အဂ္ဂိရတ်ထိုးမည်ဆိုလျှင်

အဂ္ဂိရတ်ပညာရပ်က မြန်မာ့ရှေးဟောင်း ပညာရပ်ပါ။ ပုဂံခေတ်ကပင် ထွန်းကားခဲ့တဲ့ ပညာရပ် ဖြစ်ပါတယ်။ အရည်းကြီး ရဟန်းတွေလည်း အဂ္ဂိရတ် ထိုးခဲ့ကြပုံရပါတယ်။ ဒီပညာရပ် ပေါက်မြောက် အောင်မြင်လျှင် ရွှေလည်း ဖြစ်နိုင်၊ သူဋ္ဌေးလည်း ဖြစ်နိုင်တယ်။ ရောဂါဘယမျိုးစုံလည်း ကုနိုင်တယ်။ ကာယသိဒ္ဓိဆိုတဲ့ ဓားလှံ လက်နက်လည်း ပြီးနိုင် တယ်။ လူချစ်လူခင်လည်း ပေါနိုင်တယ်။ အသက် ရှည် ကျန်းမာခြင်းနဲ့လည်း ပြည့်စုံနိုင်ပါတယ်။

ဒါကြောင့် ဒီပညာဟာ ဒီနေ့ခေတ်အထိ တာ ရှည်တည်တံ့ ခိုင်မြဲနေဆဲဖြစ်ပါတယ်။ ခေတ်အဆက် ဆက်မှာ အောင်မြင်ပေါက်မြောက်ခဲ့တဲ့ လူ ပုဂ္ဂိုလ်၊ ရသေ့၊ ရဟန်း ပုဂ္ဂိုလ်များလည်း ရှိခဲ့ပါတယ်။ ဓာတ် သတ္တုတွေရဲ့ ဂုဏ်သတ္တိတွေကို နည်းအမျိုးမျိုးနဲ့ မီးနဲ့ထိုးရတဲ့ ပညာရပ်ပါပဲ။ သိပ္ပံပညာလိုင်းခွဲတစ် မျိုးလို့ ဆိုချင်ပါတယ်။

ဒီပညာရပ်က ပေါက်ရောက်အောင်မြင်သွား လျှင် အလွန်အရေးပါ အရာရောက်လှပါတယ်။ ချက် ချင်း ဆင်းရဲသားက သူဋ္ဌေးဖြစ်နိုင်တဲ့အတွက် နည်း ကိုရရှိသွားတဲ့ ဆရာအဆက်ဆက်က အလွန်လျှို့ ဝှက်လေ့ရှိပါတယ်။ မိမိရဲ့ သားသမီးကိုပင် ပညာကို ပေးဖို့ခဲယဉ်းလှပါတယ်။ မိမိအလွန်ယုံကြည်စိတ်ချရ တဲ့ တပည့်သားမြေးများကိုသာ ချီးမြှင့်လေ့ရှိပါတယ်။

ခေတ်အဆက်ဆက်မှာ ထင်ရှားတဲ့ နိုင်ငံသိ အဂ္ဂိရတ် ပညာရှင်ကြီးများကတော့ ပုဂံခေတ်က ရှင်အဇ္ဇဂေါန၊ နောက်ပိုင်းမှာ ရှင်မထီးဆရာတော်။ ဘားမဲ့ ဘားတိုင်း ဘားတမော့ စတဲ့ ဆရာတော်ကြီး များ၊ ယက္ကန်းစင်တောင်ဆရာတော်၊ ရသေ့ကြီး ဦးခန္တီ၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ မယ်ဘေးကုန်း ဆရာတော် ဦးကောဝိဒ၊ မဟာမြိုင်ဆရာတော် စတဲ့ ဝိဇ္ဇာကြီးများဟာ ထင်ရှားတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဂ္ဂိရတ်အတတ်ပညာနဲ့ အများဆုံး သာသနာပြုသွားတဲ့ ပုဂ္ဂိုလ်ကတော့ မန္တလေးတောင် အဆောက်အအုံတွေကို အများဆုံး ဆောက်လုပ်ခဲ့တဲ့ ရသေ့ကြီး ဦးခန္တီဖြစ်ပါတယ်။ ရသေ့ကြီး ဦးခန္တီလှူဒါန်းခဲ့တဲ့ သာသနာပြုအဆောက် အအုံတွေက မင်းဘူးရွှေစက်တော်၊ မော်လမြိုင် တောင်ပေါ်ဘုရားကြီး၊ ရမည်းသင်းမြို့နယ်မှ ဘုရား များ စသည်ဖြင့် ယနေ့ထက်တိုင် ဘယ်ပုဂ္ဂိုလ်မှ ရသေ့ကြီး ဦးခန္တီလောက် လှူဒါန်းနိုင်တာ မတွေ့ရ သေးပါဘူး။

