ရွမ္းျပည္နယ္ႀကီး စစ္မီးၿငိမ္းဖို႔ ရြာငံၿမိဳ႕ ဘုရားတစ္ဆူကို သြားေရာက္ဆုေတာင္းျခင္း

ကြ်န္ေတာ့္ကို အထက္ဆိုင္ရာ တန္ခိုးရွင္ ႀကီးေတြ၊ နတ္ႀကီးေတြရဲ႕ တာဝန္ေပးေစခိုင္းခ်က္ အရ ျမန္မာႏိုင္ငံအတြင္း သဘာဝေဘးအႏၱရာယ္ က်ေရာက္ႏိုင္တဲ့ ေနရာေဒသမ်ားကို သဘာဝေဘး အႏၱရာယ္မွ ကာကြယ္ႏိုင္ရန္ ယၾတာအစီအရင္မ်ား သြားေရာက္ေဆာင္ရြက္ေပးရျခင္း၊ သို႔မဟုတ္ တန္ခိုး ႀကီး ဘုရားမ်ားသို႔ ကန္ေတာ့္ပြဲမ်ား ကပ္လွဴၿပီး ဆုေတာင္းေပးရျခင္းမ်ိဳး မၾကာခဏ ေဆာင္ရြက္ခဲ့ ရပါတယ္။

ယခုတစ္ႀကိမ္မွာေတာ့ သဘာဝေဘး အႏၱ ရာယ္မ်ားအျပင္ စစ္ေဘးစစ္ဒဏ္မွၿငိမ္းေအးေရးအ တြက္ ေဆာင္ရြက္ဖို႔ တာဝန္ေပးလာျပန္ပါတယ္။

၁၃-၆-၂၀၁၈ ရက္ေန႔ မနက္ကေတာ့ ေဗဒင္ကူညီေဟာေပးမည့္ အုန္းခြံေရာင္ ဝတ္႐ံုႏွင့္ တန္ခိုးရွင္ႀကီး သံုးပါးကြ်န္ေတာ့္ ဘုရားခန္းသို႔ ၾကြေရာက္လာပါတယ္။

ကြ်ႏု္ပ္။ ။ တန္ခိုးရွင္ႀကီးသံုးပါးကို ႐ိုေသ စြာ ကန္ေတာ့ပါတယ္ဘုရား။ တပည့္ေတာ္အား လိုအပ္သည္မ်ား မွာၾကားဆံုးမ ေဟာၾကားေတာ္မူပါ ဘုရား။

တန္ခိုးရွင္ႀကီးမ်ား။ ။ မင္းကိုဒီေန႔မနက္ အခ်က္ေလးခ်က္ ေျပာစရာရွိတယ္။

၁။ ရွမ္းျပည္ရြာငံၿမိဳ႕ကိုသြားပါ။ အဲဒီၿမိဳ႕မွာ တန္ခိုးအႀကီးဆံုးဘုရားတစ္ဆူမွာ ကန္ေတာ့္ပြဲကပ္ လွဴၿပီး ရွမ္းျပည္နယ္ႀကီး စစ္ေဘးအႏၱရာယ္မွ ကင္း ေဝးဖို႔ ဆုေတာင္းပါ။

ကြ်ႏု္ပ္။ ။ဘယ္လိုေၾကာင့္ ရြာငံၿမိဳ႕က ဘုရား တစ္ဆူကိုသြားေရာက္ ဆုေတာင္းခိုင္းတာပါလဲ။ ရွမ္း ျပည္မွာ ေတာင္ႀကီးတို႔ လား႐ိႈးတို႔စတဲ့ ၿမိဳ႕ႀကီးေတြ  ရွိတာပဲ။

တန္ခိုးရွင္ႀကီးမ်ား။ ။ ရြာငံၿမိဳ႕မွာက ရွမ္း ျပည္နယ္ကို ေစာင့္ေရွာက္တဲ့ နတ္ႀကီးကိုးပါးရွိပါတယ္။ အဲဒါေၾကာင့္ ရြာငံၿမိဳ႕ကို သြားေရာက္ ဆု ေတာင္းခိုင္းတာပါ။

က်န္တဲ့ အခ်က္သံုးခ်က္မွာ ကြ်န္ေတာ့္ ကိုယ္ေရးကိုယ္တာ ေဟာၾကားခ်က္ေတြျဖစ္တဲ့အ တြက္ မေဖာ္ျပေတာ့ပါဘူး။

ကြ်န္ေတာ္ ရြာငံၿမိဳ႕ကို မေရာက္ဖူးပါဘူး။ ရြာငံၿမိဳ႕ကို ဘယ္လိုသြားရမယ္ဆိုတာ ေလ့လာရပါ တယ္။ မႏၱေလးဘက္ကလည္း လာလို႔ရတယ္။ ေနာက္တစ္လမ္းကေတာ့ ကေလာေအာင္ပန္းၿမိဳ႕ေတြ ကလည္း သြားလို႔ရတယ္လို႔ သိရပါတယ္။

 

၁၈-၆-၂၀၁၈ရက္ေန႔ မနက္ ေျခာက္နာရီ ေလာက္မွာ ကြ်န္ေတာ့္သမီးႏွစ္ေယာက္နဲ႔ ကြ်န္ေတာ့္ ကားနဲ႔ပဲ ရန္ကုန္ကထြက္လာခဲ့ပါတယ္။ သမီးႀကီး မျမတ္ျမတ္ဝင္းနဲ႔ သမီးငယ္ မသူဇာဝင္းတို႔က အင္း ေလးေဖာင္ေတာ္ဦးဘုရားလည္း ဖူးရင္းနဲ႔ လိုက္ခဲ့ ၾကတာပါ။ ခါတိုင္းလိုက္ေနၾက သားျဖစ္သူ ေမာင္ ဥာဏ္ဝင္း ေနမေကာင္းတဲ့အတြက္ မိတ္ေဆြ ေမာင္ စိုးထိုက္ကို ကားေမာင္းေပးဖို႔ ေခၚခဲ့ရပါတယ္။ အျမန္ လမ္းမႀကီး ေပ်ာ္ဘြယ္လမ္းခြဲကေန ေပ်ာ္ဘြယ္၊ ေပ်ာ္ ဘြယ္ကေန ကေလာကို ေမာင္းခဲ့ပါတယ္။ ကေလာ လမ္းမွာ လမ္းကေတာ္ေတာ္ခ်ဲ႕ထားတဲ့အတြက္ ကား သြားရတာ စိုးရိမ္ရတာနည္းသြားပါတယ္။ လမ္းက က်ယ္ၿပီး ခင္းထားတာကလည္း ေတာ္ေတာ္ေကာင္း တဲ့အတြက္ ကားခ်င္းေရွာင္ရတာလည္း အေတာ္ ေလး အဆင္ေျပပါတယ္။ မိုးရာသီဆိုေပမယ့္ ကြ်န္ ေတာ္တို႔သြားတဲ့ သံုးရက္ လံုးရွမ္းျပည္မွာ မိုးမရြာ ပါဘူး။ ဒီလမ္းခရီးကို ကြ်န္ေတာ္ေလးငါးေခါက္ ေရာက္ဖူးေတာ့ မေၾကာက္ေပမယ့္ ေတာင္တက္အ ေကြ႕အေကာက္ ေတာင္ေပၚလမ္းက ေတာင္ေအာက္ ကိုၾကည့္ျမင္ရတဲ့ ျမင္ကြင္းေတြေၾကာင့္ ကြ်န္ေတာ့္ သမီးႏွစ္ေယာက္ကေတာ့ ေၾကာက္လန္႔ၿပီး ဘုရားစာ ေတြ ရြတ္ေနၾကပါတယ္။ ကြ်န္ေတာ္တို႔ ညေနသံုး နာရီခြဲေလာက္မွာ ကေလာကို ေရာက္သြားပါတယ္။ ကေလာက ေဈးအနီးက မိုတယ္တစ္ခုမွာ တည္း ၾကပါတယ္။

မိုတယ္က မန္ေနဂ်ာကိုပဲ ရြာငံသြားတဲ့ ခရီး စဥ္ကို စံုစမ္းေမးျမန္းရပါတယ္။ ရြာငံကို ေအာင္ပန္း ကတစ္ဆင့္ ပင္းတယၿမိဳ႕ကို သြားတဲ့ လမ္းအတိုင္း သြားရေၾကာင္း ပင္းတယမေရာက္ခင္ လမ္းခြဲတစ္ခု ရွိေၾကာင္း အဲဒီလမ္းခြဲအတိုင္း ေမာင္းသြားလွ်င္ ရြာငံ ၿမိဳ႕သို႔ ေရာက္ေၾကာင္း မိုင္အားျဖင့္ ေလးဆယ္ေက်ာ္     ေလာက္ရွိမည္ထင္ေၾကာင္း လမ္းေကာင္းေၾကာင္း ရြာငံကေန ပင္းတယကို တိုက္႐ိုက္သြားလို႔ရတဲ့ လမ္း ေဖာက္ထားေၾကာင္း၊ ပင္းတယကေန ဟဲဟိုးသြား တဲ့ ျဖတ္လမ္းလည္းရွိေၾကာင္း ဟဲဟိုးကတစ္ဆင့္ ေညာင္ေရႊသြားၿပီး အင္းေလးေဖာင္ေတာ္ဦး ဘုရား သြားလို႔ရေၾကာင္း သိရပါတယ္။

