ဘာသာအယူဝါဒအသစ်တစ်ခု ပေါ်မည်လော

ကျွန်တော့်ဆီကို နတ်အမျိုးမျိုး တန်ခိုးရှင် အမျိုးမျိုး ကြွရာက်လာလေ့ရှိပါတယ်။ တန်ခိုးရှင် ရဲ့အဆင်းက နတ်တွေထက် များသောအားဖြင့် ပို တန်ခိုးကြီးပါတယ်။ တန်ခိုးရှင်တိုင်းတော့လည်း ကြီး တာမဟုတ်ပါဘူး။

ဒီဆောင်းပါးအကြောင်း မတင်ပြမီ ကျွန် တော့်ဆီ ကြွလာတဲ့တန်ခိုးရှင်ကြီးအမျိုးမျိုးရဲ့ တန်ခိုး ပါဝါအဆင့်အတန်းကို အရင်သိဖို့လိုမည်ထင်ပါတယ်။ အဆင့်အတန်း တန်ခိုးပါဝါအမျိုးမျိုးရှိတဲ့ တန်ခိုးရှင် ကြီးများကို ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ အောက် ပါအတိုင်း အမည်နာမသတ်မှတ်ပြီး အဆင့်ခွဲပါတယ်။

တန်ခိုးရှင်

မဟာတန်ခိုးရှင်

မဟာအနန္တတန်ခိုးရှင်

မဟာအနန္တသဗ္ဗတန်ခိုးရှင်

မဟာအနန္တသဗ္ဗ (၁)ကြိမ်၊ (၂)ကြိမ်၊ (၃)ကြိမ် (၄)ကြိမ် ….စသည်ဖြင့် ပို၍မြင့်မားလေ သဗ္ဗဆိုတဲ့ အကြိမ်တွေများလေ ဖြစ်ပါတယ်။ ဒီ သတ်မှတ်ချက်ကိုလည်း တန်ခိုးရှင်ကြီးများက လက်ခံကြပါတယ်။ ကျွန်တော့်ထံသို့ မဟာအနန္တ သဗ္ဗ(၆၀)အကြိမ်မှ (၄၂၂)ကြိမ်အထိ တန်ခိုးအလွန် ကြီးမားတဲ့ မဟာအနန္တသဗ္ဗတန်ခိုးရှင်ကြီးများြွကရောက်ဖူးပါတယ်။

ကျွန်တော်တို့ ဤကမ္ဘာမှာ လူသားတွေ အဓိ ကကိုးကွယ်တဲ့ ဘာသာကြီး ငါးခုရှိပါတယ်။ ဟိန္ဒူ ဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဂျိမ်းဘာသာများ ဖြစ်ပါတယ်။ ကျန်တာ ကတော့ ဒေသအလိုက် နတ်အမျိုးမျိုး ကိုးကွယ်ကြ  တာပဲ ရှိပါတယ်။

၁၃-၃-၂၀၁၆ ရက် မနက်ကတော့ ကျွန် တော့်ဘုရားခန်းကို အစိမ်းနုရောင်ဝတ်ရုံနှင့် မဟာ အနန္တသဗ္ဗ(၃၈၆)ကြိမ် တန်ခိုးရှင်ကြီးတစ်ပါး ကြွရောက်တော်မူလာပါတယ်။ တန်ခိုးရှင်ကြီးရဲ့ ဘွဲ့နာ မည်က “စုန်စုန်န”ဖြစ်ပြီး အလင်းနှစ် ၃၀၁,၂၀ဝ ဝေးတဲ့ အာကာသကြီးထဲက ကြွလာကြောင်းလည်း သိရပါတယ်။

ကျွန်ုပ် ။  ။ တပည့်တော် မဟာအနန္တသဗ္ဗ (၃၈၆)ကြိမ် တန်ခိုးရှင်ကြီးကို ကြိုဆိုပါတယ် ဘုရား။ ဘာများ မိန့်ကြားရန် ရှိပါသလဲဘုရား။

