ဗ်ာဒိတ္ရ ဘုရားေလာင္း

zawgyi version

ဗုဒၶဘုရားရွင္တစ္ဆူ ပြင့္ထြန္းေပၚေပါက္ဖို႔ အတြက္ အမ်ိဳးသားေကာင္းတစ္ဦးအေနႏွင့္ ပထမ ဘုရားဆုပန္ရတယ္၊ ဘုရားျဖစ္ေစရာ ျဖစ္ေစေၾကာင္း ပါရမီေတြ ျဖည့္ရတယ္။ အဲဒီေနာက္ ဘုရားရွင္ႀကီး တစ္ဆူက ဘုရားျဖစ္ေစဖို႔ ဗ်ာဒိတ္ေပးရတယ္။ အဲဒီ ေနာက္မွ ပါရမီေတြျဖည့္က်င့္ရင္း ေနာက္ဆံုး သမၼာ သေမၺာဓိ ဘုရားအျဖစ္သို႔ေရာက္ရွိတာ ျဖစ္တယ္ လို႔ ကြ်န္ေတာ္ နားလည္ပါတယ္။

ဘုရားဆုပန္တယ္ဆိုရာမွာလည္း နိဗၺာန္ကို မိမိ တစ္ဦးတည္း ဝင္မသြားလိုဘဲ သတၲဝါေတြကိုပါ အပါ ေခၚသြားခ်င္တဲ့ ျပင္းထန္တဲ့ေစတနာ သဒၵါစိတ္ ေၾကာင့္ ဘုရားဆုပန္ၾကတာ ျဖစ္ပါတယ္။ ႏွစ္ေပါင္း မ်ားစြာ ဘဝေပါင္းမ်ားစြာ ပါရမီ(၁၀)ပါးကို ျဖည့္က်င့္ ၿပီးမွ ဘုရားအျဖစ္သို႔ ေရာက္ရတာ ျဖစ္ပါတယ္။

ကြ်န္ေတာ္ ဘုရားဆုပန္တဲ့သူ တခ်ိဳ႕ကို ေတြ႕ဖူးပါတယ္။ ဘုရားဆုပန္တဲ့ သူမ်ားထဲမွာ တိဗက္ လူမ်ိဳးေတြက အမ်ားဆံုးလို႔ သိရပါတယ္။ တိဗက္ လူမ်ိဳး အမ်ိဳးသားတိုင္း ဘုန္းႀကီးဝတ္ၾကတယ္ ၾကား ဖူးပါတယ္။ ဘုန္းႀကီးဝတ္တဲ့အခါ ဘုရားဆုပန္ၾက တယ္လို႔ သိရပါတယ္။

ကြ်န္ေတာ္ ေဗဒင္ေဟာရင္း လြန္ခဲ့တဲ့ ေလးလေလာက္က ကြ်န္ေတာ့္မိတ္ေဆြ ဦးက်င္ခိုင္ သူ႕ေျမးေတြနဲ႔ ေဗဒင္လာတြက္ရင္း သူ႕ေျမးေတြ အနက္ အသက္ ၂၀ ဝန္းက်င္လူငယ္ေလး တစ္ေယာက္ဟာ ဗ်ာဒိတ္ရ ဘုရားေလာင္းျဖစ္ ေၾကာင္း သိလိုက္ရပါတယ္။ ဦးက်င္ခိုင္ကို လူငယ္ အေၾကာင္း ေမးၾကည့္ေတာ့ တကၠသိုလ္ တက္ေနတဲ့ ေက်ာင္းသားတစ္ဦးျဖစ္ေၾကာင္း၊ စိတ္ထားႏူးညံ့ ေၾကာင္း၊ ဘုရားတရားလည္း ၾကည္ညိဳ ေလးစား ေၾကာင္း၊ သူတစ္ပါးအသက္ကို ပုရြက္ဆိတ္ကေလး က အစ မသတ္ေၾကာင္း သိရပါတယ္။ ကြ်န္ေတာ္ က ဒီလူငယ္ႀကီးလာလွ်င္ ဘုန္းႀကီး ဝတ္မည့္ အေၾကာင္း ေျပာလိုက္ပါတယ္။