၁၉-၆-၂၀၁၈ ရက္ေန႔ မနက္မွာ ကေလာ ေဈးထဲက ကန္ေတာ့္ပြဲဝယ္ၿပီး ရြာငံၿမိဳ႕သြားရန္ ထြက္ ခဲ့ၾကပါတယ္။ ေအာင္ပန္းကေန ရြာငံၿမိဳ႕သြားတဲ့ လမ္းတစ္ေလွ်ာက္မွာ သစ္ပင္သီးႏွံစိုက္ခင္းေတြ ခ်ည္း တစ္ေမွ်ာ္တစ္ေခၚ ျမင္ရပါတယ္။ ပင္လယ္ ေရမ်က္ႏွာျပင္ အထက္ေပ ၄၀ဝ၀ နီးပါးျမင့္တဲ့ ရွမ္းကုန္းျပင္ျမင့္ႀကီးေပၚမွာ ေတာင္ႀကီးေတြ ေတာင္ ငယ္ေတြက ထပ္မံေပၚေပါက္ေနတာ ျမင္ရေတာ့ ကုန္းျမင့္ႀကီးေပၚက ေတာင္ႀကီးမ်ားအျဖစ္ နားလည္ ခံစားရပါတယ္။ လမ္းမွာလည္း မုန္လာထုပ္ေတြ သယ္လာတဲ့ ကားေတြ၊ ေထာ္လာဂ်ီေတြလည္း ေတြ႕ ရပါတယ္။ သီးႏွံစိုက္ခင္းေတြ၊ ပန္းစိုက္ခင္း တစ္ခ်ိဳ႕ လည္း ေတြ႕ရပါတယ္။ ပင္းတယလမ္းခြဲနဲ႔ ရြာငံၿမိဳ႕ အသြားလမ္းတစ္ေနရာမွာေတာ့ ယူကလစ္ပင္ႀကီး ေတြ လမ္းေဘးတစ္ေလွ်ာက္ စီတန္းၿပီး စိုက္ထား တာ ေတြ႕ရပါတယ္။ အပင္ႀကီးေတြက ေပ ၅၀ ေပ ၆၀ ေလာက္ ျမင့္မယ္ထင္ပါတယ္။ ကြ်န္ေတာ္ ဒီယူကလစ္ပင္ႀကီးေတြေလာက္ ႀကီးတာ မေတြ႕ဖူး ပါဘူး။ အပင္ႀကီးေတြက ေအာက္ပိုင္းက ရွင္းေန တဲ့အတြက္ ၾကည့္ရတဲ့ျမင္ကြင္းက ေတာ္ေတာ္လွ ပါတယ္။ ကြ်န္ေတာ္တို႔ဆင္းၿပီး အမွတ္တရဓာတ္ပံု ႐ိုက္ၾကပါတယ္။ ခရီးဆက္သြားေတာ့ ကားလမ္းေပၚ က လွမ္းၿပီး ဘုရားေစတီေတြ ေျမာက္ျမားစြာနဲ႔ ေတာင္ႏွစ္လံုးကို ျမင္ရပါတယ္။ ေတာင္ေျခမွာ လည္း အေဆာက္အဦးေတြ ေတာ္ေတာ္မ်ားမ်ား ျမင္ ရပါတယ္။ တစ္ခုေသာေတာင္ရဲ႕ နံရံမွာလည္း နတ္ သမီး႐ုပ္ထုႀကီးေတြ မတ္ရပ္အေနအထားနဲ႔ ေတြ႕ ရပါတယ္။ နတ္သမီး႐ုပ္တုႀကီးေတြက နတ္ျပည္ ေျခာက္ထပ္က နတ္သမီးေတြရဲ႕ ပံုသဏၭာန္ျပဳလုပ္ ထားပါတယ္။ အားလံုးနတ္သမီး႐ုပ္တုႀကီးေတြ ကိုး႐ုပ္ ရွိပါတယ္။ ခုနစ္ပါးက ေရႊေရာင္ေဆးေတြ သုတ္ထား ၿပီး က်န္တဲ့ႏွစ္႐ုပ္ကေတာ့ ဘာေဆးမွသုတ္မထား ေတာ့ မြဲေျခာက္ေျခာက္ ျဖစ္ေနပါတယ္။

ကားေမာင္းတဲ့ ေမာင္စိုးထိုက္က ဒါ မိန္းမရဲ ေတာင္ျဖစ္ႏိုင္တယ္။ သူဂ်ာနယ္တစ္ခုထဲမွာ ဖတ္ဖူး တယ္ေျပာတယ္။ ဒီနတ္သမီးေတြက ေတာင္ေပၚက ခုန္ခ်ၿပီး ေသဆံုးရာက နတ္သမီးေတြျဖစ္ၿပီး ဒီေတာင္ မွာ ေနၾကတယ္ေျပာပါတယ္။

ကြ်န္ေတာ္တို႔ျမင္ရတာက ေတာင္ႀကီးက အ ေျခခံအားျဖင့္ ေအာက္ေျခမွာေတာင္က တစ္ဆက္ တည္းပါ။ အေပၚပိုင္းမွာေတာင္ႏွစ္လံုး ျဖစ္ေနပါ တယ္။ နတ္သမီး႐ုပ္တုေတြ မရွိတဲ့ေတာင္က နည္း နည္း ပိုႀကီးပါတယ္။ ကြ်န္ေတာ္တို႔လည္း အေဝး ကေန မွတ္တမ္းဓာတ္ပံု႐ိုက္ၾကပါတယ္။

ကြ်န္ေတာ္လည္း နတ္သမီး႐ုပ္တုႀကီးေတြ ၾကည့္ၿပီး စိတ္ဝင္စားတဲ့အတြက္ အဲဒီမိန္းမရဲေတာင္ မွ နတ္သမီးခုနစ္ပါးကို ကြ်န္ေတာ့္ေရွ႕ ၾကြေရာက္ဖို႔ ဖိတ္ေခၚလိုက္ပါတယ္။ နတ္သမီးခုနစ္ပါး ကြ်န္ေတာ့္ ေရွ႕ ေရာက္လာပါတယ္။

ကြ်ႏု္ပ္။ ။ညည္းတို႔က ဒီမိန္းမရဲေတာင္က နတ္သမီးေတြပါလား။ ညည္းတို႔က ဝမ္းနည္းပူေဆြး ေသာကေရာက္ၿပီး ဒီေတာင္ေပၚက ခုန္ခ်ေသဆံုး ခဲ့ၾကတယ္ဆိုတာ ဟုတ္ပါသလား။

နတ္သမီးႀကီးမ်ား။ ။အဲဒီလိုေသတာ မဟုတ္ ပါဘူး။ ကြ်န္မတို႔က ဒီေတာင္ကို သစ္သီးသစ္ရြက္  တို႔ ပန္းတို႔လာေရာက္ ခူးေလ့ခူးထ ရွိပါတယ္။ တစ္ ရက္မွာ ကြ်န္မတို႔တစ္ေတြ ပန္းသစ္သီးခူးဆြတ္ဖို႔ လာရင္း နဂါးႀကီးတစ္ေကာင္က ကိုက္တဲ့အတြက္ ေၾကာက္လန္႔ၿပီး ခုန္ခ်လို႔ ေသဆံုးၾကရတာပါ။ အဲဒီ မွာ နတ္ျဖစ္ေတာ့ ေတာင္ေပၚက ရေသ့ႀကီးတစ္ပါး က ေခၚယူေစာင့္ေရွာက္ထားပါတယ္။

ကြ်ႏု္ပ္။ ။နတ္သမီးႀကီးတို႔ ဒီမွာ နတ္သမီး အျဖစ္ေရာက္တာ ဘယ္ေလာက္ၾကာၿပီလဲ။ နတ္သမီး ႐ုပ္တုက ကိုးဦးျဖစ္ေနတယ္။ ညည္းတို႔က ခုနစ္ဦး ဘဲရွိတယ္။ ၿပီးေတာ့ ခုနစ္႐ုပ္ကလည္း ေရႊေရာင္ ေဆးေတြ သုတ္ထားတယ္။ က်န္တဲ့ႏွစ္႐ုပ္က မသုတ္ဘဲထားတယ္ ဘယ္လိုေၾကာင့္လဲ။

နတ္သမီးႀကီးမ်ား။ ။ကြ်န္မတို႔ေရာက္တာ ႏွစ္ေပါင္း ၂၀ဝေလာက္ရွိပါၿပီ။ နံေဘးက နတ္သမီး ႏွစ္ပါးက လြန္ခဲ့တဲ့ ႏွစ္ကိုးဆယ္ေလာက္ကမွ ေရာက္ လာတာပါ။ သူတို႔႐ုပ္တုကို ေဆးမသုတ္ပါနဲ႔  ေျပာ၍ မသုတ္ဘဲ ထားတာပါ။

