နတ္မႀကိဳက္၍ ေျမြေပြးကိုက္ေသာ္လည္း

“ေဟ့ေကာင္ ကုလားထေတာ့။ ဝါးေတာ တက္ရေအာင္ … မင္းကလည္းကြာ ပ်င္းလိုက္ တာက လြန္ေရာ”

အိပ္ခ်င္မူးတူးထရင္း ဆားအိုးကို လက္ျဖင့္ ႏိႈက္ယူ၍ သြားတိုက္မ်က္ႏွာသစ္ရန္ ကုလား တဲမီးဖို ေနာက္ ဝင္သြားသည္ကို အဲေမာင္ ျမင္၏။ ေတြ႕ရာ ပုဆိုးၾကမ္းကို မ်က္ႏွာသုတ္၍ ဖခင္ျဖစ္သူ အဲေမာင္ အိပ္ရာက ေစာေစာထၿပီး ေပါင္းထားေသာ ေကာက္ ညႇင္းေပါင္း ပူေႏြးေႏြးႏွင့္ ေခ်သားေျခာက္ကို အားပါး တရ စားလိုက္သည္။ သို႔ေသာ္ ေခါင္းထဲ မၾကည္။ ၿငီးစီစီ။ တစ္ၿခံေက်ာ္က မိေအးမာ မဂၤလာေဆာင္ အၿပီး ညပိုင္း မိေအးမာေယာက်ာ္း သတို႔သား ေက်ာ္ ေဆြ ျပဳစုဧည့္ခံေသာ ဂရင္းဝီစကီအရက္ေတာ္ေတာ္ မ်ားမ်ားေသာက္၍ ကုလား ေကာင္းေကာင္း မူးသြား သည္။ တစ္ရြာတစ္ေက်းမွ ေရာက္လာသူ ေက်ာ္ေဆြ ကို အားမငယ္ဖို႔ ကုလားနဲ႔ရြာခံ လူငယ္မ်ားအားေပးၾက သည္။ ခ်ီးေျမႇာက္ၾကသည္။ ေက်ာ္ေဆြသည္လည္း လက္လုပ္လက္စား မိမိတို႔လို ရြာသား၊ ႐ိုးသားျဖဴစင္ သူ၊ တစ္နည္းမိမိတို႔ ေခ်ာင္းဆံုရြာခံ အမာခံ ျဖစ္လာ မည့္သူ။

ေခ်ာင္းဆံုရြာက ကေလးဝၿမိဳ႕နယ္အဆံုး ေမာ္လိုက္ၿမိဳ႕နယ္အစ ခ်င္းတြင္းျမစ္နံေဘးရွိ ပလူ ဇဝရြာမွ အတြင္းသို႔ သံုးမိုင္ေလာက္ ဝင္လွ်င္ ေရာက္ သည္။ အိမ္ေျခ ၃၀ မွ်ရွိေသာ ရြာေလး၊ မုဆိုးလုပ္၊ ဝါးခုတ္၊ အခင္းလုပ္၍ ေန႔စဥ္ ဝမ္းစာေရးအတြက္ ရွာမွေဖြမွ စားရသူမ်ား ေနထိုင္ရာ ရြာေလး၊ လက္ လုပ္စားဘဝသမားမ်ား၏ ရြာ၊ တစ္ရြာလံုးနီးပါး မုဆိုး အလုပ္ကို လုပ္သည္။ ဒီလိုကဆုန္လသည္ ေခ်ာင္း ဆံုသားတို႔အတြက္ ေတာတက္ဝါးခုတ္ၾကရသည့္ အခ်ိန္။ လုပ္ႏိုင္သမွ် အက်ိဳးရွိသည္။ ခ်င္းတြင္းျမစ္ နေဘး၊ ပလူဇဝရြာတြင္ သစ္သမား၊ ဝါးသမား၊ ပြဲစား မ်ားေရာက္ရွိၿပီး သစ္ဝါးေကာက္ၾကသည္။ ေတာင္ ေပၚမွ တင္းဝါး၊ မွ်င္ဝါးမ်ားအား ကြ်ဲျဖင့္ဆြဲခ်၍ ပလူဇဝရြာ ခ်င္းတြင္းျမစ္ကမ္းေဘးထိ ပို႔ရသည္။ ထို႔ေၾကာင့္ ညေနပိုင္း တန္ဖိုးနည္းေသာ ေလးငါးရာ တန္အရက္ တစ္လံုးႏွစ္လံုးေတာ့ ဝယ္ေသာက္ႏိုင္ ၾကသည္။ ပင္ပန္းသမွ် အေညာင္းအညာ ေျဖသည္ ဟုဆိုသည္က အေၾကာင္းျပခ်က္၊ အမွန္လည္း ေနပူ ပူမွာ ပင္ပန္းၾကသည္ကိုး။ ဝါးခုတ္သမား၊ ကုလား တို႔ အရက္ဝိုင္းက စေလသည္။

