ေနထုိင္မေကာင္း ျဖစ္ေနလွ်င္

က်န္းမာျခင္းသည္ လာဘ္ႀကီးတစ္ပါးျဖစ္ေၾကာင္း အားလုံးသိၾကပါလိမ့္မည္။
သည့္အတြက္ လူတိုင္းက်န္းမာေအာင္ ရာသီဥတုႏွင့္ လိုက္ေလ်ာညီေထြစြာ ေနထိုင္စားေသာက္ဖို႔ လိုပါသည္။ အကယ္တႏၲဳ ေနထိုင္မေကာင္းျဖစ္ၿပီး နာတာရွည္ပါက နာလန္ထေကာင္း မြန္ေစရန္အတြက္ နဝင္းေၾကေဆးကို စားေသာက္ေပးဖို႔လိုပါသည္။ အက်ိဳးအာနိသင္ကား ေျပာဖြယ္ရာ မရွိ ေလာက္ေအာင္ ေကာင္းလွပါဘိ၏။
နဝင္းေၾကေဆးဆိုသည္မွာ စတင္ဖ်ားသည့္ ေန႔ကိုယူ၍ ဆပြတ္ကို ႀတိရန္းအုပ္ေသာ အစားအစာကို စားေသာက္ျခင္းပင္ ျဖစ္ပါသည္။
၁။ တနဂၤေႏြေန႔မွ စတင္၍ဖ်ားလွ်င္
ေသာၾကာဆပြတ္(သ၊ ဟ)ကို အုပ္ေသာ အဂၤါႀတိရန္း(စ၊ ဆ၊ ဇ၊ ဈ၊ ည)အစားအေသာက္ကို စားေသာက္ေပးရပါမည္။
ထို႔ေၾကာင့္ သွ်ိသွ်ားသီးကို ဆားျဖဴး၍ စတိ စားေပးပါ။ သီဟိုဠ္ၫြန႔္ကို ဆိတ္သားႏွင့္တြဲ၍ စား ေပးပါ။
၂။ တနလၤာေန႔မွ စတင္ဖ်ားလွ်င္
စေနဆပြတ္(တ၊ ထ၊ ဒ၊ ဓ၊ န)ကိုအုပ္ေသာ ဗုဒၶဟူးႀတိရန္း (ယ၊ ရ၊ လ၊ ဝ) အစားအေသာက္ကို စားေသာက္ေပးရပါမည္။
ထို႔ေၾကာင့္ ႏြားႏို႔ကို လမုန႔္ႏွင့္တြဲ၍စားပါ။ ေရွာက္သီးသုပ္ကို နံနံပင္ႏွင့္ တြဲ၍စားပါ။
၃။ အဂၤါေန႔မွ စတင္ဖ်ားလွ်င္
တနဂၤေႏြဆပြတ္(အ၊ ဥ)ကို အုပ္ေသာ ၾကာ သပေတးႀတိရန္း (ပ၊ ဖ၊ ဗ၊ ဘ၊ ဓ) အစားအ ေသာက္ကို စားေသာက္ေပးရပါမည္။
ထို႔ေၾကာင့္ အုန္းသီးႏွင့္ေျပာင္းဖူးကို တြဲ၍ စတိစားေပးပါ။ ပဲမုန႔္ေပၚတြင္ အုန္းသီးျဖဴး၍ စားေပးပါ။
၄။ ဗုဒၶဟူးေန႔မွစတင္ဖ်ားလွ်င္
တနလၤာဆပြတ္(က၊ ခ၊ ဂ၊ ဃ၊ င)ကိုအုပ္ ေသာေသာၾကာ ႀတိရန္း(သ၊ ဟ)အစားအေသာက္ ကို စားေသာက္ေပးရပါမည္။
ထို႔ေၾကာင့္ သၾကားအနည္းငယ္စားေပးပါ။ သီဟိုဠ္ၫြန႔္ႏွင့္ ၾကက္သားသုပ္၍စားပါ။
၅။ ၾကာသပေတးေန႔မွ စတင္ဖ်ားလွ်င္
အဂၤါဆပြတ္(စ၊ ဆ၊ ဇ၊ ဈ၊ ည)ကိုအုပ္ေသာ စေနႀတိရန္း(တ၊ ထ၊ ဒ၊ ဓ၊ န)အစားအေသာက္ကို စားေသာက္ေပးရပါမည္။
ထို႔ေၾကာင့္ ႏြားႏို႔တြင္ ဆားခပ္၍ ေသာက္ပါ။ နာနတ္သီးကို ဆားႏွင့္တို႔၍စားေပးပါ။
၆။ ေသာၾကာေန႔မွ စတင္ဖ်ားလွ်င္
ဗုဒၶဟူးဆပြတ္(ယ၊ ရ၊ လ၊ ဝ)ကို အုပ္ေသာ တနဂၤေႏြႀတိရန္း (အ၊ ဥ) အစားအစာကို စားေသာက္ ေပးရပါမည္။
ထို႔ေၾကာင့္အုန္းယိုကို စတိစားေပးပါ။ လမုန႔္ေပၚ အုန္းသီးအနည္းငယ္ျဖဴး၍ စားေပးပါ။
၇။ စေနေန႔မွ စတင္ဖ်ားလွ်င္
ၾကာသပေတးဆပြတ္(ပ၊ ဖ၊ ဗ၊ ဘ၊ မ)ကို အုပ္ေသာ တနလၤာႀတိရန္း (က၊ ခ၊ ဂ၊ ဃ၊ င)ကို စားေသာက္ေပးရပါမည္။

