ခရီးသွားအန္တရာယ်ကင်းဂါထာတော်

မိုးဦးရာသီ၏နံနက်ခင်းတွင် ကျွန်တော့်ထံသို့ လွန်စွာ စိတ်သဘောကောင်းသည့်

သားအမိနှစ်ဦး သည် ပြုံးရွှင် ရယ်မောလျက် ဝင်ရောက် လာကြလေ သည်။ သူတို့၏လက်ထဲတွင်လည်း စားစရာ အထုပ် အပိုးများ ကိုယ်စီနှင့် ဖြစ်နေလေသည်။ မိခင်ဖြစ်သူ က –

“ဆရာရေ …သမီးက ညတုန်းက ၈ နာရီ ကျော်မှ ခရီးကပြန်ရောက်လာတယ် …၊ ခရီးတစ်ခါ သွားရင် လေးငါးရက်ကြာတယ် …၊ ဒီတစ်ခါခရီး က နေပြည်တော်၊ ပျဉ်းမနား၊ ရေတာရှည်ဘက်ကို သွားတာဆိုတော့ မျှစ်ချဉ်ကောင်းကောင်းတွေ ပါလာ လို့ သတိတရ ဆရာ့ဆီကို လာပို့တာပါ …”ဟု ပြောလေသည်။

သမီးဖြစ်သူ၏အမည်မှာ စုစုဟန်ဖြစ်ပြီး နာမည်ကြီး ဖိနပ်ကုမ္ပဏီတစ်ခုမှ အရောင်းဝန်ထမ်း တစ်ဦးဖြစ်လေသည်။ မကြာခဏဆိုသလို ခရီးထွက် ရလေသည်။

ရောင်းရသည့်ဖိနပ်အရေအတွက်အပေါ်တွင် ကော်မရှင်ခလည်းရသောကြောင့် ゞင်းတို့၏အခေါ် အော်ဒါကောက်သွားတိုင်း ကျွန်တော့်ထံသို့ ဝင်လာ လေ့ရှိပေသည်။ စုစုဟန်က –

“ဆရာရယ် …ဒီလ သမီး လစာလည်း တိုးတယ် …၊ ကော်မရှင်တွေလည်း ပိုရတယ် …၊ ဒါပေမဲ့ ကား မတော်တဆမှုဖြစ်တဲ့အသံတွေ ခဏ ခဏကြားနေရလို့ ခရီးသွားရတာ ရင်တမမနဲ့ ဖြစ်နေရတယ် …၊ အဲဒီအတွက် တစ်ခုခုလေး စီစဉ်ပေးပါဦး …”ဟုပြောရာ ကျွန်တော်က –

“စုစုရေ …ကိုယ်ကလည်း သတိဝီရိယ ထားရမှာပေါ့ …၊ ပြီးတော့ ခရီးသွားခါနီးမှာ အန္တရာယ်ကင်းဖို့ ရွတ်သွားရတဲ့ ဂါထာလေးတစ်ခု လည်း ရှိတယ် …၊ ခရီးအတွက်ရော၊ အခြားရန် အန္တရာယ်တွေ ကင်းရှင်းဖို့အတွက်ပါ အသုံးတည့်လိမ့် မယ် …”ဟု ဆိုကာ အန္တရာယ်ကင်း ဂါထာတော် တစ်ပုဒ်ကို ရွတ်ပြလိုက်ရပါသည်။ စုစုလည်း စာရွက်တစ်ရွက်ဖြင့် လိုက်လံရေး မှတ်ပါသည်။ ထို့အပြင် အသံထွက်၍ တစ်ခေါက်ပင် ဆိုကြည့်နေပါသေးသည်။ ထို့နောက်တွင်ကား သား အမိနှစ်ဦးသည် ပြုံးပြုံးရွှင်ရွှင် ပေါ့ပေါ့ပါးပါးဖြင့်ပင် ပြန်လည်ထွက်ခွာသွားကြပါလေတော့သည်။ ခရီး သွားခါနီး၌ ရွတ်သွားသင့်သောဂါထာမှာ အောက်ပါ အတိုင်း ဖြစ်ပါတော့သည်။

ခရီးသွားအန္တရာယ်ကင်း ဂါထာတော်ကြီး

ဥုမ် ထိပ်မှာဘုရား၊ နားမှာဗြဟ္မာ၊ သွားမှာဇော်ဂျီ၊ လည်မှာ သိကြား၊ လက်မှာ ဗိဿနိုး၊ ကိုယ်မှာ ဂဠုန်၊ ခါးမှာ ဂုမ္ဘာန်၊ ပေါင်မှာ ဘီလူး၊ ဒူးမှာ ခြင်္သေ့၊ ခြေမှာ နဂါး၊ အစောင့်ထားသည်၊ ဘုရားမြတ်စွာ မေတ္တာစာကို၊

အမှန်ကိုးကွယ်ပါ၏ဘုရား . . .

ဥုမ် ကကုသံဂုံ၊ ဂေါဏဂုံ၊ ကဿပဂုံ၊ ဂေါတမဂုံ၊ အရိမေတ္တယျ၊ သက်တော်ဝင်၊ ဇော်ဝင်၊ ဈာန်ဝင်၊ မဟာပိဿယော၊ ဗောဓိရှစ်သံ၊ ဉာဏ်တော် ဆယ်ပါး၊ ဥုမ်ဘုရား၊ ဥုမ်တရား၊ ဥုမ်သံဃာ၊ အသရေတော်က ရွှေအဆင်း၊ ဦးခေါင်းတော်က မြင်းမိုရ်တောင်၊ မျက်လုံးတော်က ပုလဲရောင်၊ သွားတော်က ဝရဇိန်၊ လည်တော်က သံချောင်း၊ မဏိတော်က ဗောဓိ ညောင် . . .

ဥုမ် ဘုရားရှင်၏ ပညာတော်ဖြင့် ထိုး၍မဝင်၊ ချည်၍မမြဲ၊ ဖမ်း၍မမိ၊ ပစ်၍မမှန်၊ ဥုမ် အရဟံ . . .ခံဆရာခံ၊ န-ဘယံ ဘေးမရှိ၊ ဘေးဘယံ န-မရှိ

 

ဝင်းမြိုင် (အောင်ဗောဓိဆုတောင်းပြည့်စေတီ)

Comments

comments

Post Author: manawmaya