လက်လေးဖက်နှင့် လူသားများ

အာကာသကြီးအတွင်း စကြဝဠာပေါင်း သန်းနှင့်ချီပြီး ရှိရာမှာ အချို့သော စကြဝဠာများ တွင် လူသားများရှိနေပါတယ်။ ကျွန်တော်တို့ကမ္ဘာ က လူသားတွေထက် ဥာဏ်ရည်မြင့်တဲ့ လူသားတွေ ရှိသလို ကျွန်တော်တို့ ကမ္ဘာက လူသားတွေထက် ဥာဏ်ရည်နိမ့်တဲ့ လူသားတွေလည်း ရှိပါတယ်။

ကျွန်တော်တို့ ကမ္ဘာက လူသားတွေနဲ့ နီးစပ်တဲ့ ရုပ်လက္ခဏာ ရှိတဲ့ လူသားတွေရှိသလို ကျွန်တော်တို့ထက် ရုပ်ဆိုးတဲ့သူတွေ၊ ပုံပန်းမကျတဲ့ သူတွေရှိပါတယ်။ ယနေ့ အာကာသသိပ္ပံပညာရှင် များ ရရှိထားတဲ့ အခြားကမ္ဘာမှ လူသားအချို့ရဲ့ ဓာတ်ပုံများကို တင်ပြလိုက်ပါတယ်။ အရုပ်ဆိုးတဲ့ လူသားတွေက ကျွန်တော်တို့ထက် ဥာဏ်ရည်ပိုနိမ့်ပြီး သပ်သပ်ရပ်ရပ် ကြည့်ပျော်ရှုပျော်ရှိတဲ့ လူသား တွေက ကျွန်တော်တို့ထက် ဥာဏ်ရည်ပိုမြင့်ကြတယ် လို့ သိရပါတယ်။

အာကာသထဲမှာသော်လည်းကောင်း၊ ကောင်းကင်မှာသော်လည်းကောင်း၊ မြေပြင်မှာသော် လည်းကောင်း၊ အခြားစကြဝဠာတွေမှလာကြတဲ့ လူသားတွေရဲ့ ယူအက်ဖ်အိုခေါ်တဲ့ အာကာသယာဉ် တွေ၊ မကြာခဏ တွေ့နေကြရတဲ့အကြောင်း အင်တာနက်မှာ တွေ့ရပါတယ်။ ပန်းကန်ပြားပျံလို ဝိုင်းဝိုင်းပုံသဏ္ဌာန်တွေ၊ ရှည်မျောမျောပုံသဏ္ဌာန်တွေ၊ လေသင်္ဘောကြီးတွေ တွေ့နေကြရပါတယ်။

အာကာသထဲက ဂြိုဟ်သားတွေက ကျွန်တော်တို့ ကမ္ဘာက လူသားတွေရဲ့ ဘဝကို မကြာခဏ လာရောက်လေ့လာကြပုံရပါတယ်။ ကျွန်တော် အခြားကမ္ဘာက လူသားတွေအကြောင်းကို မနောမယ ဂျာနယ်တွေမှာ မကြာခဏ ရေးသား တင်ပြခဲ့ဖူးပါ တယ်။ ယခုလူသားက လက်လေးဖက်ပါတဲ့ လူ သားဖြစ်တာရယ်၊ အဲဒီကမ္ဘာက သဘာဝရာသီဥတုနဲ့ နေထိုင်တဲ့ ပုံစံတွေက ဒီကမ္ဘာက လူတွေနဲ့ တော် တော်ကြီး ကွာခြားနေတဲ့အတွက် တင်ပြလိုက်ပါ တယ်။

၂၀-၃-၂၀၁၈ ရက် မနက်လေးနာရီခွဲမှာ သင်္ကန်းတော်အစိမ်းရောင်နှင့် ဗုဒ္ဓဘာသာဝင်မဟုတ် သော ဘုရားရှင်ကြီးတစ်ဆူ ကျွန်တော့်ဘုရားခန်းသို့ ကြွရောက်တော်မူလာပါတယ်။

 

ကျွန်ုပ်။ ။ တပည့်တော် ကြွရောက်လာတဲ့ ဘုရားရှင်ကြီးကို ရိုသေစွာ ကန်တော့ပါတယ်ဘုရား။ ကြွရောက်တော်မူလာတဲ့ အကျိုးအကြောင်း အမိန့် ရှိတော်မူပါဘုရား။

