အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဘယ်ဘ၀ရောက်နေပြီလဲ

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဟာ မြန်မာ့သမိုင်းမှာ အလွန်ထင်ရှားကျော်ကြားတဲ့ စစ်ဘုရင်တစ်ပါးပါ။ သာမန်လူတန်းစားဘဝမှ ဘုန်း သမ္ဘာကြောင့် မြန်မာနိုင်ငံရဲ့ ဧကရာဇ်ဘုရင်ကြီးဖြစ် လာခဲ့တယ်ဆိုလျှင် မမှားပါဘူး။ မြန်မာဘုရင်တွေထဲ မှာ လက်ရုံးက သုံးကြိမ်တိုင်တိုင် မီးတောက်ခဲ့တဲ့ ဘုရင်ကြီးဖြစ်ပါတယ်။ မွန်တို့က မြန်မာဘုရင်မြို့ တော် အင်းဝကို အပြီးပိုင်သိမ်းပိုက်နိုင်ရာက မုဆိုး ဖို ရွာသား ဦးအောင်ဇေယျရဲ့ တော်လှန်တိုက်ခိုက်မှု ကြောင့် မြန်မာ့ထီးနန်းကို ပြန်ရရုံတင်မက မွန်တို့ရဲ့ ဟံသာဝတီ နေပြည်တော်နဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံး ကို စုစည်းသိမ်းရုံးပြီး တတိယမြန်မာနိုင်ငံတော်ကြီး ကို ထူထောင်နိုင်ခဲ့တဲ့ ဘုရင်ကြီးဖြစ်ပါတယ်။ ရွှေ ဘိုမြို့တွင် အင်္ဂလိပ်အစိုးရက မင်းတရားကြီးရဲ့ နန်း တော်နေရာတွင် မြန်မာတို့ကို နာမ်နှိမ်တဲ့အနေနဲ့ အကျဉ်းထောင်ကြီး ဆောက်လုပ်ခဲ့ပါတယ်။ လွန်ခဲ့ တဲ့ ၁၀ နှစ်ကျော်လောက်ကမှ အကျဉ်းထောင်ကြီးကို ရွှေ့ပြီး အစိုးရက ဘုရားစေတီတစ်ဆူတည်ရန် ဆောင်ရွက်ခဲ့ရာ အလောင်းမင်းတရားကြီးက ကိုသိန်း ဝင်းဆိုသူ ဝိဇ္ဇာလမ်းလိုက်စားနေသူကို မြို့ထောင့် စေတီတော်ကြီးနဲ့ သံဃာတော်များကို အုန်းနို့ခေါက် ဆွဲကပ်လှူစေတဲ့ ယတြာကြောင့် ဘုရားစေတီတည် မည့် အစီစဉ်ပျက်ပြီး ယခုတွေမြင်ရတဲ့ နန်းတော် ကြီးပေါ်ထွန်းလာတာ ဖြစ်ပါတယ်။ ဤအကြောင်း မနောမယဂျာနယ်မှာ ကျွန်တော်ဆောင်းပါး တစ်ပုဒ် ရေးသားတင်ပြခဲ့ဖူးပါတယ်။