တန်ခိုးရှင်ကြီး မျက်နှာက ဒေါသထွက်နေပုံ ရ၍ –

“အရှင်ဘုရား …ဘာများမကျေမနပ်ဖြစ် နေတာပါလဲ …၊ တပည့်တော်ကို မကျေမနပ်ဖြစ် နေတာပါလား …”

တန်ခိုးရှင်ကြီး ။  ။ မင်းကို စိတ်ဆိုးနေတာ။ မင်းက ငါ့တပည့်တွေကို သတ်လို့ မင်းကို စိတ်ဆိုး နေတာ။

ကျွန်ုပ် ။  ။ တပည့်တော် အကြောင်းမဲ့ တော့ မသတ်ပါဘူး ဘုရား။ အရှင်ဘုရားတပည့်တွေ က လူ့စည်းကမ်း၊ နတ်စည်းကမ်း၊ လောကစည်း ကမ်းတွေ ကျူးလွန်လို့ တပည့်တော်ကာကွယ်ရင်း သတ်မိတာဖြစ်မှာပါ။ ဘုရားတပည့်တော်ကို ခွင့်လွှတ် တော်မူပါ ဘုရား။

တန်ခိုးရှင်ကြီး ။  ။ အေး …ခွင့်လွှတ်ပါ တယ်။ ငါ မင်းနဲ့ဆွေးနွေးစရာရှိလို့ လာတာပါ။ မင်း ကို မသိတာတစ်ခုရှိလို့ မေးချင်ပါတယ်။

ကျွန်ုပ် ။  ။ မေးပါ ဘုရား။ တပည့်တော် သိလျှင်ဖြေပါမည်။

တန်ခိုးရှင်ကြီး ။  ။ မင်းက ယခုလို တန်ခိုး ကြီးတဲ့နတ်ကြီးတွေကို တိုက်ခိုက်နိုင်အောင် တန်ခိုး ပါဝါကြီးတဲ့လူသားတစ်ယောက်ဖြစ်လာအောင် ဘယ် လိုစရဏတွေ ကျင့်ကြံအားထုတ်ခဲ့တာလဲ။

