သားသည်မိခင် နို့ချောင်းပိတ်လျှင်

“အောင်မလေး အား ကျွတ် ကျွတ် … ကျွတ် ကျွတ်”

ခေါင်းရင်းအိမ်မှ သားသည်အမေ(ကလေး အမေ)၏ ညည်းတွားသံကို ညကတည်းက ကြားနေမိ သည်။ သည်မိန်းကလေး မွေးဖွားသည်မှာ သုံးလေး ရက်သာ ရှိသေးသည်။ သားဦးလေး မွေးဖွားခြင်းဖြစ် သည်။ ကလေးငယ်ကလည်း အလွန်ငိုနေသည်။ မိခင်ဖြစ်သူကလည်း ညည်းတွားနေသည်။

“ဟဲ့ …ခေါင်းရင်းက ကလေးအမေ မိန်းက လေး ဘာဖြစ်လို့လဲ။ ညည်းညူနေသံကြားမိလို့” ဇနီးသည်ကို မေးကြည့်မိသည်။

သည်မိန်းက လေး မီးဖွားစဉ်က ကျွန်တော့်ဇနီးသည်ကိုယ်တိုင် သွားရောက် အကူအညီပေးသည်။ သူနှင့်ရင်းနှီးသည် မို့ မေးမိခြင်းဖြစ်သည်။

“ကောင်မလေးက နို့ချောင်းပိတ်ပြီး နို့မထွက် လို့ အော်နေတာ”

“ဘုန်းကြီးကျောင်း တာစည်းရိုးမှာပေါက်နေ တဲ့ နို့ပေးရွက် လက်တစ်ဆုပ်ခန့်ကို ရေနှင့်သုံးခွက် တစ်ခွက်တင် ကျိုသောက်ခိုင်းလိုက်လေ”

“မနက်အစောကြီးကတည်းက ကျွန်မကိုယ် တိုင် ကျိုပေးပြီး သောက်ခိုင်းတာလည်း နို့ချောင်းက ပိတ်နေတုန်း”

“နွားအမြီးကို မီးမြိုက်ပြီး ဟင်းချိုချက် သောက်ခိုင်းလေ”

“မနေ့က ချက်သောက်သေးတယ်”

“ဟင် …နေဦး ငါစဉ်းစားဦးမယ်။ ခြံအ နောက်ဘက် ငရုတ်သီးပင်က ငရုတ်ရွက် လက်တစ် ဆုပ်စာလောက်ကိုခူး။ အဲ့ဒီအရွက်တွေကို မြေအိုး လေးသေးသေးနဲ့ ရေထည့်ပြီးပြုတ်။ ငရုတ်ပြုတ်ရည် အိုးရဲ့ မျက်နှာဝကို အဝတ်နဲ့စည်း၊ နို့ချောင်းပိတ်နေတဲ့ သားသည်မိခင်ရဲ့ ပေါင်ပေါ်မှာ အဝတ်ထူထူခင်းပြီး ငရုတ်ရွက်ပြုတ်ရည်အိုးကိုတင်၊ အငွေ့တွေထွက်လာ မယ်။ သားသည်မိခင်ရဲ့ သားမြတ်ခေါင်းကိုချွေး အောင်းသလို ထားပေးရတယ်။ တစ်ကြိမ်နှစ်ကြိမ် လုပ်ပေးတာနဲ့ ပိတ်နေတဲ့နိုသီးခေါင်းပွင့်သွားတယ်”

ဇနီးသည်က ခြံနောက်ပိုင်းမှ ငရုတ်ရွက်ကိုခူး ကာ ခေါင်းရင်းအိမ်သို့သွားသည်။ သားသည်အမေ များအဖို့ နို့လှိုင်လှိုင်ထွက်ရန်လိုသည်။ နို့ချောင်းပိတ် လျှင် အလွန်အခံရခက်သည်ဟု လူကြီးသူမတို့၏ ပြောစကားကို ကြားဖူးနေသည်။

ဇနီးသည်အိမ်သို့ပြန် လာလျှင် ကျွန်တော်ပြောသည့်အတိုင်း သားသည်အ မေကို ဆောင်ရွက်ပေးခဲ့သည်ဟုပြောသည်။ သား သည်အမေ၏ ညည်းညူသံကိုမကြားရတော့၍ စိတ် ချမ်းသာသွားရသည်။ အဘိုးဆရာသိန်းနှင့် အမေတို့ ထံမှသင်ယူခဲ့သော တိုင်းရင်းမြန်မာဆေးပညာဖြင့် ဝေဒနာသည် အတော်များများကို ကူညီခွင့်ရခဲ့သည်။ ဆေးနည်းတစ်ခုနှင့် မရလျှင် နောက်တစ်ခုဖြင့်ကု ကြည့်ရသည်။ အနာနှင့်ဆေး တည့်သွားလျှင် ပီတိ ဖြစ်စရာကောင်းလှသည်။ ညနေရောက်တော့ သားသည်အမေ မိန်းက လေး၏ အော်ဟစ်ညည်းညူသံကို ကြားရပြန်သည်။