ဤဆောင်းပါး ရေးသားတင်ပြမှုအပေါ် ရွှေဘို က သမိုင်းဆိုင်ရာကို စိတ်ဝင်တစားရှိတဲ့ ဆရာဝန် တစ်ဦးက လက်မခံကြောင်း ဦးအောင်ဇေယျကိုး ကွယ်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော် ရွှေဘိုမြို့သို့ ပြန်လည်ပင့် ဆောင်ရေးအတွက် ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ် မှာ ဖတ်လိုက်ရပါတယ်။ ဦးအောင်ဇေယျ အစဉ် ထာဝရကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို အင်္ဂ လိပ်အစိုးရလက်ထက် နန်းရင်းဝန်ဖြစ်ခဲ့တဲ့ ဂဠုန် ဦးစောက ရွှေဘိုမြို့ရောက်သွားတဲ့အခါ သူလည်း ဒီဘုရားကိုးကွယ်လျှင် ဦးအောင်ဇေယျကဲ့သို့ အောင် မြင်မည်ထင်ပြီး ရွှေဘိုမြို့တွင် အလောင်းမင်းတရား ကြီး အမှတ်တရ ပြာသာဒ်ကြီးတစ်ဆောင် ဆောက် လုပ်ပေးခဲ့ကာ ဘုရားရုပ်ပွားတော်ကို ပင့်ဆောင်ကိုး ကွယ်ခဲ့ပါတယ်။ ဦးအောင်ဇေယျကဲ့သို့ မအောင်မြင် ဘဲ နောက်ဆုံးတော့ ကြိုးစင်တက်ခဲ့ရတဲ့အတွက် ဤကဲ့သိြု့ဖစ်ခဲ့ရတာဟာ ဒီရုပ်ပွားတော်ကို ကိုးကွယ် ခဲ့လို့ ကြုံခဲ့ရတယ်လို့ သူ့ရဲ့ မှတ်တမ်းမှာရေးသား ခဲ့တယ်လို့ သိရပါတယ်။ ဒီရုပ်ပွားတော်က ရွှေတိဂုံ စေတီလှူခဲ့ရာက နောက်ဆုံးတော့ မြောက်ဥက္ကလာ ပမြို့နယ် သီလရှင်ကြီး ဒေါ်ဓမ္မေသီတည်တဲ့ ဘုရား ကျောင်းအတွင်းမှာ ရောက်နေကြောင်း။ ရွှေဘိုမြို့က မြို့မိမြို့ဖများက ၄င်းရုပ်ပွားတော်ကို အလောင်းမင်း တရားကြီးတည်ခဲ့တဲ့ မြို့ထောင့်စေတီ ဘုရားတွင် ပင့်၍ ကိုးကွယ်ရန် စိုင်းပြင်းနေကြောင်း သိရပါတယ်။ ဤရုပ်ပွားတော်က အလောင်းမင်းတရားကြီးရဲ့ ဆွေတော်မျိုးတော် အနွယ်တော်တွေမှ ကိုးကွယ် ခွင့်ရှိပါတယ်။ ကျွန်တော်က အလောင်းမင်းတရား ကြီး အကြောင်းကို နန်းတော်နေရာ ဘုရား မတည်ဘဲ နန်းတော်တည်ဖို့ ဦးသိန်းဝင်းကို ဓာတ်ယတြာ စေခိုင်းရာမှာ နတ်လိုလို သိုက်ကလိုလို မရှင်း မရှင်း ဖြစ်တဲ့အတွက် မကျွတ်မလွတ်သေးဘဲရှိနေတယ်လို့ ယူဆပုံရပါတယ်။

တကယ်တော့ အလောင်းမင်းတရားကြီး ဝဿဝတီ နတ်ပြည်စံမြန်းသွားတာ ငါးနှစ်လောက်ရှိ ပါပြီ။

ကျွန်တော်သူငယ်ချင်း ဦးသန်းထွန်းအောင် က ရွှေဘိုမြို့ ချီပါစုရပ်နဲ့ ဝန်တော်အိမ်ရပ်ကြားမှာ  မြန်မာနိုင်ငံမှာအကြီးဆုံး သိုက်ကြီးရှိတယ်လို့ ပြော ခဲ့ဖူးပါတယ်။ ဘယ်ပုဂ္ဂိုလ်ရဲ့ သိုက်လို့တော့ မပြော ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က ကျွန်တော် အိပ်ရာက တစ်ရေးနိုးနေတဲ့အချိန် ရှေးခေတ်က ဝန်ကြီးနှစ်ပါး ကျွန်တော့်အိပ်ခန်းထဲဝင်လာပါတယ်။ နောက်က ရှေးခေတ်မိဖုရားတွေဝတ်ဆင်တဲ့ ပုံစံနဲ့ မျက်နှာဝိုင်းဝိုင်း အသားလတ်လတ် အမျိုးသမီးကြီး တစ်ဦးလည်း ပါလာပါတယ်။ ကျွန်တော်က ဘယ်က ပုဂ္ဂိုလ်တွေပါလဲမေးတော့ ရွှေဘိုမြို့ ဝန်တော်အိမ် ရပ် သိုက်က ဦးအောင်ဇေယျရဲ့ မိဖုရားကြီး မွန် မင်းသမီးနဲ့ ဝန်ကြီးနှစ်ပါးဖြစ်ကြောင်း၊ ゞင်းသိုက်ကြီး တွင် ဦးအောင်ဇေယျ ဘုရင်ကြီး ဦးဆောင်တဲ့ အရပ် ဘက်နဲ့ စစ်ဘက်အကြီးအကဲများ၊ စစ်သည်တော်များ၊ ゞင်းတို့ရဲ့ ဇနီးများပါရှိတဲ့ လူအင်အား ၂၀ဝ၀ ရှိတဲ့ သိုက်က လာကြောင်းသိရပါတယ်။ သိုက်ကြီးမှာ ရွှေပိဿာချိန်ကလည်း အများကြီးပါ။

