သင့္အိမ္ေထာင္ေရးသာယာဖုိ႔ ဆြမ္းေတာ္ကပ္ၾကပါစုိ႔

သည္ဆင္ေျခဖံုး ရပ္ကြက္ကေလးအတြင္းရွိ လမ္းကေလး၌ စီစီညံညံျဖစ္ၿပီေဟ့ဆိုလွ်င္ ဦးမ်ိဳးမင္း ႏွင့္မေရႊေအးတို႔ လင္မယား ေနာင္ဂ်ိန္ခ်ေနၿပီမွန္း ကေလးကအစ သိေနၾကၿပီျဖစ္သည္။ လမ္းအတြင္း သို႔ ေျပာင္းကာစ ရန္ျဖစ္တုန္းကဆိုလွ်င္ ပတ္ဝန္း က်င္အိမ္ေတြခဗ်ာ မေနသာၾက။ လင္ကိုဆြဲသူဆြဲ၊ မယားကိုဆြဲသူဆြဲႏွင့္ ရန္မီးၿငိမ္းေအာင္ ဖ်န္ေျဖေပး ခဲ့ၾကသည္။ ရန္ျဖစ္တာက တစ္ႀကိမ္တစ္ခါတည္း မဟုတ္။ အႀကိမ္ႀကိမ္အခါအခါဆိုေတာ့လည္း ႐ိုး သြားၾကကာ ျဖစ္ခ်င္သေလာက္ ျဖစ္ၾကစမ္းဟူ၍ ဥေပကၡာျပဳထားလိုက္ၾကေတာ့သည္သာ။

ရန္ခဏခဏျဖစ္သည္ဆိုေတာ့လည္း ၄င္းတို႔ ၏ အိမ္ေထာင္ေရးမွာ သာယာေသာ အိမ္ေထာင္ေရး မဟုတ္သည္မွာ ေသခ်ာသည္။ ကြဲၾက၊ ကြာၾကဖို႔ ရာက်ေတာ့လည္း အရြယ္မေရာက္ေသးေသာ ဘုစုခ႐ုအရြယ္ လူမမည္ကေလးသူငယ္ေတြေၾကာင့္ မကြဲခဲ့ၾက၊ မကြာခဲ့ၾက။ တကယ္ေတာ့ ဦးမ်ိဳးမင္းႏွင့္ မေရႊေအးတို႔မွာ မိဘမ်ားက အတင္းေပးစား၍ ညား လာခဲ့ၾကသူမ်ားမဟုတ္။ အခ်င္းခ်င္း ေမတၲာမွ်၍ ညားလာခဲ့ၾကသူမ်ားသာတည္း။ အသက္ေတာ့ကြာ သည္။ ေယာက်ာ္းျဖစ္သူက မိန္းမျဖစ္သူထက္ အသက္၂၀ေလာက္ႀကီးသည္။

“ခ်စ္လို႔ယူခဲ့ၾကတာပါ ဆရာရယ္။ ကြ်န္ ေတာ္က အသက္ ၂၀ ေလာက္ႀကီးတဲ့သူဆိုေတာ့  မေအးကို အၿမဲအလိုလိုက္ပါတယ္။ ဒါေပမယ့္ ကေလးႏွစ္ေယာက္ရလာၿပီးတဲ့ ေနာက္ပိုင္း စကား သိပ္မ်ားလာၿပီး ကြ်န္ေတာ့္အေပၚ အၿမဲ ဆီလို အေပါက္ရွာတယ္ ဆရာရဲ႕ ကြ်န္ေတာ္ ဘယ္သြားသြား၊ ဘာလုပ္လုပ္ အၿမဲသံသယရွိေနတယ္။

ဒီအရြယ္ေရာက္လာပါၿပီဆရာရယ္။ ကြ်န္ေတာ့္မွာ ကိုယ့္စီးပြားအေရးက လြဲၿပီး ဘာမွ ေခါင္းထဲမရွိပါဘူး။ ႀကိဳက္တတ္လို႔ နည္းနည္းပါးပါး ခ်တတ္တာေတာ့ ရွိတာေပါ့။ ဒါေပမယ့္ ေပၚေပၚ ထင္ထင္မဟုတ္ပါဘူး။ လမ္းထဲက ဆယ္အိမ္ေခါင္း ဦးၿငိမ္းသူေခါင္းျဖဴႀကီးနဲ႔ ခြက္ပုန္းေလး ခ်တာေလာက္ပါ။ ဒီေတာ့ အိမ္ေထာင္ေရး သာယာေအာင္ ဘယ္လိုလုပ္ရင္ေကာင္းမလဲ မသိဘူး။ အႀကံေကာင္း ဥာဏ္ေကာင္းေလးမ်ားရွိရင္ ေပးပါဦး ဆရာေရ”

