စစ်ကိုင်းမြို့ သမိုင်းဦးဘုံမြေခေတ်မှ လူသားများ

အစောပိုင်း သမိုင်းပညာရှင်များက မြန်မာနိုင်ငံအတွင်း လူများ အခြေချနေထိုင်ပုံနဲ့ပတ်သက်ပြီး ရေးသားတင်ပြကြရာမှာ အာရှတိုက်အလယ်ပိုင်း တိဗက်ကုန်းပြင်မြင့်မှ ရေကြည်ရာမြက်နုရာသို့ ဆင်း သက်လာခဲ့ကြတဲ့ မွန်ဂိုမျိုးနွယ်များဖြစ်ကြောင်း၊ ထိုသူ များမှ ပျူ၊ ကမ်းယံ၊ သက်၊ မွန်လူမျိုးများ ဖြစ်လာ ကြောင်း ရေးသားခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ် ၂၀ ကျော်လောက်က ဘူမိဗေဒ ပညာရှင်များ၊ သမိုင်းပညာရှင်များရဲ့ မကွေးတိုင်း  ပုံတောင်၊ ပုံညာဒေသနှင့် ဘုတလင်မြို့နယ်မှ ရှေး ဟောင်းသင်္ချိုင်းတစ်ခုကို တူးဖော်တွေ့ရှိမှုအရ မြန်မာ နိုင်ငံအတွင်း လူသားများနေထိုင်ခဲ့ကြသည်မှာ နှစ် သန်းပေါင်း ၄၀ ကျော် ရှိခဲ့ပြီဖြစ်ကြောင်း ဏမငာအေန ကျောက်ဖြစ်ရုပ်ြွကင်းများအရ သိရှိခဲ့ရပါ တယ်။ တချို့သော သမိုင်းပညာရှင်များက မြန်မာ နိုင်ငံ ပုံတောင်၊ ပုံညာဒေသက တွေ့ရှိရတဲ့ လူသား ကျောက်ဖြစ် ရုပ်ြွကင်းများဟာ ကမ္ဘာပေါ်မှာ လူသား များ အစောဆုံး ပေါ်ပေါက်တွေ့ရှိရတဲ့ဒေသဟု မှတ် ချက်ပြုကြောင်း သိရှိခဲ့ရပါတယ်။

ကမ္ဘာ့သမိုင်းပညာရှင်များမှ လူ့သမိုင်းကို ပိုင်း ခြားသတ်မှတ်ရာမှာ သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင် ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင် ခေတ်၊ ဆိုရှယ်လစ်ခေတ်ဟု ပိုင်းခြားသတ်မှတ်ကြ ပါတယ်။

သမိုင်းဦးဘုံမြေခေတ်မှာ လူသားများအနေနဲ့ ကျောက်လက်နက်ပစ္စည်းများကို သားရဲတိရစ္ဆာန်များ ရှာဖွေရာတွင်လည်းကောင်း၊ မြေကြီးများ တူးဆွရာ တွင် လည်းကောင်း၊ ရန်သူနှင့် တိုက်ခိုက်ရာတွင် လည်းကောင်း အသုံးပြုခဲ့ကြပါတယ်။ ထိုခေတ်က လူများ အသုံးပြုခဲ့ကြတဲ့ ကျောက်လက်နက်များ လည်း တူးဖော် တွေ့ရှိခဲ့ကြပါတယ်။

ယခုကျွန်တော် ဂမ္ဘီရနည်းနဲ့တွေ့ရတဲ့ သမိုင်း မတိုင်မီခေတ်က လူသားများဟာ ကျောက်လက်နက် များလည်း အသုံးမပြုတတ်သေး၊ အစားအသောက် မှာလည်း တိရစ္ဆာန်တို့ရဲ့ အသားကိုပင် စားရကောင်း မှန်းမသိသေးတဲ့ ခေတ်က လူသားများဖြစ်ပါတယ်။ ပုံတောင်၊ ပုံညာဒေသက လူသားများ ဖြစ်ပါတယ်။  ပုံတောင်၊ ပုံညာဒေသက လူသားကျောက်ဖြစ်ရုပ်ကြွင်းများရဲ့ သမိုင်းကို ထပ်လောင်းအတည်ပြုရာ ရောက်မည် ထင်ပါတယ်။