ထို႔ေၾကာင့္ ပဲျပဳတ္ေၾကာ္၊ မွ်စ္ေၾကာ္တို႔ကို စားေပးပါ။ ၾကက္သားျပဳတ္ေၾကာ္စားပါ။ ၾကက္ျပဳတ္ရည္ကို ေသာက္ပါ။
ေဖာ္ျပပါ နဝင္းေၾကေဆးကို စားေသာက္ျခင္းျဖင့္ ေရာဂါေဝဒနာသက္သာၿပီး လ်င္ျမန္စြာ နာလန္ထကာ က်န္းမာေရးေကာင္းလာလိမ့္မည္ျဖစ္ေၾကာင္း ေလ့လာတင္ျပလိုက္ရပါသည္။
ဆရာမိုးဟန္ၾကြယ္

Unicode ျဖင့္ ဖတ္ရန္

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ကြောင်း အားလုံးသိကြပါလိမ့်မည်။
သည့်အတွက် လူတိုင်းကျန်းမာအောင် ရာသီဥတုနှင့် လိုက်လျောညီထွေစွာ နေထိုင်စားသောက်ဖို့ လိုပါသည်။ အကယ်တန္တု နေထိုင်မကောင်းဖြစ်ပြီး နာတာရှည်ပါက နာလန်ထကောင်း မွန်စေရန်အတွက် နဝင်းကြေဆေးကို စားသောက်ပေးဖို့လိုပါ သည်။ အကျိုးအာနိသင်ကား ပြောဖွယ်ရာ မရှိ လောက်အောင် ကောင်းလှပါဘိ၏။
နဝင်းကြေဆေးဆိုသည်မှာ စတင်ဖျားသည့် နေ့ကိုယူ၍ ဆပွတ်ကို တြိရန်းအုပ်သော အစားအစာကို စားသောက်ခြင်းပင် ဖြစ်ပါသည်။
၁။ တနင်္ဂနွေနေ့မှ စတင်၍ဖျားလျှင်
သောကြာဆပွတ်(သ၊ ဟ)ကို အုပ်သော အင်္ဂါတြိရန်း(စ၊ ဆ၊ ဇ၊ ဈ၊ ည)အစားအသောက်ကို စားသောက်ပေးရပါမည်။
ထို့ကြောင့် သျှိသျှားသီးကို ဆားဖြူး၍ စတိ စားပေးပါ။ သီဟိုဠ်ညွန့်ကို ဆိတ်သားနှင့်တွဲ၍ စား ပေးပါ။
၂။ တနင်္လာနေ့မှ စတင်ဖျားလျှင်
စနေဆပွတ်(တ၊ ထ၊ ဒ၊ ဓ၊ န)ကိုအုပ်သော ဗုဒ္ဓဟူးတြိရန်း (ယ၊ ရ၊ လ၊ ဝ) အစားအသောက်ကို စားသောက်ပေးရပါမည်။
ထို့ကြောင့် နွားနို့ကို လမုန့်နှင့်တွဲ၍စားပါ။ ရှောက်သီးသုပ်ကို နံနံပင်နှင့် တွဲ၍စားပါ။
၃။ အင်္ဂါနေ့မှ စတင်ဖျားလျှင်
