နတ်သားတစ်ပါးပြောပြတဲ့ သူ့ဘဝအကြောင်း

၂၂-၃-၂၀၁၇ ရက် မနက် ၂ နာရီလောက် မှာ ကျွန်တော်အိပ်ရာမှ အိပ်ရေးဝပြီး ကြည်ကြည် လင်လင်ပဲ နိုးနေပါတယ်။ ဒီတစ်ပတ်ဆောင်းပါးဘာ များရေးရမလဲ စဉ်းစားနေပါတယ်။ လူတွေမသိသေး တဲ့ ထူးဆန်းတဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့ အ ကြောင်းလည်း ဖြစ်ချင်ပါတယ်။ ကျွန်တော်ဗေဒင် ပညာနဲ့ ဗေဒင်ဟောကြည့်ရာက အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး ဟောဆိုရာမှာ ပထနီဘာဝကို အဓိက ထားဟောရပြီး ပထနီဘာဝမှာ ပါပဂြိုဟ်တွေများနေ လျှင် အိမ်ထောင်ဖက်များတာ၊ အိမ်ထောင်ရေး ကံ မကောင်းတတ်တဲ့အကြောင်း စဉ်းစားနေမိပါတယ်။

အိမ်ထောင်ရေး ဘာဝများ ကိတ်ဂြိုဟ်ရပ် တည်နေတဲ့ အမျိုးသမီးကို လက်ထပ်မိလျှင် အိမ် ထောင်ရေးဘဝ အဆိပ်သင့်ခံရတယ်။ အိမ်ထောင် ရှင်အမျိုးသား အသက်တိုတတ်ပါတယ်။

လွန်ခဲ့တဲ့ သုံးရက်လောက်က ကျွန်တော် မိတ်ဆွေတစ်ယောက်က သူ့ရဲ့အိမ်ထောင်ပြုဖို့ နောက်ကျနေတဲ့ သားကြီးအတွက် သတို့သမီးဓာတ် ပုံယူလာပြီး အိမ်ထောင်ဖက်ရွေးချယ်သင့် မသင့်မေး ပါတယ်။ မိန်းကလေးက ရုပ်ရည်လည်း လှပတယ်။ အိနြေ္ဒလည်း ရှိတယ်။ စိတ်နေစိတ်ထားလည်း ကောင်းတယ်။ သူ့ရဲ့ရင်ဘတ်ထဲမှာ စိန်ကြီးတစ်လုံးရဲ့ အရောင်တွေကလည်း ဖြာထွက်နေတဲ့အတွက် ဒီ မိန်းကလေးကို လက်ထပ်သင့်ကြောင်း၊ ဥစ္စာစီးပွား လည်း ချမ်းသာမည့်အကြောင်း ပြောလိုက်ပါတယ်။ ဒါက အကြားအမြင်ပညာနဲ့ ဟောလိုက်တာပါ။ အခု အဲဒီမိန်းကလေးကို ဗေဒင်နည်းနဲ့ ဟောလျှင် ပထနီ ဘာဝမှာ အထက်က ပြောခဲ့တဲ့ ကိတ်ဂြိုဟ်များ ရပ် တည်နေပြီး ပါပဂြိုဟ် အမြင်အယှဉ်များရှိနေလျှင် စိုးရိမ်စိတ် ဖြစ်ပေါ်မိပါတယ်။

အဲဒီလို စဉ်းစားနေစဉ်မှာ ကျွန်တော့်အိပ်ရာ ရဲ့ ရာဟုထောင့်အရပ်မှာ လရောင်ကဲ့သို့အရောင် တစ်ခု ကောင်းကင်ယံမှာ ဖြတ်ခနဲ မြင်လိုက်ရပါ တယ်။ လကြီးကို မြင်လိုက်ရတာ မဟုတ်ဘဲ ခြင် ထောင်ရဲ့ အမိုးထောင့်ကကွယ်နေလို့ လကဖြာထွက် တဲ့အရောင်မျိုး တချို့တစ်ဝက်ကိုသာ မြင်လိုက်ရ တာပါ။