ကျွန်ုပ် ။  ။ တပည့်တော် ထူးထူးခြားခြား အားထုတ်ခဲ့ရတာတော့ မရှိပါဘူး ဘုရား။ ငယ်စဉ် ၁၆ နှစ်၊ ၁၇ နှစ်လောက်ကစပြီး ဂုဏ်တော်ပုတီး စိပ်ခဲ့ပါတယ် ဘုရား။ ဒါလည်း ပုံမှန်စိပ်ခဲ့တာတော့ မဟုတ်ပါဘူး။ တချို့သော နှစ်တွေလတွေမှာ မစိပ် ဖြစ်ခဲ့တာတွေရှိပါတယ်။ အသက် ၂၅၊ ၂၆ နှစ် လောက်ကစပြီး ဂုဏ်တော်ကိုးပါးကိုတော့ ဘုရားရှိခိုး အပြီး ပုတီးသုံးပတ် သို့မဟုတ် ကိုးပတ်စိပ်ခဲ့ပါတယ် ဘုရား။ ဒါလည်း တစ်ခါတစ်ရံ မစိပ်ဖြစ်ခဲ့တာလည်း ရှိပါတယ် ဘုရား။ အသက် ၄၀ လောက်ကစပြီး ပုံမှန်စိပ်နိုင်ခဲ့ပါတယ် ဘုရား။ သာသနာပွဲကတော့ အသက် ၄၀ လောက်ကစပြီး တင်လှူခဲ့ပါတယ်။ မတင်နိုင်တဲ့ရက်တွေလတွေလည်း ရှိပါတယ် ဘုရား။ အသက် ၅၅ နှစ်လောက်ကစပြီး ဂုဏ်တော်ကိုးပါး ပုတီးစိပ်တဲ့အပြင် ပဋ္ဌာန်းပါတွဲပြီးစိပ်ခဲ့ပါတယ် ဘုရား။ အသက် ၄၅ နှစ်လောက်ထိ တစ်ခါတရံ အရက်သေ စာလည်း သောက်မိပါတယ် ဘုရား။ နောက်ပိုင်း တော့ အရက်သောက်လျှင် ကားမှောက်တတ်တာ ကြောင့် မသောက်တော့ပါဘူး ဘုရား။ အသက် ၆၈ နှစ်လောက်မှာ အလောင်းတော်ကဿပ ရဟန္တာ ကြီးရှိတဲ့ အလောင်းတော်ကဿပဂူကို သွားပြီးဖူးပါ တယ် ဘုရား။ အဲဒီမှာ အလောင်းတော်ကဿပ ရဟန္တာကြီး ဦးဆောင်ပြီး ရဟန္တာကြီးကိုးပါးက တပည့် တော်ကို ကမ္မဝါလိုဟာ ဝိုင်းဖတ်ပြီး သိဒ္ဓိတင်ပေးပါ တယ် ဘုရား။ အဲဒီနောက် ကျိုက်ထီးရိုးဘုရားဖူးသွား တဲ့အခါ ရဟန္တာကြီးတြွေကရောက်ပြီး တပည့်တော် ကို သိဒ္ဓိတင်ပေးပါတယ် ဘုရား။ အဲဒီနောက် အာကာ သထဲက တန်ခိုးကြီးနတ်ကြီးများ၊ မဟာအနန္တသဗ္ဗ တန်ခိုးရှင်ကြီးအမျိုးမျိုး အကြိမ်ကြိမ်ြွကရောက်သိဒ္ဓိ တင်ပေးတာ ခံရတဲ့အတွက် ယခုလို အရှင်ဘုရားတို့ အမြင် တန်ခိုးပါဝါကြီးတဲ့လူသားတစ်ယောက် ဖြစ် လာတယ် ထင်ပါတယ် ဘုရား …။

ဒါ့အပြင် တပည့်တော် အတိတ်ဘဝ ဘဝ တွေက ဤကမ္ဘာမှာပွင့်တော်မူခဲ့တဲ့ ဘုရားလေးဆူ ဖြစ်တဲ့ ကောဏဂုံနဲ့ ကဿပဘုရားရှင်ကြီးနှစ်ဆူ ကို ကိုယ်တိုင်ဖူးမြော်ခွင့် ကြုံခဲ့ရပါတယ် ဘုရား။ ဘုရားရှင်ကြီးများကို တတ်နိုင်တဲ့အလှူအတန်းများ ပြုလုပ်ပြီး ဆုများလည်းတောင်းခဲ့ပါတယ် ဘုရား။ ဘုရားရှင်ကြီးများကလည်း တောင်းတဲ့ဆုကို ပြည့်စေ လို့ မိန့်ကြားခဲ့ပါတယ် ဘုရား။ အဲဒါကြောင့် တပည့် တော်ကို ယခုဘဝမှာ အရှင်ဘုရားအမြင် တန်ခိုး ပါဝါကြီးတဲ့လူသားတစ်ဦးဖြစ်လာတာနေမှာပါ ဘုရား။ တပည့်တော်ကတော့ တန်ခိုးကြီးတဲ့လူသားလို့ မထင် မိပါဘူး ဘုရား။

တန်ခိုးရှင်ကြီး ။  ။ ဒီလိုဆိုတော့ မင်းက အလွန်ကုသိုလ်ထူးတဲ့ လူတစ်ယောက်ပဲ …။ ဒီလို ဆိုလျှင် မင်းဖြစ်ချင်တာတွေအားလုံးကို တို့လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါမည်။