ရွှေဘိုမြို့မှာ ကျွန်တော့်သူငယ်ချင်းရဲ့ လျှပ်စစ် ပစ္စည်းဆိုင်ကြီး ရှိပါတယ်။ အဲဒီဆိုင်ကို မလိုတဲ့သူက အောက်လမ်းဆရာတွေ၊ နတ်ကတော်တွေနဲ့ ပေါင်း ပြီး ဈေးမရောင်းရအောင်၊ စီးပွားပျက်အောင်၊ လူ တွေ နေထိုင်မကောင်းအောင် မကြာခဏနှောင့်ယှက် တတ်ပါတယ်။ အဲဒီလို အနှောင့်အယှက် အခက်အခဲ တွေ ကြုံတွေ့ရတဲ့အခါ ကျွန်တော့် သူငယ်ချင်းသမီး တွေက ကျွန်တော့်ဆီ တယ်လီဖုန်းဆက်ပြီး အကူ အညီ တောင်းလေ့ရှိပါတယ်။ အဲဒီလို နှောင့်ယှက် နေတဲ့ နတ်အမျိုးမျိုးကို ကျွန်တော်က ရှင်းလင်း ဖယ်ရှားပေးရပါတယ်။ အဲဒီလို ဆောင်ရွက်ပေးရတာ နှစ်နှစ်ကျော်လောက် ရှိပြီထင်ပါတယ်။

၁၂-၂-၂၀၁၆ ရက် နေ့လယ် ၂ နာရီခန့်က ရွှေဘို လျှပ်စစ်ပစ္စည်းဆိုင်မှ ကျွန်တော့်သူငယ်ချင်း သမီးတွေက “အဘ …လုပ်ပါဦး၊ ဈေးမရောင်း ရဘူး …၊ လူတွေလည်း အိပ်ချင်နေကြတယ် …” လို့ ဖုန်းဆက်ပြီး ပြောပါတယ်။ ဒါနဲ့ ကျွန်တော်ကြည့် လိုက်တော့ အရပ် အလွန်မြင့်တဲ့ နတ်ကြီးနှစ်ပါး၊ တစ်ပါးက အနက်ရောင်၊ တစ်ပါးက အဝါရောင်။ နတ်ကြီးများက ဈေးမရောင်းရအောင် ဈေးဝယ်တွေ မလာအောင် နှောင့်ယှက်နေတာ တွေ့ရပါတယ်။ ကျွန်တော်က အဲဒီအချိန်က ပုသိမ်မြို့ ပုသိမ်ဟိုတယ် မှာ ဘာသာရေး တာဝန်တစ်ခုနဲ့ ငပုတောသွားရန် ရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော် နတ်ကြီး နှစ်ပါးကို လှမ်းခေါ်လိုက်တော့ ရောက်လာပါတယ်။ ခါတိုင်းဆိုလျှင် ဆက်ပြီး မနှောင့်ယှက်ဖို့ မေတ္တာ ရပ်ခံပါတယ်။ လက်မခံဘူးဆိုလျှင် သတ်ပစ်လိုက်ပါ တယ်။ ဒီတစ်ခါတော့ ကျွန်တော်လည်း ဟိုတယ်မှာ စိတ်အေးလက်အေး နားနေတာဖြစ်တဲ့အတွက် နတ် ကြီးများကို ဘယ်က လာတာလဲ၊ ဘယ်သူက လွှတ် တာလဲမေးတော့ စစ်ကိုင်းက လာကြောင်း၊ နတ် ကတော်က လွှတ်လို့လာကြောင်း ပြောပါတယ်။ နတ်တွေကို အကူအညီတောင်းရာမှာ နတ်ကတော် များက သူတို့နဲ့ပတ်သက်တဲ့ နတ်ကို ကျွေးမွေးပြီး သူတို့ဖြစ်ချင်တာ ခိုင်းတတ်ပါတယ်။ အောက်လမ်း ဆရာများက ပိုက်ဆံရလျှင် သူတို့ မွေးထားတဲ့ အောက်လမ်းနတ်ကြီးတွေကို စေလွှတ်ပြီး သူတို့ ဖြစ်စေချင်တာ စေခိုင်းတတ်ပါတယ်။

