ေတာင္ေတာ္ေရႊပုပၸား

Zawgyi Version

ကြ်န္ေတာ္ပုပၸားေတာင္ကလပ္ ေပၚေရာက္တဲ့ အခါ ပုပၸားေတာင္မႀကီးကို အနီးကပ္ျမင္ရေတာ့ အလြန္စိတ္ၾကည္ႏူးပီတိျဖစ္ရပါတယ္။ ျမန္မာႏိုင္ငံ အလယ္ပိုင္းမွာ ပုပၸားေတာင္ႀကီးေလာက္ ႀကီးတဲ့ ေတာင္၊ ျမင့္တဲ့ေတာင္ မရွိဘူးထင္ပါတယ္။ ေတာင္ ႀကီးက သစ္ပင္ဝါးပင္ေတြနဲ႔ စိမ္းလန္းစိုျပည္ေန တယ္။ ေတာင္ေျခပတ္ဝန္းက်င္တစ္ဝိုက္မွာလည္း သစ္ေတာေတြကို ထိန္းသိမ္းထားေတာ့ ပတ္ဝန္း က်င္တစ္ခုလံုး စိမ္းလန္းစိုျပည္ေနတယ္။ ေတာင္ေျခ ပတ္ဝန္းက်င္ တစ္ခုလံုး စိမ္းလန္းစိုျပည္ေနတာက လည္း ေတာင္ႀကီးရဲ႕ အလွကို အားျပည့္ေစပါတယ္။

ဒါေၾကာင့္လည္း ဂီတပညာရွင္မ်ားက ေတာင္ ႀကီးရဲ႕ အလွကို အမ်ိဳးမ်ိဳးေရးစပ္ သီကံုးဖြဲ႕ဆိုထား ၾကပါတယ္။ ကြ်န္ေတာ္ လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္ေလာက္ က ပုပၸားေတာင္ကလပ္ကေန ျမင္းၿခံဘက္ ဆင္း တယ္ ထင္တာပဲ ေတာႀကီးကို ျဖတ္ၿပီး ဆင္းလာ တဲ့အခါ လမ္းမွာ ပန္းပ်ိဳးပင္ေရာင္းတဲ့ ပန္းဥယ်ာဥ္ ေတြလည္း ေတြ႕ရတယ္။ ကားထဲက ကက္ဆက္က လည္း ပုပၸားေတာင္နဲ႔ ပတ္သက္တဲ့ သီခ်င္းေတြ ဖြင့္လာေတာ့ အင္မတန္ စိတ္ေအးခ်မ္းသာ ရွိလွ ပါတယ္။

၁-၅-၂၀၁၈ ရက္ မနက္ကေတာ့ ပုပၸား ေတာင္ႀကီးအေၾကာင္းကို ေရးသားတင္ျပဖို႔အ ေၾကာင္း ဖန္လာပါတယ္။

၁-၅-၂၀၁၈ မနက္ ၄ နာရီ ၄၅ မိနစ္မွာ ကြ်န္ေတာ့္ စာေရးစားပြဲေရွ႕ အနက္ေရာင္ နတ္ႀကီး တစ္ပါး ၾကြလာတာ ေတြ႕ရပါတယ္။

ကြ်ႏု္ပ္။ ။ နတ္ႀကီးက ကြ်န္ေတာ့္ဆီ ဘာကိစၥ ၾကြလာတယ္။ ဘယ္က ၾကြလာတယ္ဆိုတာ အမိန္႔ ရွိပါဦး။

နတ္ႀကီး။ ။ ကြ်ႏု္ပ္က ပုပၸားေတာင္ေစာင့္ နတ္ႀကီးပါ။ ေတာင္ကလပ္ကို ေစာင့္တဲ့ နတ္ မဟုတ္ ပါဘူး။ ေတာင္ကလပ္က သီးျခားနတ္တစ္ပါး ေစာင့္ ပါတယ္။

ကြ်ႏု္ပ္။ ။ နတ္ႀကီး ၾကြလာတာ ဝမ္းေျမာက္ လွပါတယ္။ ကြ်န္ေတာ္ မေန႔မနက္ကပဲ ပုပၸား ေတာင္ႀကီးအေၾကာင္း စဥ္းစားေနမိပါတယ္။ လူေတြ က ပုပၸားေတာင္ကလပ္မွာသာ အသြားအလာမ်ား ၿပီး ဘာေၾကာင့္ ပုပၸားေတာင္မႀကီးကို စိတ္မဝင္စား ၾကတာလဲ။ ဘိုးမင္းေခါင္တို႔၊ ဆရာေတာ္ဦးပရမ ဝဏၰသိဒၶိတို႔၊ ဦးေက်ာ္နီစတဲ့ ဝိဇၨာႀကီးေတြကလည္း ပုပၸားေတာင္ကလပ္ကိုပဲ အေျချပဳသာသနာျပဳၾက တယ္။ ဘာေၾကာင့္ ေတာင္မႀကီးကို သာသနာနယ္ ေျမအျဖစ္ မသတ္မွတ္ခဲ့ၾကသလဲဆိုတာ စဥ္းစားေန မိပါတယ္။ တကယ္ေတာ့ ပုပၸားေတာင္မႀကီးမွာ သစ္ ေတာသစ္ပင္ႀကီးေတြအျပင္ ေဆးဘက္ဝင္ သစ္ပင္ သစ္ဥ၊ ဂမုန္းပင္အမ်ိဳးမ်ိဳးနဲ႔ ပန္းပင္အမ်ိဳးမ်ိဳး ေပါက္ ေရာက္ေနတယ္လို႔ ကြ်န္ေတာ္သိရွိနား လည္ထားပါ တယ္။ နတ္ႀကီးက သင့္ရဲ႕ ပုပၸားေတာင္ႀကီး အ ေၾကာင္း ရွင္းျပပါဦး။ ဘယ္လိုနက္နဲဆန္းၾကယ္မႈ ေတြ ရွိတယ္ဆိုတာလည္း သိခ်င္ပါတယ္။

နတ္ႀကီး။ ။ ကြ်ႏု္ပ္က ဒီေတာင္ႀကီးကို ေစာင့္ လာတာ ႏွစ္ေပါင္း ၁၈çဝ၀ဝ ရွိပါၿပီ။ ပုပၸား ေတာင္ႀကီးရဲ႕ ထူးျခားနက္နဲတဲ့အေၾကာင္းေတြကို အသင္ကတစ္ဆင့္ ျပည္သူျပည္သားေတြကို ရွင္းျပဖို႔ လိုအပ္လာၿပီလို႔ ယူဆတဲ့အတြက္ ယခုလို သင့္ဆီ ျြကလာျခင္း ျဖစ္ပါတယ္။

ပုပၸားေတာင္တစ္ဝိုက္မွာ ပုဂံျပည္ႀကီး မေပၚ ေပါက္မီက ေတာနက္ႀကီးေတြနဲ႔ ပတ္ဝိုင္းေနပါတယ္။ အဲဒီအခ်ိန္က ပုပၸားေတာင္ႀကီးနဲ႔ ကိုးမိုင္အကြာ ေလာက္အတြင္းမွာ ရြာေပါင္း ၁၁ ရြာ အိမ္ေျခေပါင္း ၂၀ဝ ဝန္းက်င္ေလာက္ပဲ ရွိပါတယ္။ လူဦးေရက ၈၀ဝ ေလာက္ပဲရွိပါတယ္။ အဲဒီအခ်ိန္က လူေတြက  လယ္ယာစိုက္ပ်ိဳးေရး လုပ္ငန္းကို လုပ္ကိုင္စား ေသာက္ျခင္း မရွိၾကေသးပါဘူး။ သစ္သီးဝလံနဲ႔ ေတာေကာင္ေလးေတြကိုပဲ ရွာေဖြ စားေသာက္ၾက ပါတယ္။

အဲဒီေခတ္က လူေတြက မၾကာခဏ ဖ်ားနာ ၿပီး ေသဆံုးၾကပါတယ္။ လူတိုင္း လူတိုင္းဟာ က်န္း မာေရးကိုပဲ ဂ႐ုစိုက္ေနၾကရပါတယ္။ ကိုးကြယ္မႈက ရြာရဲ႕ေရွ႕မွာ နတ္တိုင္ဆိုတာရွိပါတယ္။ ဒီနတ္တိုင္က နတ္ကိုပဲ ကိုးကြယ္ၾကတယ္။ တစ္ႏွစ္ ႏွစ္ႀကိမ္ နတ္ တိုင္က နတ္ကို သြားေရာက္ၿပီး နတ္တိုင္ေျခရင္းကို စားဖြယ္ေသာက္ဖြယ္မ်ားနဲ႔ ပစ္ေပါက္ၿပီး နတ္ႀကီးကို ပူေဇာ္ပသၾကတယ္။

ကြ်ႏု္ပ္။ ။ အဲဒီနတ္တိုင္မွာ နတ္ကေရာ ရွိရဲ႕လား။

နတ္ႀကီး။ ။ ရွိပါတယ္။ အထူးသျဖင့္ လူေတြ က က်န္းမာေရး ေကာင္းဖို႔ ဆုေတာင္းၾကပါတယ္။  ေမြးခါနီးကေလးဆိုလွ်င္ နတ္တိုင္ အနီးကပ္ၿပီး က်န္းမာေရး ေကာင္းဖို႔ ဆုေတာင္းၾကပါတယ္။

ကြ်ႏု္ပ္။ ။ ယခုထက္တိုင္ အခ်ိဳ႕ေသာ ပုဂၢိဳလ္ ေတြမွာ အဲဒီအခ်ိန္က နတ္တိုင္က နတ္ကို မယံု ၾကည္လို႔ မ႐ိုမေသျပဳခဲ့မိလို႔ နတ္တိုင္က နတ္က မေက်နပ္လို႔ လိုက္လံေႏွာင့္ယွက္ေနတာေတြ႕ရပါ တယ္။

နတ္ႀကီး။ ။ အုပ္ခ်ဳပ္ေရးကေတာ့ ကိုယ့္ရြာ နဲ႔ ကိုယ့္ေခါင္းေဆာင္နဲ႔ အုပ္ခ်ဳပ္တာ မ်ားပါတယ္။  ႏြားနဲ႔ ထြန္ရက္စိုက္ပ်ိဳးတာ၊ အိမ္မွာ ျမင္းေမြးတာ မရွိေသးပါဘူး။ ႏြားေရာျမင္းေရာ ေတာထဲမွာ သြား လာ ေနထိုင္ၾကပါတယ္။ အဲဒီအခ်ိန္က ပုပၸားနယ္မွာ ဝက္ ဆိတ္သတၲဝါေတြလည္း မရွိေသးပါဘူး။ ၾကက္ ေတာ့ရွိပါတယ္။ အဲဒီအခ်ိန္က အလြန္ႀကီးတဲ့ ေျြမႀကီး ေတြလည္း ရွိပါတယ္။ ေျြမႀကီးေတြက အရွည္ အေတာင္ ၃၀ ေလာက္ရွိတယ္။ လံုးပတ္ကလည္း ၁၀ ေပေလာက္ရွိပါတယ္။ သူတို႔က ႏြားတို႔ ျမင္းတို႔ ဂ်ီတို႔ သမင္တို႔ကို စားေသာက္ၾကပါတယ္။