ကြ်ႏု္ပ္။ ။နတ္သမီးႀကီးတို႔က ဒီေတာင္မွာ ဘာတာဝန္ေတြရွိသလဲ။

နတ္သမီးႀကီးမ်ား။ ။ကြ်န္မတို႔က ရေသ့ႀကီး က တာဝန္ေပးလို႔ သာသနာျပဳေနပါတယ္။

ကြ်န္ေတာ္ေတာင္မွာရွိတယ္ဆိုတဲ့ ရေသ့ႀကီး ကိုပင့္ဖိတ္လိုက္ပါတယ္။ ရေသ့ႀကီးတစ္ပါး ကြ်န္ ေတာ့္ေရွ႕ ေရာက္လာပါတယ္။

ကြ်ႏု္ပ္။ ။ရေသ့ႀကီးက ဝိဇၨာလား၊ နတ္လား။

ရေသ့ႀကီး။ ။ကြ်ႏု္ပ္ကနတ္ပါ။ ကြ်ႏု္ပ္ကို ဒီေတာင္ေပၚ ေရာက္ေနတာ ႏွစ္ေပါင္း ၉၀ဝ ေလာက္ ရွိပါၿပီ။ ရွမ္းလူမ်ိဳးပါ။ ပင္းတယဂူမွာ တရား က်င့္ရာက ကြယ္လြန္ေတာ့ ဒီေတာင္ကို နတ္အျဖစ္ နဲ႔ ေရာက္လာတာပါ။

ကြ်ႏု္ပ္။ ။ရေသ့ႀကီးရဲ႕ ေတာင္မွာ ဘုရား ေစတီေတြက မ်ားလွခ်ည္လား။

ရေသ့ႀကီး။ ။ က်ဳပ္က ေတာင္တစ္ေတာင္ လံုး ဘုရားေစတီေတြနဲ႔ေဖြးေနေစခ်င္တာပါ။ ေနာက္ ေလးႏွစ္ေလာက္ေနလွ်င္ ေတာင္ေျခမွာလည္း   အ ေဆာက္အဦးေတြ သံုးဆေလာက္ မ်ားလာပါမယ္။

ကြ်န္ေတာ့္တို႔ ခရီးဆက္ထြက္လာေတာ့ ရြာငံ ၿမိဳ႕ကို ၁၀နာရီေလာက္ေရာက္ပါတယ္။ ၿမိဳ႕က ေပ လမ္းတစ္ေလွ်ာက္မွာ အေဆာက္အဦးေတြ ေတာ္ ေတာ္မ်ားမ်ား ေတြ႕ရပါတယ္။ ကြ်န္ေတာ္လည္း ဘယ္မွာ ဘုရားရွိတယ္ဆိုတာ မသိတာနဲ႔ လက္ဖက္ ရည္ဆိုင္တစ္ဆိုင္မွာ စံုစမ္းရင္းလက္ဖက္ရည္ေသာက္ ၾကပါတယ္။

ရြာငံၿမိဳ႕မွာ ယခုလာတဲ့ လမ္းအတိုင္း မႏၱ ေလးဘက္ ဆက္ထြက္သြားလွ်င္ ေစတီႏွစ္ဆူရွိ ေၾကာင္း သိရပါတယ္။ ကြ်န္ေတာ္တို႔ ကားနဲ႔ ဆက္ ဆင္းလာေတာ့ ပထမလမ္းရဲ႕ ညာဘက္မွာ ေစတီ တစ္ဆူေတြ႕ပါတယ္။ ကြ်န္ေတာ့္ပုဂၢိဳလ္ကို ေမးေတာ့ ဒီေစတီမဟုတ္ေသးဘူးဆို၍ ဆက္ေမာင္းပါတယ္။ လမ္းရဲ႕ ဘယ္ဘက္မွာ ကုန္းျမင့္ေပၚမွာ ေစတီႏွစ္ဆူ ေတြ႕ပါတယ္။ ပုဂၢိဳလ္ကို ေမးေလွ်ာက္ေတာ့ ယခု ေတြ႕တဲ့ေစတီဆို၍ ဘုရားဝင္းထဲ ဝင္ခဲ့ပါတယ္။ ဘုရားေစတီအနီးေရာက္တဲ့ လမ္းကိုပါ ေတြ႕ရေတာ့ ကုန္းေတာ္ေပၚကို ကားပါ ေမာင္းတက္ခဲ့ပါတယ္။

ကုန္းေတာ္ေပၚမွာ ေစတီအရြယ္ ဥာဏ္ေတာ္ ေပ ၃၀ခန္႔ တစ္ဆူ ေနာက္ေက်ာဘက္မွာေစတီငယ္ သံုးဆူဖူးေတြ႕ရပါတယ္။ ကုန္းေတာ္တစ္ျပင္လံုး ေၾကြျပားေတြ ခင္းထားပါတယ္။ ေစတီရဲ႕ေရွ႕မွာ  ဂႏၶကုဋီ တိုက္တစ္ေဆာင္ လည္းေတြ႕ရပါတယ္။ ဂႏၶကုဋီတိုက္က ေသာ့ခတ္ ပိတ္ထားပါတယ္။ အနီးမွာ အသက္ ၇၀ အရြယ္ ဘုန္းႀကီးတစ္ပါးလည္းဖူးေတြ႕ရ၍ ဘုရားဖူးခြင့္ရမလားလို႔ ေမးေလွ်ာက္ေတာ့ ဆရာ ေတာ္က ရပါတယ္ေျပာၿပီး ဂႏၶကုဋီတိုက္ကို ေသာ့ဖြင့္ ေပးပါတယ္။ အထဲမွာ ႐ုပ္ပြားေတာ္ႀကီး တစ္ဆူကို လည္း ဖူးေတြ႕ရပါတယ္။ ဆရာေတာ္က မီးေတြပါ အကုန္ဖြင့္ေပးပါတယ္။ ေစတီေတာ္ရဲ႕ ဘြဲ႕ေတာ္မွာ ေရႊပြင့္လင္းေစတီေတာ္လို႔ သိရပါတယ္။

ကြ်န္ေတာ္က ယူလာတဲ့ ကန္ေတာ့္ပြဲကို ႐ုပ္ပြားေတာ္ႀကီးေရွ႕မွာခ်ၿပီး ေငြ ၅၀ဝ၀ က်ပ္ကပ္လွဴပါ တယ္။ ဂုဏ္ေတာ္ပုတီးကိုးပတ္စိတ္ၿပီး ျမင္အပ္ မျမင္အပ္ပုဂၢိဳလ္အေပါင္းကို အမွ်ေဝပါတယ္။ ၿပီး ေတာ့ ရွမ္းျပည္နယ္ႀကီး တစ္ခုလံုး စစ္ေဘးစစ္ဒဏ္က ကင္းလြတ္ေအာင္ ေစာင့္ေရွာက္ေပးဖို႔ ေလွ်ာက္ ထားပါတယ္။

ကြ်န္ေတာ္ဒီဘုရားမွာ ရွမ္းျပည္နယ္ကိုေစာင့္ ေရွာက္တဲ့ နတ္ႀကီးကိုးပါးရွိမရွိ အာ႐ံုယူၾကည့္ေတာ့ နတ္ႀကီးကိုးပါးေတြ ေတြ႕ရပါတယ္။

ကြ်ႏု္ပ္။ ။နတ္ႀကီးတို႔က ရွမ္းျပည္နယ္ကို ေစာင့္တဲ့ နတ္ႀကီးေတြပါလား။

နတ္ႀကီးမ်ား။ ။ဟုတ္ပါတယ္။

ကြ်ႏု္ပ္။ ။နတ္ႀကီးမ်ားက ရွမ္းျပည္နယ္ကို ေစာင့္ေရွာက္ေနတာ ႏွစ္ေပါင္း ဘယ္ေလာက္ရွိပါၿပီ လဲ။

နတ္ႀကီးမ်ား။ ။ႏွစ္ေပါင္း ၈၀ဝ ေလာက္ရွိပါ ၿပီ။

ကြ်ႏု္ပ္။ ။ရြာငံၿမိဳ႕ထက္ႀကီးတဲ့ ေတာင္ႀကီး၊ လား႐ိႈး၊ က်ိဳင္းတံုစတဲ့ ၿမိဳ႕ႀကီးေတြရွိပါလ်က္ ဘယ္လို အေၾကာင္းေၾကာင့္ ရြာငံၿမိဳ႕မွာ ေနၿပီး ေစာင့္ေရွာက္ တာပါလဲ။