ဒါနဲ့ ကျွန်တော်ကို ဗေဒင်ကူညီဟောပေး နေတဲ့ တန်ခိုးရှင်ကြီးကို ကျွန်တော်ယခု အာရုံမှာ မြင်လိုက်ရတဲ့ လရောင်ကဲ့သို့ အလင်းရောင်ဟာ စိတ်ထင်တာလား၊ တကယ်မြင်တာလား ဆိုတာမေး လျှောက်ကြည့်ပါတယ်။ တန်ခိုးရှင်ကြီးက တကယ်ရှိ တာကို မြင်တာဖြစ်တဲ့အကြောင်း၊ နတ်သားတစ်ပါး က ဖြာထွက်တဲ့ အလင်းရောင်ဖြစ်ကြောင်း မိန့်ပါတယ်။

ကျွန်တော် ကောင်းကင်မှာ လရောင်ကဲ့သို့ အရောင်တွေဖြာထွက်နေတဲ့ နတ်သားကို ပင့်ဖိတ် လိုက်ပါတယ်။ ကျွန်တော့်အိပ်ရာ ခုတင်ဘေး နတ် သား အညိုရောင် ပိန်ပိန်ရှည်ရှည် အရပ် ငါးပေခန့် တစ်ပါး ရောက်လာပါတယ်။ ကျွန်တော် သူ့ကို သံသယဝင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန် တော်မြင်လိုက်ရတဲ့အမြင်က လရောင်လို ငွေရောင် တွေဖြာနေတာ ဖြစ်တယ်။ ယခုကျွန်တော့် ဘေး ရောက်နေတဲ့ နတ်သားက အညိုရောင် ပိန်ရှည်ရှည် ဘာအလင်းရောင်မှလည်း မထွက်တဲ့အတွက်ဖြစ်ပါ တယ်။

ကျွန်ုပ်။ ။ အသင်နတ်သား ကောင်း ကင်မှာက ငွေရောင်တွေ ဖြာထွက်နေပါတယ်။ ယခု အနီးကပ်တွေ့ရတော့ ဘာအလင်းရောင်မှမရှိဘဲ ခပ် ညိုညို ခြောက်ခြောက်နဲ့ပါလား။

နတ်သားက သူ့ရဲ့ငွေရောင် အဆင်းတွေ ထုတ်ပြပြီး –

နတ်သား။        ။ ယုံပြီလား။

ကျွန်ုပ်။ ။ ယုံပါပြီ။ နတ်သားက ဒီ ကမ္ဘာက ဖြစ်တဲ့နတ်သားလား။ ကျွန်တော့်ကို တစ်ခုခု ပြောစရာရှိလို့ ကောင်းကင်ကနေပြီး အလင်းရောင် တွေ ပြတာလား။

နတ်သား။        ။ ကျွန်ုပ်က ပြတာမဟုတ်ပါ ဘူး။ အသင်က မြင်တာနေမှာပါ။ ကျွန်ုပ်က ဒီကမ္ဘာ  ကနတ်သားလည်း မဟုတ်ပါဘူး။

ကျွန်ုပ်။ ။ နတ်သားက အာကာသထဲ လျှောက်လည်ကြည့်တဲ့ သဘောလား။ ဒီလိုခရီးသွား ရင်း လမ်းမှာ တန်ခိုးကြီးနတ်ကြီးတွေရဲ့ အနှောင့်အ ယှက်တွေ မကြုံဘူးလား။

နတ်သား။        ။ တစ်ခါတစ်ရံကြုံပါတယ်။ သူတို့နှောင့်ယှက်တော့ ကျုပ်က ထွက်ပြေးသွားတာ ပါပဲ။ ကျုပ်က သူတို့ထက် သုံးဆလောက်ပိုပြီး အပြေး မြန်တယ်။

ကျွန်ုပ်။ ။ နတ်သားတို့ ကမ္ဘာက လူ့ သက်တမ်းဘယ်လောက်ရှိသလဲ။

နတ်သား။        ။ လူ့သက်တမ်း ၁၀ဝ ရှိပါ တယ်။

ကျွန်ုပ်။ ။ ကျွန်တော်အာရုံမှာ ခံစားမိ တာက နတ်သားဟာ လူ့ဘဝတုန်းက အမျိုးသမီး တွေနဲ့ ပတ်သက်လို့ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိ တယ်လို့ သိရပါတယ်။ အဲဒါ ဘယ်လိုအစွမ်းသတ္တိ သို့မဟုတ် သိဒ္ဓိပါလဲ။

နတ်သား။        ။ ကျွန်ုပ်လူ့ဘဝတုန်းက အမျိုး သမီးတွေက အလွန်နှစ်သက်သဘောကျကြပါတယ်။ ကျွန်ုပ်နဲ့ အတူနေဖူးတဲ့ အမျိုးသမီးတွေက အလွန် ထူးကဲတဲ့ ခံစားမှုမျိုး ရကြတယ်ပြောပါတယ်။