ကြ်ႏု္ပ္။ ။ အဲဒီေျြမႀကီးေတြက ေနာက္ဘယ္ လိုေပ်ာက္ကြယ္သြားတာပါလဲ။

နတ္ႀကီး။ ။ အဆိပ္ျပင္းတဲ့ ကင္းေျခမ်ားႀကီး ေတြေရာက္လာၿပီး ေျြမႀကီးေတြကို တိုက္ခိုက္တဲ့အ တြက္ တျဖည္းျဖည္း အေကာင္ေရနည္းၿပီး မ်ိဳးတံုး ေပ်ာက္ကြယ္သြားပါတယ္။

ကြ်ႏု္ပ္။ ။ ကင္းေျခမ်ားႀကီးေတြက ဘယ္ ေလာက္ႀကီးသလဲ။ ဘယ္က လာတာလဲ။ ဘယ္လို  ေပ်ာက္ကြယ္သြားၾကတာလဲ။

နတ္ႀကီး။ ။ ကင္းေျခမ်ားႀကီးေတြက ဧရာဝတီျမစ္အေနာက္ဘက္က ကူးလာၾကတယ္။ ကင္းေျခမ်ားႀကီးေတြက အရွည္ေပ ၁၀ဝ၊ လံုးပတ္ ၂၅ ေပေလာက္ရွိတယ္။ ကင္းေျခမ်ားႀကီးေတြကို ေတာ့ ေကာင္းကင္က ငွက္ႀကီးေတြက လာၿပီး ခ်ီ သြားၾကတယ္။ ငွက္ႀကီးေတြက ဘယ္ေလာက္ႀကီး သလဲဆိုလွ်င္ ႏွစ္ဧကေလာက္ႀကီးတဲ့ ငွက္ႀကီးေတြ ျဖစ္တယ္။ ေနာက္ေတာ့ ငွက္ႀကီးေတြက လူေတြပါ လိုက္လံဖမ္းဆီးစားေသာက္ၾကတယ္။ ေနာက္ေတာ့ ပ်ဴေစာထီးလုလင္ေပၚလာၿပီး ငွက္ႀကီးေတြကို သူ႔ရဲ႕ ေလးနဲ႔ ပစ္ခတ္သတ္ျဖတ္ေတာ့ ငွက္ႀကီးႏွစ္ ေကာင္ ေသသြားတယ္။ အဲဒီေနာက္ ငွက္ႀကီးေတြ မလာ ၾကေတာ့ဘူး။

ကြ်ႏု္ပ္။ ။ ကြ်န္ေတာ္လည္း ငွက္ႀကီးေတြကို ပ်ဴေစာထီးလုလင္က သူ႔ရဲ႕ ေလးနဲ႔ ပစ္ခတ္လို႔ ငွက္ ႀကီးရန္ကို ႏွိမ္ႏွင္းႏိုင္တယ္ၾကားဖူးပါတယ္။ ငွက္ေမြး အေတာင္တစ္ေတာင္က အပ်ိဳေတာ္ ခုနစ္ေယာက္ ရြက္ရတယ္ဆိုတာ ဟုတ္ပါသလား။

နတ္ႀကီး။ ။ ဟုတ္ပါတယ္။ အဲဒီအခ်ိန္က ပုဂံက ရြာႀကီးသာသာပဲ ရွိပါေသးတယ္။ ရြာသူႀကီး ေတာ္ေတာ္မ်ားမ်ား အုပ္ခ်ဳပ္ၿပီးတဲ့ေနာက္မွ နန္း ေတာ္ေဆာင္လိုဟာမ်ိဳးေတြ စတင္ေပၚေပါက္လာပါ တယ္။ အေနာ္ရထာလက္ထက္မွာ နန္းေတာ္ အေဆာက္အအံုနဲ႔ စစ္တပ္ေတြပါ ဖြဲ႕စည္းၿပီး ဘုရင္ နဲ႔ အုပ္ခ်ဳပ္တဲ့ေခတ္ ေပၚေပါက္လာပါတယ္။

ကြ်ႏု္ပ္။ ။ ဗိႆႏိုးၿမိဳ႕ေတာ္က ပုဂံေခတ္ထက္ ေစာသလား။

နတ္ႀကီး။ ။ ဗိႆႏိုးၿမိဳ႕က ပုဂံေခတ္ထက္ ေစာပါတယ္။ ကြ်ႏု္ပ္ေတာ့ မေရာက္ဖူးပါဘူး။

ကြ်ႏု္ပ္။ ။ နတ္တို႔တန္ခိုးနဲ႔ ခ်က္ခ်င္းသြားလို႔ ရတာပဲ၊ ဘာျဖစ္လို႔ သြားမၾကည့္တာလဲ။

နတ္ႀကီး။ ။ ကြ်ႏု္ပ္နယ္ေျမ မဟုတ္ေတာ့ ကြ်ႏု္ပ္ထက္ တန္ခိုးႀကီးတဲ့ နတ္ေတြနဲ႔ ေတြ႕ေနမွာ စိုးလို႔ မသြားပါဘူး။

ကြ်ႏု္ပ္။ ။ ပုပၸားေတာင္ႀကီးမွာ ပုဂံျပည္ မေပၚ ေပါက္ခင္က ဘာေတြမ်ား ထူးျခားတာေတြ ရွိပါ ေသးလဲ။

နတ္ႀကီး။ ။ အလြန္ျပင္းထန္တဲ့ ငလ်င္ႀကီး    ႏွစ္ႀကိမ္လႈပ္ပါတယ္။ လူေတြေနတဲ့ အိမ္ေတြလည္း ၿပိဳလဲပ်က္စီးပါတယ္။ အလြန္ႀကီးတဲ့ သစ္ပင္ႀကီးေတြ လည္း ၿပိဳလဲ ပ်က္စီးပါတယ္။ တခ်ိဳ႕လူေတြလည္း ထိခိုက္ဒဏ္ရာ ရတာေတြ ရွိပါတယ္။ လူေတြလည္း ေျမႀကီးေပၚမွာ ဝမ္းလ်ားေမွာက္ ေနၾကရပါတယ္။ လူေတြလည္း အလြန္ေၾကာက္ရြံ႕ၿပီး သံုးလေလာက္   ေျမႀကီးကိုပဲ ေတာင္းပန္ရွိခိုးေနၾကရပါတယ္။

ေနာက္တစ္ခုက ပုပၸားေတာင္ႀကီးပတ္ဝန္း က်င္မွာ မိုးႀကိဳးမုန္တိုင္းေတြ ပစ္ပါတယ္။ ႏွစ္နာ ရီေလာက္ပစ္ပါတယ္။ လူေတြေရာ၊ တိရစၦာန္ေတြ ေရာ အေသအေပ်ာက္ရွိပါတယ္။ မိုးႀကိဳးမုန္တိုင္း ေတြ ျဖစ္ၿပီးတဲ့အခါ လူေတြအားလံုး ပုပၸားနယ္ တစ္ဝိုက္က ေျပာင္းေရႊ႕ထြက္ခြာသြားၾကပါတယ္။

ကြ်ႏု္ပ္။ ။ အဲဒီအခ်ိန္က ပုပၸားေတာင္မႀကီး  မွာ အျခားနတ္ေတြ၊ ဝိဇၨာေတြ၊ ေဇာ္ဂ်ီေတြ ရွိေသး သလား။

နတ္ႀကီး။ ။ အဲဒီအခ်ိန္က ကြ်ႏု္ပ္နဲ႔ နတ္႐ိုင္း ႀကီး ငါးပါးပဲရွိပါတယ္။

ကြ်ႏု္ပ္။ ။ က်န္တဲ့ ထူးျခားတဲ့ သမိုင္းေၾကာင္း ေတြရွိလွ်င္ ဆက္ၿပီး မိန္႔ၾကားပါဦး။

နတ္ႀကီး။ ။ ပ်ဴေစာထီးလုလင္ ငွက္ႀကီးေတြ ရန္ကို ႏွိမ္နင္းၿပီးတဲ့အခါ ပုပၸားေတာင္တစ္ဝိုက္ကို   ဆင္အုပ္ႀကီးတစ္အုပ္ ေရာက္လာပါတယ္။ သူတို႔ကို  ဆင္ျဖဴႀကီးတစ္ေကာင္ ဦးေဆာင္ပါတယ္။ ဆင္ ေကာင္ေရ ၁၀ဝ ေလာက္ရွိပါတယ္။ ဆင္ျဖဴႀကီး အနီးမွာ ဆင္မည္း ငါးေကာင္ေလာက္ အၿမဲရွိတယ္။ ဆင္ျဖဴႀကီးကို ဝိုင္းရံေစာင့္ေရွာက္ထားပံုရတယ္။ ဆင္ေတြက ငွက္ေပ်ာပင္ေတြ စားၾကတယ္။

ပုပၸားေတာင္မႀကီး အေရွ႕ဘက္ေတာင္ေျခ မွာ သစ္ေခါက္ဆိုးသကၤန္းနဲ႔ ရေသ့တစ္ပါးလည္း ေရာက္ေနတယ္။ ဝါးေက်ာင္းေလးနဲ႔ တစ္ပါးတည္း သီတင္းသံုးတယ္။ တစ္ရက္ေတာ့ ရေသ့ႀကီးေနတဲ့ ေက်ာင္းသခၤမ္းအနီး ဆင္အုပ္ႀကီးက အစာရွာရင္း ေရာက္သြားၾကတယ္။ ဆင္ျဖဴေတာ္ႀကီးက ရေသ့ ႀကီး ျမင္တဲ့အခါ ရေသ့ႀကီးေက်ာင္းအနီးသြားတယ္။ ခႏၶာကိုယ္ကို ဝပ္ၿပီး ႏွာေမာင္းေျမာက္ လက္ႏွစ္ဖက္ က ရွိခိုးဟန္ အ႐ိုအေသျပဳတယ္။ ဆင္ျဖဴႀကီးက အ႐ိုအေသျပဳေတာ့ က်န္တဲ့ ဆင္အားလံုးလည္း ရေသ့ႀကီးကို အ႐ိုအေသျပဳၾကတယ္။ ထိုအခါ ရေသ့      ႀကီးက ဆင္အုပ္ႀကီးရဲ႕ အ႐ိုအေသျပဳတာ ေခတၲ ခံယူၿပီး ဆင္ျဖဴႀကီးဆီသြားၿပီး တစ္စံုတစ္ရာေျပာဆို ၿပီး ေမတၲာပို႔ပံုရတယ္။ အဲဒီေနာက္ ဆင္အုပ္ႀကီး က ေက်ာင္းသခၤမ္းအနီးမွ ထြက္ခြာသြားၾကတယ္။ ရေသ့ႀကီးလည္း ၁၅ ႏွစ္ေလာက္ ေနၿပီးတဲ့အခါ ျပန္ျြကသြားတယ္။ ရေသ့ႀကီးျပန္သြားၿပီးတဲ့ေနာက္ ရေသ့သူေတာ္စင္ေတြ ေရာက္လာၾကၿပီး တရား အက်င့္ က်င့္ၾကပါတယ္။ တစ္ခါတစ္ရံ အေရာင္ေတြ ျဖာေနတဲ့ နတ္ႀကီးေတြလည္း ရေသ့သူေတာ္စင္ေတြ ဆီေရာက္လာတာ အံ့ဩဖြယ္ရာ ေတြ႕ရပါတယ္။

ကြ်ႏု္ပ္။ ။ နတ္ႀကီးက အဲဒီအခ်ိန္က ဗုဒၶဘာ သာဝင္ မျဖစ္ေသးဘူးလား။

နတ္ႀကီး။ ။ မျဖစ္ေသးပါဘူး။ အခုလည္း ကြ်ႏု္ပ္က ဗုဒၶဘာသာဝင္ မဟုတ္ပါဘူး။ ကြ်ႏု္ပ္ လူ႕ဘဝတုန္းက ကိုးကြယ္တဲ့ ေနရထားနတ္ကိုပဲ ကိုး ကြယ္ပါတယ္။