ယခုလာတဲ့ နတ်ကြီးနှစ်ပါးက အမြင့်ပေ ၃၀ လောက်ရှိပြီး ထူးခြားနေတဲ့အတွက် မေးခွန်း တချို့ကို မေးကြည့်ပါတယ်။

ကျွန်ုပ် ။  ။ နတ်ကြီးတို့က ဘယ်မြို့က လာတာလဲ။

အနက်ရောင်နတ်ကြီး ။  ။ စစ်ကိုင်းတောင် က လာတာပါ။

ကျွန်ုပ် ။  ။ စစ်ကိုင်းဒေသက ကွယ်လွန် ပြီး နတ်ဖြစ်လာတာလား။

အနက်ရောင်နတ်ကြီး ။  ။ ဟုတ်ပါတယ်။ စစ်ကိုင်းဒေသက ကွယ်လွန်ပြီး နတ်ဖြစ်လာတာပါ။

ကျွန်ုပ် ။  ။ နတ်က လွန်ခဲ့တဲ့ဘယ်နှနှစ်က ဖြစ်လာတာလဲ။

အနက်ရောင်နတ်ကြီး ။  ။ အဲဒီ မသိပါဘူး။

ကျွန်ုပ် ။  ။ နတ်ကြီး လူ့ဘဝတုန်းက စစ် ကိုင်းဒေသမှာ အိမ်ခြေဘယ်လောက်ရှိသလဲ။

အနက်ရောင်နတ်ကြီး ။  ။ လူ ၁၈ ဦး လောက် ရှိပါတယ်။

ကျွန်ုပ် ။  ။ အဲဒီတုန်းက လူတွေရဲ့ စား ဝတ်နေထိုင်မှုအခြေနေ ပြောပါဦး။

အနက်ရောင်နတ်ကြီး ။  ။ အဲဒီတုန်းက လူတွေက တောထဲမှာ ဖရဲသီး၊ သခွားသီး၊ သင်္ဘော သီးများ ရှာစားကြပါတယ်။ အသားငါးစားတဲ့ အလေ့ အထ မရှိသေးပါဘူး။ အဝတ်အစား ဝတ်တဲ့အလေ့ အထလည်း မရှိသေးပါဘူး။ ကိုယ်တုံးလုံးနဲ့နေကြ ပါတယ်။

ကျွန်တော် တော်တော်ကြီး အံ့အားသင့်သွား ပါတယ်။ လူသားတွေပေါ်ပြီးတဲ့နောက် သမိုင်းဦးဘုံ မြေခေတ်မှာ လူတွေက တောတောင်တွေထဲမှာ သားငါးတွေ ရှာဖွေစားသောက်တဲ့အကြောင်း သမိုင်း ပညာရှင်များက ဖော်ပြကြပါတယ်။ ယခုနတ်ကြီး များရဲ့ လူ့ဘဝမှာတုန်းက အသားငါးကို စားရကောင်း မှန်းပင် မသိသေးတဲ့ သစ်သီးများကိုသာ စားရတယ် ဆိုတဲ့အတွက်အသားမစားတဲ့ခေတ် တစ်ခေတ်သမိုင်း မတိုင်မီက ရှိခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။

ကျွန်ုပ် ။  ။ နတ်ကြီးတို့ခေတ်က လူတွေ နေထိုင်ဆက်ဆံပုံနဲ့ ကိုးကွယ်ယုံကြည်မှုတွေ ပြောပြ ပါဦး။

အနက်ရောင်နတ်ကြီး ။  ။ လူတွေက အဖွဲ့အဖြစ် စုပေါင်းနေထိုင်ကြပါတယ်။ ကျုပ်တို့ အဖွဲ့က ၁၈ ဦးခန့်ရှိပါတယ်။ ယောကျာ်းနဲ့မိန်းမ ပေါင်းသင်းနေထိုင်ရာမှာ အတည်တကျ မရှိပါဘူး။ မိမိသဘောကျတဲ့သူနဲ့သာ ပေါင်းသင်းမှုပြုလုပ်ပါ တယ်။ ညအခါ ကိုယ်နှစ်သက်တဲ့သူနဲ့ ပေါင်းသင်း နေထိုင်ပြီးလျှင် မိန်းမချင်းနှစ်ဦးဖြစ်စေ သုံးဦးဖြစ်စေ အတူအိပ်ကြပါတယ်။ ယောကျာ်းများကလည်း မိမိနဲ့ ရင်းနှီးတဲ့သူချင်း အတူတူအိပ်ကြပါတယ်။ မြေကြီး ပေါ် သစ်ပင်ကြီးတွေအောက်မှာ သစ်ခေါက်တွေ ခင်းပြီး အိပ်ကြပါတယ်။ ကိုးကွယ်မှုအနေနဲ့ သေသူ ရဲ့လူရိုးခြောက်ကို ကိုးကွယ်ကြပါတယ်။ အဲဒီလူရိုး ခြောက်ကြီးကို မသေရပါစေနဲ့လို့ ဆုတောင်းပါတယ်။