 

ဘုရားရှင်ကြီး။ ။ မင်းကို အလွန်ဝေးတဲ့ အလင်းနှစ် ၃၇၈,၅၀ဝ ဝေးတဲ့ ဂြိုဟ်ကမ္ဘာတစ်ခုက လူသားတွေအကြောင်း ပြောပြချင်လို့ ကြွလာတာပါ။

 

ကျွန်ုပ်။ ။ အလွန်စိတ်ဝင်စားပါတယ်ဘုရား။

 

ဘုရားရှင်ကြီး။ ။ ငါကိုယ်တော်မြတ်လည်း စတွေ့ခါစက အလွန်အံ့ဩမိတယ်။ သူတို့ရဲ့ အရပ်က သုံးပေလောက်ပဲရှိတယ်။ ခြေထောက်က နှစ်ချောင်း လက်က လေးချောင်းပါတယ်။ မျက်စိက လေးလုံး၊ နှာခေါင်းက တစ်ပေါက်၊ ပါးစပ်က တစ်ပေါက်၊ နားရွက်က နှစ်ဖက်ပါတယ်။ သွားတာလာတာ အလွန်မြန်တယ်။ မျောက်တွေသွားလာလှုပ်ရှားတာ ထက် နှစ်ဆလောက်ပိုမြန်တယ်။ ယောကျာ်း၊ မိန်းမ ရှိတယ်။ မိန်းမခန္ဓာကိုယ်က တော်တော်သေးတယ်။

စိုက်ပျိုးရေးလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက် ကြတယ်။ ဂျုံနဲ့တူတဲ့ သီးနှံတစ်မျိုးကို စိုက်ပျိုးစားသုံး ကြတယ်။ သစ်သီးအမျိုးမျိုးလည်း စိုက်ပျိုးကြတယ်။ နွားလိုအကောင်တွေနဲ့ ထွန်ယက်စိုက်ပျိုးကြတယ်။ ကုန်ပစ္စည်းတွေကိုလည်း အဲဒီနွားလိုအကောင်တွေနဲ့ သယ်ယူကြတယ်။ အိမ်တွေက မြေသားကို ရွှံ့လုပ် ပြီး ခုံးခုံးလုံးလုံးလေးတွေနဲ့ ဆောက်လုပ်နေထိုင်ကြ တယ်။ သစ်သားနဲ့ ဆောက်လုပ်တာ မဟုတ်ဘူး သစ်ပင်ကြီးကြီးမားမားနဲ့ မာတဲ့သစ်ပင်လည်း မရှိ ဘူး။ အရိပ်ရပင်တွေ မရှိဘူး။ ဝါပင်မရှိဘူး။ လျှော် တစ်မျိုးကို အဝတ်အထည်အဖြစ် ရက်လုပ် ဝတ် ဆင်ကြတယ်။ သံ၊ ကြေးနီစတဲ့ မာတဲ့သတ္တုတွေ သူတို့ဆီမှာ မရှိဘူး။ တောင်တွေလည်း မရှိဘူး။ မာကြောတဲ့ ကျောက်တုံးကျောက်ခဲလည်း မရှိဘူး။   မြေသားကွင်းပြင်တွေပဲ ရှိတယ်။

တစ်ကမ္ဘာလုံးမှာ လူဦးရေက ခြောက်သိန်း လောက်ပဲရှိတယ်။ ကမ္ဘာရဲ့ အရွယ်က မင်းတို့ ကမ္ဘာ ရဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိတယ်။

နေတစ်စင်းနဲ့ လနှစ်စင်းရှိတယ်။ လျှပ်စစ် ဓာတ်လည်း မရှိဘူး။ တစ်နှစ်ဆိုတဲ့ အချိန်သတ်မှတ် ချက်မရှိဘူး။ အမြဲလင်းနေတယ်။ မှောင်တဲ့ညဆိုတာ မရှိဘူး။ လနှစ်စင်းက နေထွက်သလိုပဲ လင်းနေ တယ်။ အပူရှိန်ကွာဟမှုတော့ ရှိတယ်။ နေထွက်တဲ့ အချိန်က ပူလို့ အပြင်ထွက်တာ နည်းတယ်။ အေးတဲ့လထွက်တဲ့အချိန်မှပဲ အလုပ်ဆက်လုပ်ကြ တယ်။ အလုပ်က စိုက်ပျိုးရေးလုပ်ငန်းပါပဲ။