“ကုလား မင္းနတ္ကို ယံုလား။ ငါကေတာ့ လူႀကီးေတြ တင္တာေျမႇာက္တာလုပ္တာေနၾကလို႔ပဲ။ မယံုဘူး”

“ငါက ပိုေတာင္ဆိုးေသး။ အေဖတို႔တင္ ေတာ့ ငါတို႔ စားရတာပဲေလ။ ဒါေၾကာင့္ မေဝဖန္ ဘူး”

“ငါေျပာတာ အေၾကာင္းရွိတယ္ ကုလား၊ ဇရွိရင္ လမိုင္းစင္မွာ အရက္ ႏွစ္လံုးနဲ႔ ၾကက္ေၾကာ္ ေတြ တင္ထားတယ္။ ဝါးပြဲစားက ဝါးအဝယ္ ေကာင္း ေအာင္ ဖေယာင္းတိုင္ေတြထြန္းၿပီး ရွယ္တင္ထားတာ ညေနထဲကကြ။ ေရစႀကိဳက ပြဲစား”

“မင္းက ဘာလုပ္ခ်င္တာလဲ။ သြားစြန္႔ခ်င္ ေနတာလား စိန္ေသာင္း”

“ဟုတ္တယ္ ထပ္ေသာက္ခ်င္တာေလ၊ မင္းေအာင္ မင္းပါလိုက္ခဲ့ကြာ”

လမိုင္းနတ္စင္သည္ ရြာဦးတြင္ရွိၿပီး အဲေမာင္ သားေကာင္ႀကီးရစဥ္က ေငြေလးပိုလွ်ံ၍ ရြာခံမုဆိုး မ်ားျဖင့္ စုေပါင္းတည္ေဆာက္ ကိုးကြယ္ထားေသာ သစ္သားနတ္စင္။ ဘိုးဘြားေတြ လက္ထက္ကတည္း က ေတာမတက္ခင္ ဒီနတ္စင္တြင္ ဆုေတာင္းၾက သည္။ သစၥာဆိုၾကသည္။ တစ္နည္း ေခ်ာင္းဆံုသား တို႔၏ သစၥာဆို၍ သားေကာင္ေတာင္းရာ ေျမလည္း ျဖစ္သည္။ ေတာင္းဆိုသည့္အတိုင္း သားေကာင္ရၾက ပါက မုဆိုးတို႔ ဝမ္းသာအားရ သားေကာင္၏ ႏႈတ္ ခမ္း၊ နားရြက္၊ အူစံုသည္းစံု၊ ခြာ စသည္တို႔အား စတိ သေဘာ အဖ်ားအနားလွီး၍ လမိုင္းနတ္ႀကီးကို ေတာအရက္တစ္လံုးျဖင့္ ဆက္သၿမဲျဖစ္သည္။

ကုလား၊ မင္းေအာင္၊ စိန္ေသာင္းတို႔ ေလ တျဖဴးျဖဴး ေျမသင္းျဖဴးခင္းထားသည့္ႏွယ္ ေခ်ာင္း  ကမ္းစပ္သဲေသာင္ျပင္၌ အရက္ဝိုင္းဖြဲ႕၍ အရွိန္ရေန ၾကသည္။ မိဘမ်ားသည္လည္း သူငယ္ခ်င္းအရင္း ႏွင့္ ေဆြမ်ိဳးမကင္းသူမ်ားသာ။ သူတို႔သံုးေယာက္ နံနက္လင္းသည္ႏွင့္ အလုပ္ႏွင့္ လက္ျပတ္သည္မရွိ ေသာ လူငယ္မ်ား၊ အလြန္ဆံုးရွိမွ သူတို႔အသက္ ၂၄၊ ၂၅ အရြယ္။ စာေပမသိ၍ ပညာအသိက နည္း လွ၏။