ကျွန်ုပ်။ ။ ဒီလိုဆိုနတ်သားက လူ့ဘဝ တုန်းက အမျိုးသမီးဘယ်နှစ်ယောက်နဲ့ အတူနေခဲ့ ဖူးပါသလဲ။

နတ်သား။        ။ အမျိုးသမီး ၃၀ဝ လောက်နဲ့ နေခဲ့ဖူးပါတယ်။

ကျွန်ုပ်။ ။ ဟိုက် များလှချည်လား။ နတ်သားမှာ တရားဝင်ဇနီးမယား မရှိဘူးလား။ လူ့ ဘဝတုန်းက ဘာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုသလဲ။

နတ်သား။        ။ ကျွန်တော့်ဇနီးရှိပါတယ်။ ကလေးတစ်ယောက်လည်း ရှိပါတယ်။ ကျွန်တော်က ယပ်တောင်လုပ်ငန်းလုပ်ကိုင်ပြီး အိမ်မှာဆိုင်ဖွင့် ရောင်းပါတယ်။ ယပ်တောင်ကို ပေါ့ပါးပြီး အနက် ရောင်ရှိတဲ့ အသားနဲ့ ပြုလုပ်ရောင်းချပါတယ်။ ကျွန်တော့်မိန်းမက အိမ်ရှေ့ဆိုင်မှာ ရောင်းပါတယ်။ ကျွန်တော်က အိမ်နောက်ဖေးကနေပြီး ယပ်တောင် တွေပြုလုပ်ပေးပါတယ်။ သူက ကျွန်တော်ကို ဆိုင်မှာ မထိုင်ခိုင်းပါဘူး။ ကျွန်တော် ဈေးရောင်းလျှင် မိန်းမ တွေ လာဝယ်ကြလို့ သူကပဲ ရောင်းပါတယ်။

ကျွန်ုပ်။ ။ ဒီလို သင့်မိန်းမက ချုပ်ချယ်ထားပါလျက် ဘယ်လိုကြောင့် မိန်းမတွေ ၃၀ဝ လောက်နဲ့ နေခဲ့ရတာလဲ။

နတ်သား။        ။ ကျွန်တော့်မိန်းမက ကျွန် တော်နဲ့ အိမ်ထောင်ကျပြီး သုံးနှစ်လောက်နေတော့ ကွယ်လွန်ပါတယ်။ အဲဒီမှာ မုဆိုးဖိုကြီးဖြစ်တဲ့ ကျွန် တော့်ကို အမျိုးသမီး ၂၀ လောက်က ကြိုက်နှစ် သက်ကြောင်း အောင်သွယ်တော်တွေကတစ်ဆင့် ကမ်းလှမ်းလာပါတယ်။ အဲဒီ့အထဲမှာ ငွေကြေးချမ်း သာတဲ့သူတွေရဲ့ သမီးတွေလည်းပါတယ်။ ရုပ်ရည် ချောမောလှပတဲ့ မုဆိုးမသုံးယောက်လည်း ပါတယ်။ ကျွန်တော့်တို့ကမ္ဘာက အမျိုးသမီးတွေက အရုပ်ဆိုး တဲ့သူ မရှိဘူး။ အသင့်အတင့် ကြည့်ကောင်းတာနဲ့ ချောတာ လှတာပဲ ရှိပါတယ်။ ချောတဲ့လှတဲ့ အရေ အတွက်ကတော့ နည်းတာပေါ့။

ကျွန်ုပ်။ ။ နတ်သားနဲ့ ဆက်ဆံရလျှင် အလွန်ထူးကဲတဲ့ ကာမဂုဏ်အရသာခံစားရတယ်ဆိုတာ ဇနီးကပြောလို့ သူတို့က သိကြတာလား။

နတ်သား။        ။ မဟုတ်ပါဘူး။ ကျွန်တော့် ဇနီးနဲ့ မရခင်က အမျိုးသမီးတစ်ဦးနဲ့ သမီးရည်း စားဖြစ်ခဲ့ဖူးတယ်။ သူနဲ့ ကျူးကျူးလွန်လွန်ဖြစ်တော့ သူက ကျွန်တော့်ကို တမ်းတမ်းစွဲဖြစ်သွားတယ်။ သူ့မှာ ကိုယ်ဝန်လည်း ရသွားတယ်။