လူငယ္က ခႏၶာကိုယ္ခပ္ေသးေသးပါ။ စကား နည္းပံု ရပါတယ္။ ကြ်န္ေတာ္လည္း ကြ်န္ေတာ္ ေဗဒင္ကူေဟာေပးတဲ့ တန္ခိုးရွင္ႀကီးက ဒီသူငယ္ဟာ ဗ်ာဒိတ္ရ ဘုရားေလာင္းလို႔ေျပာလိုက္ေတာ့ အေတာ္ အံအားသင့္သြားပါတယ္။

၄-၁-၂၀၁၈ ရက္ ေန႔လယ္က ကြ်န္ေတာ္ မိတ္ေဆြ ေျမာက္ဒဂံုက ကိုဥာဏ္ထြန္း သူ႕မိသားစုနဲ႔ ကြ်န္ေတာ့္ဆီ ေဗဒင္လာေမးပါတယ္။ သူတို႔ဇနီး ေမာင္ႏွံ ကြ်န္ေတာ့္ဆီ ေဗဒင္ေမးေနၾကပါ၊ သူတို႔အိမ္ ၿခံေရာင္းမည့္ကိစၥ၊ သူတို႔အိမ္ဝင္းထဲက သစ္ပင္ႀကီး ခုတ္ပစ္လို႔ ႐ုကၡစိုးဒုကၡေပးခဲ့တဲ့ ကိစၥမ်ားေဟာၿပီး၍ ျပန္ေတာ့မည္ျပဳရာ ကြ်န္ေတာ္ရဲ႕ ဘုရားေဆာင္ထဲမွ ဘုရားရွင္ႀကီးက သူတို႔မိသားစုကို ခဏျပန္ထိုင္ခိုင္း ပါတယ္။

ဘုရားရွင္ႀကီးက သံုးႏွစ္အရြယ္ ေယာက်ာ္း ေလးျဖစ္သူသည္ ဗ်ာဒိတ္ရဘုရားေလာင္းျဖစ္ေၾကာင္း ေနာင္ႏွစ္ေပါင္း ႏွစ္သန္းေက်ာ္လွ်င္ëဤကမၻာတြင္ ပြင့္မည့္ဘုရားေလာင္းျဖစ္ေၾကာင္း၊ ႏွစ္က်ိပ္ရွစ္ဆူ ဘုရားမ်ားအနက္ ]ေခမာ}ဘုရားရွင္ ႀကီး ပြင့္ေတာ္မူစဥ္က ဗ်ာဒိတ္ရခဲ့တဲ့ ကေလးျဖစ္ေၾကာင္း၊ လြန္ခဲ့တဲ့ ႏွစ္ ေပါင္း ၃၂çဝ၀çဝ၀ဝ က ဗ်ာဒိတ္ရခဲ့တာ ျဖစ္ေၾကာင္း မိန္႔ၾကားပါတယ္။

“ႏွစ္က်ိပ္ရွစ္ဆူေသာ ဘုရားေတြက ဘယ္ ကမၻာမွာ ပြင့္ေတာ္မူခဲ့တာပါလဲ ဘုရား”

“ႏွစ္က်ိပ္ရွစ္ဆူေသာဘုရားေတြက ဒီကမၻာ မွာ ပြင့္ေတာ္မူခဲ့တဲ့ဘုရားေတြ ျဖစ္ပါတယ္”

“တပည့္ေတာ္တို႔နားလည္ခဲ့တာက ဒီဘဒၵ ကမၻာမွာ ဘုရားငါးဆူပဲပြင့္မည္။ ယခုက်န္ေနေသးတဲ့ ဘုရားက အရိေမတၲယ်ဘုရားပါဘုရား၊ ယခု အရိ ေမတၲယ် အေလာင္းေတာ္နတ္သားက တုႆိတာ နတ္ျပည္မွာ သီတင္းသံုးေနေၾကာင္း သိရပါတယ္ ဘုရား”