နတ္ႀကီးမ်ား။ ။ ယခု ကြ်ႏု္ပ္တို႔ေနတဲ့ ေတာင္ကုန္းမွာ သင္တို႔လူသားေတြ မ်က္ေစ့နဲ႔ မျမင္ ႏိုင္တဲ့ အျမင့္ေပ ၃၀ စီရွိတဲ့ ေရႊေရာင္ဓာတ္တိုင္ႀကီး သံုးတိုင္ရွိတယ္။ ဒီဓာတ္တိုင္ႀကီးေတြ ဘယ္တုန္းက ေပၚေပါက္ေနမွန္းလည္း မသိပါဘူး။ ဒီေရႊေရာင္ ဓာတ္တိုင္ႀကီးေတြရွိတဲ့ ေနရာကေနၿပီး လုပ္ငန္းကိုင္ ငန္းေတြကို ေဆာင္ရြက္လွ်င္ အစစအရာရာ ေအာင္ ျမင္ႏိုင္ပါတယ္။

ကြ်ႏု္ပ္။ ။နတ္ႀကီးတို႔က ရွမ္းျပည္နယ္ႀကီးကို ေစာင့္ေရွာက္တယ္ဆိုေတာ့ ယခုရွမ္းျပည္နယ္ေျမာက္ ပိုင္းမွာ စစ္ေတြျဖစ္ေနတာကို ၿငိမ္းခ်မ္းေအာင္ မေဆာင္ရြက္ဘူးလား။

နတ္ႀကီးမ်ား။ ။ မေဆာင္ရြက္ႏိုင္ဘူးေတာ့ မဟုတ္ပါဘူး။ ေအာင္ျမင္ေအာင္ မေဆာင္ရြက္ႏိုင္  ေသးတာဘဲ ရွိပါတယ္။ ေနာက္ႏွစ္ႏွစ္အတြင္းမွာ ေတာ့ စစ္ပြဲေတြ ၿငိမ္းေအးသြားပါလိမ့္မယ္။ စစ္ပြဲ ေတြကို ကြ်ႏု္ပ္တို႔ မၿငိမ္းသတ္ႏိုင္တဲ့အေၾကာင္းက တ႐ုတ္ျပည္ဘက္ကလာတဲ့ နတ္ႀကီးသံုးပါးနဲ႔ ပတ္ သက္ပါတယ္။ အဲဒီနတ္ႀကီးသံုးပါးက ယခုထက္ တိုင္ဝနယ္ထဲမွာ ရွိပါတယ္။ အဲဒီနတ္ႀကီးသံုးပါးက ရွမ္းျပည္နယ္မွာ ရွိတဲ့ လူမ်ိဳးေတြနဲ႔ ျမန္မာလူမ်ိဳး ေတြကို မတည့္ေအာင္ ေဆာင္ရြက္ခဲ့တာပါ။ ႏွစ္ေပါင္း  ၆၀ ေက်ာ္ေလာက္ရွိပါၿပီ။ အဲဒီနတ္ႀကီးေတြက ကြ်ႏု္ပ္တို႔ထက္ ပိုၿပီး တန္ခိုးႀကီးပါတယ္။ အဲဒီနတ္ ႀကီးေတြက မူလအစပိုင္းတုန္းက ဟဲဟိုးၿမိဳ႕မွာ အေျခ စိုက္ၿပီး ရွမ္းျပည္နယ္က လူမ်ိဳးေတြကို ျမန္မာေတြ ကိုမလိုလားတဲ့စိတ္ေတြ ျဖစ္ေပၚေအာင္ မေနာတိုက္ ေနတာပါ။ ယခုေတာ့ အဲဒီနတ္ႀကီးသံုးပါး တစ္ျဖည္း ျဖည္းခ်င္း ျပန္ဆုတ္ေနပါၿပီ။

ကြ်ႏု္ပ္။ ။အဲဒီနတ္ႀကီးသံုးပါးက ဘယ္လို အေၾကာင္းေၾကာင့္ ရွမ္းျပည္နယ္မွာရွိတဲ့ လူမ်ိဳးေတြ ကို ျမန္မာနဲ႔ မတည့္ေအာင္ လာေရာက္ေဆာင္ရြက္ေနတာပါလဲ။

နတ္ႀကီးမ်ား။ ။အဲဒီအေၾကာင္းရင္းေတာ့ ကြ်ႏု္ပ္တို႔လည္း မသိပါဘူး။

ကြ်န္ေတာ္တို႔လည္း ဘုရားကုန္းေတာ္ေပၚ လွည့္ပတ္ဘုရားဖူးၾကပါတယ္။ ရင္ျပင္ေတာ္ေပၚမွာ ရွားရွားပါးပါး စႏၵကူးပင္တစ္ပင္လည္း ေတြ႕ရပါ တယ္။ ဘုရားေပၚမွာ ေတြ႕ရတဲ့ ဆရာေတာ္ကေတာ့ ဒီေစတီရဲ႕ မူလအစက အေလာင္းစည္သူမင္းႀကီး တည္ခဲ့တဲ့ ေစတီကို ငံုၿပီး တည္ထားတဲ့ ေစတီျဖစ္ ေၾကာင္း ပထမအႀကိမ္ျပည္သူလႊတ္ေတာ္ ဥကၠ႒ ဗိုလ္ခ်ဳပ္တင္ေအာင္ျမင့္က ေနာက္ဆံုးျပဳျပင္ထားတဲ့ အေၾကာင္းေျပာပါတယ္။

ကြ်န္ေတာ္တို႔လည္း ဒီေန႔မွာဘဲ ပင္းတယ နဲ႔ အင္းေလးေဖာင္ေတာ္ဦးဘုရားမ်ားကို သြားေရာက္ ဖူးေမွ်ာ္ရန္ အစီအစဥ္ရွိတဲ့အတြက္ ဆရာေတာ္ကို ဝတၴဳေငြကပ္လွဴၿပီး ခရီးဆက္ခဲ့ၾကပါတယ္။

ကြ်န္ေတာ္ဒီေဆာင္းပါးေရးရင္းနဲ႔ ရွမ္းျပည္ နယ္မွာျဖစ္ေနတဲ့ ျပည္တြင္းစစ္နဲ႔ ပတ္သက္ၿပီး ပိုမို နက္႐ိႈင္းတဲ့ အေၾကာင္းအရာေတြကို သိရွိလာရပါ တယ္။ ဒါနဲ႔ ၁၄-၇-၂၀၁၈ ရက္ေန႔ မနက္မွာေတာ့ ရွမ္းျပည္ေျမာက္ပိုင္း ဝအထူးေဒသကို ေရာက္ေနတဲ့ တ႐ုတ္ျပည္က နတ္ႀကီးသံုးပါးကို ပင့္ဖိတ္လိုက္ ပါတယ္။ နတ္ႀကီး သံုးပါးျြကလာပါတယ္။ တစ္ပါးက   နဖူးက်ယ္က်ယ္ ေနာက္ႏွစ္ပါးကေတာ့ တစ္ပါးက နဖူးက်ဥ္းတယ္တစ္ပါးက ပံုမွန္နဖူးပါ။ ဝတ္႐ံုအဝါ   ႀကီးေတြေပၚ အညိဳေရာင္ပန္းရြက္ႀကီးေတြနဲ႔ ဝတ္႐ံု ကိုဝတ္ဆင္ထားၾကပါတယ္။

ကြ်ႏု္ပ္။ ။နတ္ႀကီးတို႔က ရွမ္းျပည္နယ္မွာရွိ တဲ့ လူမ်ိဳးေတြနဲ႔ ျမန္မာလူမ်ိဳးေတြ မတည့္ေအာင္ လုပ္ေနတယ္ ဆိုတာ ဟုတ္ပါသလား။

နတ္ႀကီးမ်ား။ ။ဟုတ္ပါတယ္။

ကြ်ႏု္ပ္။ ။နတ္ႀကီးတို႔က ဘယ္ကလာတာလဲ။  ဘယ္သူကခိုင္းလို႔ ကြ်န္ေတာ္တို႔ အခ်င္းခ်င္းကို လာ ရန္တိုက္ေပးေနတာပါလဲ။

နတ္ႀကီးမ်ား။ ။ယူနန္နယ္က နတ္ႀကီးက တာဝန္ေပးလို႔ လာေရာက္ၿပီး ရန္တိုက္ေပးေနတာ ပါ။

ကြ်ႏု္ပ္။ ။အဲဒီနတ္ႀကီးက ဘာအေၾကာင္း ေၾကာင့္ နတ္ႀကီးတို႔ကို ေစလႊတ္ခိုင္းတာပါလဲ။

နတ္ႀကီးမ်ား။ ။အဲဒီနတ္ႀကီးက ရွမ္းျပည္နယ္ မွာရွိတဲ့ လူမ်ိဳးအမ်ားစုဟာ ယူနန္နယ္က သြားတဲ့ လူေတြျဖစ္တယ္။ သူ႕ကို မပူေဇာ္မပသလို႔ စိတ္ဆိုး ၿပီး ကြ်ႏု္ပ္တို႔သံုးပါးကို ေစလႊတ္ၿပီး ယခုကို ေဆာင္ ရြက္ေစတာပါ။

ကြ်ႏု္ပ္။ ။နတ္ႀကီးတို႔က မူလက ဟဲဟိုးၿမိဳ႕ မွာ အေျခခ်ေနထိုင္တာဆို ဘယ္လိုေၾကာင့္ ဝနယ္ ကို ေရာက္သြားတာလဲ။