ကျွန်တော်လည်း အဲဒီတုန်းက တော်တော်အံ့ ဩသွားပါတယ်။ ဒီလောက်ကြီးတဲ့ သိုက် တစ်ခါမျှ မတွေ့ဘူး မကြားဖူးလို့ပါ။

နောက်နှစ်လလောက်နေတော့ ဝန်ကြီးနှစ် ပါးနဲ့ မွန်မင်းသမီး ကျွန်တော့်ဆီထပ်မံပြီးရောက်လာ ပြန်ပါတယ်။ အကြောင်းက ဦးအောင်ဇေယျသိုက်က စစ်သားတွေ ဇနီးမယားရှိတဲ့သူတွေက ဝန်တော်အိမ် ရပ်ကွက်ထဲမှာရှိတဲ့ သိုက်က အမျိုးသမီးတွေ အိမ် ထောင်ရေးဖောက်ပြန်ကြတာကြောင့် သူ့စစ်သား တွေရော ဝန်တော်အိမ်ရပ်ကွက်ထဲက သိုက်က မိန်း မတွေပါ သွားရောက်ပြီး ရိုက်နှက်ဆုံးမတဲ့အတွက် သိုက်ချုပ်ကြီးက ဦးအောင်ဇေယျအား သိုက်ထဲက နေဘယ်ကိုမှ မထွက်ရတဲ့ အမိန့်ချမှတ်ခံထားရ ပါကြောင်း အဲဒီအတွက် သိုက်ချုပ်ကြီးကို ပြစ်ဒဏ်က ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပေးစေလိုပါကြောင်း လာ အကူအညီတောင်းကြတာ ဖြစ်ပါတယ်။

ကျွန်တော်က မိဖုရားကြီး ဦးဆောင်တဲ့အဖွဲ့ ကို နောက်နောင်မဖြစ်စေရပါဘူးလို့ တာဝန်ခံပါ မည်လား မေးတော့ သူတို့လည်း ဘာမျှပြန်မဖြေ နိုင်ဘဲ ပြန်သွားကြပါတယ်။

နောက်သီတင်းနှစ်ပတ်လောက်နေတော့ မွန် မိဖုရားကြီးနဲ့ ဝန်ကြီး နှစ်ပါး ထပ်မံရောက်လာပြန်ပါ တယ်။ သူတို့က သိုက်ချုပ်ကြီးကို ထပ်မံပြောပေး ဖို့ လာရောက်ကြတာဖြစ်ပါတယ်။ ဘုရင်ကြီးအနေနဲ့ နောက်ထပ် ဤကဲ့သို့ပြစ်မှုမျိုး မကျူးလွန်တော့ပါဘူး ဆိုတဲ့ အာမခံချက်မပါပါဘူး။

ကျွန်တော်က မွန်မိဖုရားကြီးနဲ့ ဝန်ကြီးနှစ် ပါးကို ကျွန်တော်ဟာ ဘုရင်ကြီးရဲ့ မြေးတော်ခဲ့ ကြောင်း၊ ယခုကဲ့သို့ သိုက်ထဲဘယ်ကိုမှ ထွက်ခွင့်မရ တဲ့ပြစ်ဒဏ်ခံစားနေရတာ စိတ်မကောင်းပါကြောင်း၊ ကျွန်တော် မြေးဖြစ်သူက တောင်းပန်လျှောက်ထားပါ ကြောင်း၊ နောက်နောင်ဤကဲ့သို့မဖြစ်စေရပါဘူးလို့ ကတိပေးစေချင်ပါကြောင်း ပြန်ပြောင်းလျှောက်ထား ပါလို့ မှာကြားလိုက်ပါတယ်။