“ဟဲ့ …သတင်းသွားမေးပါဦး။ အော်ဟစ် ညည်းညူနေပြန်ပြီ”

ဇနီးသည်က ခေါင်းရင်းအိမ်သို့ အပြေးက လေးသွားပြီး အိမ်သို့ပြန်လာသည်။

“ဘယ်လိုလဲ နို့မထွက်ဘူးလား”

“ငရုတ်ရွက်ပြုတ်ရည်နဲ့ ပေါင်းခံတုန်းက နို့် နည်းနည်းထွက်လာပြီး နို့ချောင်းပြန်ပိတ်သွားတာ တဲ့။ ကလေးက နို့ဆာလို့ငိုတော့ သူ့အမေကသူ့သား ကိုသနားပြီး ငိုနေတယ်”

“ငါတို့မှာသိမ်းထားတဲ့ ကျွန်းမီးသွေးရှိတယ် မဟုတ်လား”

“အင်း …ရှိတယ်။ ဘာလုပ်မလို့လဲ”

“အသုံးပြုစရာရှိလို့ပေါ့။ အကြောင်းမဲ့ သိမ်း ခိုင်းထားတာ မဟုတ်ဘူးကွ။ အသုံးချဖို့ …”

ဇနီးကိုသည်ကိုခေါ်၍ ခေါင်းရင်းဘက်အိမ်သို့ လာခဲ့သည်။ ကျွန်တော်၏ခြေထောက်ကို ရေဖြင့်စင် ကြယ်အောင်ဆေးကြောပြီး အဝတ်ဖြင့် ခြောက်သွေ့ အောင်သုတ်ပစ်သည်။ ထို့နောက် ကျွန်တော်၏ခြေ ဖဝါးပေါ်တွင် ကျွန်းသားမီးသွေးခဲဖြင့် အောက်ပါအ တိုင်းရေးသည်။ (ပုံပါ)

ထို့သို့ရေးနေစဉ် အသက်ကိုအောင့်ထားရ သည်။

ဝတစ်လုံးရေးတိုင်း စိတ်ထဲမှာ ဝရေဝ ဟုစိတ် မှ ရွတ်ဆိုရသည်။

ပုံတွင်မြားပြထားသည့်အတိုင်း ဝ လေးလုံး ရေးရသည်။

ထိုသို့ရေးပြီးလျှင် နို့ချောင်းပိတ်နေသော သားသည်အမေကို ပက်လက်လှန်၍ အိပ်ခိုင်းရ သည်။

ထို့နောက် စာရေးထားသော ခြေထောက်ဖြင့် နို့ချောင်းပိတ်နေသော သားမြတ်နှစ်လုံးပေါ်သို့ ခုနစ် ခါ ဖိဖိလေးနင်းပေး (အသက်ကိုအောင့်ထားရင်း) မိခင်ရဲ့တို့မေတ္တာ နို့ရည်ပန်း၍ထွက်ပါစေဟု စိတ်ထဲမှ ဆုတောင်းရသည်။

မိခင်တို့၏ ကြီးမားလှသောမေတ္တာ အဟုန်ကြောင့် နို့ရည်ပန်းထွက်လာပါလိမ့်မည်။

သား သည်မိခင်များ နို့ချောင်းပိတ်၍ နို့ရည်မထွက်ပါက ဤနည်းကို ယုံယုံကြည်ကြည်ဖြင့် အသုံးပြုနိုင်ကြစေ ရန် ရေးသားတင်ပြလိုက်ရပါသတည်း။ ဤဆောင်းပါးဖြင့် သုံးဆယ်မြို့မှ အသက် ၈၆ နှစ်အရွယ် မိခင်အိုကြီး ဒေါ်ကျင်စိန်အားလည်း ကောင်း၊ မိခင်တိုင်းအားလည်းကောင်း ရေးသားဦး ခိုက်ပါသည်။

 

ဝင်းဇော်(သုံးဆယ်)

Comments

comments

Post Author: manawmaya