ကျွန်ုပ်။ ။ အဲဒီတော့ နတ်သားက သူ့ ကို လက်မထပ်ဘူးလား။

နတ်သား။        ။ ကျုပ်တို့ဆီက မိန်းကလေး က အသက်(၂၁)နှစ်ပြည့်မှ လက်ထပ်ခွင့်ရှိတယ်။ အဲဒီ့တုန်းက သူက (၁၈)နှစ်ပဲရှိသေးတယ်။ အဲဒါ ကြောင့် လက်ထပ်လို့မရတဲ့အပြင် သူ့ဆွေမျိုးအသိုင်း အဝိုင်းကရော အုပ်ချုပ်ရေးမှာ တာဝန်ရှိတဲ့ အကြီး အကဲကပါ သူ့ကို ကျွန်တော်နဲ့ လက်ထပ်ခွင့်မပြု ခဲ့ဘူး။ ယခုပြုခဲ့တဲ့ အိမ်ထောင်ကတော့ တရားဝင် နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြတာပါ။ ကျွန်တော် နဲ့ပတ်သက်ပြီး ထူးကဲတဲ့ အရသာရှိတယ်ဆိုတာ ကျွန်တော့်ရဲ့ ရည်းစားဟောင်းက သတင်းပေါက် ကြားလို့ မြို့က အမျိုးသမီးလောကမှာ သိကြတာပါ။

ကျွန်ုပ်။ ။ နတ်သားက အမျိုးသမီး ၂၀ လောက်က ဝိုင်းပြီးလက်ထပ်ဖို့အဆိုပြုတော့ ဘယ်သူ့ကို ရွေးချယ်သလဲ။

နတ်သား။        ။ အဲဒီအမျိုးသမီး ၂၀ ထဲက သုံးယောက်ရွေးချယ်ပါတယ်။ ဒီသုံးယောက်ထဲက တစ်ယောက်ယောက်ကို လက်ထပ်မယ်ပေါ့၊ အဲဒီ သတင်းက ပေါက်ကြားပြီး ကျန်တဲ့အမျိုးသမီးတွေ က မြို့အကြီးအကဲဆီ တောင်းဆိုကြပါတယ်။ သူတို့ အားလုံးကို မဲချပြီး မဲကျတဲ့သူနဲ့ လက်ထပ်နိုင်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုကြပါတယ်။ မြို့အကြီး အကဲကို ကျွန်ုပ်တို့က အလွန်ကြောက်ရပါတယ်။ သူက တရားစီရင်နိုင်တယ်။ မြို့ကိုအုပ်ချုပ်တယ်။ သူ့ပါးစပ်ကထွက်တာ အမိန့်ပါပဲ။ တစ်ရက်တော့ မြို့အကြီးအကဲက ကျွန်တော့်ကို ခေါ်ပါတယ်။

မင်းကို အမျိုးသမီး ၂၀ က မင်းနဲ့လက်ထပ် ပေါင်းသင်းချင်ပါတယ်ဆိုတယ်။ ဟုတ်ပါသလားလို့ မေးပါတယ်။ ကျွန်ုပ်လည်း အမှန်အတိုင်းပဲ မှန်ပါ တယ် ပြောရပါတယ်။ မင်းက ဘယ်သူကိုယူမည်လို့ မှန်းထားတယ်ဆိုတာ ဟုတ်သလား။ ကျွန်တော် လည်း ဟုတ်ပါတယ် ဖြေပါတယ်။

အဲဒီတော့ ဒီမယ်ကျန်တဲ့ အမျိုးသမီးတွေက    သူတို့လည်း မင်းကို ပေါင်းဖက်ချင်ကြတယ်။ မဲချပြီး မဲကျတဲ့သူကို ယူဖို့ အုပ်ချုပ်ရေးမင်းက ဆောင်ရွက် ပေးပါလို့ ငါ့ဆီကို တောင်းဆိုလာကြတယ်။ ငါက လည်း အဲဒီလိုပဲဖြစ်စေချင်တယ်။ မင်းသဘောတူနိုင် ပါ့မလား။

ကျွန်တော်လည်း မူလကပင် ကြောက်ရွံ့နေ တာကြောင့် “လူကြီးမင်းဆန္ဒကို သဘောတူပါ တယ်”လို့ ပြောလိုက်ပါတယ်။