နောက်သုံးလေးရက်နေတော့ မွန်မိဖုရားကြီး နဲ့ အဖွဲ့ ကျွန်တော့်ဆီ ရောက်လာပါတယ်။ ဘုရင်ကြီး က သင့်ရဲ့တောင်းပန်လျှောက်ထားတာကို လက်ခံ ပါကြောင်း ပြောပါတယ်။ ကျွန်တော်လည်း မိဖုရား ကြီးတို့ ရှေ့မှာတင်ဘဲ ရွှေဘိုက သိုက်ချုပ်ဘိုးတော် ကြီးကို ပင့်လိုက်ပါတယ်။ ဝတ်ရုံအဖြူကြီးနဲ့အသက် ၇၀ အရွယ် သိုက်ချုပ်ကြီးြွကရောက်လာပါတယ်။ ဘုရင်ကြီးက နောက်နောင် ယခုကဲ့သို့ သိုက်က ပုဂ္ဂိုလ်တွေအပေါ် ရိုက်နှက်ဆုံးမတာမျိုး မပြုလုပ် တော့ပါဘူးလို့ ကတိပြုကြောင်း၊ သိုက်ထဲကနေ ဘယ်လိုမှ ထွက်ခွာခွင့်မပြုတဲ့ ပြစ်ဒဏ်ကို ရုပ်သိမ်း ပေးဖို့ မေတ္တာရပ်ခံရာ သိုက်ချုပ်ကြီးက ပြစ်ဒဏ်ကို ရုပ်သိမ်းပေးကြောင်း ပြောပါတယ်။

နောက်တစ်လလောက်နေတော့ အလောင်း မင်းတရားကြီးနှင့် မွန်မိဖုရား၊ ဝန်ကြီးအချို့ ကျွန်တော့် ဆီြွကရောက်လာပါတယ်။ မင်းကြီးနဲ့ မိဖုရားက ဆင်စီးပြီးြွကလာပါတယ်။

ကျွန်တော်က အလောင်းမင်းတရားကြီးကို ကျွန်တော် ဘာများကူညီဆောင်ရွက်ပေးရပါမည်လဲ မေးလျှောက်ပါတယ်။ မင်းကြီးက ရွှေဘိုမြို့ရွှေချမ်း သိုက်ဘုရားမှာ ကန်တော့ပွဲတစ်ပွဲနဲ့ ကနက္ကတန်ထီး ဖြူနှစ်လက်ကပ်လှူပြီး မင်းကြီးနဲ့ သိုက်က ပုဂ္ဂိုလ် များကို အမျှဝေတဲ့ အလှူပြုလုပ်ပေးစေချင်ကြောင်း၊ သင့်လျော်အဆင်ပြေတဲ့ တစ်ရက်မှာ ဆောင်ရွက် ပေးစေချင်ကြောင်းမိန့်ပါတယ်။

နောက်တစ်လလောက်နေတော့ အကြောင်း တစ်ခုနဲ့ ရွှေဘို ရောက်သွားပါတယ်။ ကျွန်တော့် သူငယ်ချင်း ဦးသန်းတင့်နဲ့အတူ ရွှေဘိုဈေးထဲက ကန်တော့ပွဲတစ်ပွဲနဲ့ ရွှေဘိုဈေးမြောက်ဘက်တန်း ဒေါ်စောကွန့်ဆိုင်က ကနက္ကတန်ထီးဖြူကြီး နှစ်လက် ဝယ်ပြီး ရွှေချက်သိုက်စေတီတောင်ဘက် အာရုံခံတန် ဆောင်းမှာ ရွှေချက်သိုက်စေတီကို ကပ်လှူရန် ပြင် ဆင်ပါတယ်။

အဲဒီအချိန်က အရှေ့ဘက် အာရုံခံတန် ဆောင်းမှာ ဘုရားဝတ်ပြုနေတဲ့သူ အချို့ရှိနေတဲ့ အတွက် လွတ်လွတ်လပ်လပ် လှူနိုင်ရန် တောင် ဘက် အာရုံခံတန်ဆောင်းမှာ ရွေးချယ်ကပ်လှူခြင်း ဖြစ်ပါတယ်။

ကျွန်တော် ဘုရားကပ်လှူမည်ပြုသောအခါ အလောင်းမင်းတရားကြီးနဲ့ နောက်လိုက်နောက်ပါ ဝန်ကြီးနဲ့ စစ်သည်ရဲမက် ၆၀ ခန့် အာရုံခံတန်ဆောင်း ထဲရောက်လာတာ တွေ့ရပါတယ်။

ကျွန်တော် ရွှေချက်သိုက် စေတီတော်ကို ဘုရားကန်တော့၊ ငါးပါးသီလခံယူ၊ ကန်တော့ပွဲနဲ့ ထီးဖြူကြီး နှစ်လက်ကပ်လှူ၊ ပုတီးကိုးပတ်စိပ်ပြီး အမျှဝေဖို့ ပြုလုပ်တဲ့အခါ မင်းတရားကြီးက အမျှ ဝေတဲ့အခါ မင်းကြီးရယ်၊ မိဖုရားကြီးရယ်၊ ဝန်ကြီး တွေနဲ့ ဝန်ကြီးကတော်တွေ၊ အရပ်ဘက်ဝန်ထမ်း တွေနဲ့ ၄င်းတို့ရဲ့ ဇနီးမယားတွေက သာဓုခေါ်ရမည့် စစ်ဖက်အရာရှိတွေနဲ့ စစ်သားတွေ ဇနီးမယားတွေ က အမျှဝေတာ မယူဘဲ သိုက်မှာပဲ ဆက်လက် စောင့်ရှောက်နေရမည် မိန့်ပါတယ်။

