အောင်ဘာလေထီဖွင့်ပွဲရဲ့ နောက်ကွယ်မှာ

လူတိုင်းထီပေါက်ချင်ကြပါတယ်။ ဗေဒင်လာ မေးတဲ့သူ တော်တော်များများက ထီပေါက်ကိန်းရှိမရှိ မေးကြပါတယ်။ ယခုထီဖွင့်ပွဲမှာ သိန်းပေါင်းတစ် သောင်း၊ သိန်းပေါင်း ငါးထောင်ဆုကြီးတွေ ပါလာ တော့ လူတွေထီကို ပိုပြီးစိတ်ဝင်စားလာကြပါတယ်။ ထီက အရင်ပေါက်မဲနဲ့တွက်လျှင် စောင်ရေတစ်သိန်း မှာ တစ်စောင်လောက်ပဲ ပေါက်တာဖြစ်တဲ့အတွက် ထီပေါက်ဖို့ အလွန်ခက်ပါတယ်။

ကျွန်တော် ထီကိုအမြဲတမ်းတော့ မထိုးပါဘူး။ တစ်ခါတစ်ရံတော့ ထိုးပါတယ်။ ဒီအသက်အရွယ် အထိ တစ်ခါမျှ မပေါက်ဖူးပါဘူး။ လွန်ခဲ့တဲ့ နှစ်လ လောက်ကစပြီး ကျွန်တော့်ကို စောင့်ရှောက်တဲ့ တန် ခိုးရှင်ကြီးတွေက ထီပေါက်မည်ပြော၍ ဂရုစိုက် ထိုး လာတာ သုံးလေးလရှိပါပြီ။ မပေါက်ပါဘူး။

ယခုနှစ် နိုဝင်ဘာလဆန်းမှာ ပုဂံခေတ်က ဝိဇ္ဇာဖြစ်လာတဲ့ ဝိဇ္ဇာကြီး ဦးဘူးနဲ့ မမျှော်လင့်ဘဲ တွေ့ရပါတယ်။ ဝိဇ္ဇာကြီးမှာ အဂ္ဂိရတ်ပြာစားမိလို့ မျက်နှာမှာ အပူဖုတွေပေါက်နေတာ ဝိဇ္ဇာဖြစ်တဲ့ဘဝ အထိ အပူဖုတွေပါလာပါတယ်။ ကျွန်တော်ကုပေး လိုက်တဲ့အတွက် ゞင်းအဖုတွေ ပျောက်ကင်းသွားပါ တယ်။ ဝိဇ္ဇာကြီးက ကျွန်တော့်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ထီသိန်းတစ်ထောင်ဆုကြီးပေါက်အောင် ကူညီပေးမည်။ အိမ်ကဘုရားမှာ ကြာသပတေးနေ့ မနက် ကန်တော့ပွဲကိုးဖီးပွဲ တစ်ပွဲမှာ ငွေစက္ကူ တစ် သောင်းတန်၊ ငါးထောင်တန်၊ တစ်ထောင်တန်၊ ငါးရာတန် တစ်ရွက်စီကပ်လှူပြီး ဆုတောင်းပါ။ သူ့ကိုလည်း အမျှဝေပါ။ ပြောပါတယ်။ ကျွန်တော် လည်း ဆောင်ရွက်ပါမည် ပြောလိုက်ပါတယ်။

နှစ်ရက်လောက်နေတော့ ကျွန်တော့်ကို စောင့်ရှောက်နေတဲ့ တန်ခိုးရှင်ကြီးများကလည်း ဗုဒ္ဓ ဟူးနေ့ မနက်အိမ်က ဘုရားမှာ ကန်တော့ပွဲငါးဖီးပွဲ တစ်ပွဲတွင် ငွေစက္ကူတစ်သောင်းတန်၊ ငါးထောင်တန်  တစ်ထောင်တန်၊ ငါးရာတန်များထည့်ပြီး ဘုရားမှာ ကပ်လှူပါ။ သိန်းပေါင်း တစ်သောင်းဆုကြီး ပေါက်ဖို့ ဆုတောင်းပါ မိန့်ပါတယ်။