ကြ်ႏု္ပ္။ ။ ဘာေၾကာင့္ ေနကို ေနရထား နတ္လို႔ ေခၚတာပါလဲ။

နတ္ႀကီး။ ။ ေနလံုးႀကီးက သူ႔အတိုင္းသြား တာ မဟုတ္ဘဲ ရထားနဲ႔ သြားတယ္ထင္လို႔ ေနရထား နတ္လို႔ ေခၚဆိုျခင္းျဖစ္ပါတယ္။

ကြ်ႏု္ပ္။ ။ နတ္ႀကီးက ေနကို ကိုးကြယ္တယ္ ဆိုေတာ့ ေနနတ္သားနဲ႔ ေတြ႕ဖူးပါသလား။

နတ္ႀကီး။ ။ မေတြ႕ဖူးပါဘူး။

 

ကြ်ႏု္ပ္။ ။ ကဲ ပုပၸားေတာင္ႀကီးအေၾကာင္း ထူးျခားတာရွိလွ်င္ ဆက္ေျပာပါဦး။

နတ္ႀကီး။ ။ လူေတြမိုးႀကိဳးမုန္တိုင္းေတြ က်လို႔ ပုပၸားေဒသက ထြက္ခြာသြားၿပီးတဲ့ေနာက္ ႏွစ္ေပါင္း  ၂၀ ေလာက္ၾကာတဲ့အခါ ယခုပုဂံေဒသမွာ လူဦးေရ၊ အိမ္ေျခေတြ ေတာ္ေတာ္ တိုးတက္မ်ားျပား လာတယ္။ အဲဒီလူေတြက လယ္ယာစိုက္ပ်ိဳးေရး လုပ္ ငန္းေတြကိုလည္း က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ကိုင္လာ ၾကတယ္။ တျဖည္းျဖည္းနဲ႔ ပုပၸားေတာင္အနီးကို ေရာက္လာၾကတယ္။ အဲဒီေနာက္ပိုင္းမွာ ပုဂံမွာ ထီးနဲ႔နန္းနဲ႔ အုပ္ခ်ဳပ္တဲ့ႏိုင္ငံျဖစ္လာတယ္။

ကြ်ႏု္ပ္။ ။ ပုဂံေခတ္ ပုပၸားေတာင္ ပတ္ဝန္း က်င္ အေျခအေနေျပာပါဦး။

နတ္ႀကီး။ ။ ပုဂံၿမိဳ႕ကေန လူေတြ ျမင္းေတြနဲ႔ မၾကာခဏ ေရာက္လာၾကတယ္။ ေတာေကာင္ေတြ ပစ္ခတ္ဖို႔ ေတာလိုက္လာၾကတာ မဟုတ္ပါဘူး။ ေဆးပင္၊ ေဆးျမစ္ေတြ လာၿပီး ရွာေဖြတူးေဖာ္ၾကတာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က ပုပၸားေတာင္ႀကီးမွာ ေဆးဘက္ဝင္ အပင္မ်ိဳးစံု ပန္းမ်ိဳးစံု၊ ႏြယ္မ်ိဳးစံု ေပါက္ ေရာက္လ်က္ရွိပါတယ္။ ပုပၸားေတာင္ႀကီးတစ္ဝိုက္မွာ ေတာနက္ႀကီးက ဖံုးလႊမ္းထားပါတယ္။ ေတာကိုမွီ တဲ့ သတၲဝါမ်ိဳးစံုရွိပါတယ္။

ေနာက္ေတာ့ အဂၢိရတ္ထိုးတဲ့သူေတြေရာက္ လာတယ္။ တရားက်င့္တဲ့ ရေသ့ေတြလည္း ပိုၿပီး ေရာက္လာတယ္။ ေတာင္ကလပ္ထက္ ေတာင္မႀကီး အေျခမွာက ပိုမ်ားပါတယ္။

ေနာက္ေတာ့ ေတာင္ကလပ္မွာ ယခုေခတ္ အေခၚ ပုပၸားမယ္ေတာ္ႀကီးလို႔ေခၚတဲ့ မယ္ဝဏၰနဲ႔ ေမာင္တင့္တယ္လို႔ေခၚတဲ့ နတ္ေမာင္ႏွမေရာက္လာ တယ္။ သူတို႔ေရာက္လာၿပီး ၁၅ ႏွစ္ေလာက္ၾကာ ေတာ့ ပုဂံဘက္က ပန္းလာခူးတဲ့သူေတြ ျမင္းေတြနဲ႔ မၾကာမၾကာ ေရာက္လာၾကတယ္။

ကြ်ႏု္ပ္။ ။ မယ္ဝဏၰနဲ႔ အေနာ္ရထာမင္းရဲ႕ စစ္သည္ေတာ္ ေမာင္ဗ်တၲနဲ႔ ရည္ငံၾကၿပီး သားႏွစ္ ေယာက္ရတာ မသိဘူးလား။

နတ္ႀကီး။ ။ အစပိုင္းေတာ့ မသိပါဘူး။ ကေလး ႏွစ္ေယာက္ရၿပီးမွ ေတာင္ကလပ္ကိုေစာင့္ တဲ့ ေတာင္ေစာင့္နတ္က ေျပာလို႔သိရပါတယ္။

ကြ်ႏု္ပ္။ ။ နတ္ႀကီး ပုဂံက အေနာ္ရထာဘုရင္ နဲ႔ က်န္စစ္သားတို႔အေၾကာင္း ေျပာဦးမလား။

နတ္ႀကီး။ ။ အဲဒီအေၾကာင္းေတြက မင္း လည္း သိၿပီးသားဆိုေတာ့ မေျပာေတာ့ပါဘူး။ မယ္ ဝဏၰနဲ႔ ေမာင္တင့္တယ္ကို ပုပၸားနယ္တစ္ဝိုက္မွာရွိတဲ့ လူေတြ ကိုးကြယ္လာၾကပံုကို ေျပာခ်င္ပါတယ္။ ေမာင္ဗ်တၲ အသတ္ခံရၿပီးတဲ့ေနာက္ သူ႔ရဲ႕သားေတာ္ ႏွစ္ပါးကို ပုဂံျပည္ေခၚသြားတဲ့အခါ မယ္ဝဏၰခမ်ာ အေတာ္ေလး စိတ္ထိခိုက္ရွာတယ္။ သူ႔ေမာင္က လည္း အမ်ိဳးမ်ိဳး ေဖ်ာင္းဖ်ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ အပူေသာက မီးၿငိမ္းမသြားပါဘူး။ မၾကာခဏ လူ ေယာင္ေဆာင္ၿပီး သူ႔သားေတာ္ႏွစ္ပါးကို သြားသြား ၾကည့္တယ္။ လူေတြက ဒီသားေတာ္ ႏွစ္ပါးဟာ ပန္းေတာ္ဆက္ ေမာင္ဗ်တၲနဲ႔ မယ္ဝဏၰဘီလူးမတို႔ ညားၿပီး ရတဲ့သားမွန္း သိသြားၾကတယ္။ အဲဒီမွာတင္ မယ္ဝဏၰဘီလူးမကို စတင္ကိုးကြယ္ၾကပါတယ္။ စားဖြယ္ေသာက္ဖြယ္မ်ား ဆက္သၿပီး သူတို႔ကို ေစာင့္ ေရွာက္ဖို႔ အကူအညီေတာင္းၾကပါတယ္။ ေနာက္ ေတာ့ တစ္ႏွစ္တစ္ႀကိမ္ ေတာင္ကလပ္က မယ္ဝဏၰ ကို လာေရာက္ပူ ေဇာ္ကန္ေတာ့ၾကပါတယ္။ မယ္ ဝဏၰကလည္း တစ္ခါတစ္ရံ သူ႔ကို လာေရာက္ပူေဇာ္ ၾကတဲ့သူေတြကို ကိုယ္ထင္ျပတာေတြ ရွိတယ္။ အဲဒီ မွာတင္ ယံုၾကည္ ကိုးကြယ္သူေတြပိုၿပီး မ်ားလာရာက နတ္ပြဲေတြ ျဖစ္ေပၚလာတယ္။ ယခုထက္တိုင္ မယ္ ဝဏၰ နတ္ဘီလူးမႀကီး ပုပၸားေတာင္ကလပ္မွာ ရွိပါ တယ္။

လြန္ခဲ့တဲ့ႏွစ္၄၀ဝေလာက္ က နတ္ႀကီးသံုးပါး ပုပၸားေတာင္ မႀကီး ေရာက္လာပါတယ္။ သူတို႔ က ကြ်ႏု္ပ္ထက္ပိုၿပီး တန္ခိုးႀကီး ပါတယ္။ သူတို႔ရဲ႕ ခႏၶာကိုယ္က ေငြေရာင္ေတြ ျဖာထြက္ေနပါ တယ္။ ေနာက္ေတာ့မွ ျမန္မာ ႏိုင္ငံကို ေစာင့္ေရွာက္တဲ့ နတ္ ႀကီးေတြမွန္း သိရပါတယ္။

အေနာ္ရထာဘုရင္လက္ ထက္ကစၿပီး ပုပၸားေတာင္ေျခက ရြာေတြမွာလည္း ဗုဒၶဘာသာကို စတင္ ကိုးကြယ္လာၾကပါတယ္။

ကြ်ႏု္ပ္။ ။ အေနာ္ရထာ ဘုရင္လက္ထက္မွာ အရည္းႀကီး ရဟန္းေတြမရွိဘူးလား။

နတ္ႀကီး။ ။ အရည္းႀကီး ရဟန္းေတြ၊ ရြာေတြအထိ ရွိပါ တယ္။ အရည္းႀကီး ရဟန္းေတြ က ေရငုပ္ၿပီး က်င့္တယ္။ တံုးခုန္ ၿပီး က်င့္တယ္။ ဇယ္ခပ္ၿပီး က်င့္တယ္။  မႏၱန္ေတြ လည္း ရြတ္တယ္။ အဂၢိရတ္လည္း ထိုးၾကတယ္။

ကြ်ႏု္ပ္။ ။ သူတို႔ကေရာ ဗုဒၶဘာသာပဲလား။ ဘုရားေစတီေတြ ႐ုပ္ပြားေတာ္ေတြ မကိုးကြယ္ဘူး လား။

နတ္ႀကီး။ ။ ဘုရားေစတီေတြ မရွိပါဘူး။ ႐ုပ္ပြားေတာ္ေတြေတာ့ ရွိပါတယ္။ ဗုဒၶဘာသာလား ဘာဘာသာမွန္းေတာ့ မသိပါဘူး။ တစ္ရက္မွာ ထမင္း က မနက္စာပဲ စားတယ္။ ညေနစာ မစားပါဘူး။

ကြ်ႏု္ပ္။ ။ အဲဒီအရည္းႀကီး ရဟန္းေတြက မဂၤလာေဆာင္မယ့္ သားတို႔သမီးကို ပန္းဦးလႊတ္ တယ္ဆိုတာ ဟုတ္ပါသလား။

နတ္ႀကီး။ ။ မဟုတ္ပါဘူး။ မဂၤလာေဆာင္ မယ့္ သတို႔သား၊ သတို႔သမီးက မဂၤလာပြဲေန႔မွာ ရြာဦး က အရည္းႀကီး ရဟန္းကို သြားေရာက္ၿပီး ကန္ေတာ့ ရတာေတာ့ရွိပါတယ္။