ကျွန်ုပ် ။  ။ လူသေတော့ မြေကြီးထဲမမြှုပ် ဘူးလား။

အနက်ရောင်နတ်ကြီး ။  ။ မမြှုပ်ပါဘူး။ သေတဲ့နေရာ ပစ်ထားတာပါပဲ။

ကျွန်ုပ် ။  ။ ပုပ်စော်မနံဘူးလား။

အနက်ရောင်နတ်ကြီး ။  ။ နံပါတယ်။ နံ တော့လည်း တခြားနေရာ ရွှေ့ပြီးနေလိုက်တာပါပဲ။

ကျွန်ုပ် ။  ။ အဲဒီခေတ်က လူတွေက တခြားတိရစ္ဆာန်တွေရဲ့အသားကို စားရကောင်းမှန်း မသိဘူးလား။

အနက်ရောင်နတ်ကြီး ။  ။ မသိဘူး။ ဘယ်သူမှလည်း မစားကြပါဘူး။

ကျွန်ုပ် ။  ။ လူတွေသေတော့ ဖျားနာသေ တာပဲ ရှိသလား။

အနက်ရောင်နတ်ကြီး ။  ။ ဖျားနာသေတာ က နည်းပါတယ်။ ကျားတို့ြွေမတို့ရဲ့ရန်ကြောင့် သေရတာ များပါတယ်။

ကျွန်ုပ် ။  ။ အဲဒီအချိန်က သားရဲတိရစ္ဆာန် တွေရဲ့အန္တရာယ်က များသလား။

အနက်ရောင်နတ်ကြီး ။  ။ သားရဲတိရစ္ဆာန် တွေရဲ့အန္တရာယ်က အလွန်များပါတယ်။ ကျားတွေ၊ြွေမကြီးတွေ၊ နောက် သတ္တဝါတစ်မျိုးက အခုခေတ် မှာတော့ မရှိတော့ဘူး။ တောခွေးထက်ကြီးတဲ့ သတ္တဝါ၊ နောက် အသားစားတဲ့ငှက်ကြီးတွေ၊ အဲဒီ ငှက်ကြီးတွေက လူထက်ပိုကြီးတယ်။

အသားစားငှက်ကြီးတွေက ငါးမျိုးလောက် ရှိတယ်။ အဲဒီသတ္တဝါတွေရဲ့အန္တရာယ်က အလွန်ကြီး ပါတယ်။

ကျွန်ုပ် ။  ။ သူတို့ရဲ့ရန်ကို တစ်နည်းနည်း နဲ့ မကာကွယ်ဘူးလား။

အနက်ရောင်နတ်ကြီး ။  ။ အင်အားခြင်း မမျှတော့ မကာကွယ်နိုင်ပါဘူး။

ကျွန်ုပ် ။  ။ အမျိုးသမီးတွေ ကိုယ်ဝန်ရှိ တော့ ဝိုင်းဝန်းစောင့်ရှောက်ကြသလား။

အနက်ရောင်နတ်ကြီး ။  ။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေကို ယောကျာ်းတွေရော မိန်းမတွေပါ ဝိုင်းဝန်းစောင့်ရှောက်ကြပါတယ်။ မသွားမလာနိုင် တော့လည်း မိန်းမဖော်တစ်ဦး အမြဲရှိပါတယ်။ မွေး လာတဲ့ကလေးကိုလည်း မိန်းမတွေက ဝိုင်းဝန်းစောင့် ရှောက်ပါတယ်။