“ဒကာႀကီး ဤကမၻာမွာ ကမၻာဖ်က္ငလ်င္ ႀကီးေတြ လႈပ္ခဲ့တယ္။ ကမၻာဖ်က္ ငလ်င္ႀကီးတစ္ခုနဲ႔ တစ္ခုၾကားကာလကို တစ္ကမၻာလို႔ေခၚတယ္။ ကမၻာ ဖ်က္ငလ်င္ႀကီးေတြ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၈ သန္းက တစ္ႀကိမ္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၅ သန္းကတစ္ႀကိမ္၊ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၂ သန္းကတစ္ႀကိမ္၊ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀ သန္းကတစ္ႀကိမ္၊ လြန္ခဲ့တဲ့ႏွစ္ေပါင္း ခုနစ္သန္းကတစ္ႀကိမ္၊ လြန္ခဲ့တဲ့ႏွစ္ေပါင္း ငါးသန္းက တစ္ႀကိမ္၊ လြန္ခဲ့တဲ့ႏွစ္ေပါင္းသံုးသန္းက တစ္ႀကိမ္ လႈပ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၈ သန္းနဲ႔ ၁၅ သန္းၾကားကမၻာမွာ ဘုရားသံုးဆူ၊ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၅ သန္းနဲ႔ ၁၂ သန္းၾကား ကမၻာမွာ ဘုရားခုနစ္ဆူ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၂ သန္းနဲ႔ ၁၀ သန္းၾကား ကမၻာမွာ ဘုရားငါး ဆူ၊ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၀ သန္းနဲ႔ ခူနစ္သန္း ၾကားကမၻာမွာ ဘုရားခုႏွစ္ ဆူ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ငါးသန္းနဲ႔ သံုးသန္းၾကားကမၻာမွာ ဘုရားငါးဆူ၊ လြန္ခဲ့တဲ့ႏွစ္ေပါင္း သံုးသန္းေနာက္ယခု ကမၻာမွာ ဘုရားေလးဆူ ပြင့္ထြန္းေတာ္မူခဲ့ပါတယ္။

ယေန႔ကမၻာမွာ ဘုရားတစ္ဆူ ပြင့္ရန္က်န္ရွိ ပါေသးတယ္။ ႏွစ္က်ိပ္ရွစ္ဆူ ဘုရားေတြက ကမၻာ ဖ်က္ငလ်င္ႀကီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၂ သန္းနဲ႔ ၁၀ သန္းၾကား ကမၻာမွ လြန္ခဲ့တဲ့ ႏွစ္သံုးသန္းထိ က်န္ခဲ့တဲ့ ကမၻာအထိ ကမၻာငါးကမၻာအတြင္း ပြင့္ ေတာ္မူခဲ့တဲ့ ဘုရားရွင္ႀကီးမ်ားကို စုေပါင္းၿပီး သတ္ မွတ္ျခင္း ျဖစ္ပါတယ္။

ငါဘုရားရွင္ႀကီးဘြဲ႕ေတာ္က ‘မာဃ’ ဘုရား ရွင္ႀကီး ျဖစ္ပါတယ္။ ႏွစ္က်ိပ္ရွစ္ဆူဘုရားေတြထဲမွာ ေတာ့ မပါပါဘူး။

“အရွင္ျမတ္က ပရိနိဗၺာန္မစံဝင္ေသးဘူး လား ဘုရား”

“ငါကိုယ္ေတာ္ျမတ္နဲ႔ ႏွစ္က်ိပ္ရွစ္ဆူ ဘုရားေတြအနက္ ‘ေရဝတ’ဘုရားရွင္ႀကီးနဲ႔ ‘သုမန’ ဘုရား ရွင္ ႀကီးသံုးဆူက ပရိနိဗၺာန္မစံဝင္ေသးဘဲ သာသနာ ေတာ္ အရွည္တည္တံ့ခိုင္ၿမဲေရးအတြက္ ေစာင့္ေရွာက္ ရန္ က်န္ရစ္ၾကတာျဖစ္ပါတယ္။