ကျွန်တော် လွန်ခဲ့တဲ့နှစ်နှစ်က မန္တလေး တောင် ဆုတောင်းပြည့်ဘုရားရောက်တော့ ရသေ့ ကြီး ဦးခန္တီရဲ့ ရုပ်တုကြီးတွေ့ပါ တယ်။ ရသေ့ကြီး ဦးခန္တီ ပင့် ပြီးကြည့်တော့ ရုပ်တုကြီးမှာ နာမ် ကိန်းနေတာ တွေ့ရပါတယ်။  ကျွန်တော်က ရသေ့ကြီးကို ဘယ်ကငွေတွေနဲ့ ဒီလောက်များ ပြားလှတဲ့ သာသနာပြု အ ဆောက်အအုံတွေ ဆောက်လုပ် လှူဒါန်း နိုင်တာပါလဲ၊ ဦးခန္တီ တစ်ခါက အင်္ဂလိပ်ထောက်လှမ်း ရေးအရာရှိတွေ လာရောက်စစ် ဆေးတော့ သူတို့ရှေ့မှာပဲ လာတဲ့ လူတွေဆီက အလှူခံပြတဲ့အခါ ရွှေငွေ လက်ဝတ် ရတနာတွေ ငွေဖလားနဲ့အပြည့် လှူသွား ကြ တယ်လို့ ကြားဖူးပါတယ်။ ဒါ လည်း အစဉ်သဖြင့် ဒီလိုလှူတာ မဖြစ်နိုင်ပါဘူး။ ဝိဇ္ဇာကြီးရဲ့ အစွမ်း တစ်ခုခုကြောင့် လှူကြတာဖြစ်မှာ ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်က မြန်မာနိုင်ငံမှာ ဘုရားဖူး အသွားအလာလည်း ယခုခေတ်လောက် မရှိသေးပါဘူး လျှောက်တော့  ရသေ့ကြီး ဦးခန္တီက အဂ္ဂိရတ် ထိုးတဲ့အကြောင်း၊ အဲဒီကရတဲ့ ရွှေတွေနဲ့ လှူတဲ့အကြောင်း ပြောပါတယ်။