ကြ်ႏု္ပ္။ ။ အေနာ္ရထာဘုရင္လက္ထက္မွာ အရည္းႀကီး ရဟန္းေတြကို သတ္ပစ္တယ္။ အခ်ိဳ႕ ဆင္ေခ်းက်ံဳး၊ ျမင္းေခ်းက်ံဳးခိုင္းတယ္ဆိုတာ ဟုတ္ပါ သလား။

နတ္ႀကီး။ ။ သတ္မပစ္ပါဘူး။ လူဝတ္လဲခိုင္း တာပဲ ရွိပါတယ္။ အေနာ္ရထာမင္း လက္ထက္မွာ လူေတြက ဗုဒၶဘာသာကို စတင္ကိုးကြယ္လာၾကတာ အဲဒီလူေတြ ကြယ္လြန္ေတာ့ အခ်ိဳ႕ နတ္ျဖစ္တာေတြ ရွိပါတယ္။ ပုပၸားေတာင္နဲ႔ ေတာင္ကလပ္မွာ လာ ေရာက္ေနၾကတဲ့ နတ္သား၊ နတ္သမီးေတြရွိလာ ပါတယ္။ ဘုရင္အဆက္ဆက္ကလည္း ပုပၸားမယ္ ေတာ္နဲ႔ ေမာင္တင့္တယ္ နတ္ေမာင္ႏွမကို ပူေဇာ္ ဆက္သတာေတြ ရွိလာပါတယ္။ ကြ်ႏု္ပ္ကိုေတာ့ သူတို႔ မသိၾကပါဘူး။ ဘုရင္ေခတ္ ကုန္ၿပီးတဲ့ေနာက္ အရပ္သားအုပ္ခ်ဳပ္တဲ့ ေခတ္မွာေတာ့ ပုပၸားေတာင္ ကလပ္မွာ ဘုရားေစတီေတြ တည္ၾကတယ္။ က်ဳပ္ရဲ႕ ေတာင္မႀကီးမွာလည္း ဘုရားေစတီ ႏွစ္ဆူ လာတည္ တယ္။ အခုေတာ့ ငါးဆူေလာက္ရွိတယ္။

ကြ်ႏု္ပ္။ ။ ေတာင္ကလပ္မွာေတာ့ ဘုရား ေစတီေတြ ေစာင္းတန္းေတြ ေက်ာင္းကန္ ဇရပ္ေတြ နဲ႔ လူေတြ အထူးစည္ကား မ်ားျပားေနတယ္။ ေတာင္မႀကီးက ဘာျပဳလို႔ အဲဒီလို မစည္ကားတာလဲ။

နတ္ႀကီး။ ။ အဲဒီအခ်က္က အလြန္အေရးႀကီး တဲ့ေမးခြန္းပဲ။ ေတာင္မႀကီးေပၚမွာ အဲဒီလို ေလးလံ တဲ့ ဘုရားေစတီမ်ိဳး အေဆာက္အအံုမ်ိဳးေတြ တည္ လို႔မရပါဘူး။ အဘယ္ေၾကာင့္လဲဆိုေတာ့ ေတာင္မ ႀကီးအတြင္းမွာ အလြန္ တန္ခိုးႀကီးတဲ့ နတ္ဘီလူးႀကီး သံုးပါးရွိပါတယ္။ သူတို႔က ေတာင္ႀကီး အေျခပ်က္ မည့္ ႀကီးမားတဲ့ ဘုရားေစတီေက်ာင္း၊ အေဆာက္ အအံုေတြ ေဆာက္တာ လက္မခံပါဘူး။

ကြ်ႏု္ပ္။ ။ သူတို႔က ဘယ္အတြက္ေၾကာင့္ ေတာင္မႀကီးအတြင္း ေရာက္ေနတာလဲ။

နတ္ႀကီး။ ။ ေတာင္မႀကီးေအာက္မွာ အလြန္ ႀကီးမားတဲ့ ေရႊသိုက္ႀကီးရွိတယ္။ အဲဒီေရႊသိုက္ႀကီး ကို ေစာင့္ေနတာပါ။ အခုေတာင္ေျခမွာ ေက်ာက္ေတြ တူးေနတဲ့ အဖြဲ႕တစ္ဖြဲ႕ရွိတယ္။ အေပၚယံကိုပဲ တူး ခြင့္ျပဳတာပါ။ ေတာင္ႀကီး အေျခပ်က္ေအာင္ ေရႊတြင္း ေတြ တူးမည္ဆိုလွ်င္ ဘီလူးႀကီးမ်ားရဲ႕ အႏၱရာယ္ က်ေရာက္ႏိုင္ပါတယ္။

ကြ်ႏု္ပ္သည္ ၃-၅-၂၀၁၈ ရက္ မနက္ ၄ နာရီတြင္ ပုပၸားေတာင္မႀကီးအတြင္းမွာရွိတဲ့ ေရႊသိုက္ ႀကီးကို ေစာင့္တဲ့ဘီလူးႀကီးသံုးပါးကို ပင့္ဖိတ္လိုက္ပါ တယ္။ အနက္ေရာင္ဘီလူးႀကီးသံုးပါး ျြကလာပါ တယ္။

ကြ်ႏု္ပ္။ ။ ဘီလူးႀကီးမ်ား ယခုလို ျြကေရာက္ လာတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဘီလူးႀကီးမ်ား ကို သိခ်င္တာေလးေတြ ရွိလို႔ ပင့္လိုက္တာပါ။ ဘီလူး ႀကီးမ်ား ဒီပုပၸားေတာင္မႀကီးထဲ ေရာက္ေနတာ ဘယ္ေလာက္ၾကာပါၿပီလဲ။ ဘာတာဝန္နဲ႔ ေရာက္ေန ၾကတာပါလဲ။

ဘီလူးႀကီးမ်ား။ ။ ကြ်ႏု္ပ္တို႔ ေရာက္ေနတာ ႏွစ္ေပါင္း ၂၂çဝ၀ဝ ရွိပါၿပီ။ ပုပၸားေတာင္မႀကီး ေအာက္က ေရႊတြင္းႀကီးကို ေစာင့္ေရွာက္ဖို႔ ေရာက္ ေနၾကတာပါ။

ကြ်ႏု္ပ္။ ။ ဘီလူးႀကီးမ်ားကို ဒီတာဝန္ ဘယ္ပုဂၢိဳလ္က ေပးတာလဲ။ ဘီလူးႀကီးတို႔ မူလ သီတင္းသံုးတဲ့ ေနရာက ဘယ္ေဒသမွာပါလဲ။

ဘီလူးႀကီးမ်ား။ ။ ကြ်ႏု္ပ္တို႔သံုးပါးကို ကြ်ႏု္ပ္ တို႔ရဲ႕ အႀကီးအကဲ ဘီလူးႀကီးက တာဝန္ေပးလို႔ လာေရာက္ေစာင့္ေရွာက္တာပါ။ ကြ်ႏု္ပ္တို႔က သီရိ လကၤာႏိုင္ငံ ေတာင္တစ္ေတာင္မွာ ေနၾကပါတယ္။ အဲဒီမွာ ကြ်ႏု္ပ္တို႔ကဲ့သို႔ ဘီလူးမ်ိဳးေပါင္း ၃၀ဝ ရွိပါ တယ္။

ကြ်ႏု္ပ္။ ။ ပုပၸားေတာင္မႀကီးေပၚမွာ ဘုရား ေစတီႀကီးႀကီးမားမား တည္တာ ေစာင္းတန္းႀကီး ေတြေဆာက္တာ လက္မခံဘူးဆိုတာ ဟုတ္ပါသလား

ဘီလူးႀကီးမ်ား။ ။ မွန္ပါတယ္။

ကြ်ႏု္ပ္။ ။ ေတာင္ႀကီးရဲ႕ မူလသဘာဝအလွ အပကို ပ်က္စီးမွာစိုးလို႔ပါလား။

ဘီလူးႀကီးမ်ား။ ။ ေတာင္ႀကီးေပၚမွာ ေလး ပင္တဲ့ အေဆာက္အအံုေတြ မေဆာက္ေစခ်င္ပါဘူး။ ဘာေၾကာင့္လဲဆိုလွ်င္ ဒီေတာင္ႀကီးထဲမွာ နတ္ သားနတ္သမီး စံုတြဲ ၅၀ဝ ေလာက္ရွိပါတယ္။ သူတို႔ က သူတို႔အေပၚက ထုတဲ့ ႐ိုက္တဲ့ ႏွက္တဲ့ အသံေတြ မၾကားခ်င္ၾကပါဘူး။ တိတ္ဆိတ္ ေအးခ်မ္းတဲ့ဘဝ ကိုပဲ ေနခ်င္ၾကပါတယ္။ အေဆာက္အအံုေတြ ေဆာက္လွ်င္ လမ္းေတြ ေဖာက္လွ်င္ သူတို႔ရဲ႕ ေအး ခ်မ္းတဲ့ဘဝ ပ်က္စီးသြားေစႏိုင္ပါတယ္။

ကြ်ႏု္ပ္။ ။ အဲဒီနတ္သား၊ နတ္သမီးေတြနဲ႔ ဘီလူးႀကီးတို႔က ဘယ္သူက အရင္ေရာက္တာပါလဲ။

ဘီလူးႀကီးမ်ား။ ။ သူတို႔က အရင္ေရာက္ေန တာပါ။

ကြ်ႏု္ပ္။ ။ အဲဒီနတ္သား၊ နတ္သမီးေတြနဲ႔ ဘီလူးႀကီးတို႔နဲ႔ အဆက္အဆံမရွိဘူးလား။

ဘီလူးႀကီးမ်ား။ ။ မရွိပါဘူး။

ကြ်ႏု္ပ္။ ။ ဘီလူးႀကီးတို႔က ပုပၸားေတာင္ႀကီး ေအာက္က ေရႊတြင္းႀကီးေစာင့္ေနရတယ္ဆိုေတာ့ ေရႊေတြ ဘယ္ေလာက္မ်ားရွိလို႔ပါသလဲ။

ဘီလူးႀကီးမ်ား။ ။ ေရႊေတြကေတာ့ အက်ယ္ ၄၀ ဧက အနက္က အေတာင္ ၆၀ဝ ေလာက္ရွိပါ တယ္။

ကြ်ႏု္ပ္။ ။ ဒီေရႊေတြက ဘယ္အေျခအေန မွာ တူးေဖာ္ခြင့္ျပဳမွာပါလဲ။

ဘီလူးႀကီးမ်ား။ ။ ျမန္မာျပည္သူေတြ အလြန္ ဆင္းရဲက်ပ္တည္းတဲ့အခ်ိန္ၾကမွ တူးခြင့္ျပဳမွာပါ။

ကြ်ႏု္ပ္။ ။ ယေန႔အခ်ိန္မွာ ျမန္မာျပည္သူေတြ ဆင္းရဲက်ပ္တည္းေနတာ ကမၻာ့အဆင္းရဲဆံုး ႏိုင္ငံ  စာရင္းထဲလည္း ေရာက္ေနပါတယ္။ ျမန္မာႏိုင္ငံ သားေတြ အျခားႏိုင္ငံေတြ သြားေရာက္အလုပ္လုပ္ ကိုင္ေနၾကရတယ္။ ယခုအခ်ိန္မွာ တူးခြင့္မျပဳႏိုင္ ဘူးလား။

