လူများရဲ့ စကားပြောသံကို လေ့လာခြင်း

ကျွန်တော် လူတွေစကားပြောတဲ့အသံကို သတိပြုပြီး လေ့လာခဲ့တာကြာပါပြီ။ ကျွန်တော် အသက် ၃၅ နှစ်လောက်ကစပြီး လေ့လာခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင်တွေ၊ အဆိုတော်တွေ၊ ပညာရှင် တွေ၊ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ သူဋ္ဌေးသူြွကယ်တွေ၊ လူလတ်တန်းစားတွေ၊ ဆင်းရဲသားတွေရဲ့ အသံတွေကိုပါ လေ့လာခဲ့ပါတယ်။
နိုင်ငံခေါင်းဆောင်တွေရဲ့ အသံတွေကို နားထောင်ကြည့်တဲ့အခါ အသံလုံတယ်။ ကြည် တယ်။ အသံက ထက်တယ်။ ဥပမာ ဝန်ကြီးချုပ် ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးကြီးသောင်းကြည်၊ သတင်းစာဆရာကြီး ဦးသိန်းဖေဖြင့်၊ ဝန်ကြီး ဦး ဘညိမ်းတို့ရဲ့ အသံတွေဟာ အသံလုံတယ်။ ကြည် တယ်။ ဇောင်းထက်တယ်။ ဝန်ကြီးဦးဘညိမ်းနဲ့ လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဗိုလ်မှူးကြီး ဇော်ဝင်းတို့ အသံဆိုလျှင် အသံထုပါကောင်းသေး တယ်။
ဇာတ်မင်းသားကြီးတွေထဲကဆိုလျှင် ရွှေမန်း တင်မောင်၊ စိန်အောင်မင်း၊ တိုင်းချစ်သန်းစိန်၊ ပန်တျာကြည်အောင်တို့ရဲ့ အသံဟာ ကြည်တယ်။ အသံလုံတယ်။ ဇောင်းထက်တယ်။
အဆိုတော်တွေထဲမှာဆိုလျှင် ကိုအံ့ကြီးအသံ က ထုကောင်းတယ်။ အသံကြည်တယ်။ လုံပါတယ်။ ရုပ်ရှင်မင်းသား ဝင်းဦးရဲ့အသံက ကြည်တယ်။ လုံ တယ်။ ထက်ပါတယ်။ အလားတူ ဒေါ်တင်တင်မြ၊ မာမာအေး၊ ရီရီသန့်၊ မြန်မာပြည်သိန်းတန်တို့ရဲ့ အသံတွေဟာ အသံကြည်တယ်။ လုံတယ်။ ထက်ပါ တယ်။
ဒါကြောင့်လဲ နိုင်ငံခေါင်းဆောင်နဲ့ နိုင်ငံကျော် အဆိုတော်တွေ ဖြစ်ကြတာပါ။
ဆရာတော်ကြီးတွေထဲမှာဆိုလျှင် မင်းကွန်း ဆရာတော်ကြီး၊ ဆရာတော်ဦးÓာဏိဿရ၊ ပါချုပ် ဆရာတော်တို့ရဲ့ အသံတော်တွေဟာ လုံတယ်။ ကြည်တယ်။ ထက်တဲ့ အသံတော်တွေပါ။
ကျွန်တော် နယ်မှာ တာဝန်ထမ်းဆောင်စဉ် က ကျေးလက်တောရွာတွေ၊ မြို့နယ်တွေ တော် တော်များများရောက်ဖူးပြီး လူပေါင်းများစွာနဲ့ စကား ပြောခဲ့ဖူးပါတယ်။ တချို့သော ပုဂ္ဂိုလ်တွေက အသံက ကြည်တယ်။ ထက်တယ်။ ထုကလည်း ကောင်း တယ်။ အသံက လုံတယ်။ တိုးတိုးပြောလို့မရတဲ့သူ တွေလည်း တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့အဆင့် ကျေးရွာ ရပ်ကွက်အဆင့်မှာ ခေါင်းဆောင်တွေ ဖြစ်နေကြ တယ်။ စီးပွားရေးလည်း ပြည့်စုံသူတွေဖြစ်ကြပါ တယ်။