ကျွန်တော်က တန်ခိုးရှင်ကြီးတွေ ကပ်လှူ ခိုင်းတဲ့ ငါးဖီးပွဲကို ဗုဒ္ဓဟူးနေ့မှာ ကပ်ပါမည်။ ဝိဇ္ဇာ ကြီး ဦးဘူးခိုင်းတဲ့ ကိုးဖီးပွဲကိုတ စ်ပတ်ခြားပြီး ကြာသပတေးနေ့ ကပ်ဖို့စီစဉ်ပါတယ်။

ဒီကန်တော့ပွဲနှစ်ပွဲကို အောက်တိုဘာလ အတွင်း ကပ်လှူပါမည်။ ဒါမှ နိုဝင်ဘာလ ၁ ရက် မနက်ဖွင့်မည့် ထီဖွင့်ပွဲမှာ ပေါက်နိုင်ရန် ဖြစ်ပါသည်။

၁၇-၁၀-၂၀၁၇ ရက် ပထမဗုဒ္ဓဟူးနေ့ ကပ် လှူတဲ့ ကန်တော့ပွဲ ဘုရားကို ကပ်လှူပြီးတဲ့အခါ ကန်တော့်ပွဲထဲ ငှက်ပျောဖီးတွေကြားထဲက လှုပ်ရှား တဲ့ အသံတစ်ခုကြား၍ အာရုံပြုကြည့်လိုက်တော့ ရွှေရောင် မြွေအကြီးကြီး တစ်ကောင်ရောက်နေတာ တွေ့ရပါတယ်။ ကျွန်တော် အံ့ဩသွားပါတယ်။

ကျွန်ုပ်။ ။ မြွေကြီးက ကန်တော့်ပွဲထဲဘာကိစ္စ ရောက်လာတာပါလဲ။

ရွှေရောင်မြွေကြီး။ ။ သင့်ကို သိန်းပေါင်းတစ် သောင်းဆုကြီးပေါက်အောင် ဆောင်ရွက်ပေးဖို့လာ တာပါ။

ကျွန်ုပ်။ ။ သင့်ကိုဘယ်ပုဂ္ဂိုလ်က တာဝန်ပေး တာပါလဲ။

ရွှေရောင်မြွေကြီး။ ။ ဘုရားရှင်ကြီးတစ်ဆူက တာဝန်ပေးလို့လာတာပါ။

ကျွန်ုပ်။ ။ သင်ကဘယ်လောက်တန်ခိုးကြီးလို့ ဒီလောက်ကြီးတဲ့ တာဝန်ကြီးကို ဆောင်ရွက်နိုင်တာ လဲ။ ကျွန်ုပ်သိထားတာက ထီဖွင့်ပွဲမှာ တန်ခိုးကြီး နတ်ကြီးတွေ၊ ဝိဇ္ဇာကြီးတွေ ရောက်လာပြီး သူတို့နဲ့  သက်ဆိုင်တဲ့ ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်တွေ ထီပေါက် အောင်ဆောင်ရွက်ကြတယ် သိရပါတယ်။

ရွှေရောင်မြွေကြီး။ ။ ထီဖွင့်ပွဲမှာ ကြီးကြပ်ရ တဲ့ြွေမကြီးကိုးကောင်ရှိပါတယ်။ ကျွန်ုပ်က မြွေကြီး ကိုးကောင်မှာ ခေါင်းဆောင်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သင့်  ကို သိန်းပေါင်းတစ်သောင်းဆုကြီးပေါက်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ တန်ခိုးကြီးနတ်တွေ ဝိဇ္ဇာ တွေ လာရောက်ပြီး သူတို့နဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ ကို ထီပေါက်အောင်ဆောင်ရွက်ကြတာလည်း အမှန် ပါပဲ။

ကျွန်ုပ်။ ။ ဒီလိုဆို သေတ္တာပုံးတွေထဲက ဂဏန်းပါတဲ့ ဂေါ်လီလုံးလေးတွေ ကလေးတွေ နှိုက် ယူပြီး ပေါက်ဂဏန်း သတ်မှတ်ပေးတာကရော။