နတ္ႀကီးမ်ား။ ။လြန္ခဲ့တဲ့ ၁၃ႏွစ္ေလာက္က စၿပီး မ်က္ေစ့နဲ႔ မျမင္ႏိုင္တဲ့ လိႈင္းႀကီးေတြက ကြ်ႏု္ပ္ တို႔ မေနႏိုင္ေအာင္ တြန္းပို႔ေနတဲ့အတြက္ ေျမာက္ ပိုင္းကို ေရႊ႕ေျပာင္းလာရတာ ျဖစ္ပါတယ္။ ယခုလည္း အဲဒီလိႈင္းႀကီးေတြက ကြ်ႏု္ပ္တို႔ကို တြန္းပို႔ေနဆဲပါ။

ကြ်ႏု္ပ္။ ။ ကဲ နတ္ႀကီးတို႔ ခင္ဗ်ားကို ဒုကၡ ေပးတာ ႏွစ္ေတြ ၾကာၿပီ။ သံုးလအတြင္း ျမန္မာ ႏိုင္ငံထဲက ထြက္ခြာသြားပါ။ နတ္ႀကီးတို႔ မထြက္ခြာ လွ်င္ ကြ်န္ေတာ့္နည္း ကြ်န္ေတာ့္ဟန္နဲ႔ ျပတ္ျပတ္ သားသား အေရးယူရပါလိမ့္မည္။ အဲဒါပါဘဲ။

နတ္ႀကီးသံုးပါးလည္း ကြ်န္ေတာ့္ေရွ႕က ႐ုတ္ တရတ္ ေပ်ာက္ကြယ္သြားပါၿပီ။

ယခုက်င္းပေနတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္း ေရး ညီလာခံ ၂၁ရာစုပင္လံုမွာလည္းျပည္တြင္း လက္ နက္ကိုင္ အဖြဲ႕အစည္းေခါင္းေဆာင္မ်ားရဲ႕ ျမန္မာ အစိုးရေခါင္းေဆာင္မ်ား ခ်စ္ခ်စ္ခင္ခင္ လက္ဆြဲႏႈတ္ ဆက္ေနၾကပါၿပီ။ ရွမ္းျပည္တစ္ခြင္စစ္ မီးေတာက္ ေတြ ၿငိမ္းေအးေတာ့မည္ထင္ပါတယ္။

သတၲဝါမ်ား က်န္းမာခ်မ္းသာၾကပါေစ။

ဆရာဝင္း(သာကီႏြယ္)

 

Unicode Version

ရှမ်းပြည်နယ်ကြီး စစ်မီးငြိမ်းဖို့
ရွာငံမြို့ ဘုရားတစ်ဆူကို သွားရောက်ဆုတောင်းခြင်း
** ဆရာဝင်း(သာကီနွယ်) **

*–**-*–*-**–*-*-*-*-*-**–*-*-*-*-*-**-*-

ကျွန်တော့်ကို အထက်ဆိုင်ရာ တန်ခိုးရှင် ကြီးတွေ၊ နတ်ကြီးတွေရဲ့ တာဝန်ပေးစေခိုင်းချက် အရ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တဲ့ နေရာဒေသများကို သဘာဝဘေး အန္တရာယ်မှ ကာကွယ်နိုင်ရန် ယတြာအစီအရင်များ သွားရောက်ဆောင်ရွက်ပေးရခြင်း၊ သို့မဟုတ် တန်ခိုး ကြီး ဘုရားများသို့ ကန်တော့်ပွဲများ ကပ်လှူပြီး ဆုတောင်းပေးရခြင်းမျိုး မကြာခဏ ဆောင်ရွက်ခဲ့ ရပါတယ်။
ယခုတစ်ကြိမ်မှာတော့ သဘာဝဘေး အန္တ ရာယ်များအပြင် စစ်ဘေးစစ်ဒဏ်မှငြိမ်းအေးရေးအ တွက် ဆောင်ရွက်ဖို့ တာဝန်ပေးလာပြန်ပါတယ်။
၁၃-၆-၂၀၁၈ ရက်နေ့ မနက်ကတော့ ဗေဒင်ကူညီဟောပေးမည့် အုန်းခွံရောင် ဝတ်ရုံနှင့် တန်ခိုးရှင်ကြီး သုံးပါးကျွန်တော့် ဘုရားခန်းသို့ ကြွရောက်လာပါတယ်။
ကျွန်ုပ်။ ။ တန်ခိုးရှင်ကြီးသုံးပါးကို ရိုသေ စွာ ကန်တော့ပါတယ်ဘုရား။ တပည့်တော်အား လိုအပ်သည်များ မှာကြားဆုံးမ ဟောကြားတော်မူပါ ဘုရား။
တန်ခိုးရှင်ကြီးများ။ ။ မင်းကိုဒီနေ့မနက် အချက်လေးချက် ပြောစရာရှိတယ်။
၁။ ရှမ်းပြည်ရွာငံမြို့ကိုသွားပါ။ အဲဒီမြို့မှာ တန်ခိုးအကြီးဆုံးဘုရားတစ်ဆူမှာ ကန်တော့်ပွဲကပ် လှူပြီး ရှမ်းပြည်နယ်ကြီး စစ်ဘေးအန္တရာယ်မှ ကင်း ဝေးဖို့ ဆုတောင်းပါ။
ကျွန်ုပ်။ ။ဘယ်လိုကြောင့် ရွာငံမြို့က ဘုရား တစ်ဆူကိုသွားရောက် ဆုတောင်းခိုင်းတာပါလဲ။ ရှမ်း ပြည်မှာ တောင်ကြီးတို့ လားရှိုးတို့စတဲ့ မြို့ကြီးတွေ ရှိတာပဲ။
တန်ခိုးရှင်ကြီးများ။ ။ ရွာငံမြို့မှာက ရှမ်း ပြည်နယ်ကို စောင့်ရှောက်တဲ့ နတ်ကြီးကိုးပါးရှိပါတယ်။ အဲဒါကြောင့် ရွာငံမြို့ကို သွားရောက် ဆု တောင်းခိုင်းတာပါ။
ကျန်တဲ့ အချက်သုံးချက်မှာ ကျွန်တော့် ကိုယ်ရေးကိုယ်တာ ဟောကြားချက်တွေဖြစ်တဲ့အ တွက် မဖော်ပြတော့ပါဘူး။
ကျွန်တော် ရွာငံမြို့ကို မရောက်ဖူးပါဘူး။ ရွာငံမြို့ကို ဘယ်လိုသွားရမယ်ဆိုတာ လေ့လာရပါ တယ်။ မန္တလေးဘက်ကလည်း လာလို့ရတယ်။ နောက်တစ်လမ်းကတော့ ကလောအောင်ပန်းမြို့တွေ ကလည်း သွားလို့ရတယ်လို့ သိရပါတယ်။