ဘီလူးႀကီးမ်ား။ ။ တို႔က ဒီအေျခအေနကို ဆင္းရဲတယ္လို႔ မသတ္မွတ္ပါဘူး၊

ကြ်ႏု္ပ္။ ။ ယခုအခ်ိန္မွာ ျမန္မာႏို္င္ငံထဲကို ကုလားေတြေရာ၊ တ႐ုတ္ေတြေရာ အမ်ားႀကီး ဝင္ ေရာက္ေနၾကပါတယ္။ ေနာင္တစ္ခ်ိန္ ဧည့္သည္ႏိုင္ငံ သားေတြက တိုင္းရင္းသားေတြထက္ မ်ားသြားႏိုင္ပါ တယ္။ အဲဒီအခါက်မွေပးလွ်င္ မူလႏိုင္ငံသားေတြ  မရဘဲရွိႏိုင္ပါတယ္။ ယခုအခ်ိန္မေပးႏိုင္ဘူးလား။

ဘီလူးႀကီးမ်ား။ ။ ျမန္မာႏိုင္ငံနဲ႔ ျမန္မာလူမ်ိဳး  က ဘယ္ေတာ့မွ မေပ်ာက္ကြယ္ႏိုင္ပါဘူး။ အဲဒါကို တို႔က အေသအခ်ာသိပါတယ္။ မၾကာခင္ သူတို႔ဝင္ ေရာက္ေနတာေတြကို တားဆီးႏိုင္ေတာ့မွာပါ။

ကြ်ႏု္ပ္။ ။ ဒီပုပၸားေတာင္မႀကီးနဲ႔ ပတ္သက္ လို႔ အျခားမိန္႔ၾကားစရာရွိလွ်င္လည္း ေျပာပါဦး။

ဘီလူးႀကီးမ်ား။ ။ ထူးျခားတာႏွစ္ခ်က္ရွိပါ တယ္။

၁။ ဒီေတာင္ႀကီးထဲမွာ အျခားအသံုးဝင္တဲ့  သတၲဳေတြလည္းရွိတယ္။ ဒီသတၲဳေတြ တူးမည္၊ ဒီ ေရႊေတြတူးမည္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ မတူးပါနဲ႔။ တူးေဖာ္ဖို႔  ႀကိဳးစားလွ်င္ တူးေဖာ္ဖို႔ ခြင့္ျပဳသူေရာ တူးသူေရာ အားလံုးကို ႐ူးေအာင္လုပ္ပစ္မည္။

၂။ ဒီေတာင္ႀကီးေအာက္မွာ ေရႊေတြအျပင္ အလြန္တန္ဖိုးႀကီးတဲ့ သတၲဳႏွစ္မ်ိဳးလည္း ရွိေသး တယ္။ အဲဒါေၾကာင့္ ဒီေတာင္ႀကီးနဲ႔ ဒီေတာင္ႀကီး တစ္ဝိုက္ကို တိုင္းျပည္က ကာကြယ္ေစာင့္ေရွာက္ ထားေစခ်င္ပါတယ္။

 

သတၲဝါမ်ား က်န္းမာခ်မ္းသာၾကပါေစ

ဆရာဝင္း (သာကီႏြယ္)

 