ရွှေရောင်မြွေကြီး။ ။ ဒါကလဲ လူအများ အမြင်ရှင်းအောင် သက်ဆိုင်ရာက ဆောင်ရွက်တာပါ။ အဲဒီကလေးတွေ နတ်တွေလိုချင်တဲ့ ဂဏန်းကိုနှိုက်မိ အောင် နတ်တွေက ဆောင်ရွက်ပါတယ်။

ကျွန်ုပ်။ ။ မြွေကြီးတို့က ထီဖွင့်ပွဲ ကြီးကြပ် လာတာ ဘယ်လောက်ကြာပြီလဲ။

ရွှေရောင်မြွေကြီး။ ။ အစိုးရက ထီဖွင့်ပွဲစတင် ကျင်းပတဲ့ အချိန်ကစပြီး ကြီးကြပ်ခဲ့တာပါ ကြာပါ ပြီ။

ကျွန်တော်လည်း ဒီတစ်ခါတော့ ကျွန်တော့် ကို စောင့်ရှောက်တဲ့ တန်ခိုးရှင်ကြီးများက တစ်ခါမျှ မခိုင်းဘူးတဲ့ ကန်တော့ပွဲတွင် ငွေစက္ကူများထည့်သွင်း ကပ်လှူခိုင်းလို့ ကပ်လှူဆုတောင်းတယ်။ ထူးထူး ဆန်းဆန်း ကန်တော့ပွဲ ကပ်လှူတော့လည်း ထီဖွင့်ပွဲ  ကြီးကြပ်တဲ့ ရွှေရောင်မြွေကြီး။ ကန်တော့ပွဲထိ ရောက် လာပြီး ထီသိန်းပေါင်း တစ်သောင်းဆုကြီး ပေါက် အောင် ဆောင်ရွက်ပေးမည်ပြော၍ တော်တော်လေး ဝမ်းမြောက်နေမိပါတယ်။

၂၅-၁၀-၂၀၁၇ ရက် မနက်မှာ ဝိဇ္ဇာကြီး ဦးဘူး စေခိုင်းတဲ့ ကန်တော့်ပွဲ ကိုးဖီးပွဲတွင် ငွေစက္ကူ တစ်သောင်းတန်၊ ငါးထောင်တန်၊ တစ်ထောင်တန်၊ ငါးရာတန်များထည့်သွင်းကပ်လှူပြီး သိန်းတစ်ထောင်  ဆုကြီး ပေါက်ဖို့ ဆုတောင်းပါတယ်။ ဝိဇ္ဇာကြီးဦးဘူး ကိုလည်း ကန်တော့်ပွဲလှူတဲ့ ကုသိုလ်ကောင်းမှုကို အမျှဝေပါတယ်။ ကန်တော့်ပွဲကပ်လှူတဲ့ နေ့ကစပြီး  သိန်းပေါင်းတစ်သောင်းဆုကြီးပေါက်ဖို့ ဘုရားမှာ ဆွမ်းတော်ကပ်လှူပြီးတိုင်း ဆုတောင်းပါတယ်။

၁-၁၁-၂၀၁၇ ရက် မနက် ခုနစ်နာရီ ဘုရား မှာ ပန်း၊ ရေချမ်း၊ သစ်သီးများ ကပ်လှူ ပုတီး စိပ်ပြီးတဲ့အချိန်မှာ တန်ခိုးရှင်ကြီးတစ်ပါး ကြွလာပြီး ဒီနေ့မနက် ထီဖွင့်ပွဲမှာ သိန်းပေါင်းတစ်သောင်း ဆု ကြီးတစ်ဆု သိန်းပေါင်းငါးထောင် ဆုကြီးတစ်ဆု ပေါက်မည်လို့ ကြွရာက်ပြောသွားပါတယ်။ ဒီတစ်ခါ တော့ သေချာပေါက် ထီပေါက်ပြီလို့ ယုံကြည်ပါ တယ်။