နောက်သုံးရက်နေတော့ မြို့အုပ်ချုပ်ရေးမှူး  အိမ်မှာ အဆိုပါ အမျိုးသမီးတွေရော ကျွန်တော့်ကို ပါ ဖိတ်ကြားပြီး မဲချလက်ထပ်ပွဲပြုလုပ်ပါတယ်။ စိတ်ဝင်စားပြီး လာကြည့်ကြတဲ့ ပရိသတ်နဲ့ဆိုလျှင် လူ ၂၀ဝ လောက်ရှိမည်ထင်ပါတယ်။ အုပ်ချုပ်ရေးမှူး  စားပွဲပေါ်မှာ ဖလားကြီးတစ်လုံးထဲမှာ ပိတ်စပေါ်မှာ  အမျိုးသမီးတစ်ဦးချင်းဆီရဲ့ နာမည်ကိုရေးပြီး မဲလိပ် သဖွယ်လိပ်ထားပါတယ်။

အားလုံးစုံညီစွာ ရောက်ကြတော့ မဲနှိုက်ပွဲ ပြုလုပ်ပါတယ်။ မြို့အုပ်ချုပ်ရေးမှူးက ကျွန်တော့် ကိုရှေ့ခေါ်ပြီး ဒီဖလားထဲမှာ မဲလိပ်တွေပါတယ်။ အမျိုးသမီး ၂၀ ရဲ့ နာမည်တွေ ရေးထားတယ်။ မင်းက ဒီဖလားထဲက မဲလိပ်တစ်လိပ်နှိုက်ယူရမည်။ မင်းနှိုက်လို့ရတဲ့ သူဟာ မင်းဇနီးဖြစ်မှာပဲ။ ဒီတော့ မင်းနားလည်ပြီလား ဘာပြောစရာရှိသေးလဲ။ ကျွန်ုပ် လည်း ဘာမျှ ပြောစရာမရှိပါဘူး။ ကဲ မင်းဇနီးကို ရွေးယူပေတော့ဆိုပြီး ဖလားထဲက မဲနှိုက်စေပါတယ်။ မဲသုံးလိပ်ကိုင်ပြီး နောက်တစ်လိပ်ကို နှိုက်ယူ လိုက်ပါတယ်။ မဲလိပ်ပိတ်စမှာ ပါတဲ့နာမည် ဖတ် ကြည့်လိုက်တော့ ကျွန်တော်ကြိုက်တဲ့ သုံးယောက် အနက် တစ်ယောက်ဖြစ်နေပါတယ်။ မဲလိပ်ကို အုပ်ချုပ်ရေးမှူးကို ပြလိုက်ပါတယ်။ ဘေးက ရှိနေတဲ့ ပရိသတ်တွေက အသံတွေတိတ်နေပြီး အုပ်ချုပ်ရေး မှူး ဖတ်ပြမည့် နာမည်ကို စိတ်အာရုံစိုက်နေကြ ပါတယ်။

အုပ်ချုပ်ရေးမှူးက မဲပေါက်တဲ့ အမျိုးသမီး နာမည်ကို ကြေညာလိုက်ပါတယ်။ ပရိသတ်တွေ လည်း ဝမ်းသာသူသာ၊ စိတ်ဓာတ်ကျသူကျဖြစ်သွား ကြပါတယ်။ အဲဒီမှာပဲ မဲကျတဲ့ အမျိုးသမီးရှေ့ကို ခေါ်ပြီး ကျွန်တော်နဲ့အတူ ရပ်စေကာ ဒီနေ့ဒီရက် ဒီအချိန်ကစပြီး ကျွန်တော်နဲ့သူ လက်ထပ်ပြီးစီး ကြောင်း ကြေညာလိုက်ပါတယ်။

ကျွန်ုပ်။ ။ နတ်ကြီးအိမ်ထောင်ရေးက တယ်ပြီး ထူးဆန်းပါလား။ ကျွန်တော်တို့နိုင်ငံ သီပေါ မင်းလက်ထက်က သီပေါမင်းရဲ့ လူပျိုတောသားတွေ နဲ့ မိဖုရားကြီးစုဖုရားလတ်ရဲ့ အပျိုတော်တွေနဲ့ မဲချ ပြီး လက်ထပ်ပေးခဲ့ဖူးတယ်။ အဲဒီတုန်းက မဲကျတဲ့ သူနဲ့ပဲ ကျေကျေနပ်နပ် အကြင်လင်မယားဖြစ်သွား ခဲ့ဖူးတယ်။ ဒါထက် နတ်သားက အခုမှ မိန်းကလေး သုံးယောက်ပဲ ရှိပါသေးတယ်။ ဘယ်လိုကြောင့် အမျိုးသမီးသုံးရာနဲ့ ရခဲ့တာလဲ။