လူတွေရဲ့ သက်တမ်းက မင်းတို့ဆီက လူတွေရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ပြောရလျှင် အနှစ် ၂၀ လောက်ပဲရှိတယ်။ ခြောက်နှစ်လောက်ဆိုလျှင် အရွယ်ရောက်ပြီ။ အိမ်ထောင်သားမွေးပြုလို့ရပြီ။

 

ကျွန်ုပ်။ ။ လူတွေရဲ့ အသိဥာဏ်ကရော ဘယ်လိုရှိပါသလဲ ဘုရား။

 

ဘုရားရှင်ကြီး။ ။ လူတွေရဲ့ အသိဥာဏ်ကလည်း မင်းတို့ဆီက လူတွေထက် အသိဥာဏ် တော်တော်နိမ့်ပါတယ်။ သူတို့နေဖို့ မြေသားအိမ်လေး တစ်လုံး လူသုံးယောက်လောက် နေဖို့ကို ၁၅ ရက် လောက်ဆောက်ရတယ်။

 

ကျွန်ုပ်။ ။ ခုံးခုံးအိမ်ကလေးတစ်လုံး ရွှံ့နဲ့ ဆောက်တော့ အတွင်းအမာခံက ဘာနဲ့ ခံတာပါလဲ ဘုရား။

 

ဘုရားရှင်ကြီး။ ။ အတွင်းအမာခံက အဝတ် ရက်တဲ့ ရှော်ပင်ကိုပဲ ကွေးပြီး ခံတာပါ။ သူတို့တစ်သက်တာတော့ နေလို့ရပါတယ်။

 

ကျွန်ုပ်။ ။ သီးနှံတွေထည့်ဖို့ ဂိုဒေါင်တွေ မရှိဘူးလား။

 

ဘုရားရှင်ကြီး။ ။ ရှိပါတယ်။ မြေသားကိုပဲ အိုးသဏ္ဌာန်ပြုလုပ်ပြီး သိမ်းထားကြပါတယ်။

 

ကျွန်ုပ်။ ။ သူတို့က အသားမစားဘူးလား ဘုရား

 

ဘုရားရှင်ကြီး။ ။ သူတို့က မြွေလိုအကောင် လေးတွေကို သတ်ပြီးစားကြတယ်။ သူတို့ခိုင်းတဲ့ နွားလို အကောင်ကြီးတွေကိုတော့ မစားတဲ့အပြင် သေတဲ့အခါမှာ မိသားစုအားလုံးက အရိုအသေပြု ကြတယ်။ အဲဒီနွားလိုအကောင်တွေက ခြောက်နှစ်လောက်ပဲ အသက်ရှည်ပါတယ်။

 

ကျွန်ုပ်။ ။ အမျိုးသမီးတစ်ယောက်မှာ ကလေးက ဘယ်နှစ်ယောက် မွေးပါသလဲဘုရား။

 

ဘုရားရှင်ကြီး။ ။ နှစ်ယောက်ပဲမွေးတယ်။ နှစ်ယောက်မွေးပြီးလျှင်သွေးဆုံးတဲ့ သဘောနဲ့ မမွေး တော့ဘူး။ အဲဒီကလူတွေက ထိမ်းမြား လက်ထပ် တဲ့အခါ သတို့သားက သတို့သမီး ကို ကျောကုန်းပေါ် ကျောပိုးပြီး ရွာထဲကိုလှည့်ပြရတယ်။ အဲဒီလို လှည့်ပြပြီး မင်္ဂလာဆောင်တဲ့ အ နေနဲ့ နှစ်ဖက်မိဘတွေကို ယော ကျာ်းလေးက မိန်းကလေး မိဘ နှစ်ပါးကိုစားဖွယ်ရာ စတိသဘော ကျွေးရတယ်။ မိန်းကလေးလည်း အလားတူ ယောကျာ်းလေးရဲ့ မိဘတွေကို စတိသဘော စား ဖွယ်ရာ အမျိုးမျိုးကို ကျွေးရ တယ်။ မင်္ဂလာအခမ်းအနားကို လာတဲ့ မိတ်ဆွေတွေကိုလည်း စတိသဘော အစာတစ်ခုခုကျွေး ရပါတယ်။ အဲဒီလို ကျွေးမွေးပြီး တဲ့အခါ သတို့သမီး၊ သတို့သား ကို အလည်မှာထားပြီး ကျန်တဲ့ ဧည့်ပရိသတ်တွေက ပတ်ဝိုင်းပြီး မင်္ဂလာသီချင်းဆိုပေးကြတယ်။ အဲဒီနောက် သတို့သမီး၊ သတို့ သားကို နှစ်ဖက်မိဘ ဦးဆောင် ပြီး သူတို့နေမည့်အိမ်ကို လိုက်ပို့ကြတယ်။ အဲဒီအိမ် ရောက်တဲ့အခါ နှစ်ဖက်မိဘများကို သတို့သမီး၊ သတို့သားက အရိုအသေပြုရတယ်။ ဒီမှာတင် မင်္ဂ လာအခမ်းအနား ပြီးဆုံးတာပါပဲ။