၁၈-၆-၂၀၁၈ရက်နေ့ မနက် ခြောက်နာရီ လောက်မှာ ကျွန်တော့်သမီးနှစ်ယောက်နဲ့ ကျွန်တော့် ကားနဲ့ပဲ ရန်ကုန်ကထွက်လာခဲ့ပါတယ်။ သမီးကြီး မမြတ်မြတ်ဝင်းနဲ့ သမီးငယ် မသူဇာဝင်းတို့က အင်း လေးဖောင်တော်ဦးဘုရားလည်း ဖူးရင်းနဲ့ လိုက်ခဲ့ ကြတာပါ။ ခါတိုင်းလိုက်နေကြ သားဖြစ်သူ မောင် ဉာဏ်ဝင်း နေမကောင်းတဲ့အတွက် မိတ်ဆွေ မောင် စိုးထိုက်ကို ကားမောင်းပေးဖို့ ခေါ်ခဲ့ရပါတယ်။ အမြန် လမ်းမကြီး ပျော်ဘွယ်လမ်းခွဲကနေ ပျော်ဘွယ်၊ ပျော် ဘွယ်ကနေ ကလောကို မောင်းခဲ့ပါတယ်။ ကလော လမ်းမှာ လမ်းကတော်တော်ချဲ့ထားတဲ့အတွက် ကား သွားရတာ စိုးရိမ်ရတာနည်းသွားပါတယ်။ လမ်းက ကျယ်ပြီး ခင်းထားတာကလည်း တော်တော်ကောင်း တဲ့အတွက် ကားချင်းရှောင်ရတာလည်း အတော် လေး အဆင်ပြေပါတယ်။ မိုးရာသီဆိုပေမယ့် ကျွန် တော်တို့သွားတဲ့ သုံးရက် လုံးရှမ်းပြည်မှာ မိုးမရွာ ပါဘူး။ ဒီလမ်းခရီးကို ကျွန်တော်လေးငါးခေါက် ရောက်ဖူးတော့ မကြောက်ပေမယ့် တောင်တက်အ ကွေ့အကောက် တောင်ပေါ်လမ်းက တောင်အောက် ကိုကြည့်မြင်ရတဲ့ မြင်ကွင်းတွေကြောင့် ကျွန်တော့် သမီးနှစ်ယောက်ကတော့ ကြောက်လန့်ပြီး ဘုရားစာ တွေ ရွတ်နေကြပါတယ်။ ကျွန်တော်တို့ ညနေသုံး နာရီခွဲလောက်မှာ ကလောကို ရောက်သွားပါတယ်။ ကလောက ဈေးအနီးက မိုတယ်တစ်ခုမှာ တည်း ကြပါတယ်။
မိုတယ်က မန်နေဂျာကိုပဲ ရွာငံသွားတဲ့ ခရီး စဉ်ကို စုံစမ်းမေးမြန်းရပါတယ်။ ရွာငံကို အောင်ပန်း ကတစ်ဆင့် ပင်းတယမြို့ကို သွားတဲ့ လမ်းအတိုင်း သွားရကြောင်း ပင်းတယမရောက်ခင် လမ်းခွဲတစ်ခု ရှိကြောင်း အဲဒီလမ်းခွဲအတိုင်း မောင်းသွားလျှင် ရွာငံ မြို့သို့ ရောက်ကြောင်း မိုင်အားဖြင့် လေးဆယ်ကျော် လောက်ရှိမည်ထင်ကြောင်း လမ်းကောင်းကြောင်း ရွာငံကနေ ပင်းတယကို တိုက်ရိုက်သွားလို့ရတဲ့ လမ်း ဖောက်ထားကြောင်း၊ ပင်းတယကနေ ဟဲဟိုးသွား တဲ့ ဖြတ်လမ်းလည်းရှိကြောင်း ဟဲဟိုးကတစ်ဆင့် ညောင်ရွှေသွားပြီး အင်းလေးဖောင်တော်ဦး ဘုရား သွားလို့ရကြောင်း သိရပါတယ်။
၁၉-၆-၂၀၁၈ ရက်နေ့ မနက်မှာ ကလော ဈေးထဲက ကန်တော့်ပွဲဝယ်ပြီး ရွာငံမြို့သွားရန် ထွက် ခဲ့ကြပါတယ်။ အောင်ပန်းကနေ ရွာငံမြို့သွားတဲ့ လမ်းတစ်လျှောက်မှာ သစ်ပင်သီးနှံစိုက်ခင်းတွေ ချည်း တစ်မျှော်တစ်ခေါ် မြင်ရပါတယ်။ ပင်လယ် ရေမျက်နှာပြင် အထက်ပေ ၄၀ဝဝ နီးပါးမြင့်တဲ့ ရှမ်းကုန်းပြင်မြင့်ကြီးပေါ်မှာ တောင်ကြီးတွေ တောင် ငယ်တွေက ထပ်မံပေါ်ပေါက်နေတာ မြင်ရတော့ ကုန်းမြင့်ကြီးပေါ်က တောင်ကြီးများအဖြစ် နားလည် ခံစားရပါတယ်။ လမ်းမှာလည်း မုန်လာထုပ်တွေ သယ်လာတဲ့ ကားတွေ၊ ထော်လာဂျီတွေလည်း တွေ့ ရပါတယ်။ သီးနှံစိုက်ခင်းတွေ၊ ပန်းစိုက်ခင်း တစ်ချို့ လည်း တွေ့ရပါတယ်။ ပင်းတယလမ်းခွဲနဲ့ ရွာငံမြို့ အသွားလမ်းတစ်နေရာမှာတော့ ယူကလစ်ပင်ကြီး တွေ လမ်းဘေးတစ်လျှောက် စီတန်းပြီး စိုက်ထား တာ တွေ့ရပါတယ်။ အပင်ကြီးတွေက ပေ ၅၀ ပေ ၆၀ လောက် မြင့်မယ်ထင်ပါတယ်။ ကျွန်တော် ဒီယူကလစ်ပင်ကြီးတွေလောက် ကြီးတာ မတွေ့ဖူး ပါဘူး။ အပင်ကြီးတွေက အောက်ပိုင်းက ရှင်းနေ တဲ့အတွက် ကြည့်ရတဲ့မြင်ကွင်းက တော်တော်လှ ပါတယ်။ ကျွန်တော်တို့ဆင်းပြီး အမှတ်တရဓာတ်ပုံ ရိုက်ကြပါတယ်။ ခရီးဆက်သွားတော့ ကားလမ်းပေါ် က လှမ်းပြီး ဘုရားစေတီတွေ မြောက်မြားစွာနဲ့ တောင်နှစ်လုံးကို မြင်ရပါတယ်။ တောင်ခြေမှာ လည်း အဆောက်အဦးတွေ တော်တော်များများ မြင် ရပါတယ်။ တစ်ခုသောတောင်ရဲ့ နံရံမှာလည်း နတ် သမီးရုပ်ထုကြီးတွေ မတ်ရပ်အနေအထားနဲ့ တွေ့ ရပါတယ်။ နတ်သမီးရုပ်တုကြီးတွေက နတ်ပြည် ခြောက်ထပ်က နတ်သမီးတွေရဲ့ ပုံသဏ္ဌာန်ပြုလုပ် ထားပါတယ်။ အားလုံးနတ်သမီးရုပ်တုကြီးတွေ ကိုးရုပ် ရှိပါတယ်။ ခုနစ်ပါးက ရွှေရောင်ဆေးတွေ သုတ်ထား ပြီး ကျန်တဲ့နှစ်ရုပ်ကတော့ ဘာဆေးမှသုတ်မထား တော့ မွဲခြောက်ခြောက် ဖြစ်နေပါတယ်။
ကားမောင်းတဲ့ မောင်စိုးထိုက်က ဒါ မိန်းမရဲ တောင်ဖြစ်နိုင်တယ်။ သူဂျာနယ်တစ်ခုထဲမှာ ဖတ်ဖူး တယ်ပြောတယ်။ ဒီနတ်သမီးတွေက တောင်ပေါ်က ခုန်ချပြီး သေဆုံးရာက နတ်သမီးတွေဖြစ်ပြီး ဒီတောင် မှာ နေကြတယ်ပြောပါတယ်။
ကျွန်တော်တို့မြင်ရတာက တောင်ကြီးက အ ခြေခံအားဖြင့် အောက်ခြေမှာတောင်က တစ်ဆက် တည်းပါ။ အပေါ်ပိုင်းမှာတောင်နှစ်လုံး ဖြစ်နေပါ တယ်။ နတ်သမီးရုပ်တုတွေ မရှိတဲ့တောင်က နည်း နည်း ပိုကြီးပါတယ်။ ကျွန်တော်တို့လည်း အဝေး ကနေ မှတ်တမ်းဓာတ်ပုံရိုက်ကြပါတယ်။
ကျွန်တော်လည်း နတ်သမီးရုပ်တုကြီးတွေ ကြည့်ပြီး စိတ်ဝင်စားတဲ့အတွက် အဲဒီမိန်းမရဲတောင် မှ နတ်သမီးခုနစ်ပါးကို ကျွန်တော့်ရှေ့ ကြွရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နတ်သမီးခုနစ်ပါး ကျွန်တော့် ရှေ့ ရောက်လာပါတယ်။
ကျွန်ုပ်။ ။ညည်းတို့က ဒီမိန်းမရဲတောင်က နတ်သမီးတွေပါလား။ ညည်းတို့က ဝမ်းနည်းပူဆွေး သောကရောက်ပြီး ဒီတောင်ပေါ်က ခုန်ချသေဆုံး ခဲ့ကြတယ်ဆိုတာ ဟုတ်ပါသလား။