ကျွန်ုပ် ။  ။ လူတွေ စုဖွဲ့နေကြတယ်ဆို တော့ တစ်ဖွဲ့လူ ဘယ်လောက်ရှိသလဲ။ အများဆုံး အဖွဲ့က လူဘယ်လောက်ရှိသလဲ။

အနက်ရောင်နတ်ကြီး ။  ။ ၁၈ ဦးကနေ ၃၀ ကျော်လောက်အထိ စုဖွဲ့ပြီးနေကြပါတယ်။

ကျွန်ုပ် ။  ။ လူတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့တွေ့ တော့ ဘယ်လို ဆက်သွယ်စကားပြောကြပါသလဲ။

အနက်ရောင်နတ်ကြီး ။  ။ လက်ဟန်ခြေ ဟန်နဲ့ စကားပြောကြပါတယ်။ ဆိုလိုတဲ့သဘောအ ကို နားလည်ပါတယ်။

ကျွန်ုပ် ။  ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့တွေ့တော့ ရန် ဖြစ်တာတွေ ရှိသလား။

အနက်ရောင်နတ်ကြီး ။  ။ ရှိပါတယ်။ တစ်ဖွဲ့က အရှုံးပေးလျှင်တော့ ကျန်တဲ့လူတွေကို မသတ်တော့ပါဘူး။ ကျွန်ုပ်သည်ပင်လျှင် ရန်ဖြစ်လို့ သေခဲ့ရတာပါ။

ကျွန်ုပ် ။  ။ ဘယ်လိုကြောင့် ရန်ဖြစ်တာလဲ။

အနက်ရောင်နတ်ကြီး ။  ။ ကျွန်တော်တို့ အဖွဲ့က အမျိုးသမီးတစ်ယောက်နဲ့ ကျန်တဲ့အဖွဲ့က အမျိုးသားတစ်ယောက်နဲ့ ပြဿနာဖြစ်ပြီး ရန်ဖြစ် ကြပါတယ်။ ကျုပ်တို့အုပ်စုက ရှုံးပါတယ်။ လူသုံးဦး ပဲ ကျန်ပါတယ်။ ကျွန်ုပ်တို့အုပ်စုက ၁၈ ဦး၊ သူတို့ အုပ်စုက ၂၂ ဦးရှိပါတယ်။

ကျွန်ုပ် ။  ။ အဲဒီတုန်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်ဖြစ်တော့ ဘာနဲ့တိုက်ခိုက်ကြတာလဲ။

အနက်ရောင်နတ်ကြီး ။  ။ အဲဒီတုန်းက ဓားတွေ၊ လှံတွေ မရှိသေးပါဘူး။ သစ်သားချောင်း နဲ့ပဲ ရိုက်ကြပါတယ်။

ကျွန်ုပ် ။  ။ အဲဒီတုန်းက လူတွေက အသက်ဘယ်လောက်ထိ ရှည်ကြသလဲ။

အနက်ရောင်နတ်ကြီး ။  ။ ဘယ်လောက် ထိရှည်မှန်း မသိပါဘူး။ သင်္ချာလည်း မပေါ်သေးပါ ဘူး။ ရက်၊ လ၊ နှစ်တွေသတ်မှတ်ချက်လည်း မရှိပါ ဘူး။ အဘိုးကြီးအရွယ်ထိ နေရတဲ့သူတော့မရှိပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးကြတာပါပဲ။

ကျွန်ုပ် ။  ။ အဲဒီတုန်းက နတ်ကြီးရဲ့နာမည် ရှိသလား။

အနက်ရောင်နတ်ကြီး ။  ။ ရှိပါတယ်။ လက်ညှိုးတစ်ချောင်းကို ထောင်ပြတဲ့ သင်္ကေတဟာ ကျွန်ုပ်ရဲ့နာမည်ပါပဲ။ အဖွဲ့ခေါင်းဆောင်ရဲ့နာမည်က လက်နှစ်ဖက်ကို နဖူးအုပ်ပြတဲ့သင်္ကေတ ဖြစ်ပါတယ်။

ကျွန်ုပ် ။  ။ ယခု နတ်ကြီးက ဘယ်မှာနေ ပါသလဲ။

အနက်ရောင်နတ်ကြီး ။  ။ စစ်ကိုင်းက ရွှေဘို၊ မုံရွာဘက်ထွက်တဲ့ ကားလမ်းအနီးက ဘုရား တစ်ဆူမှာနေပါတယ်။