မင်းဘူး၊ မယ်ဘေးကုန်းဆရာတော်ကြီး ဦးကောဝိဒလည်း ရွှေဖြစ်တဲ့အကြောင်း ဗိုလ်ချုပ်စိန် လွင်(သမ္မတဟောင်း)ရဲ့ ကိုယ်ရေးအရာရှိ ဗေဒင် ဆရာကြီး ဦးတင်အောင်က ကျွန်တော့်ကို ပြောဖူးပါ တယ်။ ဗိုလ်ချုပ်စိန်လွင် နမခတိုင်းမှူးဘဝက မယ် ဘေးကုန်း ဆရာတော်နဲ့ ရင်းနှီးတယ်။ တစ်ရက်မှာ ဗိုလ်ချုပ်စိန်လွင် မကွေးတိုင်းခရီးသွားရင်း မယ်ဘေး ကုန်းဆရာတော်ဆီရောက်သွားတယ်။ သူ သွားတဲ့ ရက်က မယ်ဘေးကုန်းဆရာတော် မယ်ဘေးကုန်းကို ကြွမယ့်ရက် မဟုတ်ဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်စိန်လွင် က ဝိဇ္ဇာမှန်ရင် ကြွလာရမယ်ကွာ ဆိုပြီး သွားပါတယ်။ မယ်ဘေးကုန်းရောက်တော့ ဆရာတော်နဲ့ တွေ့ပါ တယ်။ ဆရာတော်နဲ့ စကားစမြည်ပြောရင်း သူနဲ့ ပါလာတဲ့ ရဲဘော်တွေကို သူ့ကျောင်းမှာရှိတဲ့ ဝါယာ ကြိုးတွေက ကြေးနန်းကြိုးတွေကိုဖြတ်ပြီး ဇလုံတစ်ခု ထဲ ထည့်စေပါတယ်။ အဲဒီနောက် အသင့်ရှိတဲ့ ဖိုပေါ် မှာတင်ပြီး အရည်ကြိုစေပါတယ်။ ဒါတွေအားလုံးကို ဆရာတော်က ရဲဘော်တွေကိုသာ လုပ်ကိုင်စေပါ တယ်။ ဇလုံထဲက ကြေးနန်းကြိုးတွေ အရည်ပျော် သွားတော့ ဆရာတော်က ပြာမှုန့်လေး အနည်းငယ် အရည်ပျော်နေတဲ့ ကြေးထဲထည့်ပါတယ်။ ခဏနေ တော့ အရည်ပျော်နေတဲ့ ဇလုံကို အအေးခံစေပါ တယ်။ ဇလုံထဲက ကြေးကို ထိုးထားတဲ့ဓာတ်လုံးကို ကြည့်တော့ ရွှေတုံးဖြစ်နေတယ် ပြောပါတယ်။ အဲဒီ  ရွှေဓာတ်လုံးကို ဗိုလ်ချုပ်စိန်လွင်ကို လက်ဆောင် ပေးလိုက်ကြောင်း သိရပါတယ်။ ပြာလေးထည့်လိုက် ရုံနဲ့ ကြေးနန်းကြိုးက ရွှေဖြစ်သွားတာ ဖြစ်ပါတယ်။ ဘယ်လောက်ကောင်းတဲ့ ပညာရပ်ပါလဲ။

ကျွန်တော့်မိတ်ဆွေကြီး အဂ္ဂိရတ်ပညာကို နှစ်ပေါင်းများစွာလိုက်စားခဲ့တဲ့ ဦးသက်ရှည်ဆိုတာရှိ ပါတယ်။ သူကလည်း ရွှေဖြစ်တဲ့ပုဂ္ဂိုလ်ပါပဲ။ ဗိုလ်ချုပ် စိန်လွင်နဲ့လည်း ရင်းနှီးပါတယ်။ သူက ရွှေဖြစ်တဲ့နည်း ကို ဂျပန်ကိုဒေါ်လာ သုံးသန်းနဲ့ ရောင်းဖို့လုပ်ပါတယ်။ အဂ္ဂိရတ်ထိုးနည်းပါ သင်ပေးရမှာ ဖြစ်ပါတယ်။ ဗိုလ် ချုပ်စိန်လွင်ကို တင်ပြကြည့်တော့ “ခင်ဗျား ဘာဖြစ် လို့ ကိုယ်ပညာရပ်ကို တိုင်းတစ်ပါးသား ရောင်းရမှာ လဲ။ ခင်ဗျား ငွေဘယ်လောက်လိုသလဲ” ဆိုပြီး မေမြို့ ဂုတ်ထိပ်တံတားက သံလမ်းဟောင်းတွေ ကံထရိုက် ပေးခဲ့ဖူးပါတယ်။ ထိုစဉ်က ဗိုလ်ချုပ်စိန်လွင်က သယ် ယူပို့ဆောင်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ တိတ်တိတ်ပုန်း ဓာတ်လုံး အောင်မြင်နေသူတွေ ရှိပါတယ်။ ကျွန်တော်ကိုယ် တိုင်ပင်လျှင် အစာအိမ်ရောဂါနဲ့ ပန်းနာရင်ကျပ် ရောဂါကို ဓာတ်လုံးစိမ်တဲ့ ပျားရည်၊ ဓာတ်လုံးပြုတ် ရေနဲ့ ပျောက်ကင်းခဲ့ဖူးပါတယ်။