အသံက သေးတယ်။ အသံကလည်း မလုံ ဘူး အသံက လည်ချောင်းကွဲတဲ့ အသံမျိုးနဲ့ဆိုလျှင် ဆင်းရဲတတ်တာ တွေ့ရပါတယ်။ ကျွန်တော် လေ့ လာမိသလောက် တင်ပြရလျှင် အသံက အခြေခံ အားဖြင့် သုံးမျိုးတွေ့ရပါတယ်။ အသံထက်၊ အသံ ဝက်၊ အသံပျက် ဆိုပြီး ရှိပါတယ်။ အကြမ်းဖျင်း အားဖြင့် အသံထက်တဲ့ ပုဂ္ဂိုလ်တွေက ခေါင်း ဆောင် အဆင့်ဆင့် ဖြစ်တတ်ပါတယ်။ အသံ တစ်ဝက်ပျက် ကြည်တဲ့လုံတဲ့သူတွေက လူလတ် တန်းစားတွေ ဖြစ်တတ်ပါတယ်။ အသံက မကြည် မလင် အသံပျက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ နိမ့်ကျသူ တွေ ဖြစ်တတ်ပါတယ်။
လမ်းစဉ်ပါတီခေတ်က ဝက်လက်မြို့နယ်က ဥက္ကဋ္ဌကြီးတစ်ယောက်ကို နာမည်ကျော် လှတောရွာ က လှတောသား တစ်ယောက်က သူတို့ဥက္ကဋ္ဌအသံ က မကြည်မလင် မလုံဘဲ လေသံတွေများနေတဲ့ အတွက် သူဥပမာပေးပြောတာက တို့ဥက္ကဋ္ဌကြီးရဲ့ အသံကတော့ကွာ၊ လင်းကွင်းကွဲကို ဝါးလုံးကွဲနဲ့ ရိုက်တဲ့ အသံနဲ့တူပါတယ်လို့ ပြောခဲ့တာကြားဖူးပါ တယ်။
နိပါတ်တော်တွေထဲမှာလည်း ကုမ္ဘဃော သက သူဋ္ဌေးသားဟာ မိဘတွေနေတဲ့ရွာ ကာလဝမ်း ရောဂါကြီးကျလို့ မိဘတွေလည်း ဆုံးပါး၊ အခြား ရွာသူရွာသားတွေလည်း ရွာကိုစွန့်ခွာထွက်ပြေးခဲ့ ကြရာ သူဋ္ဌေးသားလည်း ရွာက ထွက်ပြေးလာပြီး မင်းနေပြည် ရာဇဂြိုဟ်မြို့မှာ ဆင်းရဲသားဟန် ဆောင်ပြီး နေထိုင်ခဲ့ပါတယ်။ မင်းနေပြည်မှာနေတဲ့ အခါ သူက နံနက်အာရုံမှာ မြို့သူမြို့သားတွေ အာရုံဆွမ်းကပ်လှူနိုင်ဖို့ နှိုးဆော်ရတဲ့ နိဗ္ဗာန်ဆော် တာဝန်ကို လမ်းတကာလှည့်လည်ပြီး ကြေးစည် တစ်လုံးနဲ့ နှိုးဆော်ရပါတယ်။
သူနှိုးဆော်တဲ့အသံကိုကြားရတဲ့ ဘုရင် ဗိမ္ဗ သာရမင်းကြီးက ဒီနိဗ္ဗာန်ဆော်ဟာ ဆင်းရဲသား မဟုတ်၊ သူဋ္ဌေးတစ်ယောက်ဖြစ်တယ်လို့ မိဖုရားကို ပြောတယ်။ မိဖုရားက မဖြစ်နိုင်ဘူး။ သူကဆင်းရဲလို့ သာ ဒီနိဗ္ဗာန်ဆော်အလုပ်ကို လုပ်တာဆိုပြီး မင်းနဲ့ မိဖုရား အငြင်းအခုံဖြစ်ကြပါတယ်။
နောက်ဆုံး မိဖုရားက ဒီပုဂ္ဂိုလ်သူဋ္ဌေးဟုတ် မဟုတ် ကိုယ်တိုင် စုံစမ်းမည်ဆိုပြီး မိဖုရားကြီးက သမီးတော်နဲ့ ဆင်းရဲသားဟန်ဆောင်ပြီး ကုမ္ဘဃော သကနေတဲ့ တဲလေးဆီ သွားကြပါတယ်။ သူတို့ သားအမိ တစ်ညတာ တည်းခိုပါရစေဆိုပြီး ခွင့် တောင်းကြပါတယ်။ တစ်ရက်က နှစ်ရက်ရှိလာတော့ ကုမ္ဘဃောသကကို သူတို့သားအမိက ကောင်း ကောင်းမွန်မွန် ချက်ပြုတ်ကျွေးမွေးရင်း တစ်ရက် ပြီးတစ်ရက် တည်းခိုခွင့်ရအောင် တောင်းပန်ပြီး နေထိုင်ခဲ့ကြပါတယ်။