ကျွန်ုပ် ။  ။ ယခုရော နတ်ကြီးက ဘယ် ဘာသာ ကိုးကွယ်ပါသလဲ။

အနက်ရောင်နတ်ကြီး ။  ။ ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၃၇၀ က ကောင်းမှု တော်ဘုရားက ဘီလူးကြီးတစ်ပါးက သွန်သင်ညွှန်ပြ ပေးလို့ ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။

ကျွန်ုပ် ။  ။ နတ်ကြီး အခြားပြောချင်တာ ရှိလျှင် ပြောပါဦး။

အနက်ရောင်နတ်ကြီး ။  ။ စစ်ကိုင်းမြို့နဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ အထူးသဖြင့် စစ်ကိုင်း မြို့ကို ရွှေ့စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကိုင်းမြို့အောက်မှာ အလွန်ကြီးတဲ့နတ်ကြီးတစ် ပါး ရှိပါတယ်။ မြို့က အဲဒီနတ်ကြီးရဲ့မျက်လုံးပေါ် ရောက်နေတယ်။

ကျွန်ုပ် ။  ။ နတ်ကြီးရဲ့မျက်လုံးက ယခုရှိ နေတဲ့ စစ်ကိုင်းမြို့ကြီးလောက် ရှိတယ်လို့ဆိုလိုချင် တာလား။

အနက်ရောင်နတ်ကြီး ။  ။ မျက်လုံးတစ် ဖက်ကပင် စစ်ကိုင်းမြို့ကြီးလောက်ရှိပါတယ်။

ကျွန်ုပ် ။  ။ အဲဒီနတ်ကြီးက မြေအောက် မှာ ဘယ်လိုနေတာလဲ။ အိပ်နေတာလား။ ထိုင်နေ တာလား။ သွားလာလှုပ်ရှားနေတာလား။

အနက်ရောင်နတ်ကြီး ။  ။ သွားလာလှုပ် ရှားခြင်း မရှိပါဘူး။ ထိုင်နေတာလည်း မဟုတ်ပါဘူး။ ပက်လက်လှန်နေတာပါ။ မြောက်ဘက်ကို ဦးခေါင်း ပြုနေတာပါ။

ကျွန်ုပ် ။  ။ ဒီလိုဆို နတ်ကြီးရဲ့ခြေထောက် က ဘယ်မြို့အထိ ရောက်ပါသလဲ။

အနက်ရောင်နတ်ကြီး ။  ။ တောင်ဘက် သဲတောမြို့အထိ ရောက်ပါတယ်။

ကျွန်ုပ် ။  ။ အလွန်ကြီးတဲ့ နတ်ကြီးပါလား။ အဲဒီနတ်ကြီးက လူတွေကို အန္တရာယ်ပေးပါသလား။

အနက်ရောင်နတ်ကြီး ။  ။ လူတွေကို အန္တရာယ်ပေးတာ မရှိပါဘူး။ ဒါပေမဲ့ စစ်ကိုင်းမြို့ အောက်မှာရှိတဲ့ နတ်ကြီးရဲ့မျက်လုံးတစ်ဖက်က မျက် စိကျိန်းသလို ရဲနေတာ တွေ့ရတယ်။

ကျွန်ုပ် ။  ။ နတ်ကြီးက အဲဒီမြေအောက် က နတ်ကြီးနဲ့ စကားပြောလို့ရသလား။

အနက်ရောင်နတ်ကြီး ။  ။ မရပါဘူး။

ကျွန်ုပ်နဲ့ နတ်ကြီးနဲ့ စကားပြောနေစဉ် နီညို ရောင် အရပ်အလွန်မြင့်တဲ့ နတ်ကြီးတစ်ပါြးွကလာ ပါတယ်။

ကျွန်ုပ် ။  ။ ကျွန်တော် နီညိုရောင်နတ် ကြီးကို ကြိုဆိုပါတယ်။ အရှင်နတ်ကြီးက ဘယ်ကဲ့ သို့သောအကြောင်းနဲ့ ကျွန်တော့်ဆီ ကြွလာပါသလဲ အမိန့်ရှိပါ။