နတ်သား။        ။ ဒါက ဒီလိုပါ။ ကျွန်တော် ဒုတိယအိမ်ထောင်နဲ့လည်း သုံးနှစ်ပဲ ပေါင်းရပါတယ်။ အမျိုးသမီးက ကွယ်လွန်သွားပါတယ်။ အဲဒီအခါမှာ အမျိုးသမီးတွေက အရင်တစ်ခါလိုပဲ အောင်သွယ် တော်တွေနဲ့ ကျွန်တော့်ကိုလက်ထပ်လိုကြောင်း အဆို ပြုလာကြပါတယ်။ အားလုံး ၆၀ လောက်ရှိပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်က တစ်ယောက်ကိုသုံးရက် စီ ကျွန်တော်နဲ့ နေခွင့်ပြုလိုက်ပါတယ်။ အဲဒီလိုနဲ့ ပေါင်းသင်းရင်း ၃၀ဝ လောက်ပေါင်းလိုက်ရတာပါပဲ။

ကျွန်ုပ်။ ။ အသင်နတ်သားက ဒီလိုထူး ကဲတဲ့ ကာမဂုဏ်ပေးစွမ်းနိုင်အောင် အတိတ်ဘဝက   ဘာတွေ ဆောင်ရွက်ခဲ့လှူဒါန်းလို့ရခဲ့တာလဲ၊

နတ်သား။        ။ အတိတ်ဘဝက ဘာတွေမှ လှူဒါန်းခဲ့တာ မရှိပါဘူး။ ကျွန်တော့်မှာ ဂန္ဓာရီ လမ်းစဉ်လိုက်စားနေတဲ့ အဘိုးတော်တဲ့ ရသေ့ကြီး တစ်ပါးရှိပါတယ်။ ကျွန်တော် ၁၂ နှစ်သားလောက် မှာ အဘိုးက ကျွန်တော့်ရဲ့လက်ဖဝါးမှာ သူ့လက် ညှိုးနဲ့ “မိန်းမတွေအတွက် ထူးကဲတဲ့ယောကျာ်း” ဆိုပြီး ရေးပေးတယ်။ အဘိုးက ကျွန်တော့်ကိုရယ်စ ရာမောစရာအဖြစ် ရေးပေးတယ်ထင်ခဲ့တာ ကျွန်တော့် ပထမရည်းစားနဲ့တွေ့မှ အဘိုး ရသေ့ကြီး ရေးပေး ခဲ့တာ တကယ့်အစွမ်းသိဒ္ဓိ ရှိမှန်းသိရပါတယ်။

ကျွန်ုပ်။ ။ အခုလိုအကျယ်တဝင့်ရှင်း ပြတဲ့အတွက် နတ်သားကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဝင်မှာ ပဉ္စပါပီဆိုတဲ့ အတွေ့ ထူးတဲ့ မိဖုရားအကြောင်း ကြားဖူးကြမှာပါ ပဉ္စပါပီ မိဖုရားလုကြရာက တိုင်းပြည်နှစ်ပြည် မင်းနှစ်ပါး စစ်ခင်းကြမည့် အရေးက အမတ်ကြီးတွေရဲ့ ညှိနှိုင်း မှုနဲ့ ဘုရင်တစ်ပါး ခြောက်လစီ အလှည့်ကျ ပေါင်း သင်းဆက်ဆံခွင့်နဲ့ စစ်ဘေးမှ ရှောင်လွဲနိုင်ခဲ့ပါတယ်။

ဒီမှာလည်း ပဉ္စပါပီလို ယောကျာ်းတွေ့နေရပါ ပကော။

သတ္တဝါများကျန်းမာချမ်းသာကြပါစေ။

 

ဆရာဝင်း(သာကီနွယ်)

(ဤဆောင်းပါးပါ အယူအဆများသည် စာရေးသူ၏အယူအဆများသာဖြစ်ပါသည်၊ အယ်ဒီတာအဖွဲ့၏အာဘော်မဟုတ်ပါကြောင်း၊

အယ်ဒီတာအဖွဲ့)

Comments

comments

Post Author: manawmaya