ဘုရင်ကြီး တာဝန်တွေခွဲဝေပြီးတဲ့အခါ ကျွန် တော်လှူခဲ့တဲ့ ကုသိုလ်ကို အမျှဝေပါတယ်။ ဘုရင် ကြီးအပါအဝင် အရပ်ဘက် ဝန်ထမ်းအားလုံး သိုက် ဘဝမှ လွတ်မြောက်သွားတဲ့အနေနဲ့ ကျွန်တော့်ရှေ့ မှာ ပျောက်ကွယ်သွားကြပါတယ်။ သိုက်က ကျွတ် သွားတော့ အားလုံးကောင်းရာသုဂတိ ရောက်သွားကြ ကြောင်း၊ အလောင်းမင်းတရားကြီးနဲ့ မွန်မိဖုရားကြီး က ဝဿဝတီနတ်ပြည် အဆင့်အမြင့်ဆုံး နတ်ပြည် တွေ ရောက်သွားကြောင်း တွေ့သိရပါတယ်။

ကျွန်တော် ၉-၉-၂၀၁၇ ရက် မနက် ၄ နာရီ ၃၀ အချိန်က ဝဿဝတီနတ်ပြည်မှာ ရောက် နေတဲ့ အလောင်းမင်းတရားကြီးကို ပင့်လိုက်ပါတယ်။ နတ်တို့ရဲ့ အဝတ်တန်ဆာ ရွှေရောင်အဝတ်အစားနဲ့ ကြွရာက်လာပါတယ်။ မွန်မိဖုရားကြီးလည်း အတူပါ လာပါတယ်။

“အသင်မင်းကြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘာများ မှာချင်ပါသလဲ”

“မြန်မာနိုင်ငံကြီးကိုကြည့်မြင်နေရတာ စိတ် မချမ်းသာဘူး။ ပြည်နယ်တွေကလည်း ဟိုကဆူလိုက် ဒီကဆူလိုက်၊ ယခု ရခိုင်မှာလည်း ကုလားက နှောက် လိုက်နဲ့ တိုင်းသူပြည်သားတွေလည်း ဆင်းရဲ ဒုက္ခ ရောက်နေတယ်။ တစ်ချိန်က တို့လက်အောက်ခံ နိုင်ငံ လောက်တောင် လူတွေက မပြောင်လက်ဘူး။ တိုင်းပြည်ဒုက္ခရောက်နေတာလည်း နှစ်ပေါင်း ၄၀ လောက်ရှိပြီ။ ယခုကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းကို မင်းနဲ့ပြည်သူလက်တွဲပြီး ကျော် ဖြတ်ကြပါ။ မြန်မာနိုင်ငံဟာ ရှေးနှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့တဲ့ နိုင်ငံပါ။ နောင်လည်း နှစ် ပေါင်းများစွာ တည်ရှိနေမှာပါ။ ကျွန်တော်ဘုရားမှာ ဆုတောင်းသကဲ့သို့ တို့မြန်မာတွေ ဆုတောင်း စေချင်ပါတယ်။”

“ကျွန်ုပ်သည် မြန်မာနိုင်ငံတော်ကြီး အဓွန့် ရှည်တည်တန့်ခိုင်မြဲအောင်ဆောင်ရွက်နိုင်တဲ့သူ ဖြစ်ရပါလို၏”

ဘုရင်ကြီးနဲ့ မိဖုရားကြီးလည်း ပြန်ြွကသွား ပါပြီ။ ကျွန်တော်လည်း အလောင်းမင်းတရားကြီး မိန့်မှာချက်ကို နာခံပြီး အလောင်းမင်းတရားကြီး စုစည်းတည်ဆောက်ခဲ့တဲ့ နိုင်ငံတော်ကြီး တစ် လက်မမျှ ပဲ့၍မသွားရအောင် ကာကွယ်စောင့်ရှောက် သွားပါမည်ဟု ကတိပြုလျက် …။

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ။

ဆရာဝင်း(သာကီနွယ်)

Comments

comments

Post Author: manawmaya