ထီဖွင့်တဲ့မနက်က သန်လျင်က မင်္ဂလာ ဆောင်တစ်ခုမှာ ရောက်နေပါတယ်။ ထီပေါက်ရင် တော့ တယ်လီဖုန်းနဲ့ အကြောင်းကြားမှာပဲဆိုပြီး နားစွင့်နေမိပါတယ်။ အိမ်ကို နေ့လယ် တစ်နာရီခွဲ လောက် ပြန်ရောက်ပါတယ်။ ဘာသံမှ မကြားရ၍ ဒီတစ်ချီလည်း လွဲပြန်ပြီဆိုတာ သိလိုက်ပါတယ်။ ဒီလောက်ပုဂ္ဂိုလ်တွေ အတိအကျခိုင်းလို့ ကန်တော့ ပွဲလှူ ဆုတောင်းတယ်။ ရွှေရောင်မြွေကြီးလည်း လာတယ်။ ဘယ်လိုကြောင့် သည်လောက်အထိ လွဲ မှားနေရတာလဲ။ လာပြီးပြောတဲ့ ပုဂ္ဂိုလ်တွေကိုလည်း မကျေနပ်ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်တွေ ကိုတော့ ဘာကြောင့် မပေါက်တာလဲလို့ပင့်ပြီး မမေး ပါဘူး။

၂-၁၁-၂၀၁၇ ရက် မနက်လေးနာရီမှာ ကျွန်တော့်ကိုထီပေါက်မည် ညွှန်ကြားတဲ့ တန်ခိုးရှင် ကြီးမေးကြည့်တော့ တန်ခိုးရှင်ကြီး မရှိတော့ပါဘူး။ အနက်ရောင်ဝတ်စုံနဲ့ တန်ခိုးရှင်ကြီးတစ်ပါးသာ ကြွရောက်နေတာ တွေ့ရပါတယ်။

ကျွန်ုပ်။ ။ အနက်ရောင်သင်္ကန်းနှင့် တန်ခိုး ရှင်ကြီးဘုရား။ တပည့်တော် ဒီတစ်ပတ် သိန်းပေါင်း တစ်သောင်းဆုကြီး  ပေါက်မည်ဆို၍ ဘုရားကိုကန် တော့်ပွဲ ငါးဖီးပွဲကပ်ကာ ဆုတောင်းခဲ့ပါတယ်။ ထီ မပေါက်ပါဘူး ဘုရား။ တစ်ခါ ဝိဇ္ဇာကြီးတစ်ပါးက သိန်းတစ်ထောင်ဆုကြီးပေါက်အောင် ကန်တော့ပွဲ ကိုးဖီးပွဲကပ်ကာ ဆုတောင်းပါ။ သူကလည်း ကူညီပါ မည်မိန့်ပါတယ်။

ဝိဇ္ဇာကြီးပြောတာလည်း မပေါက်ပါဘူး။ ဘုရား အဲဒါဘယ်လိုကြောင့် လွဲချော်ရတာပါလဲ။

တန်ခိုးရှင်ကြီး။ ။ သင့်ကို မိန့်ကြားစရာ သုံးချက်ရှိတယ်။

၁။ တန်ခိုးရှင်ကြီးပြောတာ လွဲတဲ့ကိစ္စက လာ ရောက်ဟောပြောတဲ့ ပုဂ္ဂိုလ်တို့ တန်ခိုးအဆင့်အတန်း အလိုက် အလွဲအမှားရှိနိုင်ပါတယ်။

၂။ တန်ခိုးရှင်ကြီးတွေထက် တန်ခိုးကြီးတဲ့ ဘုရားရှင်ကြီးတွေရဲ့ နှောင့်ယှက်မှုကြောင့်လည်း လွဲ မှားနိုင်ပါတယ်။

၃။ အလွန်တန်ခိုးကြီးတဲ့ နတ်တိရစ္ဆာန်ကြီး တွေကြောင့်လည်း လွဲမှားနိုင်ပါတယ်။

သင်မနေ့က ထီမပေါက်တာဟာ အောင်ဘာ လေထီဖွင့်ပွဲကို အပြာနုရောင် မြွေကြီးကိုးကောင် ရောက်လာပြီး သူတို့ပေါက်စေချင်တဲ့သူတွေ ပေါက် အောင်ပြုလုပ်သွားလို့ မပေါက်တာ ဖြစ်တယ်။ ဒီမြွေကြီး ကိုးကောင်က ထီဆုပေါင်း ၁၆ ဆုကို သူတို့ ပေါက်စေချင်တဲ့သူတွေ ပေါက်အောင် ပြုလုပ်သွား တာပါ။