ဗုဒၶဘာသာဝင္ေတြအေနနဲ႔ ဘုရားဆုပန္ တယ္ ဆိုရာမွာ အေျခခံအားျဖင့္ ဗုဒၶဘာသာဝင္ခ်ည္း သံုးဘဝျဖစ္ခဲ့ရမည္။ အဲဒီသံုးဘဝမွာ ကံႀကီးမထိုက္ သူလည္း ျဖစ္ရပါမည္။ ဘုရားဆုပန္ရာမွာလည္း သံုးဘဝတိတိ ဆက္တိုက္ ဆုပန္ရပါမည္။ ဒါမွသာ ဘုရားဆုပန္တဲ့ဆု ျပည့္ႏိုင္ပါတယ္”

“ဘုရားရွင္ႀကီးဘုရား … ဘုရားဆုပန္တဲ့ သူတစ္ေယာက္ဟာ ဘုရားျဖစ္မည္ ဗ်ာဒိတ္ရၿပီးတဲ့ ေနာက္ ဘဝသံသရာမွာ ပါရမီေတြျဖည့္က်င့္ေနပါ လိမ့္မည္။ ဘုရားေလာင္းဘဝမွာ အကုသိုလ္ကံ ေၾကာင့္ ငရဲက်တာမ်ိဳးေတြ ရွိႏိုင္ပါေသးသလား ဘုရား”

“ဗ်ာဒိတ္ရၿပီးတဲ့ေနာက္ ဘဝတိုင္းဘဝတိုင္း ဗုဒၶ ဘာသာဝင္ခ်ည္းျဖစ္ပါလိမ့္မည္။ ငရဲသို႔ မက် ေရာက္ေတာ့ပါဘူး။ ေျခလက္အဂၤါ မစံုလင္တဲ့ဘဝ လည္း မရေတာ့ပါဘူး”

အခ်ိဳ႕ေသာရဟန္းရွင္လူမ်ားက ဘုရားရွိခိုးတဲ့ အခါ ဂဂၤါဝါဠဳ သဲစုမက ပြင့္ေတာ္မူကုန္ေသာ ဘုရား ရွင္မ်ားကို ရည္မွန္းၿပီး ရွိခိုးေလ့ရွိၾကပါသည္။ ကြ်န္ေတာ္ ယခင္ကဘုရားေတြ ပြင့္ခဲ့တာ ဂဂၤါျမစ္ ထဲက သဲစုအမွ် ပြင့္ခဲ့တယ္ဆိုတာ သံသယျဖစ္မိပါ တယ္။ ကြ်န္ေတာ္တို႔ ကမၻာတစ္ခုတည္းပင္ ပြင့္ ေတာ္မူၿပီးေသာ ဘုရားရွင္ေပါင္း ၃၈ ဆူရွိေနပါၿပီ။ အာကာသထဲမွာ မေရမတြက္ႏိုင္တဲ့ စၾကဝဠာေတြ ကမၻာေတြ ရွိေနပါတယ္။ ထိုကမၻာမ်ားတြင္ လူသား ရွိတဲ့ ကမၻာမ်ားလည္း ရွိပါတယ္။ လူသားရွိတဲ့ ကမၻာ ေတြမွာလည္း ဗုဒၶဘာသာဝင္မ်ားရွိၿပီး ဗုဒၶဘုရားရွင္ ႀကီးေတြဟာ အခ်ိဳ႕ေသာ ကမၻာမ်ားတြင္ ပြင့္ေတာ္မူ လ်က္ရွိပါတယ္။ ပြင့္ေတာ္မူၿပီးေသာ   ဘုရားရွင္ႀကီး ေတြလည္း မေရမတြက္ႏိုင္ေအာင္ ရွိပါလိမ့္မည္။ အဲဒါေၾကာင့္ ဂဂၤါဝါဠဳ သဲစုမကပြင့္ေတာ္မူကုန္ေသာ ဘုရားရွင္ႀကီးမ်ားရွိမည္ဆိုတာ ကြ်န္ေတာ္ယံုၾကည္ သြားပါၿပီ။ တပည့္ေတာ္ ဂဂၤါဝါဠဳသဲစုမက ပြင့္ေတာ္ မူၿပီးေသာ ဗုဒၶဘုရားရွင္ႀကီးအေပါင္းအား ရွိခိုး ဦးခိုက္ကန္ေတာ့ပါတယ္။ ဘုရားတပည့္ေတာ္ရဲ႕ မသိ နားမလည္မႈေၾကာင့္ အျပစ္ရွိလွ်င္လည္း ခြင့္လႊတ္ ေတာ္မူပါဘုရား။