နီညိုရောင်နတ်ကြီး ။  ။ ကျွန်ုပ်ကိုယ်တိုင် သည်ပင်လျှင် စစ်ကိုင်းမြို့အောက်က နတ်ကြီးဖြစ် တယ်။ သင့်ကို ကြောင်းချင်းရာသုံးရပ် ပြောချင်လို့ ကြွလာတာပါ။

(၁) ကျွန်ုပ် ဒီမြေအောက်ကနေ အခြားတစ် နေရာကို ရွှေ့မည်။ စစ်ကိုင်းနဲ့ရွှေဘိုအကြား ဧရာ ဝတီမြစ်အနီး ရွှေ့မည်။ နှစ်လအတွင်း ရွှေ့မည်။

ကျွန်ုပ် ။  ။ လက်ရှိနေရာ ရောက်နေတာ ဘယ်လောက်ကြာပါပြီလဲ။ ဘာကြောင့် ရွှေ့တာလဲ။

နီညိုရောင်နတ်ကြီး ။  ။ ဒီနေရာရောက် တာ ဘယ်လောက်ကြာမှန်း မသိပါဘူး။ ကျွန်ုပ်ရောက် ခါစက လူတွေနေတာ လူဦးရေ ၂၀ လောက်ပဲ ရှိ ပါသေးတယ်။ အဲဒီလူတွေက အိမ်နဲ့နေတဲ့လူတွေ မဟုတ်ဘူး။ အဝတ်အစား မဝတ်သေးတဲ့ခေတ်က လူတွေပါ။ ယခုခေတ်လူတွေက သွားလာလှုပ်ရှားတာ များပြီး ဆူညံတဲ့အသံတွေကြောင့် မခံနိုင်၍ ပြောင်း တဲ့သဘောပါ။

(၂) အချက်က မကြာမီ ပြင်းထန်တဲ့ငလျင် ကြီးတွေ လှုပ်လိမ့်မည်။

ကျွန်ုပ် ။  ။ နတ်ကြီးက ကိုယ်တိုင်သိမြင် တာလား။ အခြားနတ်တစ်ပါးပါးက ပြောတာလား။

နီညိုရောင်နတ်ကြီး ။  ။ ကျွန်ုပ်ကိုယ်ခန္ဓာ ရဲ့ အထိအတွေ့ကြောင့် ကိုယ်တိုင်ခံစားသိရှိတာပါ။ အဲဒီငလျင်ကြီးကြောင့် လူနေတိုက်တာ အဆောက် အအုံတွေ များစွာပျက်စီးဆုံးရှုံးနိုင်ပါတယ်။

(၃) အချက်က အဲဒီငလျင်ကြောင့် ဘုရား စေတီတွေ များစွာပြိုကျပျက်စီးနိုင်ပါတယ်။

နီညိုရောင်နတ်ကြီးနဲ့ ကျွန်တော် ဆွေးနွေး နေစဉ် ကိုယ်ခန္ဓာအလွန်ကြီးတဲ့ နီညိုရောင်နတ်ကြီး ထက်ပင် ပိုပြီးကြီးတဲ့ အစိမ်းရောင်နတ်ကြီးတစ်ပါး ကြွလာပါတယ်။ ကျွန်တော် ဦးခေါင်းတွေ လက်တွေ ခြေထောက်တွေ မမြင်ရပါဘူး။ အစိမ်းရောင်ကိုသာ ကြည့်ပြီး ပြောရတာပါ။

ကျွန်ုပ် ။  ။ အစိမ်းရောင်နတ်ကြီးကို ကြို ဆိုပါတယ်။ ဘယ်ဒေသက ကြွလာတယ်ဆိုတာ အမိန့်ရှိပါဦး။

အစိမ်းရောင်နတ်ကြီး ။  ။ ကျွန်ုပ်က မြေ ကြီးအောက်က ကြွလာတာပါ။ အိန္ဒိယသမုဒ္ဒရာ အောက်ကြွကလာတာပါ။ နောက်သုံးလနေလျှင် ကမ္ဘာပေါ်မှာ နေရာအနှံ့အပြား ငလျင်ကြီးတွေ လှုပ် လိမ့်မည်။

ကျွန်ုပ် ။  ။ နတ်ကြီးက ကိုယ်တိုင်ခံစား ပြီး သိတာလား။ အခြားပုဂ္ဂိုလ်တစ်ပါးပါးက ပြောလို့ သိတာလား။