နတ်သမီးကြီးများ။ ။အဲဒီလိုသေတာ မဟုတ် ပါဘူး။ ကျွန်မတို့က ဒီတောင်ကို သစ်သီးသစ်ရွက် တို့ ပန်းတို့လာရောက် ခူးလေ့ခူးထ ရှိပါတယ်။ တစ် ရက်မှာ ကျွန်မတို့တစ်တွေ ပန်းသစ်သီးခူးဆွတ်ဖို့ လာရင်း နဂါးကြီးတစ်ကောင်က ကိုက်တဲ့အတွက် ကြောက်လန့်ပြီး ခုန်ချလို့ သေဆုံးကြရတာပါ။ အဲဒီ မှာ နတ်ဖြစ်တော့ တောင်ပေါ်က ရသေ့ကြီးတစ်ပါး က ခေါ်ယူစောင့်ရှောက်ထားပါတယ်။
ကျွန်ုပ်။ ။နတ်သမီးကြီးတို့ ဒီမှာ နတ်သမီး အဖြစ်ရောက်တာ ဘယ်လောက်ကြာပြီလဲ။ နတ်သမီး ရုပ်တုက ကိုးဦးဖြစ်နေတယ်။ ညည်းတို့က ခုနစ်ဦး ဘဲရှိတယ်။ ပြီးတော့ ခုနစ်ရုပ်ကလည်း ရွှေရောင် ဆေးတွေ သုတ်ထားတယ်။ ကျန်တဲ့နှစ်ရုပ်က မသုတ်ဘဲထားတယ် ဘယ်လိုကြောင့်လဲ။
နတ်သမီးကြီးများ။ ။ကျွန်မတို့ရောက်တာ နှစ်ပေါင်း ၂၀ဝလောက်ရှိပါပြီ။ နံဘေးက နတ်သမီး နှစ်ပါးက လွန်ခဲ့တဲ့ နှစ်ကိုးဆယ်လောက်ကမှ ရောက် လာတာပါ။ သူတို့ရုပ်တုကို ဆေးမသုတ်ပါနဲ့ ပြော၍ မသုတ်ဘဲ ထားတာပါ။
ကျွန်ုပ်။ ။နတ်သမီးကြီးတို့က ဒီတောင်မှာ ဘာတာဝန်တွေရှိသလဲ။
နတ်သမီးကြီးများ။ ။ကျွန်မတို့က ရသေ့ကြီး က တာဝန်ပေးလို့ သာသနာပြုနေပါတယ်။
ကျွန်တော်တောင်မှာရှိတယ်ဆိုတဲ့ ရသေ့ကြီး ကိုပင့်ဖိတ်လိုက်ပါတယ်။ ရသေ့ကြီးတစ်ပါး ကျွန် တော့်ရှေ့ ရောက်လာပါတယ်။
ကျွန်ုပ်။ ။ရသေ့ကြီးက ဝိဇ္ဇာလား၊ နတ်လား။
ရသေ့ကြီး။ ။ကျွန်ုပ်ကနတ်ပါ။ ကျွန်ုပ်ကို ဒီတောင်ပေါ် ရောက်နေတာ နှစ်ပေါင်း ၉၀ဝ လောက် ရှိပါပြီ။ ရှမ်းလူမျိုးပါ။ ပင်းတယဂူမှာ တရား ကျင့်ရာက ကွယ်လွန်တော့ ဒီတောင်ကို နတ်အဖြစ် နဲ့ ရောက်လာတာပါ။
ကျွန်ုပ်။ ။ရသေ့ကြီးရဲ့ တောင်မှာ ဘုရား စေတီတွေက များလှချည်လား။
ရသေ့ကြီး။ ။ ကျုပ်က တောင်တစ်တောင် လုံး ဘုရားစေတီတွေနဲ့ဖွေးနေစေချင်တာပါ။ နောက် လေးနှစ်လောက်နေလျှင် တောင်ခြေမှာလည်း အ ဆောက်အဦးတွေ သုံးဆလောက် များလာပါမယ်။
ကျွန်တော့်တို့ ခရီးဆက်ထွက်လာတော့ ရွာငံ မြို့ကို ၁၀နာရီလောက်ရောက်ပါတယ်။ မြို့က ပေ လမ်းတစ်လျှောက်မှာ အဆောက်အဦးတွေ တော် တော်များများ တွေ့ရပါတယ်။ ကျွန်တော်လည်း ဘယ်မှာ ဘုရားရှိတယ်ဆိုတာ မသိတာနဲ့ လက်ဖက် ရည်ဆိုင်တစ်ဆိုင်မှာ စုံစမ်းရင်းလက်ဖက်ရည်သောက် ကြပါတယ်။
ရွာငံမြို့မှာ ယခုလာတဲ့ လမ်းအတိုင်း မန္တ လေးဘက် ဆက်ထွက်သွားလျှင် စေတီနှစ်ဆူရှိ ကြောင်း သိရပါတယ်။ ကျွန်တော်တို့ ကားနဲ့ ဆက် ဆင်းလာတော့ ပထမလမ်းရဲ့ ညာဘက်မှာ စေတီ တစ်ဆူတွေ့ပါတယ်။ ကျွန်တော့်ပုဂ္ဂိုလ်ကို မေးတော့ ဒီစေတီမဟုတ်သေးဘူးဆို၍ ဆက်မောင်းပါတယ်။ လမ်းရဲ့ ဘယ်ဘက်မှာ ကုန်းမြင့်ပေါ်မှာ စေတီနှစ်ဆူ တွေ့ပါတယ်။ ပုဂ္ဂိုလ်ကို မေးလျှောက်တော့ ယခု တွေ့တဲ့စေတီဆို၍ ဘုရားဝင်းထဲ ဝင်ခဲ့ပါတယ်။ ဘုရားစေတီအနီးရောက်တဲ့ လမ်းကိုပါ တွေ့ရတော့ ကုန်းတော်ပေါ်ကို ကားပါ မောင်းတက်ခဲ့ပါတယ်။
ကုန်းတော်ပေါ်မှာ စေတီအရွယ် ဉာဏ်တော် ပေ ၃၀ခန့် တစ်ဆူ နောက်ကျောဘက်မှာစေတီငယ် သုံးဆူဖူးတွေ့ရပါတယ်။ ကုန်းတော်တစ်ပြင်လုံး ကြွေပြားတွေ ခင်းထားပါတယ်။ စေတီရဲ့ရှေ့မှာ ဂန္ဓကုဋီ တိုက်တစ်ဆောင် လည်းတွေ့ရပါတယ်။ ဂန္ဓကုဋီတိုက်က သော့ခတ် ပိတ်ထားပါတယ်။ အနီးမှာ အသက် ၇၀ အရွယ် ဘုန်းကြီးတစ်ပါးလည်းဖူးတွေ့ရ၍ ဘုရားဖူးခွင့်ရမလားလို့ မေးလျှောက်တော့ ဆရာ တော်က ရပါတယ်ပြောပြီး ဂန္ဓကုဋီတိုက်ကို သော့ဖွင့် ပေးပါတယ်။ အထဲမှာ ရုပ်ပွားတော်ကြီး တစ်ဆူကို လည်း ဖူးတွေ့ရပါတယ်။ ဆရာတော်က မီးတွေပါ အကုန်ဖွင့်ပေးပါတယ်။ စေတီတော်ရဲ့ ဘွဲ့တော်မှာ ရွှေပွင့်လင်းစေတီတော်လို့ သိရပါတယ်။
ကျွန်တော်က ယူလာတဲ့ ကန်တော့်ပွဲကို ရုပ်ပွားတော်ကြီးရှေ့မှာချပြီး ငွေ ၅၀ဝဝ ကျပ်ကပ်လှူပါ တယ်။ ဂုဏ်တော်ပုတီးကိုးပတ်စိတ်ပြီး မြင်အပ် မမြင်အပ်ပုဂ္ဂိုလ်အပေါင်းကို အမျှဝေပါတယ်။ ပြီး တော့ ရှမ်းပြည်နယ်ကြီး တစ်ခုလုံး စစ်ဘေးစစ်ဒဏ်က ကင်းလွတ်အောင် စောင့်ရှောက်ပေးဖို့ လျှောက် ထားပါတယ်။
ကျွန်တော်ဒီဘုရားမှာ ရှမ်းပြည်နယ်ကိုစောင့် ရှောက်တဲ့ နတ်ကြီးကိုးပါးရှိမရှိ အာရုံယူကြည့်တော့ နတ်ကြီးကိုးပါးတွေ တွေ့ရပါတယ်။
ကျွန်ုပ်။ ။နတ်ကြီးတို့က ရှမ်းပြည်နယ်ကို စောင့်တဲ့ နတ်ကြီးတွေပါလား။
နတ်ကြီးများ။ ။ဟုတ်ပါတယ်။
ကျွန်ုပ်။ ။နတ်ကြီးများက ရှမ်းပြည်နယ်ကို စောင့်ရှောက်နေတာ နှစ်ပေါင်း ဘယ်လောက်ရှိပါပြီ လဲ။
နတ်ကြီးများ။ ။နှစ်ပေါင်း ၈၀ဝ လောက်ရှိပါ ပြီ။
ကျွန်ုပ်။ ။ရွာငံမြို့ထက်ကြီးတဲ့ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံစတဲ့ မြို့ကြီးတွေရှိပါလျက် ဘယ်လို အကြောင်းကြောင့် ရွာငံမြို့မှာ နေပြီး စောင့်ရှောက် တာပါလဲ။
နတ်ကြီးများ။ ။ ယခု ကျွန်ုပ်တို့နေတဲ့ တောင်ကုန်းမှာ သင်တို့လူသားတွေ မျက်စေ့နဲ့ မမြင် နိုင်တဲ့ အမြင့်ပေ ၃၀ စီရှိတဲ့ ရွှေရောင်ဓာတ်တိုင်ကြီး သုံးတိုင်ရှိတယ်။ ဒီဓာတ်တိုင်ကြီးတွေ ဘယ်တုန်းက ပေါ်ပေါက်နေမှန်းလည်း မသိပါဘူး။ ဒီရွှေရောင် ဓာတ်တိုင်ကြီးတွေရှိတဲ့ နေရာကနေပြီး လုပ်ငန်းကိုင် ငန်းတွေကို ဆောင်ရွက်လျှင် အစစအရာရာ အောင် မြင်နိုင်ပါတယ်။