ကျွန်ုပ် ။  ။ တပည့်တော်ဖြစ်ချင်တာက ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်း နဲ့ သူတို့ရဲ့ဘဝတွေမှာ စားဝတ်နေမှု ပြည့်စုံအောင် တစ်ဦးနဲ့တစ်ဦး လူမျိုးတစ်မျိုးနဲ့တစ်မျိုး ပဋိပက္ခမဖြစ် အောင် ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဖြစ်အောင် ဆောင်ရွက် ချင်ပါတယ် ဘုရား။ အဲဒီလိုဖြစ်ဖို့ကလည်း မေတ္တာ တရားကို အခြေခံတဲ့ ဗုဒ္ဓဝါဒထွန်းကားမှသာလျှင် ဖြစ်နိုင်မှာပါ။ အဲဒါကြောင့် တပည့်တော် ဗုဒ္ဓသာသ နာ တစ်ကမ္ဘာလုံးမှာ ထွန်းကားအောင် ဆောင်ရွက် ချင်ပါတယ်။ အရှင်မြတ် အဲဒီကိစ္စကို ကူညီစေချင် ပါတယ်။ တပည့်တော်ကို ကျန်းမာရေးကောင်းအောင် ပုဂ္ဂိုလ်အမျိုးမျိုး သိဒ္ဓိတင်ပေးတာ ဆေးတိုက်ဆေးကု ပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာရေးက ထင်သလောက် မကောင်းသေးပါဘူး ဘုရား။ ကျန်း မာရေးလည်း ဒေါင်ဒေါင်မြည် ကောင်းချင်ပါတယ် ဘုရား။ အရှင်ဘုရား ယခု တပည့်တော်တင်ပြတဲ့ ကိစ္စများကို ကူညီနိုင်ပါသလား ဘုရား …။

တန်ခိုးရှင်ကြီး ။  ။ မင်းအကူအညီတောင်း တဲ့ကိစ္စတွေထဲက ကျန်တာအားလုံးကို ကူညီနိုင်ပါ တယ်။ တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာပြန့်ပွားရေးက တော့ လုံးဝ အကူအညီမပေးနိုင်ပါဘူး။ ဘာကြောင့် လဲဆိုတော့ ငါကိုယ်တိုင်က ဤကမ္ဘာပေါ်မှာ ဘာသာ အယူဝါဒအသစ်တစ်ခု တည်ထောင်ဖို့ စီစဉ်နေတယ်။ အဲဒီတော့ ကမ္ဘာပေါ်မှာ ငါ့ဝါဒကိုပဲ ငါလွှမ်းမိုးအောင် လုပ်ရမှာပဲ။ ဗုဒ္ဓဘာသာလည်း မကောင်းဘူးလို့တော့ မပြောလိုပါဘူး။

ကျွန်ုပ် ။  ။ အရှင်မြတ်ရဲ့ဝါဒကို အကျဉ်း အားဖြင့် တပည့်တော်ကို ရှင်းပြနိုင်ပါမည်လား ဘုရား။