သည္လိုမ်ိဳး အကူအညီေတာင္းခံလာေတာ့ လည္း အရာရာအေပၚ သေဘာလြယ္လွေသာ ကြ်ႏု္ပ္သည္ မေနသာေတာ့။ အိမ္ေထာင္ေရး သာယာဖို႔ဆိုသည့္ အေလ်ာ့မတင္း ေစာင္းႀကိဳးညင္း ရမည္ျဖစ္ေၾကာင္း၊ တစ္ဖက္သား သံသယကင္း ေအာင္ မိမိလုပ္ေဆာင္သည္မ်ားကို နားလည္ သေဘာေပါက္ေအာင္ ရွင္းျပဖို႔လိုေၾကာင္း၊ ကိုယ့္ဘက္ကလည္း ေလွ်ာ့သင့္သည္ကို ေလွ်ာ့ရမည္ အေၾကာင္း ေျပာျပရသည္။

“ဟုတ္ပါတယ္ ဆရာ၊ အဲဒီမွာ တက်က္က်က္ရန္ျဖစ္တဲ့ အိမ္ေထာင္ေရးတစ္ခု ေျပလည္မႈ ရရွိေအာင္ အဂၤဝိဇၨာနည္းနဲ႔ စီရင္ေပးလို႔မ်ား ရႏိုင္ မလားဆရာ။ ရႏိုင္ရင္ ကူညီေပးေစခ်င္ပါတယ္”

“ရပါတယ္ အဲဒီနည္းကေလးကေတာ့ ရဟန္းသံဃာေတာ္ကို သူ႔ေန႔နဲ႔သူ ဆြမ္းကပ္ဖို႔ပါပဲ”

“ကပ္မယ္ဆရာ၊ ကုသိုလ္လည္းရတာေပါ့။ မေအးက ကြ်န္ေတာ္နဲ႔ တက်က္က်က္ျဖစ္မယ့္သာ ျဖစ္တာ အလွဴအတန္းကိစၥေတာ့ ဝါသနာပါတယ္ ဆရာရဲ႕”

သို႔ျဖင့္ ကြ်ႏု္ပ္လည္း အိမ္ေထာင္ေရး အဆင္မေျပသူမ်ားျပန္လည္ အဆင္ေျပသြားေစမည့္ဆြမ္း ကပ္ အလွဴယၾတာတစ္ခုကို စဥ္းစားရေလသည္။ စဥ္းစား၍ရေသာအခါ မည္သည့္ေန႔၌ မည္သည့္ဆြမ္း မ်ား၊ အခ်ိဳပြဲမ်ား ကပ္လွဴသင့္သည္ကို ေျပာျပရ ေလေတာ့၏။ အိမ္ေထာင္ေရး အဆင္မေျပသူမ်ား လုပ္ေဆာင္ၾကည့္ႏိုင္ပါသည္။ အဆင္ေျပသြားသည့္ သာဓကမ်ားစြာ ရွိေခ်၏။

၁။ တနဂၤေႏြေန႔၌ ကပ္လိုပါက

အုန္းထမင္း၊ ဆီးသီးသုပ္၊ ပဲမုန္႔တို႔ကို ကပ္လွဴပါ။

၂။ တနလၤာေန႔၌ ကပ္လိုပါက

ၾကက္သားဟင္း၊ ရဲယိုရြက္သုပ္၊ ယိုသုပ္တို႔ ကို ကပ္လွဴပါ။

၃။ အဂၤါေန႔၌ ကပ္လိုပါက

ဆိတ္သားဟင္း၊ ပဲပင္ေပါက္သုပ္၊ သစ္သီးစံုတို႔ကို ကပ္လွဴပါ။

၄။ ဗုဒၶဟူးေန႔၌ ကပ္လိုပါက

ဝက္သားဟင္း၊ ဒန္႔ဒလြန္သီးဟင္း၊ ကိတ္မုန္႔တို႔ကို ကပ္လွဴပါ။

၅။ ၾကာသပေတးေန႔၌ ကပ္လိုပါက

ဘဲသားဟင္း၊ ငါးဆီျပန္၊ အိုက္စ္ကရင္တို႔ကို ကပ္လွဴပါ။

၆။ ေသာၾကာေန႔၌ ကပ္လိုပါက

သီးစံုဟင္း၊ အုန္းႏို႔ေခါက္ဆြဲ၊ ဆီးယိုတို႔ကို ကပ္လွဴပါ။

၇။ စေနေန႔၌ ကပ္လိုပါက

ဒံေပါက္ထမင္း၊ ေရွာက္သီးသုပ္၊ ႐ံုးပတီသီး တို႔ကို ကပ္လွဴပါ။

 