ဓာတ်လုံးငုံထားရုံနဲ့ ကောင်းကင်ခရီးလည်း သွားနိုင်တယ်။ ကိုယ်ရောင်လည်း ဖျောက်နိုင်တယ်။

ဓာတ်လုံးစိမ်ထားတဲ့ အစားအသောက်စားရုံ နဲ့ အာဟာရသိဒ္ဒိပြီးတယ် စသည်ဖြင့် ကြားဖူးပါတယ်။   မယုံနိုင်စရာကောင်းအောင် စွမ်းပါတယ်။ လူစင်စစ် က ထွက်ရပ်ပေါက် ဝိဇ္ဇာကြီးဖြစ်သွားပြီး အသက်က လည်း ရာထောင်မက ရှည်နိုင်တယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့ သတင်းနှစ်ပတ်လောက်ကတော့    ဒေါ်—ဆိုတဲ့ အသက် ၅၀ လောက်ရှိတဲ့အမျိုးသမီး ကြီးတစ်ဦး ကျွန်တော့်ဆီ ရောက်လာပါတယ်။ ကျွန် တော့်မိတ်ဆွေ အဂ္ဂိရတ်ဝါသနာပါတဲ့ ပုဂ္ဂိုလ်တစ်ဦးက ခေါ်လာတာပါ။

အဲဒီ အမျိုးသမီးကြီးက အမျိုးသမီးဆိုပေ မယ့် အဂ္ဂိရတ်ထိုးတာ ဝါသနာပါတယ်။ မြန်မာနိုင်ငံ ထဲမှာ အမျိုးသမီးတွေ အဂ္ဂိရတ်ထိုးနေကြတာ ဘယ် နှစ်ဦး  ရှိမှန်းတော့ မသိပါဘူး။ ကျွန်တော် အမျိုး သမီး သုံးယောက် အဂ္ဂိရတ်ထိုးတာ တွေ့ဖူးပါတယ်။

နှစ်ဦးကတော့ တော်တော်လေး ခရီးရောက် နေပါပြီ။ ယခု ကျွန်တော့်ဆီရောက်လာတဲ့အမျိုးသမီး ကြီးက သူဟာ အဘဘိုးမင်းခေါင်ရဲ့ သမီးတော်ခဲ့ဖူး ကြောင်း၊ ဘိုးမင်းခေါင်က ငယ်စဉ်ကလေးဘဝကပင်   စောင့်ရှောက်ခဲ့ကြောင်း၊ အဘပေးတဲ့နည်းနဲ့ ဓာတ်ထိုး တာ နှစ်ကြိမ် အခေါက်ရွှေရခဲ့ဖူးကြောင်း၊ နောက် တော့ ဘယ်လိုကြောင့် မဖြစ်တာလဲ မသိကြောင်း အဲဒါကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်က အဂ္ဂိရတ် ပညာကိုတော့ စိတ်ဝင်စားတယ်။ အဂ္ဂိရတ် ထိုးတဲ့ ပုဂ္ဂိုလ်တော်တော်များများလည်း သိကျွမ်းပါ တယ်။  ကိုယ်တိုင်တော့ မထိုးဖြစ်ပါဘူး။ ကျွန်တော် က အဘဘိုးမင်းခေါင်ကပေးတဲ့ နည်းဆိုတော့ ဘိုး မင်းခေါင်ကိုပဲ ပင့်ပြီး မေးကြည့်တာပေါ့ဆိုပြီး အဘ ဘိုးမင်းခေါင်ကို ပင့်ပါတယ်။