 

ကျွန်ုပ်။ ။ ဘာသာတရား ကိုးကွယ်ယုံကြည် မှုရော ရှိပါသလားဘုရား။

 

ဘုရားရှင်ကြီး။ ။ အေးရှိတယ်။ ရွာမှာ အသက်အကြီးဆုံး ယောကျာ်းကို သူတို့ကိုးကွယ်ကြ တယ်။ သူကရွာမှာ အုပ်ချုပ်သူလည်း ဖြစ်တယ်။ သူတို့ဆီမှာ တစ်ဦးနဲ့တစ်ဦး ပြဿနာပေါ်တိုင်း ၄င်း အသက်ကြီးသူရဲ့ အဆုံးအဖြတ်ကို နာခံကြတယ်။ သူ့အဆုံးအဖြတ်ကို မလိုက်နာတဲ့သူလည်း မရှိဘူး။

 

ကျွန်ုပ်။ ။ သူတို့ဆီမှာ နိုင်ငံရယ်၊ အစိုးရရယ် ဆိုတာ မရှိဘူးလားဘုရား။

 

ဘုရားရှင်ကြီး။ ။ မရှိပါဘူး။ သူတို့ရွာနဲ့ သူတို့ အုပ်ချုပ်ကြတယ်။ မြေယာပိုင်ဆိုင်မှု အငြင်း ပွားတာလည်း မရှိဘူး။ မြေက ကိုယ်ကြိုက်သလို ယူပြီးစိုက် ပျိုးနိုင်တယ်။

 

ကျွန်ုပ်။ ။ သူတို့က လက်လေးချောင်းပါ တယ်ဆိုတော့ အလုပ်က ဘယ်လိုလုပ်ကြသလဲ ဘုရား။

 

ဘုရားရှင်ကြီး။ ။ လက်ကလေးချောင်းစလုံး တစ်ပြိုင်နက် လုပ်နိုင်တယ်။ လက်လေးချောင်းက နှစ်ဖက်အရှည် အရွယ်တူတယ်။ ကျန်တဲ့နှစ်ဖက် အနည်းငယ်တိုတယ်။ ဥပမာသစ်သီးအခွံခွာမည်ဆို လျှင် လက်နှစ်ဖက်စီသုံးပြီး တစ်ပြိုင်တည်းခွာတဲ့ အလုပ်လုပ်နိုင်တယ်။ များသောအားဖြင့် ပိုရှည်တဲ့ လက်ကို သုံးတာများတယ်။ ကလေးချီတာ၊ မçတာ ကြတော့ တိုတဲ့လက်နှစ်ဖက်နဲ့ ချီတယ်မတယ်။ အညစ်အကြေး ကိုင်စရာရှိရင် ရှည်တဲ့လက်နှစ်ဖက်နဲ့ ကိုင်တယ်။ သစ်သီးခူးလျှင်လည်း ရှည်တဲ့လက် နှစ်ဖက်နဲ့ ခူးတယ်။ ဆံပင်ပြုပြင်တာ မျက်နှာပြုပြင် တာကိုတော့ တိုတဲ့လက်နှစ်ဖက်နဲ့ ကိုင်တွယ်ပြုပြင် တယ်။

 

ကျွန်ုပ်။ ။ ညအိပ်တဲ့အခါ ပြဿနာအခက် အခဲ မရှိဘူးလား ဘုရား။

 

ဘုရားရှင်ကြီး။ ။ သူတို့က စောင်းမအိပ်ဘူး။ လက်နှစ်ဖက်ကြောင့်လားမသိဘူး။

 