သုေတသီဆရာၿငိမ္း

 

Unicode ျဖင့္ ဖတ္ရန္

သည်ဆင်ခြေဖုံး ရပ်ကွက်ကလေးအတွင်းရှိ လမ်းကလေး၌ စီစီညံညံဖြစ်ပြီဟေ့ဆိုလျှင် ဦးမျိုးမင်း နှင့်မရွှေအေးတို့ လင်မယား နောင်ဂျိန်ချနေပြီမှန်း ကလေးကအစ သိနေကြပြီဖြစ်သည်။ လမ်းအတွင်း သို့ ပြောင်းကာစ ရန်ဖြစ်တုန်းကဆိုလျှင် ပတ်ဝန်း ကျင်အိမ်တွေခဗျာ မနေသာကြ။ လင်ကိုဆွဲသူဆွဲ၊ မယားကိုဆွဲသူဆွဲနှင့် ရန်မီးငြိမ်းအောင် ဖျန်ဖြေပေး ခဲ့ကြသည်။ ရန်ဖြစ်တာက တစ်ကြိမ်တစ်ခါတည်း မဟုတ်။ အကြိမ်ကြိမ်အခါအခါဆိုတော့လည်း ရိုး သွားကြကာ ဖြစ်ချင်သလောက် ဖြစ်ကြစမ်းဟူ၍ ဥပေက္ခာပြုထားလိုက်ကြတော့သည်သာ။

ရန်ခဏခဏဖြစ်သည်ဆိုတော့လည်း ၄င်းတို့ ၏ အိမ်ထောင်ရေးမှာ သာယာသော အိမ်ထောင်ရေး မဟုတ်သည်မှာ သေချာသည်။ ကွဲကြ၊ ကွာကြဖို့ ရာကျတော့လည်း အရွယ်မရောက်သေးသော ဘုစုခရုအရွယ် လူမမည်ကလေးသူငယ်တွေကြောင့် မကွဲခဲ့ကြ၊ မကွာခဲ့ကြ။ တကယ်တော့ ဦးမျိုးမင်းနှင့် မရွှေအေးတို့မှာ မိဘများက အတင်းပေးစား၍ ညား လာခဲ့ကြသူများမဟုတ်။ အချင်းချင်း မေတ္တာမျှ၍ ညားလာခဲ့ကြသူများသာတည်း။ အသက်တော့ကွာ သည်။ ယောကျာ်းဖြစ်သူက မိန်းမဖြစ်သူထက် အသက်၂၀လောက်ကြီးသည်။

“ချစ်လို့ယူခဲ့ကြတာပါ ဆရာရယ်။ ကျွန် တော်က အသက် ၂၀ လောက်ကြီးတဲ့သူဆိုတော့  မအေးကို အမြဲအလိုလိုက်ပါတယ်။ ဒါပေမယ့် ကလေးနှစ်ယောက်ရလာပြီးတဲ့ နောက်ပိုင်း စကား သိပ်များလာပြီး ကျွန်တော့်အပေါ် အမြဲ ဆီလို အပေါက်ရှာတယ် ဆရာရဲ့ ကျွန်တော် ဘယ်သွားသွား၊ ဘာလုပ်လုပ် အမြဲသံသယရှိနေတယ်။

ဒီအရွယ်ရောက်လာပါပြီဆရာရယ်။ ကျွန်တော့်မှာ ကိုယ့်စီးပွားအရေးက လွဲပြီး ဘာမှ ခေါင်းထဲမရှိပါဘူး။ ကြိုက်တတ်လို့ နည်းနည်းပါးပါး ချတတ်တာတော့ ရှိတာပေါ့။ ဒါပေမယ့် ပေါ်ပေါ် ထင်ထင်မဟုတ်ပါဘူး။ လမ်းထဲက ဆယ်အိမ်ခေါင်း ဦးငြိမ်းသူခေါင်းဖြူကြီးနဲ့ ခွက်ပုန်းလေး ချတာလောက်ပါ။ ဒီတော့ အိမ်ထောင်ရေး သာယာအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ မသိဘူး။ အကြံကောင်း ဉာဏ်ကောင်းလေးများရှိရင် ပေးပါဦး ဆရာရေ”