အစိမ်းရောင်နတ်ကြီး ။  ။ ကျွန်ုပ်က ရေနေသတ္တဝါတွေကြည့်ပြီး ပြောတာပါ။ ရေနေ သတ္တဝါတွေ ထူးထူးခြားခြား သွားလာလှုပ်ရှားမှု များလျှင် ငလျင်ကြီးတွေ လှုပ်တတ်ပါတယ်။

ယခု ရေနက်ပိုင်းမှာနေတဲ့ ရေနေသတ္တဝါ တွေ ထူးထူးခြားခြား သွားလာလှုပ်ရှားနေကြတာ နှစ်လလောက်ရှိပြီ။ ယခင်နှစ်တွေရဲ့ အတွေ့အကြုံ အရ အနီးစပ်ဆုံး အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ ၁၂ နှစ် ခန့်က ငလျင်ကြီးကြောင့် ဆူနာမီရေလှိုင်းကြီးတွေ ဖြစ်ပေါ်ပြီး လူနေအိမ်တွေများစွာ ပျက်စီးဆုံးရှုံးတာ ခံလိုက်ရတယ်။ အဲဒီတုန်းက ရေနက်ပိုင်းမှာနေတဲ့ သတ္တဝါတွေ ထူးထူးခြားခြား လှုပ်ရှားတာတွေ့ခဲ့ရပါ တယ်။

ကျွန်ုပ် ။  ။ ကျွန်တော့်ကို အခုလို လူတွေ အတွက် အရေးကြီးတဲ့သတင်းတွေ လာရောက်ပြော ကြားပေးကြတဲ့ နတ်ကြီးများကို ကျေးဇူးတင်ရှိပါ တယ်။

ယခုနှစ်ပိုင်းတွေမှာ သဘာဝဘေးအန္တရာယ် များနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ၁၅ နှစ်၊ အနှစ် ၂၀ က အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်လျှင် ပိုမိုကျရောက် နေတာ တွေ့ရပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစ်ပေါ် နေသလို ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ယခု ဆယ်စုနှစ်အတွင်း လေမုန်တိုင်းကျတာ၊ ရေကြီးတာ၊ တောင်တွေပြိုတာ၊ ငလျင်တွေလှုပ်တာတွေ ထူးထူး ခြားခြား ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။

ကျွန်တော် ငလျင်နဲ့ပတ်သက်လို့ ယုံကြည် လောက်တဲ့ပုဂ္ဂိုလ်ကြီးတွေက လာရောက်ပြောတဲ့အ တွက် ဂျပန်နိုင်ငံနဲ့ ငလျင်အန္တရာယ်၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း ကျရောက်မည့် ငလျင်အန္တရာယ်အ ကြောင်း ဆောင်းပါးနှစ်ပုဒ် မနောမယဂျာနယ်မှာ ရေးသားတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ သတ်မှတ်ကာလ အတွင်းမှာ ဘယ်နိုင်ငံမျှ ဆိုးဆိုးဝါးဝါး ငလျင်ဒဏ် မခံစားရပါဘူး။ မိုးလေဝသပညာရှင် ဒေါက်တာ ဦး ထွန်းလွင်က –

“ယနေ့အချိန်အထိ ငလျင်လှုပ်မည့်ကိစ္စကို ကြိုတင်သိရှိနိုင်တဲ့ သိပ္ပံနည်းပညာမှာ မပေါ်ပေါက် သေးပါဘူး …၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၈၀ ဆို လျှင် တစ်ကြီမ်လှုပ်တတ်တဲ့ အတွေ့အကြုံတော့ ရှိပါတယ်၊ ယခု နှစ်ပေါင်း ၈၀ ရှိနေပါပြီ” လို့ ပြောသွားတာ မှတ်မိပါတယ်။ ပရလောကမှ တန်ခိုး ကြီးနတ်ကြီးတွေလည်း အတိအကျမှန်အောင်တော့ မပြောနိုင်သေးဘူးထင်ပါတယ်။ စိုးရိမ်ပူပန်မနေဘဲ သတိ ဝီရိယနဲ့နေကြဖို့သာ အသိပေးချင်ပါတယ်။

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ …

 

ဆရာဝင်း(သာကီနွယ်)

 

Comments

comments

Post Author: manawmaya