သတၲဝါမ်ား က်န္းမာခ်မ္းသာၾကပါေစ

ဆရာဝင္း(သာကီႏြယ္)

(ဤေဆာင္းပါးပါ အယူအဆမ်ားသည္ စာေရးသူ၏အယူအဆမ်ားသာျဖစ္ပါသည္၊ အယ္ဒီတာအဖြဲ႕၏အာေဘာ္မဟုတ္ပါေၾကာင္း၊

အယ္ဒီတာအဖြဲ႕)

 

unicode version

 

ဗျာဒိတ်ရ ဘုရားလောင်း
** ဆရာဝင်း(သာကီနွယ်) **

ဗုဒ္ဓဘုရားရှင်တစ်ဆူ ပွင့်ထွန်းပေါ်ပေါက်ဖို့ အတွက် အမျိုးသားကောင်းတစ်ဦးအနေနှင့် ပထမ ဘုရားဆုပန်ရတယ်၊ ဘုရားဖြစ်စေရာ ဖြစ်စေကြောင်း ပါရမီတွေ ဖြည့်ရတယ်။ အဲဒီနောက် ဘုရားရှင်ကြီး တစ်ဆူက ဘုရားဖြစ်စေဖို့ ဗျာဒိတ်ပေးရတယ်။ အဲဒီ နောက်မှ ပါရမီတွေဖြည့်ကျင့်ရင်း နောက်ဆုံး သမ္မာ သမ္ဗောဓိ ဘုရားအဖြစ်သို့ရောက်ရှိတာ ဖြစ်တယ် လို့ ကျွန်တော် နားလည်ပါတယ်။
ဘုရားဆုပန်တယ်ဆိုရာမှာလည်း နိဗ္ဗာန်ကို မိမိ တစ်ဦးတည်း ဝင်မသွားလိုဘဲ သတ္တဝါတွေကိုပါ အပါ ခေါ်သွားချင်တဲ့ ပြင်းထန်တဲ့စေတနာ သဒ္ဒါစိတ် ကြောင့် ဘုရားဆုပန်ကြတာ ဖြစ်ပါတယ်။ နှစ်ပေါင်း များစွာ ဘဝပေါင်းများစွာ ပါရမီ(၁၀)ပါးကို ဖြည့်ကျင့် ပြီးမှ ဘုရားအဖြစ်သို့ ရောက်ရတာ ဖြစ်ပါတယ်။
ကျွန်တော် ဘုရားဆုပန်တဲ့သူ တချို့ကို တွေ့ဖူးပါတယ်။ ဘုရားဆုပန်တဲ့ သူများထဲမှာ တိဗက် လူမျိုးတွေက အများဆုံးလို့ သိရပါတယ်။ တိဗက် လူမျိုး အမျိုးသားတိုင်း ဘုန်းကြီးဝတ်ကြတယ် ကြား ဖူးပါတယ်။ ဘုန်းကြီးဝတ်တဲ့အခါ ဘုရားဆုပန်ကြ တယ်လို့ သိရပါတယ်။
ကျွန်တော် ဗေဒင်ဟောရင်း လွန်ခဲ့တဲ့ လေးလလောက်က ကျွန်တော့်မိတ်ဆွေ ဦးကျင်ခိုင် သူ့မြေးတွေနဲ့ ဗေဒင်လာတွက်ရင်း သူ့မြေးတွေ အနက် အသက် ၂၀ ဝန်းကျင်လူငယ်လေး တစ်ယောက်ဟာ ဗျာဒိတ်ရ ဘုရားလောင်းဖြစ် ကြောင်း သိလိုက်ရပါတယ်။ ဦးကျင်ခိုင်ကို လူငယ် အကြောင်း မေးကြည့်တော့ တက္ကသိုလ် တက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်ကြောင်း၊ စိတ်ထားနူးညံ့ ကြောင်း၊ ဘုရားတရားလည်း ကြည်ညို လေးစား ကြောင်း၊ သူတစ်ပါးအသက်ကို ပုရွက်ဆိတ်ကလေး က အစ မသတ်ကြောင်း သိရပါတယ်။ ကျွန်တော် က ဒီလူငယ်ကြီးလာလျှင် ဘုန်းကြီး ဝတ်မည့် အကြောင်း ပြောလိုက်ပါတယ်။