ကျွန်တော်ပင့်တဲ့အချိန်မှာ အဘဘိုးမင်းခေါင်  က မုံရွာ ဗောဓိတစ်ထောင်ဘုရားမှာ ဝိဇ္ဇာကြီးတွေနဲ့ ဝိုင်းဖွဲ့ပြီး ရေနွေးကြမ်းသောက်နေပါတယ်။ ကျွန် တော်က ရှေးခေတ် မြေရေနွေးအိုးကြီးနဲ့ သောက် နေတာထင်လို့ ဘိုးမင်းခေါင် ကြွလာတဲ့အခါ အဘတို့ သောက်တဲ့ ရေနွေးအိုးက ကျွန်တော်တို့ငယ်ငယ်က တောရွာတွေမှာ သောက်တဲ့ မြေကရားအိုးကြီးနဲ့ မဟုတ်လား မေးတော့ မဟုတ်ပါဘူးကွာ။ ဓာတ်ဘူး နဲ့ပါ ပြောလို့ ကျွန်တော်တို့လည်း ပြုံးမိကြပါတယ်။

အဘသမီးက အဘပေးတဲ့နည်းအတိုင်း ထိုးတော့ ပထမနှစ်ကြိမ်ရွှေဖြစ်တယ်။ နောက်တော့ မဖြစ်တော့ဘူး ပြောနေတယ်။ အဲဒါဘယ်လိုကြောင့် မဖြစ်တာလဲလို့ သိချင်နေပါတယ်။ ဒေါ်–ကို သူ့ရဲ့  ဆောင်ရွက်ချက် အဆင့်ဆင့်ကို ရှင်းပြစေပါတယ်။

အဘက ဒါမှန်ပါတယ်။ တစ်ယောက် ယောက် နှောင့်ယှက်နေလို့ နေမှာပါပြောပါတယ်။

အဘဘိုးမင်းခေါင်ပြန်ြွကသွားတဲ့အခါ ဒေါ်— ဖိုလ်ထိုးတဲ့အခါ နှောင့်ယှက်သူရှိသလားလို့ ကျွန် တော့်ကို ဗေဒင်ကူညီဟောပေးတဲ့တန်ခိုးရှင်ကြီး မေး လျှောက်ကြည့်တော့ ဝိဇ္ဇာကြီးတစ်ပါးက နှောင့်ယှက် နေကြောင်း ပြော၍ ကျွန်တော် ထိုနှောင့်ယှက်တဲ့ ဝိဇ္ဇာကြီးကို ပင့်ဖိတ်လိုက်ပါတယ်။

အသက် ၇၀ အရွယ် မျက်နှာမှာ အဖုတွေနဲ့ မျက်နှာကလည်း ရဲနေတဲ့ အဘိုးကြီးတစ်ယောက် ရောက်လာပါတယ်။

ကျွန်ုပ်။ ။ ယခြွုကလာတဲ့ပုဂ္ဂိုလ်ကြီးက ဝိဇ္ဇာ ကြီးပါလား။ ဒေါ်–ရွှေဖြစ်အောင် ဖိုထိုးတဲ့အခါ ရွှေ မဖြစ်အောင် နှောင့်ယှက်တဲ့ပုဂ္ဂိုလ်ဆိုတာ ဟုတ်ပါ သလား။