ကျွန်ုပ်။ ။ သူတို့ရဲ့ ထူးခြားချက်ရှိလျှင်လည်း မိန့်ပါဦး ဘုရား။

 

ဘုရားရှင်ကြီး။ ။ သူတို့ဆီမှာ ဓလေ့ထုံးစံ အနေနဲ့ ထူးခြားတာ တစ်ခုရှိတယ်။ သူတို့ဆီမှာ မိုးအကြီးအကျယ် ရွာတဲ့နေ့မှာ တစ်ရွာလုံးထွက်ပြီး မိုးနတ်မင်းကို တောင်းပန်ကြတယ်။ မိုးရွာတာရပ်ဖို့ ဆုတောင်းကြတယ်။ မိုးအကြီးအကျယ်ရွာလျှင် သူတို့ နေတဲ့ မြေတိုက်အိမ်တွေ ပျက်စီးမှာစိုးလို့ ဆုတောင်းကြတာဖြစ်တယ်။

နောက်ဓလေ့တစ်ခုကတော့ ရွာထဲကို အမွေး အမျှင်အဖြူနဲ့သတ္တဝါဝင်လာလျှင် အိမ်ရှေ့ထွက်ပြီး ရေနဲ့ ပက်ဖြန်းလေ့ရှိတယ်။ အဖြူကောင်ကို မကောင်းဆိုးဝါးသတ္တဝါလို့ သတ်မှတ်ကြတယ်။ မိမိ အိမ်ကို မကောင်းကျိုးတွေ သက်ရောက်မှုမရှိအောင် ရေနဲ့ ပက်ဖြန်းပြီး ကာကွယ်ကြတယ်။ နောက်ဓလေ့တစ်ခုကတော့ အစာစားခါနီးမှာ အစာကို လက်ညှိုး နဲ့ထိုးပြီး ဒီအစာကြောင့် လူနေထိုင်မကောင်းမဖြစ် ပါစေနဲ့လို့ ဆုတောင်းကြတယ်။

နောက်ဓလေ့တစ်ခုကတော့ မိမိဝတ်ဆင်ဖို့ အဝတ်တွေ ချုပ်လုပ်ပြီးတဲ့အခါ ဒီအဝတ်တွေမဝတ်မီ ဒူးပေါ်တင်ပြီး ဦးခေါင်းနဲ့ သုံးကြိမ်ထိပြီးမှ ဝတ်လေ့ဝတ်ထရှိကြတယ်။

နောက်ထူးဆန်းတဲ့ ဓလေ့တစ်ခုက မိမိနေတဲ့ မြေသားနဲ့ ဆောက်လုပ်ထားတဲ့အိမ် အမိုးပြိုကျလျှင် ပြိုကျလာတဲ့ မြေစိုင်ခဲကို ယူပြီး မြေကြီးကို ပြန်ပေးအပ်တဲ့ ကိစ္စဆောင်ရွက်ရတယ်။ မြေစိုင်ခဲ ပြန်ပေးအပ်တဲ့အခါ လူက လေးဖက်ထောက်ပြီး ပြို ကျလာတဲ့ မြေစိုင်ခဲကို မိမိရင်ဘတ်အောက်ထားကာ မြေစိုင်ခဲကို မဟာပထဝီမြေကြီး ပြန်အပ်တဲ့အကြောင်း ကို ပြောရတယ်။

 

ကျွန်ုပ်။ ။ ကျေးဇူးတင်ပါတယ်ဘုရားရှင်ကြီး ဘုရား။

 

ဘုရားရှင်ကြီးလည်း မနက် ငါးနာရီ ၄၅ မိနစ်တွင် ပြန်ကြွသွားပါပြီ။

ကျွန်တော်တို့ အဲဒီလိုမပြည့်မစုံနဲ့ ကမ္ဘာမှာ လူမဖြစ်ရဘဲ ယခုကဲ့သို့ သစ်ပင် တောတောင် သယံဇာတနဲ့ ပြည့်စုံတဲ့ ကမ္ဘာမှာ လူဖြစ်ခဲ့ရတာဟာ အလွန်ကံကောင်းတယ် ဆိုရပါမည်။

 

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ …

ဆရာဝင်း(သာကီနွယ်)

Comments

comments

Post Author: manawmaya