသေး။

“ဟုတ်ပါတယ်ဆရာ ကျွန်တော်ကိုယ်တိုင် မယုံကြည်ခဲ့သူပါ”

“ဒီလိုကွယ့် သဘောတစ်ခုရှင်းပြရရင် နာမ် လောကသားတွေလည်း လူတွေအိမ်ဆောက်ပြီးနေ ကြသလို ထိုပုဂ္ဂိုလ်တွေလည်း ဆိုင်ရာသစ်ပင်တွေ မှာ မှီတွယ်နေထိုင်ကြတာတွေရှိတယ်။ သစ်ခုတ်သူ တွေကလည်း သစ်ထုတ်လို့ရတဲ့ သစ်ပင်ဆိုရင်အ ကုန်ခုတ်ယူကြတယ်လေ။ အဲဒီအထဲမှာမှ တကယ့် ကမ္မဇိဒ္ဓိရှိသူတွေ နေထိုင်တဲ့ သစ်ပင်တွေက အရိပ် အငွေ့တွေ ပါလာတတ်ကြတယ်။ အချို့ကြတော့ သစ်နှင့်အတူ လူနေအိမ်ရာခြေကို ကပ်ခွင့်ရသလို ပါလာပြန်တယ်။ ဒါတွေကို လူတွေက မသိကြသလို   လက်တွေ့အကောင်အထည် ဖော်မပြနိုင်ဘူး။ ပြော ရရင် လူမနေခင် အိမ်ဆောက်ကတည်းက မကောင်း တဲ့သစ်ဆိုးတွေ ပါလာကာ နေရာယူနေပြီ။ ဒီသဘော တွေကို လူတွေကို ပြောပြရင် လက်မခံပြန်ဘူး၊ ထိုမကောင်းတဲ့ ဝိညာဉ်စွဲဟာ ညဥ့်ရောက်ပြီဆိုရင် သူတို့ရဲ့ ဗီဇကိုပြတော့တာ တစ်ခုတော့ရှိတယ်။ လူတွေကို စီးပွားပျက်အောင်တို့ လူသေအောင်မျိုး ဒုက္ခမပေးနိုင်ပါဘူး။ ညတိုင်းလိုလို လူအိပ်ချိန်ဆို    အမျိုးမျိုး ဒုက္ခပေးပြီပဲ။”

“ဒါတွေကို ပျောက်သွားအောင်သာ စီမံပေး ပါဆရာ။ တစ်ရက်တစ်ရက် စိတ်အနှောင့်အယှက်ဖြစ် နေရလို့ပါ ဆရာ”

“ငါ့တူပျောက်စေရမယ်လို့ ဆရာတာဝန်ယူ ရဲပါတယ်။ ဒီကခိုင်းတဲ့အတိုင်း သေသေချာချာယုံ ယုံကြည်ကြည်သာလုပ်”

“ဟုတ်ကဲ့ပါ ဆရာ”

ဆရာဦးဋ္ဌေးဦး ပြောသည်မှာ အိုး၊ အိမ်၊ အဆောက်အအုံတွေမှာ ပါဝင်ဆောက်လုပ်ထားတဲ့ သစ်တွေခြောက်ပြီလှန့်ပြီဆိုရင် သစ်တို့ဘုရင်သစ်မင်း ဆိုတာနဲ့ စီရင်ကြသလို ခြံမြေကြမ်းတွေအတွက် ဘုမ္မရာဇာဆိုတဲ့ မြေမင်းပင်(ပရဆေး)ပင်နဲ့ စီရင်ရ သည်ဟု ဗဟုသုတပြောပြလေသည်။ သစ်မင်းသည် သစ်တို့သခင် သစ်တို့ဘုရင်ဆိုသော်လည်း အစွမ်းအာ နိသင် ထက်မြက်အောင်လုပ်ဆောင်ရန်လိုသည်ဟု ဆိုပါသည်။ ဆရာဦးဋ္ဌေးဦး ဥပမာပေးသည်မှာ သစ် မင်းကို ဒီအတိုင်းသာ အသုံးပြုမယ်ဆိုရင် “ဘထ္ထရီ အိုးသစ်တစ်လုံးကို အက်စစ်မထည့်ဘဲ သုံးသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အစွမ်းသတ္တိရှိအောင် စီမံရသည်”ဟု ဆိုလေသည်။

ထို့နောက် ကျွန်တော်က “ဆရာရယ် … ကျွန်တော်မှ မလုပ်တတ်တာ။ အိမ်ကိုသာလိုက်ပြီး စီမံပေးပါ”ဟု ပင့်ဖိတ်ရပါတော့သည်။ ဆရာဦးဋ္ဌေး ဦးလည်း သစ်မင်းတစ်ထွာခန့်ယူဆောင်လာကာ အိမ်သို့ လိုက်ပါလာတော့သည်။

“ငါ့တူ ကျောက်ပျဉ်ယူလာခဲ့။ ပြီးရင် ဘုရား၊ တရား၊ သံဃာကို ရည်မှန်းပြီး ဖယောင်းတိုင်၊ အမွှေး တိုင်ထွန်း”

“ဟုတ်ကဲ့ဆရာ”

“ဒါကို သေသေချာချာမှတ်ထား။ ဒုတ္ထာလို့ ခေါ်တယ်။ ဆရာကိုင် စက်ဖြတ်ဆေးပဲ။ သိသူ အတွက် အဖိုးကြီးတယ်”ဟုဆိုကာ ကျောက်ပျဉ်တွင် သစ်မင်းနှင့် ဒုတ္ထာအား ရော၍သွေးကာ ပက်ဖျန်း ရန် အသင့်ဆောင်ရွက်ထားလေသည်။ ထို့နောက် ဆရာဦးဋ္ဌေးဦးက ဘုရားစင်ရှေ့ ငါးပါးသီလခံယူကာ    သစ်မင်းနှင့် ဒုတ္ထာသွေးလိမ်းထားသော ဖလားခွက် အား လက်နှစ်ဖက်ဖြင့် ဦးထိပ်ရွက်ကိုင်လျက် ကုဝေရ နတ်မင်းအား ပင့်ဖိတ်ပြီး ဝေဒါသာကု ဂါထာတော် မြတ်ကြီးအား ရွတ်ဖတ်ခြင်းအား (၂၇)ကြိမ်မျှ ပြုလုပ်လေသည်။ ထိုသို့ စီမံပြီး သစ်မင်းနှင့် ဒုတ္ထာ ရောစပ်၍ သွေးထားသော အရည်ဖြင့် အိမ်ရှိ သစ်တိုင်၊ ထုပ်တန်းများနှင့် အိမ်ဆောက်ရာတွင် ထည့်ဝင်တည်ဆောက်ထားသော သစ်သားများအား လိုက်လံပက်ဖျန်း၊ ရေဖတ်တိုက်ပြုလုပ်ပေးပါတော့ သည်။

အံ့ဩဖွယ်ကောင်းသည်က ဆရာဦးဋ္ဌေးဦး စီရင်ပေးခဲ့ပြီးသည့်နောက်ပိုင်း ညစဉ် ကြားနေရ သော သစ်ခြောက်၊ သစ်ဆိုးတို့၏ ခြောက်လှန့်သော   အသံများ အံ့ဩဖွယ်ပျောက်ကွယ်သွားခြင်းဖြစ်လေ သည်။

 

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ကြီးအား အာရုံဖြင့် ဦးညွှတ်လျက် –

 

ရဲမျိုးသူ(ဗောဓိမြိုင်)

Comments

comments

Post Author: manawmaya