ဝိဇ္ဇာကြီး။ ။ ဟုတ်ပါတယ်။

ကျွန်ုပ်။ ။ ဘာကြောင့် နှောင့်ယှက်တာလဲ။

ဝိဇ္ဇာကြီး။ ။ မြောင်းမြမြို့နယ် မြောင်းမြမြို့ ဟောင်းက ဘုရားတစ်ဆူကို ပြုပြင်စေချင်ပါသည်။ အဲဒီစေတီပြုပြင်ပြီး ကျွန်ုပ်ကို အမျှဝေစေချင်ပါ တယ်။ ကျွန်ုပ်မှာ ခံစားနေရတဲ့ မျက်နှာမှ အပူဖုတွေ ပေါက်နေတဲ့ ဝေဒနာနဲ့ ခန္ဓာကိုယ် အပူချိန်များတဲ့ ဝေဒနာ ပျောက်ကင်းစေချင်လို့ ဖြစ်ပါတယ်။ သူက တစ်ခုသောအခါက ကျွန်ုပ်ရဲ့ တူမ တော်စပ်ခဲ့ဖူးပါ တယ်။

ကျွန်ုပ်။ ။ အဲဒါဆို ကျွန်တော်ကူညီပေးမည် ဆိုပြီး ဝိဇ္ဇာကြီးရဲ့ မျက်နှာပေါ်က အပူဖုတွေ ကိုယ် ခန္ဓာပူပြီး မျက်နှာနီရဲနေတာတွေ ပျောက်အောင် ကျွန်တော် လက်ဝါးပြပြီး ကုသပေးလိုက်ပါတယ်။ အဖုတွေပျောက်ပြီး အသားအရည်လည်း မူလအသား လတ်တဲ့အရောင်အတိုင်း ဖြစ်သွားပါတယ်။ ပူတဲ့ ဝေဒနာခံစားရတာလည်း သက်သာသွားပါတယ်။ ကျွန်တော်က ပရလောကမှ ပုဂ္ဂိုလ်များရဲ့ ရောဂါ ဝေဒနာကို ယခုလို လက်ဝါးပြ၍ကုသပေးလာတာ လေးငါးနှစ်ရှိပါပြီ။

ဒေါ်–လည်း မြောင်းမြမြို့ဟောင်းမှာ ဘုရား တည်စရာမလိုတော့ပါဘူး။

ကျွန်ုပ်။ ။ ဝိဇ္ဇာကြီးက လူ့ဘဝဖိုထိုးစဉ်တုန်း က ဓာတ်ပြာတွေ စားမိလို့ အခုလိုမျက်နှာမှာ အပူဖု တွေပေါက်တာ ခန္ဓာကို အပူလွန်ကဲတာ ခံစားရတာ မဟုတ်လား

ဝိဇ္ဇာကြီး။ ။ ဟုတ်ပါတယ် ဆေးကုလို့လည်း မရပါဘူး။

ကျွန်ုပ်။ ။ ဝိဇ္ဇာကြီးက ဘယ်တုန်းက ဝိဇ္ဇာ ဖြစ်တာလဲ။

ဝိဇ္ဇာကြီး။ ။ ပုဂံခေတ်က ဖြစ်ခဲ့တာပါ။

ကျွန်ုပ်။ ။ ရှင်အဇ္ဇဂေါနက ရွှေဖြစ်တယ်။ ပုဂံ ပြည်သူတစ်ရပ်လုံးကို ချမ်းသာစေခဲ့တယ်ဆိုတာ ဟုတ်ပါသလား။

ဝိဇ္ဇာကြီး။ ။ ကျွန်ုပ်က သူ့ထက် သုံးနှစ်စော ပြီး ဝိဇ္ဇာဖြစ်ခဲ့တာပါ။ ပုဂံတစ်ပြည်လုံး မဟုတ်ပါဘူး။ သူ့ရဲ့ဆွေမျိုးသားချင်းနဲ့ ရင်းနှီးတဲ့ ဒကာတွေကို သာ ကူညီခဲ့တာပါ။