နောက်ဘုရင်ကြီးက ကုမ္ဘဃောသကကို အခွန်ကောက်လာပါတယ်။ အခွန်က တစ်လတစ်လ တိုးတိုးကောက်လာပါတယ်။ ကုမ္ဘဃောသကလည်း မင်းပြစ်မင်းဒဏ် သင့်မည်ကြောက်တဲ့အတွက် သူ ဝှက်ထားတဲ့ နေရာက ငွေကိုယူပြီး အခွန်ကိုပေး ဆောင်ပါတယ်။ နောက်ဆုံးတော့ ဘုရင်ကြီးက ကုမ္ဘဃောသကကို ဆင့်ခေါ်ပြီး အသင် သူဋ္ဌေးမဟုတ် လား မေးတော့မှ ကုမ္ဘဃောသကကလည်း မထိမ် မဝှက်ရဲတော့ဘဲ မှန်ပါကြောင်း။ မိဘများကွယ်လွန် ၍ ရွာကထွက်ပြေးလာရာက ဆင်းရဲသားဟန်ဆောင် နေပါကြောင်း အမှန်အတိုင်းလျှောက်တော့မှ ဘုရင် ကြီးက သူဋ္ဌေးဘွဲ့ပေးပြီး သမီးတော်နဲ့ လက်ဆက် ပေးခဲ့ကြောင်း မှတ်သားရဖူးပါတယ်။ ဒါကတော့ အသံကို နားထောင်ရုံမျှနဲ့ သူဋ္ဌေးတစ်ယောက်ဖြစ် တယ်ဆိုတာ အသံပညာကို မင်းကြီးက တတ် မြောက်ထားလို့ ပြောနိုင်တာဖြစ်ပါတယ်။ ဒီအသံနဲ့ ပတ်သက်လို့ စာတစ်စောင်ပေတစ်ဖွဲ့ ရှိမရှိတော့ ကျွန်တော် မသိပါဘူး။
ကျွန်တော် ၃၀-၇-၂၀၁၆ ရက် မနက်မှာ ကျွန်တော့်ကို ဗေဒင်ကူညီဟောပေးတဲ့ တန်ခိုးရှင်ကြီး ဖော်နာယကို လူတစ်ဦးတစ်ယောက်ရဲ့ အသံကိုနား ထောင်ပြီး ဗေဒင်ဟောတဲ့အတတ်ပညာကို သင်ပေး ဖို့ မေတ္တာရပ်ခံရာ တန်ခိုးရှင်ကြီး အောက်ပါအတိုင်း မိန့်ကြားပါတယ်။
အသံမှာ ခြောက်မျိုးရှိတယ်။
၁။ အသံက ကြည်တယ် လုံတယ်၊ ဟိန်းတဲ့ အသံ
၂။ အသံက ကြည်တယ်၊ လုံတယ်။ အသင့် အတင့်ပဲ အသံမြည်တဲ့အသံ။
၃။ အသံက တစ်ဝက်တစ်ပျက်လုံတဲ့အသံ
၎။ အသံက ကြည်လင်ခြင်းမရှိ အသံက လုံးဝ မလုံဘဲ ပျက်တဲ့အသံ
၅။ အသံတိုးတဲ့ အသံ
၆။ အသံသေးတဲ့ အသံ
– အသံကြည်ပြီး လုံတဲ့ဟိန်းတဲ့အသံမျိုးက ရပ်ရွာအဆင့်မှာ လူကြီးဖြစ်တတ်ပါတယ်။
– အသံကလုံတယ်။ ကြည်တယ်။ အသင့် အတင့်ပဲ အသံမြည်တယ်။ အသံက ထက်တယ်ဆို လျှင် တိုင်းပြည်ခေါင်းဆောင်ဖြစ်တတ်ပါတယ်။
– အသံတစ်ဝက်တစ်ပျက် လုံတာမျိုးက စီးပွားရေး ဥစ္စာချမ်းသာတတ်ပါတယ်။
– အသံက ကြည်လင်ခြင်းမရှိဘဲ လုံးဝ အသံပျက်တာမျိုးက သူတစ်ပါး အခိုင်းအစေ ဘဝ ရောက်ရတတ်ပါတယ်။
– အသံတိုးတာမျိုးက ဘဝမှာ ချမ်းသာရတဲ့ အချိန်ကနည်းပြီး ဆင်းရဲတတ်ပါတယ်။
– အသံသေးတာမျိုးက ဘဝမှာ ဘာအလုပ် မှ မအောင်မြင်ဘဲ ဖြစ်တတ်ပါတယ်။
– အသံကြည်ပြီး ထက်တဲ့အသံရှင်တွေက မိမိလုပ်ကိုင်တဲ့ အလုပ်မှာ အမြင့်ဆုံးအထိ ရောက် တတ်ပါတယ်။
– အသံပြာတဲ့ပုဂ္ဂိုလ်တွေက ဥစ္စာပစ္စည်း ချမ်းသာတတ်တယ်။
– သာယာတဲ့ အသံပိုင်ရှင်တွေက သနား ကြင်နာတတ်တဲ့ ကရုဏာပိုင်ရှင်တွေ ဖြစ်တတ် ပါတယ်။

သတ္တဝါများကျန်းမာချမ်းသာကြပါစေ

ဆရာဝင်း(သာကီနွယ်)

Comments

comments

Post Author: manawmaya