လူငယ်က ခန္ဓာကိုယ်ခပ်သေးသေးပါ။ စကား နည်းပုံ ရပါတယ်။ ကျွန်တော်လည်း ကျွန်တော် ဗေဒင်ကူဟောပေးတဲ့ တန်ခိုးရှင်ကြီးက ဒီသူငယ်ဟာ ဗျာဒိတ်ရ ဘုရားလောင်းလို့ပြောလိုက်တော့ အတော် အံအားသင့်သွားပါတယ်။
၄-၁-၂၀၁၈ ရက် နေ့လယ်က ကျွန်တော် မိတ်ဆွေ မြောက်ဒဂုံက ကိုဉာဏ်ထွန်း သူ့မိသားစုနဲ့ ကျွန်တော့်ဆီ ဗေဒင်လာမေးပါတယ်။ သူတို့ဇနီး မောင်နှံ ကျွန်တော့်ဆီ ဗေဒင်မေးနေကြပါ၊ သူတို့အိမ် ခြံရောင်းမည့်ကိစ္စ၊ သူတို့အိမ်ဝင်းထဲက သစ်ပင်ကြီး ခုတ်ပစ်လို့ ရုက္ခစိုးဒုက္ခပေးခဲ့တဲ့ ကိစ္စများဟောပြီး၍ ပြန်တော့မည်ပြုရာ ကျွန်တော်ရဲ့ ဘုရားဆောင်ထဲမှ ဘုရားရှင်ကြီးက သူတို့မိသားစုကို ခဏပြန်ထိုင်ခိုင်း ပါတယ်။
ဘုရားရှင်ကြီးက သုံးနှစ်အရွယ် ယောကျာ်း လေးဖြစ်သူသည် ဗျာဒိတ်ရဘုရားလောင်းဖြစ်ကြောင်း နောင်နှစ်ပေါင်း နှစ်သန်းကျော်လျှင်ëဤကမ္ဘာတွင် ပွင့်မည့်ဘုရားလောင်းဖြစ်ကြောင်း၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအနက် ]ခေမာ}ဘုရားရှင် ကြီး ပွင့်တော်မူစဉ်က ဗျာဒိတ်ရခဲ့တဲ့ ကလေးဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ် ပေါင်း ၃၂çဝဝçဝဝဝ က ဗျာဒိတ်ရခဲ့တာ ဖြစ်ကြောင်း မိန့်ကြားပါတယ်။
“နှစ်ကျိပ်ရှစ်ဆူသော ဘုရားတွေက ဘယ် ကမ္ဘာမှာ ပွင့်တော်မူခဲ့တာပါလဲ ဘုရား”
“နှစ်ကျိပ်ရှစ်ဆူသောဘုရားတွေက ဒီကမ္ဘာ မှာ ပွင့်တော်မူခဲ့တဲ့ဘုရားတွေ ဖြစ်ပါတယ်”
“တပည့်တော်တို့နားလည်ခဲ့တာက ဒီဘဒ္ဒ ကမ္ဘာမှာ ဘုရားငါးဆူပဲပွင့်မည်။ ယခုကျန်နေသေးတဲ့ ဘုရားက အရိမေတ္တယျဘုရားပါဘုရား၊ ယခု အရိ မေတ္တယျ အလောင်းတော်နတ်သားက တုဿိတာ နတ်ပြည်မှာ သီတင်းသုံးနေကြောင်း သိရပါတယ် ဘုရား”
“ဒကာကြီး ဤကမ္ဘာမှာ ကမ္ဘာဖျက်ငလျင် ကြီးတွေ လှုပ်ခဲ့တယ်။ ကမ္ဘာဖျက် ငလျင်ကြီးတစ်ခုနဲ့ တစ်ခုကြားကာလကို တစ်ကမ္ဘာလို့ခေါ်တယ်။ ကမ္ဘာ ဖျက်ငလျင်ကြီးတွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈ သန်းက တစ်ကြိမ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ သန်းကတစ်ကြိမ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂ သန်းကတစ်ကြိမ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ သန်းကတစ်ကြိမ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်သန်းကတစ်ကြိမ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးသန်းက တစ်ကြိမ်၊ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသန်းက တစ်ကြိမ် လှုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈ သန်းနဲ့ ၁၅ သန်းကြားကမ္ဘာမှာ ဘုရားသုံးဆူ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ သန်းနဲ့ ၁၂ သန်းကြား ကမ္ဘာမှာ ဘုရားခုနစ်ဆူ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂ သန်းနဲ့ ၁၀ သန်းကြား ကမ္ဘာမှာ ဘုရားငါး ဆူ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ သန်းနဲ့ ခူနစ်သန်း ကြားကမ္ဘာမှာ ဘုရားခုနှစ် ဆူ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသန်းနဲ့ သုံးသန်းကြားကမ္ဘာမှာ ဘုရားငါးဆူ၊ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသန်းနောက်ယခု ကမ္ဘာမှာ ဘုရားလေးဆူ ပွင့်ထွန်းတော်မူခဲ့ပါတယ်။
ယနေ့ကမ္ဘာမှာ ဘုရားတစ်ဆူ ပွင့်ရန်ကျန်ရှိ ပါသေးတယ်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားတွေက ကမ္ဘာ ဖျက်ငလျင်ကြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂ သန်းနဲ့ ၁၀ သန်းကြား ကမ္ဘာမှ လွန်ခဲ့တဲ့ နှစ်သုံးသန်းထိ ကျန်ခဲ့တဲ့ ကမ္ဘာအထိ ကမ္ဘာငါးကမ္ဘာအတွင်း ပွင့် တော်မူခဲ့တဲ့ ဘုရားရှင်ကြီးများကို စုပေါင်းပြီး သတ် မှတ်ခြင်း ဖြစ်ပါတယ်။
ငါဘုရားရှင်ကြီးဘွဲ့တော်က ‘မာဃ’ ဘုရား ရှင်ကြီး ဖြစ်ပါတယ်။ နှစ်ကျိပ်ရှစ်ဆူဘုရားတွေထဲမှာ တော့ မပါပါဘူး။
“အရှင်မြတ်က ပရိနိဗ္ဗာန်မစံဝင်သေးဘူး လား ဘုရား”
“ငါကိုယ်တော်မြတ်နဲ့ နှစ်ကျိပ်ရှစ်ဆူ ဘုရားတွေအနက် ‘ရေဝတ’ဘုရားရှင်ကြီးနဲ့ ‘သုမန’ ဘုရား ရှင် ကြီးသုံးဆူက ပရိနိဗ္ဗာန်မစံဝင်သေးဘဲ သာသနာ တော် အရှည်တည်တံ့ခိုင်မြဲရေးအတွက် စောင့်ရှောက် ရန် ကျန်ရစ်ကြတာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘုရားဆုပန် တယ် ဆိုရာမှာ အခြေခံအားဖြင့် ဗုဒ္ဓဘာသာဝင်ချည်း သုံးဘဝဖြစ်ခဲ့ရမည်။ အဲဒီသုံးဘဝမှာ ကံကြီးမထိုက် သူလည်း ဖြစ်ရပါမည်။ ဘုရားဆုပန်ရာမှာလည်း သုံးဘဝတိတိ ဆက်တိုက် ဆုပန်ရပါမည်။ ဒါမှသာ ဘုရားဆုပန်တဲ့ဆု ပြည့်နိုင်ပါတယ်”