ကျွန်ုပ်။ ။ ဝိဇ္ဇာကြီးရဲ့ နာမည်က ဘယ်လို ခေါ်ပါသလဲ။

ဝိဇ္ဇာကြီး။ ။ ဦးဘူးလို့ခေါ်ပါတယ်။

ကျွန်တော်တို့သုံးဦး ဆွေးနွေးနေကြစဉ် ရွှေ ရောင်အဆင်းနဲ့ ရသေ့ကြီးတစ်ပါး ကျွန်တော်တို့ ရှေ့ သို့ရောက်လာပါတယ်။

ကျွန်ုပ်။ ။ ယခု ကြွလာတဲ့ ပုဂ္ဂိုလ်ကြီးက နတ်လား။ ရသေ့ဝိဇ္ဇာကြီးလား။

ရွှေရောင်ဝိဇ္ဇာကြီး။ ။ ကျွန်ုပ်က ဝိဇ္ဇာကြီးပါ။ ဘွဲ့နာမည်က သဗ္ဗသိဒ္ဓိဦးမြအေးလို့ခေါ်ပါတယ်။

ကျွန်ုပ်။ ။ ကြွလာတဲ့ အကြောင်းကိစ္စအမိန့်ရှိ ပါဦး။

ရွှေရောင်ဝိဇ္ဇာကြီး။ ။ ယနေ့အဂ္ဂိရတ်ဝါသနာ ပါပြီး အဂ္ဂိရတ်ထိုးနေသူအားလုံးကို ပြောစရာရှိလို့ြွကလာတာပါ။

အဂ္ဂိရတ်ထိုးသူတော်တော်များများ အနေနဲ့ ကားစီးရအောင်၊ တိုက်နဲ့နေရအောင် ရည်မှန်းပြီးထိုး နေကြတယ်။ ဒီလို ကိုယ်ကျိုးစီးပွားရှေ့တန်းတင်ပြီး  ထိုးလို့ကတော့ ဘယ်တော့မှ မအောင်မြင်ဘူး။ ဒီ ပညာရပ်က သူတော်စဉ်တွေရဲ့ အဆင့်မြင့်ပညာရပ် ဖြစ်တယ်။ အများအကျိုးပြု လုပ်ငန်းတွေဖြစ်တဲ့ လမ်းတံတား၊ ရေတွင်း၊ ရေကန်၊ ဆေးရုံ၊ ဆေးခန်း၊ ကျောင်း ဆောက်လုပ်လှူဒါန်းချင်သူတွေ သာသနိက   အဆောက်အအုံတွေ ဆောက်လုပ်လှူဒါန်းရည်မှန်း ချက်များနဲ့ အဂ္ဂိရတ်ပညာကို ကြိုးစားအားထုတ်နေသူ များသာ ပေါက်ရောက်အောင်မြင်နိုင်ကြောင်း ပြော ချင်ပါတယ်။

သဗ္ဗသိဒ္ဓိဝိဇ္ဇာကြီးဦးမြင့်အေး ပြန်ကြွသွားပါ ပြီ။ ကျွန်တော်တို့လည်း သူဘယ်မှာ သီတင်းသုံး တယ်။ ဝိဇ္ဇာအဆင့် ဘယ်လောက်ရှိတယ်ဆိုတာ မမေး လိုက်ရပါဘူး။ လူပုဂ္ဂိုလ်ဝိဇ္ဇာထဲက သည်လောက် အဆင့်မြင့်တဲ့ဝိဇ္ဇာလည်း ကျွန်တော် တစ်ခါမျှ မတွေ့ ဖူးပါဘူး။

 

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ

ဆရာဝင်း(သာကီနွယ်)

(ဤဆောင်းပါးပါ အယူအဆများသည် စာရေးသူ၏အယူအဆများသာဖြစ်ပါသည်၊ အယ်ဒီတာအဖွဲ့၏အာဘော်မဟုတ်ပါကြောင်း၊

အယ်ဒီတာအဖွဲ့)

Comments

comments

Post Author: manawmaya