သည်လိုမျိုး အကူအညီတောင်းခံလာတော့ လည်း အရာရာအပေါ် သဘောလွယ်လှသော ကျွန်ုပ်သည် မနေသာတော့။ အိမ်ထောင်ရေး သာယာဖို့ဆိုသည့် အလျော့မတင်း စောင်းကြိုးညင်း ရမည်ဖြစ်ကြောင်း၊ တစ်ဖက်သား သံသယကင်း အောင် မိမိလုပ်ဆောင်သည်များကို နားလည် သဘောပေါက်အောင် ရှင်းပြဖို့လိုကြောင်း၊ ကိုယ့်ဘက်ကလည်း လျှော့သင့်သည်ကို လျှော့ရမည် အကြောင်း ပြောပြရသည်။

“ဟုတ်ပါတယ် ဆရာ၊ အဲဒီမှာ တကျက်ကျက်ရန်ဖြစ်တဲ့ အိမ်ထောင်ရေးတစ်ခု ပြေလည်မှု ရရှိအောင် အင်္ဂဝိဇ္ဇာနည်းနဲ့ စီရင်ပေးလို့များ ရနိုင် မလားဆရာ။ ရနိုင်ရင် ကူညီပေးစေချင်ပါတယ်”

“ရပါတယ် အဲဒီနည်းကလေးကတော့ ရဟန်းသံဃာတော်ကို သူ့နေ့နဲ့သူ ဆွမ်းကပ်ဖို့ပါပဲ”

“ကပ်မယ်ဆရာ၊ ကုသိုလ်လည်းရတာပေါ့။ မအေးက ကျွန်တော်နဲ့ တကျက်ကျက်ဖြစ်မယ့်သာ ဖြစ်တာ အလှူအတန်းကိစ္စတော့ ဝါသနာပါတယ် ဆရာရဲ့”

သို့ဖြင့် ကျွန်ုပ်လည်း အိမ်ထောင်ရေး အဆင်မပြေသူများပြန်လည် အဆင်ပြေသွားစေမည့်ဆွမ်း ကပ် အလှူယတြာတစ်ခုကို စဉ်းစားရလေသည်။ စဉ်းစား၍ရသောအခါ မည်သည့်နေ့၌ မည်သည့်ဆွမ်း များ၊ အချိုပွဲများ ကပ်လှူသင့်သည်ကို ပြောပြရ လေတော့၏။ အိမ်ထောင်ရေး အဆင်မပြေသူများ လုပ်ဆောင်ကြည့်နိုင်ပါသည်။ အဆင်ပြေသွားသည့် သာဓကများစွာ ရှိချေ၏။

၁။ တနင်္ဂနွေနေ့၌ ကပ်လိုပါက

အုန်းထမင်း၊ ဆီးသီးသုပ်၊ ပဲမုန့်တို့ကို ကပ်လှူပါ။

၂။ တနင်္လာနေ့၌ ကပ်လိုပါက

ကြက်သားဟင်း၊ ရဲယိုရွက်သုပ်၊ ယိုသုပ်တို့ ကို ကပ်လှူပါ။

၃။ အင်္ဂါနေ့၌ ကပ်လိုပါက

ဆိတ်သားဟင်း၊ ပဲပင်ပေါက်သုပ်၊ သစ်သီးစုံတို့ကို ကပ်လှူပါ။

၄။ ဗုဒ္ဓဟူးနေ့၌ ကပ်လိုပါက

ဝက်သားဟင်း၊ ဒန့်ဒလွန်သီးဟင်း၊ ကိတ်မုန့်တို့ကို ကပ်လှူပါ။

၅။ ကြာသပတေးနေ့၌ ကပ်လိုပါက

ဘဲသားဟင်း၊ ငါးဆီပြန်၊ အိုက်စ်ကရင်တို့ကို ကပ်လှူပါ။

၆။ သောကြာနေ့၌ ကပ်လိုပါက

သီးစုံဟင်း၊ အုန်းနို့ခေါက်ဆွဲ၊ ဆီးယိုတို့ကို ကပ်လှူပါ။

၇။ စနေနေ့၌ ကပ်လိုပါက

ဒံပေါက်ထမင်း၊ ရှောက်သီးသုပ်၊ ရုံးပတီသီး တို့ကို ကပ်လှူပါ။

သုတေသီဆရာငြိမ်း

Comments

comments

Post Author: manawmaya