ကျွန်ုပ်။ ။ တပည့်တော် သိရတာက ထီဖွင့်ပွဲ မှာ တန်ခိုးကြီးနတ်ကြီးတွေ ကြွရောက်လာပြီးနတ်ကြီး တွေနဲ့ ပဋ္ဌာန်းဆက်ရှိတဲ့သူတွေကို ထီပေါက်အောင် အတင်းအဓမ္မ လာရောက်လုပ်ကိုင်ကြတယ်လို့ သိရပါ တယ်။ အဲဒါ မှန်ပါသလားဘုရား

တန်ခိုးရှင်ကြီး။ ။ အေးအဲဒါအမှန်ပဲ။ ထီဖွင့် ပွဲကတော့ နတ်တွေ တိုးကြဝှေ့ကြ လုကြယက်ကြ တဲ့ပွဲဆိုလည်း မမှားပါဘူး။ တန်ခိုး ပါဝါနိမ့်တဲ့ နတ် တွေကတော့ မတိုးဝှေ့နိုင်ကြပါဘူး။ သူတို့က တန်ခိုး ကြီးနတ်ကြီးတွေ ယူပြီး ကျန်တဲ့ဆုလေးတွေကို ၄င်းတို့ရဲ့ ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်တွေ ပေါက်အောင်ထီဖွင့် ပွဲ ကြီးကြပ်တဲ့ြွေမကြီးကိုးကောင်ကို အကူအညီ တောင်းကြတာပါ။

ဒီမြွေကြီး ကိုးကောင်က တန်ခိုးရှင်ကြီးနတ် ကြီးတွေထက်ပိုပြီး တန်ခိုးကြီးပါတယ်။

ကျွန်ုပ်။ ။ ဒီလောက်တန်ခိုးကြီးတဲ့ မြွေကြီးတွေရှိတယ်ဆိုတာ တပည့်တော် ဒီတစ်ခါ ပထမ ဆုံး ကြားရတာပါပဲ ဘုရား။ ဒီမြွေကြီးတွေက ဘယ် ကလာတာပါလဲ ဘုရား။

တန်ခိုးရှင်ကြီး။ ။ ဒီမြွေကြီးကိုးကောင်က အာကာသထဲက လာတဲ့ မြွေကြီးတွေဖြစ်တယ်။ သူတို့က သမထဘာဝနာနဲ့ ပတ်သက်ပြီး ဘုရားဖြစ် လာတဲ့ ဘုရားရှင်ကြီးတွေထက်ပိုပြီး တန်ခိုးကြီးပါ တယ်။ အသင့်ကို စောင့်ရှောက်တဲ့ တန်ခိုးရှင်ကြီး တွေ ကန်တော့ပွဲကပ်လှူပြီး ဆုတောင်းတဲ့ကိစ္စလွဲ ချော်တာ စိတ်ဓာတ်မကျပါနဲ့။ သုံးလအတွင်းပေါက် အောင် စောင့်ရှောက်ပေးပါမည်။

ကျွန်ုပ်။ ။ ထပ်ပြီး ကန်တော့ပွဲကပ်လှူဖို့ လိုပါသေးလားဘုရား။

တန်ခိုးရှင်ကြီး။ ။ မလိုတော့ပါဘူး။

၂-၁၁-၂၀၁၇ ရက် မနက်မှာပဲ ထီသိန်း တစ်ထောင်ဆုကြီးပေါက်အောင် ဆောင်ရွက်ပေးမည့်ဝိဇ္ဇာကြီး ဦးဘူးကို ပင့်ဖိတ်လိုက်ပါတယ်။ ဝိဇ္ဇာ ကြီး ကြွရောက်လာပါတယ်။

ကျွန်ုပ်။ ။ ဝိဇ္ဇာကြီးခိုင်းတဲ့အတိုင်း ဘုရားကို ကန်တော့်ပွဲ ကိုးဖီးပွဲမှာ ငွေစက္ကူလေးမျိုးထည့်ကပ် လှူပြီး သိန်းတစ်ထောင်ဆုကြီးပေါက်ဖို့ ဆုတောင်း ခဲ့ပါတယ်။ ဝိဇ္ဇာကြီးကိုလည်း အမျှဝေခဲ့ပါတယ်။ ရတယ် မဟုတ်လား။