Unicode Version

ကျွန်တော်ပုပ္ပားတောင်ကလပ် ပေါ်ရောက်တဲ့ အခါ ပုပ္ပားတောင်မကြီးကို အနီးကပ်မြင်ရတော့ အလွန်စိတ်ကြည်နူးပီတိဖြစ်ရပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ပုပ္ပားတောင်ကြီးလောက် ကြီးတဲ့ တောင်၊ မြင့်တဲ့တောင် မရှိဘူးထင်ပါတယ်။ တောင် ကြီးက သစ်ပင်ဝါးပင်တွေနဲ့ စိမ်းလန်းစိုပြည်နေ တယ်။ တောင်ခြေပတ်ဝန်းကျင်တစ်ဝိုက်မှာလည်း သစ်တောတွေကို ထိန်းသိမ်းထားတော့ ပတ်ဝန်း ကျင်တစ်ခုလုံး စိမ်းလန်းစိုပြည်နေတယ်။ တောင်ခြေ ပတ်ဝန်းကျင် တစ်ခုလုံး စိမ်းလန်းစိုပြည်နေတာက လည်း တောင်ကြီးရဲ့ အလှကို အားပြည့်စေပါတယ်။
ဒါကြောင့်လည်း ဂီတပညာရှင်များက တောင် ကြီးရဲ့ အလှကို အမျိုးမျိုးရေးစပ် သီကုံးဖွဲ့ဆိုထား ကြပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက် က ပုပ္ပားတောင်ကလပ်ကနေ မြင်းခြံဘက် ဆင်း တယ် ထင်တာပဲ တောကြီးကို ဖြတ်ပြီး ဆင်းလာ တဲ့အခါ လမ်းမှာ ပန်းပျိုးပင်ရောင်းတဲ့ ပန်းဥယျာဉ် တွေလည်း တွေ့ရတယ်။ ကားထဲက ကက်ဆက်က လည်း ပုပ္ပားတောင်နဲ့ ပတ်သက်တဲ့ သီချင်းတွေ ဖွင့်လာတော့ အင်မတန် စိတ်အေးချမ်းသာ ရှိလှ ပါတယ်။
၁-၅-၂၀၁၈ ရက် မနက်ကတော့ ပုပ္ပား တောင်ကြီးအကြောင်းကို ရေးသားတင်ပြဖို့အ ကြောင်း ဖန်လာပါတယ်။
၁-၅-၂၀၁၈ မနက် ၄ နာရီ ၄၅ မိနစ်မှာ ကျွန်တော့် စာရေးစားပွဲရှေ့ အနက်ရောင် နတ်ကြီး တစ်ပါး ကြွလာတာ တွေ့ရပါတယ်။
ကျွန်ုပ်။ ။ နတ်ကြီးက ကျွန်တော့်ဆီ ဘာကိစ္စ ကြွလာတယ်။ ဘယ်က ကြွလာတယ်ဆိုတာ အမိန့် ရှိပါဦး။
နတ်ကြီး။ ။ ကျွန်ုပ်က ပုပ္ပားတောင်စောင့် နတ်ကြီးပါ။ တောင်ကလပ်ကို စောင့်တဲ့ နတ် မဟုတ် ပါဘူး။ တောင်ကလပ်က သီးခြားနတ်တစ်ပါး စောင့် ပါတယ်။
ကျွန်ုပ်။ ။ နတ်ကြီး ကြွလာတာ ဝမ်းမြောက် လှပါတယ်။ ကျွန်တော် မနေ့မနက်ကပဲ ပုပ္ပား တောင်ကြီးအကြောင်း စဉ်းစားနေမိပါတယ်။ လူတွေ က ပုပ္ပားတောင်ကလပ်မှာသာ အသွားအလာများ ပြီး ဘာကြောင့် ပုပ္ပားတောင်မကြီးကို စိတ်မဝင်စား ကြတာလဲ။ ဘိုးမင်းခေါင်တို့၊ ဆရာတော်ဦးပရမ ဝဏ္ဏသိဒ္ဓိတို့၊ ဦးကျော်နီစတဲ့ ဝိဇ္ဇာကြီးတွေကလည်း ပုပ္ပားတောင်ကလပ်ကိုပဲ အခြေပြုသာသနာပြုကြ တယ်။ ဘာကြောင့် တောင်မကြီးကို သာသနာနယ် မြေအဖြစ် မသတ်မှတ်ခဲ့ကြသလဲဆိုတာ စဉ်းစားနေ မိပါတယ်။ တကယ်တော့ ပုပ္ပားတောင်မကြီးမှာ သစ် တောသစ်ပင်ကြီးတွေအပြင် ဆေးဘက်ဝင် သစ်ပင် သစ်ဥ၊ ဂမုန်းပင်အမျိုးမျိုးနဲ့ ပန်းပင်အမျိုးမျိုး ပေါက် ရောက်နေတယ်လို့ ကျွန်တော်သိရှိနား လည်ထားပါ တယ်။ နတ်ကြီးက သင့်ရဲ့ ပုပ္ပားတောင်ကြီး အ ကြောင်း ရှင်းပြပါဦး။ ဘယ်လိုနက်နဲဆန်းကြယ်မှု တွေ ရှိတယ်ဆိုတာလည်း သိချင်ပါတယ်။
နတ်ကြီး။ ။ ကျွန်ုပ်က ဒီတောင်ကြီးကို စောင့် လာတာ နှစ်ပေါင်း ၁၈çဝဝဝ ရှိပါပြီ။ ပုပ္ပား တောင်ကြီးရဲ့ ထူးခြားနက်နဲတဲ့အကြောင်းတွေကို အသင်ကတစ်ဆင့် ပြည်သူပြည်သားတွေကို ရှင်းပြဖို့ လိုအပ်လာပြီလို့ ယူဆတဲ့အတွက် ယခုလို သင့်ဆီ ြွကလာခြင်း ဖြစ်ပါတယ်။
ပုပ္ပားတောင်တစ်ဝိုက်မှာ ပုဂံပြည်ကြီး မပေါ် ပေါက်မီက တောနက်ကြီးတွေနဲ့ ပတ်ဝိုင်းနေပါတယ်။ အဲဒီအချိန်က ပုပ္ပားတောင်ကြီးနဲ့ ကိုးမိုင်အကွာ လောက်အတွင်းမှာ ရွာပေါင်း ၁၁ ရွာ အိမ်ခြေပေါင်း ၂၀ဝ ဝန်းကျင်လောက်ပဲ ရှိပါတယ်။ လူဦးရေက ၈၀ဝ လောက်ပဲရှိပါတယ်။ အဲဒီအချိန်က လူတွေက လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်စား သောက်ခြင်း မရှိကြသေးပါဘူး။ သစ်သီးဝလံနဲ့ တောကောင်လေးတွေကိုပဲ ရှာဖွေ စားသောက်ကြ ပါတယ်။
အဲဒီခေတ်က လူတွေက မကြာခဏ ဖျားနာ ပြီး သေဆုံးကြပါတယ်။ လူတိုင်း လူတိုင်းဟာ ကျန်း မာရေးကိုပဲ ဂရုစိုက်နေကြရပါတယ်။ ကိုးကွယ်မှုက ရွာရဲ့ရှေ့မှာ နတ်တိုင်ဆိုတာရှိပါတယ်။ ဒီနတ်တိုင်က နတ်ကိုပဲ ကိုးကွယ်ကြတယ်။ တစ်နှစ် နှစ်ကြိမ် နတ် တိုင်က နတ်ကို သွားရောက်ပြီး နတ်တိုင်ခြေရင်းကို စားဖွယ်သောက်ဖွယ်များနဲ့ ပစ်ပေါက်ပြီး နတ်ကြီးကို ပူဇော်ပသကြတယ်။
ကျွန်ုပ်။ ။ အဲဒီနတ်တိုင်မှာ နတ်ကရော ရှိရဲ့လား။
နတ်ကြီး။ ။ ရှိပါတယ်။ အထူးသဖြင့် လူတွေ က ကျန်းမာရေး ကောင်းဖို့ ဆုတောင်းကြပါတယ်။ မွေးခါနီးကလေးဆိုလျှင် နတ်တိုင် အနီးကပ်ပြီး ကျန်းမာရေး ကောင်းဖို့ ဆုတောင်းကြပါတယ်။
ကျွန်ုပ်။ ။ ယခုထက်တိုင် အချို့သော ပုဂ္ဂိုလ် တွေမှာ အဲဒီအချိန်က နတ်တိုင်က နတ်ကို မယုံ ကြည်လို့ မရိုမသေပြုခဲ့မိလို့ နတ်တိုင်က နတ်က မကျေနပ်လို့ လိုက်လံနှောင့်ယှက်နေတာတွေ့ရပါ တယ်။
နတ်ကြီး။ ။ အုပ်ချုပ်ရေးကတော့ ကိုယ့်ရွာ နဲ့ ကိုယ့်ခေါင်းဆောင်နဲ့ အုပ်ချုပ်တာ များပါတယ်။ နွားနဲ့ ထွန်ရက်စိုက်ပျိုးတာ၊ အိမ်မှာ မြင်းမွေးတာ မရှိသေးပါဘူး။ နွားရောမြင်းရော တောထဲမှာ သွား လာ နေထိုင်ကြပါတယ်။ အဲဒီအချိန်က ပုပ္ပားနယ်မှာ ဝက် ဆိတ်သတ္တဝါတွေလည်း မရှိသေးပါဘူး။ ကြက် တော့ရှိပါတယ်။ အဲဒီအချိန်က အလွန်ကြီးတဲ့ ြွေမကြီး တွေလည်း ရှိပါတယ်။ ြွေမကြီးတွေက အရှည် အတောင် ၃၀ လောက်ရှိတယ်။ လုံးပတ်ကလည်း ၁၀ ပေလောက်ရှိပါတယ်။ သူတို့က နွားတို့ မြင်းတို့ ဂျီတို့ သမင်တို့ကို စားသောက်ကြပါတယ်။
ကျွန်ုပ်။ ။ အဲဒြွေီမကြီးတွေက နောက်ဘယ် လိုပျောက်ကွယ်သွားတာပါလဲ။
နတ်ကြီး။ ။ အဆိပ်ပြင်းတဲ့ ကင်းခြေများကြီး တွေရောက်လာပြီး ြွေမကြီးတွေကို တိုက်ခိုက်တဲ့အ တွက် တဖြည်းဖြည်း အကောင်ရေနည်းပြီး မျိုးတုံး ပျောက်ကွယ်သွားပါတယ်။
ကျွန်ုပ်။ ။ ကင်းခြေများကြီးတွေက ဘယ် လောက်ကြီးသလဲ။ ဘယ်က လာတာလဲ။ ဘယ်လို ပျောက်ကွယ်သွားကြတာလဲ။
နတ်ကြီး။ ။ ကင်းခြေများကြီးတွေက ဧရာဝတီမြစ်အနောက်ဘက်က ကူးလာကြတယ်။ ကင်းခြေများကြီးတွေက အရှည်ပေ ၁၀ဝ၊ လုံးပတ် ၂၅ ပေလောက်ရှိတယ်။ ကင်းခြေများကြီးတွေကို တော့ ကောင်းကင်က ငှက်ကြီးတွေက လာပြီး ချီ သွားကြတယ်။ ငှက်ကြီးတွေက ဘယ်လောက်ကြီး သလဲဆိုလျှင် နှစ်ဧကလောက်ကြီးတဲ့ ငှက်ကြီးတွေ ဖြစ်တယ်။ နောက်တော့ ငှက်ကြီးတွေက လူတွေပါ လိုက်လံဖမ်းဆီးစားသောက်ကြတယ်။ နောက်တော့ ပျူစောထီးလုလင်ပေါ်လာပြီး ငှက်ကြီးတွေကို သူ့ရဲ့ လေးနဲ့ ပစ်ခတ်သတ်ဖြတ်တော့ ငှက်ကြီးနှစ် ကောင် သေသွားတယ်။ အဲဒီနောက် ငှက်ကြီးတွေ မလာ ကြတော့ဘူး။
ကျွန်ုပ်။ ။ ကျွန်တော်လည်း ငှက်ကြီးတွေကို ပျူစောထီးလုလင်က သူ့ရဲ့ လေးနဲ့ ပစ်ခတ်လို့ ငှက် ကြီးရန်ကို နှိမ်နှင်းနိုင်တယ်ကြားဖူးပါတယ်။ ငှက်မွေး အတောင်တစ်တောင်က အပျိုတော် ခုနစ်ယောက် ရွက်ရတယ်ဆိုတာ ဟုတ်ပါသလား။
နတ်ကြီး။ ။ ဟုတ်ပါတယ်။ အဲဒီအချိန်က ပုဂံက ရွာကြီးသာသာပဲ ရှိပါသေးတယ်။ ရွာသူကြီး တော်တော်များများ အုပ်ချုပ်ပြီးတဲ့နောက်မှ နန်း တော်ဆောင်လိုဟာမျိုးတွေ စတင်ပေါ်ပေါက်လာပါ တယ်။ အနော်ရထာလက်ထက်မှာ နန်းတော် အဆောက်အအုံနဲ့ စစ်တပ်တွေပါ ဖွဲ့စည်းပြီး ဘုရင် နဲ့ အုပ်ချုပ်တဲ့ခေတ် ပေါ်ပေါက်လာပါတယ်။
ကျွန်ုပ်။ ။ ဗိဿနိုးမြို့တော်က ပုဂံခေတ်ထက် စောသလား။
နတ်ကြီး။ ။ ဗိဿနိုးမြို့က ပုဂံခေတ်ထက် စောပါတယ်။ ကျွန်ုပ်တော့ မရောက်ဖူးပါဘူး။
ကျွန်ုပ်။ ။ နတ်တို့တန်ခိုးနဲ့ ချက်ချင်းသွားလို့ ရတာပဲ၊ ဘာဖြစ်လို့ သွားမကြည့်တာလဲ။
နတ်ကြီး။ ။ ကျွန်ုပ်နယ်မြေ မဟုတ်တော့ ကျွန်ုပ်ထက် တန်ခိုးကြီးတဲ့ နတ်တွေနဲ့ တွေ့နေမှာ စိုးလို့ မသွားပါဘူး။
ကျွန်ုပ်။ ။ ပုပ္ပားတောင်ကြီးမှာ ပုဂံပြည် မပေါ် ပေါက်ခင်က ဘာတွေများ ထူးခြားတာတွေ ရှိပါ သေးလဲ။
နတ်ကြီး။ ။ အလွန်ပြင်းထန်တဲ့ ငလျင်ကြီး နှစ်ကြိမ်လှုပ်ပါတယ်။ လူတွေနေတဲ့ အိမ်တွေလည်း ပြိုလဲပျက်စီးပါတယ်။ အလွန်ကြီးတဲ့ သစ်ပင်ကြီးတွေ လည်း ပြိုလဲ ပျက်စီးပါတယ်။ တချို့လူတွေလည်း ထိခိုက်ဒဏ်ရာ ရတာတွေ ရှိပါတယ်။ လူတွေလည်း မြေကြီးပေါ်မှာ ဝမ်းလျားမှောက် နေကြရပါတယ်။ လူတွေလည်း အလွန်ကြောက်ရွံ့ပြီး သုံးလလောက် မြေကြီးကိုပဲ တောင်းပန်ရှိခိုးနေကြရပါတယ်။
နောက်တစ်ခုက ပုပ္ပားတောင်ကြီးပတ်ဝန်း ကျင်မှာ မိုးကြိုးမုန်တိုင်းတွေ ပစ်ပါတယ်။ နှစ်နာ ရီလောက်ပစ်ပါတယ်။ လူတွေရော၊ တိရစ္ဆာန်တွေ ရော အသေအပျောက်ရှိပါတယ်။ မိုးကြိုးမုန်တိုင်း တွေ ဖြစ်ပြီးတဲ့အခါ လူတွေအားလုံး ပုပ္ပားနယ် တစ်ဝိုက်က ပြောင်းရွှေ့ထွက်ခွာသွားကြပါတယ်။
ကျွန်ုပ်။ ။ အဲဒီအချိန်က ပုပ္ပားတောင်မကြီး မှာ အခြားနတ်တွေ၊ ဝိဇ္ဇာတွေ၊ ဇော်ဂျီတွေ ရှိသေး သလား။
နတ်ကြီး။ ။ အဲဒီအချိန်က ကျွန်ုပ်နဲ့ နတ်ရိုင်း ကြီး ငါးပါးပဲရှိပါတယ်။
ကျွန်ုပ်။ ။ ကျန်တဲ့ ထူးခြားတဲ့ သမိုင်းကြောင်း တွေရှိလျှင် ဆက်ပြီး မိန့်ကြားပါဦး။
နတ်ကြီး။ ။ ပျူစောထီးလုလင် ငှက်ကြီးတွေ ရန်ကို နှိမ်နင်းပြီးတဲ့အခါ ပုပ္ပားတောင်တစ်ဝိုက်ကို ဆင်အုပ်ကြီးတစ်အုပ် ရောက်လာပါတယ်။ သူတို့ကို ဆင်ဖြူကြီးတစ်ကောင် ဦးဆောင်ပါတယ်။ ဆင် ကောင်ရေ ၁၀ဝ လောက်ရှိပါတယ်။ ဆင်ဖြူကြီး အနီးမှာ ဆင်မည်း ငါးကောင်လောက် အမြဲရှိတယ်။ ဆင်ဖြူကြီးကို ဝိုင်းရံစောင့်ရှောက်ထားပုံရတယ်။ ဆင်တွေက ငှက်ပျောပင်တွေ စားကြတယ်။
ပုပ္ပားတောင်မကြီး အရှေ့ဘက်တောင်ခြေ မှာ သစ်ခေါက်ဆိုးသင်္ကန်းနဲ့ ရသေ့တစ်ပါးလည်း ရောက်နေတယ်။ ဝါးကျောင်းလေးနဲ့ တစ်ပါးတည်း သီတင်းသုံးတယ်။ တစ်ရက်တော့ ရသေ့ကြီးနေတဲ့ ကျောင်းသင်္ခမ်းအနီး ဆင်အုပ်ကြီးက အစာရှာရင်း ရောက်သွားကြတယ်။ ဆင်ဖြူတော်ကြီးက ရသေ့ ကြီး မြင်တဲ့အခါ ရသေ့ကြီးကျောင်းအနီးသွားတယ်။ ခန္ဓာကိုယ်ကို ဝပ်ပြီး နှာမောင်းမြောက် လက်နှစ်ဖက် က ရှိခိုးဟန် အရိုအသေပြုတယ်။ ဆင်ဖြူကြီးက အရိုအသေပြုတော့ ကျန်တဲ့ ဆင်အားလုံးလည်း ရသေ့ကြီးကို အရိုအသေပြုကြတယ်။ ထိုအခါ ရသေ့ ကြီးက ဆင်အုပ်ကြီးရဲ့ အရိုအသေပြုတာ ခေတ္တ ခံယူပြီး ဆင်ဖြူကြီးဆီသွားပြီး တစ်စုံတစ်ရာပြောဆို ပြီး မေတ္တာပို့ပုံရတယ်။ အဲဒီနောက် ဆင်အုပ်ကြီး က ကျောင်းသင်္ခမ်းအနီးမှ ထွက်ခွာသွားကြတယ်။ ရသေ့ကြီးလည်း ၁၅ နှစ်လောက် နေပြီးတဲ့အခါ ပြနြွ်ကသွားတယ်။ ရသေ့ကြီးပြန်သွားပြီးတဲ့နောက် ရသေ့သူတော်စင်တွေ ရောက်လာကြပြီး တရား အကျင့် ကျင့်ကြပါတယ်။ တစ်ခါတစ်ရံ အရောင်တွေ ဖြာနေတဲ့ နတ်ကြီးတွေလည်း ရသေ့သူတော်စင်တွေ ဆီရောက်လာတာ အံ့ဩဖွယ်ရာ တွေ့ရပါတယ်။
ကျွန်ုပ်။ ။ နတ်ကြီးက အဲဒီအချိန်က ဗုဒ္ဓဘာ သာဝင် မဖြစ်သေးဘူးလား။
နတ်ကြီး။ ။ မဖြစ်သေးပါဘူး။ အခုလည်း ကျွန်ုပ်က ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။ ကျွန်ုပ် လူ့ဘဝတုန်းက ကိုးကွယ်တဲ့ နေရထားနတ်ကိုပဲ ကိုး ကွယ်ပါတယ်။
ကျွန်ုပ်။ ။ ဘာကြောင့် နေကို နေရထား နတ်လို့ ခေါ်တာပါလဲ။
နတ်ကြီး။ ။ နေလုံးကြီးက သူ့အတိုင်းသွား တာ မဟုတ်ဘဲ ရထားနဲ့ သွားတယ်ထင်လို့ နေရထား နတ်လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။
ကျွန်ုပ်။ ။ နတ်ကြီးက နေကို ကိုးကွယ်တယ် ဆိုတော့ နေနတ်သားနဲ့ တွေ့ဖူးပါသလား။
နတ်ကြီး။ ။ မတွေ့ဖူးပါဘူး။