တနင်္ဂနွေဆပွတ်(အ၊ ဥ)ကို အုပ်သော ကြာ သပတေးတြိရန်း (ပ၊ ဖ၊ ဗ၊ ဘ၊ ဓ) အစားအ သောက်ကို စားသောက်ပေးရပါမည်။
ထို့ကြောင့် အုန်းသီးနှင့်ပြောင်းဖူးကို တွဲ၍ စတိစားပေးပါ။ ပဲမုန့်ပေါ်တွင် အုန်းသီးဖြူး၍ စားပေး ပါ။
၄။ ဗုဒ္ဓဟူးနေ့မှစတင်ဖျားလျှင်
တနင်္လာဆပွတ်(က၊ ခ၊ ဂ၊ ဃ၊ င)ကိုအုပ် သောသောကြာ တြိရန်း(သ၊ ဟ)အစားအသောက် ကို စားသောက်ပေးရပါမည်။
ထို့ကြောင့် သကြားအနည်းငယ်စားပေးပါ။ သီဟိုဠ်ညွန့်နှင့် ကြက်သားသုပ်၍စားပါ။
၅။ ကြာသပတေးနေ့မှ စတင်ဖျားလျှင်
အင်္ဂါဆပွတ်(စ၊ ဆ၊ ဇ၊ ဈ၊ ည)ကိုအုပ်သော စနေတြိရန်း(တ၊ ထ၊ ဒ၊ ဓ၊ န)အစားအသောက်ကို စားသောက်ပေးရပါမည်။
ထို့ကြောင့် နွားနို့တွင် ဆားခပ်၍ သောက်ပါ။ နာနတ်သီးကို ဆားနှင့်တို့၍စားပေးပါ။
၆။ သောကြာနေ့မှ စတင်ဖျားလျှင်
ဗုဒ္ဓဟူးဆပွတ်(ယ၊ ရ၊ လ၊ ဝ)ကို အုပ်သော တနင်္ဂနွေတြိရန်း (အ၊ ဥ) အစားအစာကို စားသောက် ပေးရပါမည်။
ထို့ကြောင့်အုန်းယိုကို စတိစားပေးပါ။ လမုန့် ပေါ် အုန်းသီးအနည်းငယ်ဖြူး၍ စားပေးပါ။
၇။ စနေနေ့မှ စတင်ဖျားလျှင်
ကြာသပတေးဆပွတ်(ပ၊ ဖ၊ ဗ၊ ဘ၊ မ)ကို အုပ်သော တနင်္လာတြိရန်း (က၊ ခ၊ ဂ၊ ဃ၊ င)ကို စားသောက်ပေးရပါမည်။
ထို့ကြောင့် ပဲပြုတ်ကြော်၊ မျှစ်ကြော်တို့ကို စားပေးပါ။ ကြက်သားပြုတ်ကြော်စားပါ။ ကြက်ပြုတ်ရည်ကို သောက်ပါ။
ဖော်ပြပါ နဝင်းကြေဆေးကို စားသောက်ခြင်းဖြင့် ရောဂါဝေဒနာသက်သာပြီး လျင်မြန်စွာ နာလန်ထကာ ကျန်းမာရေးကောင်းလာလိမ့်မည်ဖြစ် ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

ဆရာမိုးဟန်ြွကယ်

Comments

comments

Post Author: manawmaya