တန်ခိုးရှင်ကြီး ။  ။ အရေးကြီးတဲ့အချက် နှစ်ချက်ကို ရှင်းပြမည်။

ပထမအချက်က လူသားတွေဟာ မိမိအ သက်ရှင်ရေးအတွက် အစာအာဟာရတွေ ရှာဖွေ စားသုံးကြရတယ်။ အဲဒီလို ရှာဖွေကြရာမှာ မိမိလို အပ်တာထက်ပိုပြီး ရှာဖွေစုဆောင်းကြတယ်။ အဲဒီလို ရှာဖွေရာကစပြီး အတ္တစိတ်တွေ ဖြစ်ပေါ်လာတယ်။ အတ္တစိတ်ဟာ လူသားစတင်ဖြစ်ပေါ်လာစဉ်ကပင် ဖြစ်ပေါ်ခဲ့တယ်။ အတ္တစိတ်ဟာ လူသားကို အကျိုး ပြုနိုင်သလို လူသားအတွက် ဆုတ်ယုတ်မှုတွေလည်း ဖြစ်စေနိုင်တယ်။ အတ္တစိတ်ကြောင့်ပင် အသက်တွေ ရှင်သန် ဘဝတွေ ဆက်လက်ဖြစ်ပေါ်ရခြင်း ဖြစ် တယ်။ အတ္တစိတ်ကြောင့်ပင် လူသားများ မကောင်း တဲ့လူမှုအနိဋ္ဌာရုံတွေ ပေါ်ပေါက်ရခြင်းဖြစ်တယ်။ လွန်ကဲတဲ့အတ္တစိတ်ဟာ မကောင်းတဲ့လူမှုအနိဋ္ဌာရုံ တွေကို ဖြစ်ပေါ်စေတယ်။ လွန်ကဲတဲ့အတ္တစိတ်တွေ မဖြစ်ပေါ်အောင် ထိန်းချုပ်တဲ့ ဘာသာအယူဝါဒတစ်ခု  ထူထောင်ချင်တယ်။

ဒုတိယအချက်က ကမ္ဘာပေါ်မှာရှိတဲ့ လူသား တွေဟာ အမိုက်အမှောင်တွေ ဖုံးလွှမ်းနေတယ်။ အမိုက်အမှောင်တွေ ဖုံးလွှမ်းတယ်ဆိုတာက အတ္တ တွေလွန်ကဲနေကြတယ်။ အတ္တတွေလွန်ကဲနေသမျှ ကမ္ဘာ့လူသားတွေဟာ ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး။ နောင်တစ်ချိန် အတ္တလွန်ကဲမှုက ယခု ထက်ပိုဆိုးလာလျှင်တော့ ကမ္ဘာကြီးတစ်ခုလုံးပါ ပျက် စီးသွားနိုင်ပါတယ်။ ကမ္ဘာကြီးမပျက်စီးရအောင် လူ သားတွေ ငြိမ်းချမ်းတဲ့ဘဝမှာ နေရအောင် ကျွန်ုပ်က အတ္တထိန်းချုပ်တဲ့ဝါဒကို ထူထောင်ချင်တယ်။

ကျွန်ုပ် ။  ။ အရှင်မြတ်ရဲ့ဝါဒက နာမည် ရှိပါပြီလား ဘုရား။

တန်ခိုးရှင်ကြီး ။  ။ နာမည်ရှိပါပြီ။ ]]နော် မန်ဟတ်}}ဝါဒလို့ အမည်တပ်ထားပါတယ်။ မင်းတို့ မြန်မာလိုဆိုရင်တော့ အတ္တနည်းစေတဲ့ အယူဝါဒလို့ ဆိုရမှာပေါ့။

ကျွန်ုပ် ။  ။ ကျင့်စဉ်တွေရော သတ်မှတ် ပြဋ္ဌာန်းပြီးပါပြီလား ဘုရား။

တန်ခိုးရှင်ကြီး ။  ။ ကျင့်စဉ်တွေတော့ မပြီးသေးဘူး။ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနေတုန်း ရှိသေးတယ်။ အဲဒီအစီအစဉ်ကို အကောင်အထည် ဖော်ဖို့ နတ်ကြီးသုံးပါးကို တာဝန်ပေးထားတယ်။ အဲဒီဝါဒ နောင်နှစ်ပေါင်း ၄၀ ကြာလျှင် ကမ္ဘာပေါ်မှာ စတင်ပေါ်ပေါက်လာလိမ့်မည်။

မဟာအနန္တတန်ခိုးရှင်ကြီး “စုန်စုန်န” နံနက် ၄ နာရီ ၅၅ မိနစ်မှာ ပြန်ကြွသွားပါပြီ။

 

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ

ဆရာဝင်း(သာကီနွယ်)

 

Comments

comments

Post Author: manawmaya