ကျွန်ုပ်။ ။ ကဲ ပုပ္ပားတောင်ကြီးအကြောင်း ထူးခြားတာရှိလျှင် ဆက်ပြောပါဦး။
နတ်ကြီး။ ။ လူတွေမိုးကြိုးမုန်တိုင်းတွေ ကျလို့ ပုပ္ပားဒေသက ထွက်ခွာသွားပြီးတဲ့နောက် နှစ်ပေါင်း ၂၀ လောက်ကြာတဲ့အခါ ယခုပုဂံဒေသမှာ လူဦးရေ၊ အိမ်ခြေတွေ တော်တော် တိုးတက်များပြား လာတယ်။ အဲဒီလူတွေက လယ်ယာစိုက်ပျိုးရေး လုပ် ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာ ကြတယ်။ တဖြည်းဖြည်းနဲ့ ပုပ္ပားတောင်အနီးကို ရောက်လာကြတယ်။ အဲဒီနောက်ပိုင်းမှာ ပုဂံမှာ ထီးနဲ့နန်းနဲ့ အုပ်ချုပ်တဲ့နိုင်ငံဖြစ်လာတယ်။
ကျွန်ုပ်။ ။ ပုဂံခေတ် ပုပ္ပားတောင် ပတ်ဝန်း ကျင် အခြေအနေပြောပါဦး။
နတ်ကြီး။ ။ ပုဂံမြို့ကနေ လူတွေ မြင်းတွေနဲ့ မကြာခဏ ရောက်လာကြတယ်။ တောကောင်တွေ ပစ်ခတ်ဖို့ တောလိုက်လာကြတာ မဟုတ်ပါဘူး။ ဆေးပင်၊ ဆေးမြစ်တွေ လာပြီး ရှာဖွေတူးဖော်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ပုပ္ပားတောင်ကြီးမှာ ဆေးဘက်ဝင် အပင်မျိုးစုံ ပန်းမျိုးစုံ၊ နွယ်မျိုးစုံ ပေါက် ရောက်လျက်ရှိပါတယ်။ ပုပ္ပားတောင်ကြီးတစ်ဝိုက်မှာ တောနက်ကြီးက ဖုံးလွှမ်းထားပါတယ်။ တောကိုမှီ တဲ့ သတ္တဝါမျိုးစုံရှိပါတယ်။
နောက်တော့ အဂ္ဂိရတ်ထိုးတဲ့သူတွေရောက် လာတယ်။ တရားကျင့်တဲ့ ရသေ့တွေလည်း ပိုပြီး ရောက်လာတယ်။ တောင်ကလပ်ထက် တောင်မကြီး အခြေမှာက ပိုများပါတယ်။
နောက်တော့ တောင်ကလပ်မှာ ယခုခေတ် အခေါ် ပုပ္ပားမယ်တော်ကြီးလို့ခေါ်တဲ့ မယ်ဝဏ္ဏနဲ့ မောင်တင့်တယ်လို့ခေါ်တဲ့ နတ်မောင်နှမရောက်လာ တယ်။ သူတို့ရောက်လာပြီး ၁၅ နှစ်လောက်ကြာ တော့ ပုဂံဘက်က ပန်းလာခူးတဲ့သူတွေ မြင်းတွေနဲ့ မကြာမကြာ ရောက်လာကြတယ်။
ကျွန်ုပ်။ ။ မယ်ဝဏ္ဏနဲ့ အနော်ရထာမင်းရဲ့ စစ်သည်တော် မောင်ဗျတ္တနဲ့ ရည်ငံကြပြီး သားနှစ် ယောက်ရတာ မသိဘူးလား။
နတ်ကြီး။ ။ အစပိုင်းတော့ မသိပါဘူး။ ကလေး နှစ်ယောက်ရပြီးမှ တောင်ကလပ်ကိုစောင့် တဲ့ တောင်စောင့်နတ်က ပြောလို့သိရပါတယ်။
ကျွန်ုပ်။ ။ နတ်ကြီး ပုဂံက အနော်ရထာဘုရင် နဲ့ ကျန်စစ်သားတို့အကြောင်း ပြောဦးမလား။
နတ်ကြီး။ ။ အဲဒီအကြောင်းတွေက မင်း လည်း သိပြီးသားဆိုတော့ မပြောတော့ပါဘူး။ မယ် ဝဏ္ဏနဲ့ မောင်တင့်တယ်ကို ပုပ္ပားနယ်တစ်ဝိုက်မှာရှိတဲ့ လူတွေ ကိုးကွယ်လာကြပုံကို ပြောချင်ပါတယ်။ မောင်ဗျတ္တ အသတ်ခံရပြီးတဲ့နောက် သူ့ရဲ့သားတော် နှစ်ပါးကို ပုဂံပြည်ခေါ်သွားတဲ့အခါ မယ်ဝဏ္ဏခမျာ အတော်လေး စိတ်ထိခိုက်ရှာတယ်။ သူ့မောင်က လည်း အမျိုးမျိုး ဖျောင်းဖျပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အပူသောက မီးငြိမ်းမသွားပါဘူး။ မကြာခဏ လူ ယောင်ဆောင်ပြီး သူ့သားတော်နှစ်ပါးကို သွားသွား ကြည့်တယ်။ လူတွေက ဒီသားတော် နှစ်ပါးဟာ ပန်းတော်ဆက် မောင်ဗျတ္တနဲ့ မယ်ဝဏ္ဏဘီလူးမတို့ ညားပြီး ရတဲ့သားမှန်း သိသွားကြတယ်။ အဲဒီမှာတင် မယ်ဝဏ္ဏဘီလူးမကို စတင်ကိုးကွယ်ကြပါတယ်။ စားဖွယ်သောက်ဖွယ်များ ဆက်သပြီး သူတို့ကို စောင့် ရှောက်ဖို့ အကူအညီတောင်းကြပါတယ်။ နောက် တော့ တစ်နှစ်တစ်ကြိမ် တောင်ကလပ်က မယ်ဝဏ္ဏ ကို လာရောက်ပူ ဇော်ကန်တော့ကြပါတယ်။ မယ် ဝဏ္ဏကလည်း တစ်ခါတစ်ရံ သူ့ကို လာရောက်ပူဇော် ကြတဲ့သူတွေကို ကိုယ်ထင်ပြတာတွေ ရှိတယ်။ အဲဒီ မှာတင် ယုံကြည် ကိုးကွယ်သူတွေပိုပြီး များလာရာက နတ်ပွဲတွေ ဖြစ်ပေါ်လာတယ်။ ယခုထက်တိုင် မယ် ဝဏ္ဏ နတ်ဘီလူးမကြီး ပုပ္ပားတောင်ကလပ်မှာ ရှိပါ တယ်။
လွန်ခဲ့တဲ့နှစ်၄၀ဝလောက် က နတ်ကြီးသုံးပါး ပုပ္ပားတောင် မကြီး ရောက်လာပါတယ်။ သူတို့ က ကျွန်ုပ်ထက်ပိုပြီး တန်ခိုးကြီး ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က ငွေရောင်တွေ ဖြာထွက်နေပါ တယ်။ နောက်တော့မှ မြန်မာ နိုင်ငံကို စောင့်ရှောက်တဲ့ နတ် ကြီးတွေမှန်း သိရပါတယ်။
အနော်ရထာဘုရင်လက် ထက်ကစပြီး ပုပ္ပားတောင်ခြေက ရွာတွေမှာလည်း ဗုဒ္ဓဘာသာကို စတင် ကိုးကွယ်လာကြပါတယ်။
ကျွန်ုပ်။ ။ အနော်ရထာ ဘုရင်လက်ထက်မှာ အရည်းကြီး ရဟန်းတွေမရှိဘူးလား။
နတ်ကြီး။ ။ အရည်းကြီး ရဟန်းတွေ၊ ရွာတွေအထိ ရှိပါ တယ်။ အရည်းကြီး ရဟန်းတွေ က ရေငုပ်ပြီး ကျင့်တယ်။ တုံးခုန် ပြီး ကျင့်တယ်။ ဇယ်ခပ်ပြီး ကျင့်တယ်။ မန္တန်တွေ လည်း ရွတ်တယ်။ အဂ္ဂိရတ်လည်း ထိုးကြတယ်။
ကျွန်ုပ်။ ။ သူတို့ကရော ဗုဒ္ဓဘာသာပဲလား။ ဘုရားစေတီတွေ ရုပ်ပွားတော်တွေ မကိုးကွယ်ဘူး လား။
နတ်ကြီး။ ။ ဘုရားစေတီတွေ မရှိပါဘူး။ ရုပ်ပွားတော်တွေတော့ ရှိပါတယ်။ ဗုဒ္ဓဘာသာလား ဘာဘာသာမှန်းတော့ မသိပါဘူး။ တစ်ရက်မှာ ထမင်း က မနက်စာပဲ စားတယ်။ ညနေစာ မစားပါဘူး။
ကျွန်ုပ်။ ။ အဲဒီအရည်းကြီး ရဟန်းတွေက မင်္ဂလာဆောင်မယ့် သားတို့သမီးကို ပန်းဦးလွှတ် တယ်ဆိုတာ ဟုတ်ပါသလား။
နတ်ကြီး။ ။ မဟုတ်ပါဘူး။ မင်္ဂလာဆောင် မယ့် သတို့သား၊ သတို့သမီးက မင်္ဂလာပွဲနေ့မှာ ရွာဦး က အရည်းကြီး ရဟန်းကို သွားရောက်ပြီး ကန်တော့ ရတာတော့ရှိပါတယ်။
ကျွန်ုပ်။ ။ အနော်ရထာဘုရင်လက်ထက်မှာ အရည်းကြီး ရဟန်းတွေကို သတ်ပစ်တယ်။ အချို့ ဆင်ချေးကျုံး၊ မြင်းချေးကျုံးခိုင်းတယ်ဆိုတာ ဟုတ်ပါ သလား။
နတ်ကြီး။ ။ သတ်မပစ်ပါဘူး။ လူဝတ်လဲခိုင်း တာပဲ ရှိပါတယ်။ အနော်ရထာမင်း လက်ထက်မှာ လူတွေက ဗုဒ္ဓဘာသာကို စတင်ကိုးကွယ်လာကြတာ အဲဒီလူတွေ ကွယ်လွန်တော့ အချို့ နတ်ဖြစ်တာတွေ ရှိပါတယ်။ ပုပ္ပားတောင်နဲ့ တောင်ကလပ်မှာ လာ ရောက်နေကြတဲ့ နတ်သား၊ နတ်သမီးတွေရှိလာ ပါတယ်။ ဘုရင်အဆက်ဆက်ကလည်း ပုပ္ပားမယ် တော်နဲ့ မောင်တင့်တယ် နတ်မောင်နှမကို ပူဇော် ဆက်သတာတွေ ရှိလာပါတယ်။ ကျွန်ုပ်ကိုတော့ သူတို့ မသိကြပါဘူး။ ဘုရင်ခေတ် ကုန်ပြီးတဲ့နောက် အရပ်သားအုပ်ချုပ်တဲ့ ခေတ်မှာတော့ ပုပ္ပားတောင် ကလပ်မှာ ဘုရားစေတီတွေ တည်ကြတယ်။ ကျုပ်ရဲ့ တောင်မကြီးမှာလည်း ဘုရားစေတီ နှစ်ဆူ လာတည် တယ်။ အခုတော့ ငါးဆူလောက်ရှိတယ်။