“ဘုရားရှင်ကြီးဘုရား … ဘုရားဆုပန်တဲ့ သူတစ်ယောက်ဟာ ဘုရားဖြစ်မည် ဗျာဒိတ်ရပြီးတဲ့ နောက် ဘဝသံသရာမှာ ပါရမီတွေဖြည့်ကျင့်နေပါ လိမ့်မည်။ ဘုရားလောင်းဘဝမှာ အကုသိုလ်ကံ ကြောင့် ငရဲကျတာမျိုးတွေ ရှိနိုင်ပါသေးသလား ဘုရား”
“ဗျာဒိတ်ရပြီးတဲ့နောက် ဘဝတိုင်းဘဝတိုင်း ဗုဒ္ဓ ဘာသာဝင်ချည်းဖြစ်ပါလိမ့်မည်။ ငရဲသို့ မကျ ရောက်တော့ပါဘူး။ ခြေလက်အင်္ဂါ မစုံလင်တဲ့ဘဝ လည်း မရတော့ပါဘူး”
အချို့သောရဟန်းရှင်လူများက ဘုရားရှိခိုးတဲ့ အခါ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကုန်သော ဘုရား ရှင်များကို ရည်မှန်းပြီး ရှိခိုးလေ့ရှိကြပါသည်။ ကျွန်တော် ယခင်ကဘုရားတွေ ပွင့်ခဲ့တာ ဂင်္ဂါမြစ် ထဲက သဲစုအမျှ ပွင့်ခဲ့တယ်ဆိုတာ သံသယဖြစ်မိပါ တယ်။ ကျွန်တော်တို့ ကမ္ဘာတစ်ခုတည်းပင် ပွင့် တော်မူပြီးသော ဘုရားရှင်ပေါင်း ၃၈ ဆူရှိနေပါပြီ။ အာကာသထဲမှာ မရေမတွက်နိုင်တဲ့ စကြဝဠာတွေ ကမ္ဘာတွေ ရှိနေပါတယ်။ ထိုကမ္ဘာများတွင် လူသား ရှိတဲ့ ကမ္ဘာများလည်း ရှိပါတယ်။ လူသားရှိတဲ့ ကမ္ဘာ တွေမှာလည်း ဗုဒ္ဓဘာသာဝင်များရှိပြီး ဗုဒ္ဓဘုရားရှင် ကြီးတွေဟာ အချို့သော ကမ္ဘာများတွင် ပွင့်တော်မူ လျက်ရှိပါတယ်။ ပွင့်တော်မူပြီးသော ဘုရားရှင်ကြီး တွေလည်း မရေမတွက်နိုင်အောင် ရှိပါလိမ့်မည်။ အဲဒါကြောင့် ဂင်္ဂါဝါဠု သဲစုမကပွင့်တော်မူကုန်သော ဘုရားရှင်ကြီးများရှိမည်ဆိုတာ ကျွန်တော်ယုံကြည် သွားပါပြီ။ တပည့်တော် ဂင်္ဂါဝါဠုသဲစုမက ပွင့်တော် မူပြီးသော ဗုဒ္ဓဘုရားရှင်ကြီးအပေါင်းအား ရှိခိုး ဦးခိုက်ကန်တော့ပါတယ်။ ဘုရားတပည့်တော်ရဲ့ မသိ နားမလည်မှုကြောင့် အပြစ်ရှိလျှင်လည်း ခွင့်လွှတ် တော်မူပါဘုရား။
သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ
ဆရာဝင်း(သာကီနွယ်)
(ဤဆောင်းပါးပါ အယူအဆများသည် စာရေးသူ၏အယူအဆများသာဖြစ်ပါသည်၊ အယ်ဒီတာအဖွဲ့၏အာဘော်မဟုတ်ပါကြောင်း၊
အယ်ဒီတာအဖွဲ့)

Comments

comments

Post Author: manawmaya