ကျွန်ုပ်။ ။နတ်ကြီးတို့က ရှမ်းပြည်နယ်ကြီးကို စောင့်ရှောက်တယ်ဆိုတော့ ယခုရှမ်းပြည်နယ်မြောက် ပိုင်းမှာ စစ်တွေဖြစ်နေတာကို ငြိမ်းချမ်းအောင် မဆောင်ရွက်ဘူးလား။
နတ်ကြီးများ။ ။ မဆောင်ရွက်နိုင်ဘူးတော့ မဟုတ်ပါဘူး။ အောင်မြင်အောင် မဆောင်ရွက်နိုင် သေးတာဘဲ ရှိပါတယ်။ နောက်နှစ်နှစ်အတွင်းမှာ တော့ စစ်ပွဲတွေ ငြိမ်းအေးသွားပါလိမ့်မယ်။ စစ်ပွဲ တွေကို ကျွန်ုပ်တို့ မငြိမ်းသတ်နိုင်တဲ့အကြောင်းက တရုတ်ပြည်ဘက်ကလာတဲ့ နတ်ကြီးသုံးပါးနဲ့ ပတ် သက်ပါတယ်။ အဲဒီနတ်ကြီးသုံးပါးက ယခုထက် တိုင်ဝနယ်ထဲမှာ ရှိပါတယ်။ အဲဒီနတ်ကြီးသုံးပါးက ရှမ်းပြည်နယ်မှာ ရှိတဲ့ လူမျိုးတွေနဲ့ မြန်မာလူမျိုး တွေကို မတည့်အောင် ဆောင်ရွက်ခဲ့တာပါ။ နှစ်ပေါင်း ၆၀ ကျော်လောက်ရှိပါပြီ။ အဲဒီနတ်ကြီးတွေက ကျွန်ုပ်တို့ထက် ပိုပြီး တန်ခိုးကြီးပါတယ်။ အဲဒီနတ် ကြီးတွေက မူလအစပိုင်းတုန်းက ဟဲဟိုးမြို့မှာ အခြေ စိုက်ပြီး ရှမ်းပြည်နယ်က လူမျိုးတွေကို မြန်မာတွေ ကိုမလိုလားတဲ့စိတ်တွေ ဖြစ်ပေါ်အောင် မနောတိုက် နေတာပါ။ ယခုတော့ အဲဒီနတ်ကြီးသုံးပါး တစ်ဖြည်း ဖြည်းချင်း ပြန်ဆုတ်နေပါပြီ။
ကျွန်ုပ်။ ။အဲဒီနတ်ကြီးသုံးပါးက ဘယ်လို အကြောင်းကြောင့် ရှမ်းပြည်နယ်မှာရှိတဲ့ လူမျိုးတွေ ကို မြန်မာနဲ့ မတည့်အောင် လာရောက်ဆောင်ရွက်နေတာပါလဲ။
နတ်ကြီးများ။ ။အဲဒီအကြောင်းရင်းတော့ ကျွန်ုပ်တို့လည်း မသိပါဘူး။
ကျွန်တော်တို့လည်း ဘုရားကုန်းတော်ပေါ် လှည့်ပတ်ဘုရားဖူးကြပါတယ်။ ရင်ပြင်တော်ပေါ်မှာ ရှားရှားပါးပါး စန္ဒကူးပင်တစ်ပင်လည်း တွေ့ရပါ တယ်။ ဘုရားပေါ်မှာ တွေ့ရတဲ့ ဆရာတော်ကတော့ ဒီစေတီရဲ့ မူလအစက အလောင်းစည်သူမင်းကြီး တည်ခဲ့တဲ့ စေတီကို ငုံပြီး တည်ထားတဲ့ စေတီဖြစ် ကြောင်း ပထမအကြိမ်ပြည်သူလွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်တင်အောင်မြင့်က နောက်ဆုံးပြုပြင်ထားတဲ့ အကြောင်းပြောပါတယ်။
ကျွန်တော်တို့လည်း ဒီနေ့မှာဘဲ ပင်းတယ နဲ့ အင်းလေးဖောင်တော်ဦးဘုရားများကို သွားရောက် ဖူးမျှော်ရန် အစီအစဉ်ရှိတဲ့အတွက် ဆရာတော်ကို ဝတ္ထုငွေကပ်လှူပြီး ခရီးဆက်ခဲ့ကြပါတယ်။
ကျွန်တော်ဒီဆောင်းပါးရေးရင်းနဲ့ ရှမ်းပြည် နယ်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး ပိုမို နက်ရှိုင်းတဲ့ အကြောင်းအရာတွေကို သိရှိလာရပါ တယ်။ ဒါနဲ့ ၁၄-၇-၂၀၁၈ ရက်နေ့ မနက်မှာတော့ ရှမ်းပြည်မြောက်ပိုင်း ဝအထူးဒေသကို ရောက်နေတဲ့ တရုတ်ပြည်က နတ်ကြီးသုံးပါးကို ပင့်ဖိတ်လိုက် ပါတယ်။ နတ်ကြီး သုံးပါးြွကလာပါတယ်။ တစ်ပါးက နဖူးကျယ်ကျယ် နောက်နှစ်ပါးကတော့ တစ်ပါးက နဖူးကျဉ်းတယ်တစ်ပါးက ပုံမှန်နဖူးပါ။ ဝတ်ရုံအဝါ ကြီးတွေပေါ် အညိုရောင်ပန်းရွက်ကြီးတွေနဲ့ ဝတ်ရုံ ကိုဝတ်ဆင်ထားကြပါတယ်။
ကျွန်ုပ်။ ။နတ်ကြီးတို့က ရှမ်းပြည်နယ်မှာရှိ တဲ့ လူမျိုးတွေနဲ့ မြန်မာလူမျိုးတွေ မတည့်အောင် လုပ်နေတယ် ဆိုတာ ဟုတ်ပါသလား။
နတ်ကြီးများ။ ။ဟုတ်ပါတယ်။
ကျွန်ုပ်။ ။နတ်ကြီးတို့က ဘယ်ကလာတာလဲ။ ဘယ်သူကခိုင်းလို့ ကျွန်တော်တို့ အချင်းချင်းကို လာ ရန်တိုက်ပေးနေတာပါလဲ။
နတ်ကြီးများ။ ။ယူနန်နယ်က နတ်ကြီးက တာဝန်ပေးလို့ လာရောက်ပြီး ရန်တိုက်ပေးနေတာ ပါ။
ကျွန်ုပ်။ ။အဲဒီနတ်ကြီးက ဘာအကြောင်း ကြောင့် နတ်ကြီးတို့ကို စေလွှတ်ခိုင်းတာပါလဲ။
နတ်ကြီးများ။ ။အဲဒီနတ်ကြီးက ရှမ်းပြည်နယ် မှာရှိတဲ့ လူမျိုးအများစုဟာ ယူနန်နယ်က သွားတဲ့ လူတွေဖြစ်တယ်။ သူ့ကို မပူဇော်မပသလို့ စိတ်ဆိုး ပြီး ကျွန်ုပ်တို့သုံးပါးကို စေလွှတ်ပြီး ယခုကို ဆောင် ရွက်စေတာပါ။
ကျွန်ုပ်။ ။နတ်ကြီးတို့က မူလက ဟဲဟိုးမြို့ မှာ အခြေချနေထိုင်တာဆို ဘယ်လိုကြောင့် ဝနယ် ကို ရောက်သွားတာလဲ။
နတ်ကြီးများ။ ။လွန်ခဲ့တဲ့ ၁၃နှစ်လောက်က စပြီး မျက်စေ့နဲ့ မမြင်နိုင်တဲ့ လှိုင်းကြီးတွေက ကျွန်ုပ် တို့ မနေနိုင်အောင် တွန်းပို့နေတဲ့အတွက် မြောက် ပိုင်းကို ရွှေ့ပြောင်းလာရတာ ဖြစ်ပါတယ်။ ယခုလည်း အဲဒီလှိုင်းကြီးတွေက ကျွန်ုပ်တို့ကို တွန်းပို့နေဆဲပါ။
ကျွန်ုပ်။ ။ ကဲ နတ်ကြီးတို့ ခင်ဗျားကို ဒုက္ခ ပေးတာ နှစ်တွေ ကြာပြီ။ သုံးလအတွင်း မြန်မာ နိုင်ငံထဲက ထွက်ခွာသွားပါ။ နတ်ကြီးတို့ မထွက်ခွာ လျှင် ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ပြတ်ပြတ် သားသား အရေးယူရပါလိမ့်မည်။ အဲဒါပါဘဲ။
နတ်ကြီးသုံးပါးလည်း ကျွန်တော့်ရှေ့က ရုတ် တရတ် ပျောက်ကွယ်သွားပါပြီ။
ယခုကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ ၂၁ရာစုပင်လုံမှာလည်းပြည်တွင်း လက် နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များရဲ့ မြန်မာ အစိုးရခေါင်းဆောင်များ ချစ်ချစ်ခင်ခင် လက်ဆွဲနှုတ် ဆက်နေကြပါပြီ။ ရှမ်းပြည်တစ်ခွင်စစ် မီးတောက် တွေ ငြိမ်းအေးတော့မည်ထင်ပါတယ်။
သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ။
ဆရာဝင်း(သာကီနွယ်)

Comments

comments

Post Author: manawmaya