ကျွန်ုပ်။ ။ တောင်ကလပ်မှာတော့ ဘုရား စေတီတွေ စောင်းတန်းတွေ ကျောင်းကန် ဇရပ်တွေ နဲ့ လူတွေ အထူးစည်ကား များပြားနေတယ်။ တောင်မကြီးက ဘာပြုလို့ အဲဒီလို မစည်ကားတာလဲ။
နတ်ကြီး။ ။ အဲဒီအချက်က အလွန်အရေးကြီး တဲ့မေးခွန်းပဲ။ တောင်မကြီးပေါ်မှာ အဲဒီလို လေးလံ တဲ့ ဘုရားစေတီမျိုး အဆောက်အအုံမျိုးတွေ တည် လို့မရပါဘူး။ အဘယ်ကြောင့်လဲဆိုတော့ တောင်မ ကြီးအတွင်းမှာ အလွန် တန်ခိုးကြီးတဲ့ နတ်ဘီလူးကြီး သုံးပါးရှိပါတယ်။ သူတို့က တောင်ကြီး အခြေပျက် မည့် ကြီးမားတဲ့ ဘုရားစေတီကျောင်း၊ အဆောက် အအုံတွေ ဆောက်တာ လက်မခံပါဘူး။
ကျွန်ုပ်။ ။ သူတို့က ဘယ်အတွက်ကြောင့် တောင်မကြီးအတွင်း ရောက်နေတာလဲ။
နတ်ကြီး။ ။ တောင်မကြီးအောက်မှာ အလွန် ကြီးမားတဲ့ ရွှေသိုက်ကြီးရှိတယ်။ အဲဒီရွှေသိုက်ကြီး ကို စောင့်နေတာပါ။ အခုတောင်ခြေမှာ ကျောက်တွေ တူးနေတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ အပေါ်ယံကိုပဲ တူး ခွင့်ပြုတာပါ။ တောင်ကြီး အခြေပျက်အောင် ရွှေတွင်း တွေ တူးမည်ဆိုလျှင် ဘီလူးကြီးများရဲ့ အန္တရာယ် ကျရောက်နိုင်ပါတယ်။
ကျွန်ုပ်သည် ၃-၅-၂၀၁၈ ရက် မနက် ၄ နာရီတွင် ပုပ္ပားတောင်မကြီးအတွင်းမှာရှိတဲ့ ရွှေသိုက် ကြီးကို စောင့်တဲ့ဘီလူးကြီးသုံးပါးကို ပင့်ဖိတ်လိုက်ပါ တယ်။ အနက်ရောင်ဘီလူးကြီးသုံးပါး ြွကလာပါ တယ်။
ကျွန်ုပ်။ ။ ဘီလူးကြီးများ ယခုလို ြွကရောက် လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘီလူးကြီးများ ကို သိချင်တာလေးတွေ ရှိလို့ ပင့်လိုက်တာပါ။ ဘီလူး ကြီးများ ဒီပုပ္ပားတောင်မကြီးထဲ ရောက်နေတာ ဘယ်လောက်ကြာပါပြီလဲ။ ဘာတာဝန်နဲ့ ရောက်နေ ကြတာပါလဲ။
ဘီလူးကြီးများ။ ။ ကျွန်ုပ်တို့ ရောက်နေတာ နှစ်ပေါင်း ၂၂çဝဝဝ ရှိပါပြီ။ ပုပ္ပားတောင်မကြီး အောက်က ရွှေတွင်းကြီးကို စောင့်ရှောက်ဖို့ ရောက် နေကြတာပါ။
ကျွန်ုပ်။ ။ ဘီလူးကြီးများကို ဒီတာဝန် ဘယ်ပုဂ္ဂိုလ်က ပေးတာလဲ။ ဘီလူးကြီးတို့ မူလ သီတင်းသုံးတဲ့ နေရာက ဘယ်ဒေသမှာပါလဲ။
ဘီလူးကြီးများ။ ။ ကျွန်ုပ်တို့သုံးပါးကို ကျွန်ုပ် တို့ရဲ့ အကြီးအကဲ ဘီလူးကြီးက တာဝန်ပေးလို့ လာရောက်စောင့်ရှောက်တာပါ။ ကျွန်ုပ်တို့က သီရိ လင်္ကာနိုင်ငံ တောင်တစ်တောင်မှာ နေကြပါတယ်။ အဲဒီမှာ ကျွန်ုပ်တို့ကဲ့သို့ ဘီလူးမျိုးပေါင်း ၃၀ဝ ရှိပါ တယ်။
ကျွန်ုပ်။ ။ ပုပ္ပားတောင်မကြီးပေါ်မှာ ဘုရား စေတီကြီးကြီးမားမား တည်တာ စောင်းတန်းကြီး တွေဆောက်တာ လက်မခံဘူးဆိုတာ ဟုတ်ပါသလား
ဘီလူးကြီးများ။ ။ မှန်ပါတယ်။
ကျွန်ုပ်။ ။ တောင်ကြီးရဲ့ မူလသဘာဝအလှ အပကို ပျက်စီးမှာစိုးလို့ပါလား။
ဘီလူးကြီးများ။ ။ တောင်ကြီးပေါ်မှာ လေး ပင်တဲ့ အဆောက်အအုံတွေ မဆောက်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုလျှင် ဒီတောင်ကြီးထဲမှာ နတ် သားနတ်သမီး စုံတွဲ ၅၀ဝ လောက်ရှိပါတယ်။ သူတို့ က သူတို့အပေါ်က ထုတဲ့ ရိုက်တဲ့ နှက်တဲ့ အသံတွေ မကြားချင်ကြပါဘူး။ တိတ်ဆိတ် အေးချမ်းတဲ့ဘဝ ကိုပဲ နေချင်ကြပါတယ်။ အဆောက်အအုံတွေ ဆောက်လျှင် လမ်းတွေ ဖောက်လျှင် သူတို့ရဲ့ အေး ချမ်းတဲ့ဘဝ ပျက်စီးသွားစေနိုင်ပါတယ်။
ကျွန်ုပ်။ ။ အဲဒီနတ်သား၊ နတ်သမီးတွေနဲ့ ဘီလူးကြီးတို့က ဘယ်သူက အရင်ရောက်တာပါလဲ။
ဘီလူးကြီးများ။ ။ သူတို့က အရင်ရောက်နေ တာပါ။
ကျွန်ုပ်။ ။ အဲဒီနတ်သား၊ နတ်သမီးတွေနဲ့ ဘီလူးကြီးတို့နဲ့ အဆက်အဆံမရှိဘူးလား။
ဘီလူးကြီးများ။ ။ မရှိပါဘူး။
ကျွန်ုပ်။ ။ ဘီလူးကြီးတို့က ပုပ္ပားတောင်ကြီး အောက်က ရွှေတွင်းကြီးစောင့်နေရတယ်ဆိုတော့ ရွှေတွေ ဘယ်လောက်များရှိလို့ပါသလဲ။
ဘီလူးကြီးများ။ ။ ရွှေတွေကတော့ အကျယ် ၄၀ ဧက အနက်က အတောင် ၆၀ဝ လောက်ရှိပါ တယ်။
ကျွန်ုပ်။ ။ ဒီရွှေတွေက ဘယ်အခြေအနေ မှာ တူးဖော်ခွင့်ပြုမှာပါလဲ။
ဘီလူးကြီးများ။ ။ မြန်မာပြည်သူတွေ အလွန် ဆင်းရဲကျပ်တည်းတဲ့အချိန်ကြမှ တူးခွင့်ပြုမှာပါ။
ကျွန်ုပ်။ ။ ယနေ့အချိန်မှာ မြန်မာပြည်သူတွေ ဆင်းရဲကျပ်တည်းနေတာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ စာရင်းထဲလည်း ရောက်နေပါတယ်။ မြန်မာနိုင်ငံ သားတွေ အခြားနိုင်ငံတွေ သွားရောက်အလုပ်လုပ် ကိုင်နေကြရတယ်။ ယခုအချိန်မှာ တူးခွင့်မပြုနိုင် ဘူးလား။
ဘီလူးကြီးများ။ ။ တို့က ဒီအခြေအနေကို ဆင်းရဲတယ်လို့ မသတ်မှတ်ပါဘူး၊
ကျွန်ုပ်။ ။ ယခုအချိန်မှာ မြန်မာနိ်ုင်ငံထဲကို ကုလားတွေရော၊ တရုတ်တွေရော အများကြီး ဝင် ရောက်နေကြပါတယ်။ နောင်တစ်ချိန် ဧည့်သည်နိုင်ငံ သားတွေက တိုင်းရင်းသားတွေထက် များသွားနိုင်ပါ တယ်။ အဲဒီအခါကျမှပေးလျှင် မူလနိုင်ငံသားတွေ မရဘဲရှိနိုင်ပါတယ်။ ယခုအချိန်မပေးနိုင်ဘူးလား။
ဘီလူးကြီးများ။ ။ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုး က ဘယ်တော့မှ မပျောက်ကွယ်နိုင်ပါဘူး။ အဲဒါကို တို့က အသေအချာသိပါတယ်။ မကြာခင် သူတို့ဝင် ရောက်နေတာတွေကို တားဆီးနိုင်တော့မှာပါ။
ကျွန်ုပ်။ ။ ဒီပုပ္ပားတောင်မကြီးနဲ့ ပတ်သက် လို့ အခြားမိန့်ကြားစရာရှိလျှင်လည်း ပြောပါဦး။
ဘီလူးကြီးများ။ ။ ထူးခြားတာနှစ်ချက်ရှိပါ တယ်။
၁။ ဒီတောင်ကြီးထဲမှာ အခြားအသုံးဝင်တဲ့ သတ္တုတွေလည်းရှိတယ်။ ဒီသတ္တုတွေ တူးမည်၊ ဒီ ရွှေတွေတူးမည်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မတူးပါနဲ့။ တူးဖော်ဖို့ ကြိုးစားလျှင် တူးဖော်ဖို့ ခွင့်ပြုသူရော တူးသူရော အားလုံးကို ရူးအောင်လုပ်ပစ်မည်။
၂။ ဒီတောင်ကြီးအောက်မှာ ရွှေတွေအပြင် အလွန်တန်ဖိုးကြီးတဲ့ သတ္တုနှစ်မျိုးလည်း ရှိသေး တယ်။ အဲဒါကြောင့် ဒီတောင်ကြီးနဲ့ ဒီတောင်ကြီး တစ်ဝိုက်ကို တိုင်းပြည်က ကာကွယ်စောင့်ရှောက် ထားစေချင်ပါတယ်။

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ
ဆရာဝင်း (သာကီနွယ်)

Comments

comments

Post Author: manawmaya