ဝိဇ္ဇာကြီး။ ။ ရပါတယ်။

ကျွန်ုပ်။ ။ ဘယ်လိုကြောင့် ထီမပေါက်တာလဲ။

ဝိဇ္ဇာကြီး။ ။ ကျွန်ုပ်ထီဖွင့်တဲ့ပွဲကို မနက် အစောကြီးရောက်ပါတယ်။ သင့်အတွက် သိန်းတစ် ထောင်ဆုကြီးပေါက်အောင် ထီဖွင့်ပွဲကြီးကြပ်တဲ့ မြွေကြီးကိုးကောင်ကိုလည်း အကူအညီတောင်းထားပါ တယ်။ သူတို့ကလည်း အကူအညီပေးမည် ပြော ပါတယ်။ အဲဒါထီဖွင့်ဖို့ တစ်မိနစ်အလိုမှာ အပြာရောင် မြွေကြီး ကိုးကောင်ရောက်လာပြီး သူတို့ပေါက်စေချင် တဲ့သူပေါက်အောင် လုပ်သွားပါတယ်။ ဘယ်နတ် ဘယ်ဝိဇ္ဇာမှ သူတို့အနား မကပ်နိုင်ပါဘူး။ မြွေကြီး ကိုးကောင် ပြီးတော့ အနက်ရောင်နတ်ကြီးသုံးပါး ရောက်လာပြန်ပါတယ်။ သိန်းတစ်ထောင်ဆု သုံးဆု ပေါက်အောင် လုပ်သွားပါတယ်။ အဲဒီနတ်ကြီးသုံးပါး ကြွသွားမှ မူလထီဖွင့်ပွဲကြီးကြပ်ရတဲ့ ရွှေရောင် မြွေကြီးကိုးကောင်က သူတို့အစီအစဉ်အတိုင်း ဆောင်ရွက်ရပါတယ်။

ဒီတော့ မင်းစိတ်ဓာတ် မကျပါနဲ့။ သိန်းတစ် ထောင်ဆုကြီးပေါက်အောင်ဆောင်ရွက်ပေးပါမည်။

ကျွန်ုပ်။ ။ ထီဖွင့်ပွဲမှာ ဝိဇ္ဇာကြီးတွေ နတ်ကြီး တွေက ဘယ်လောက်များများလာရောက်ကြပါသ လဲ။

ဝိဇ္ဇာကြီး။ ။ ဝိဇ္ဇာတွေက ၆၀ လောက်လာပါ တယ်။ နတ်ကြီးတွေက ၂၀ဝ လောက်လာပါတယ်။

ကျွန်ုပ်။ ။ ဝိဇ္ဇာကြီးက ဘယ်မှာသတင်းသုံး ပါသလဲ။

ဝိဇ္ဇာကြီး။ ။ ကျွန်ုပ်က မြင်းခြံက ဘုရားတစ် ဆူမှာ သီတင်းသုံးပါတယ်။ မြင်းခြံက ကျွန်ုပ်ရဲ့ ဇာတိ ရွာပါ။

ထီပေါက်မယ်ဆိုတာ အများရဲ့စုပေါင်းငွေ တွေကို ကိုယ်က ရတာပါ။ အတိတ်ဘဝတွေက အများနဲ့သက်ဆိုင်တဲ့ အလှူအတန်းတွေ ဖြစ်တဲ့ စတုဒိသာကျွေးတာ လူအများအတွက် လှူတဲ့တန်း တဲ့ကုသိုလ်တွေရှိမှသာ ထီပေါက်နိုင်တယ်လို့ သိရပါ တယ်။ ကျွန်တော်တော့် အဲဒီကုသိုလ်ပါမပါတော့ မသိပါဘူး။ တန်ခိုးရှင်ကြီးနဲ့ ဝိဇ္ဇာကြီးပြောတဲ့ စကား အရ ထီဆုကြီးတွေ ပေါက်ခဲ့လျှင်ဆိုတဲ့ အိပ်မက် တွေ ဆက်မက်ရဦးမှာပါပဲ။

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ။

ဆရာဝင်း(သာကီနွယ်)

Comments

comments

Post Author: manawmaya