လက္ႏွိပ္ဓာတ္မီး သံုးေတာင့္ထိုးကို ဝင့္၍ ရြာဦး လမိုင္းနတ္စင္သို႔ ကုလား ဦးေဆာင္ခ်ီတက္ ၾကသည္။ စိန္ေသာင္းက အားတက္သေရာ ရွိေသာ္ လည္း နတ္ကို အယံုအၾကည္ရွိသူ မင္းေအာင္က စိတ္ပါလွသည္ မဟုတ္လွ။ လမိုင္းနတ္ကို ေခ်ာင္းဆံု သား မုဆိုးအလုပ္ျဖင့္ အသက္ေမြးသူလူႀကီးမ်ား ယံုၾကည္ၾကသည္။ သို႔ေသာ္ ေတာအေတြ႕အႀကံဳနည္း ေသာ ကလားတို႔လို လူငယ္မ်ား မယံုၾကည္ၾက။

“မထူးဘူး စိန္ေသာင္း။ ဒီမွာပဲ ေသာက္ၾက စို႔၊ အဘိုးႀကီးေတြျမင္ရင္ အဆူခံရဦးမယ္။ ၾကက္သား ေၾကာ္ေတြ ပုရြက္ဆိတ္ေတာင္ တက္ေနၿပီ။ ငါ ၾကက္သားေတြ ယူမယ္။ မင္းပုလင္းႏွစ္လံုးယူလိုက္”

“ေအး ပြဲစားႀကီး ဝါးမ်ားမ်ား ဝယ္ရပါေစ။ လမိုင္းနတ္ႀကီး ကူညီလိုက္ပါဦး ဟားဟား”

“အမွန္ေတာ့ ပြဲစားေတြလိုတဲ့ ဝါးက ငါတို႔ ေပးရတာကြ။ ငါတို႔ကို တင္ေျမႇာက္ပသရမွာ ကုလား ရ …”

“ဘာထူးမလဲ။ အခုလည္း ငါတို႔ကို တင္ ေျမႇာက္ပသတာပဲ မဟုတ္လား”

ေျပာခ်င္ရာေျပာ၊ အရက္အသံဩႀကီးမ်ား ျဖင့္ နတ္စင္နံေဘး အရက္ဝိုင္း ည ၁၁ နာရီမွ ၿပီး ခဲ့၏။ အဲေမာင္ႏွင့္ ကုလားသည္ သားအဖ၊ ကုလား၏ မိခင္ အဲေမာင္၏ဇနီး မယ္လွႀကီး ဆံုးပါးသည္မွာ တစ္ႏွစ္မွ်ရွိေလၿပီ။ ထို႔ေၾကာင့္ အဲေမာင္ႏွင့္ ကုလား က အေဖတစ္ခု သားတစ္ခု ဘဝ။ ဒီေတာ၊ ဒီၿမိဳင္ ေအာက္ရွိ ေခ်ာင္းဆံုရြာ၌ လူဘဝအတြက္ အၿပီး သတ္ေနမည္ဟု အဓိ႒ာန္ျပဳထားသူမ်ား။ မည္သို႔ ဆိုေစ အဲေမာင္ ကုလားကို သနားသည္။ ေမြးဖြားၿပီး လူဘဝကို ဝင္လာကတည္းက ဆင္းဆင္း ရဲရဲ၊ ႏြမ္းႏြမ္းပါးပါး အရြယ္ေရာက္ျပန္ေတာ့ ဖခင္ႏွင့္ အတူ မရွိအတူ ရွိအတူ ဝမ္းေရးအတြက္ ႐ုန္းကန္ရရွာ ေသာ လူငယ္။

“သား အရက္မ်ားတယ္ထင္တယ္။ ေျခတုန္၊ လက္တုန္နဲ႔။ ညဥ့္ကလည္း ညဥ့္နက္တယ္”

“ဟုတ္တယ္အေဖ …ဟိုႏွစ္ေကာင္နဲ႔ ဆံုမိလို႔ပါဗ်ာ”

ေတာင္ေပၚဝါးေတာက ႏွစ္နာရီျပင္းျပင္း  အတက္အဆင္း၊ သားဖႏွစ္ေယာက္ ဝါးတစ္ရာရ လွ်င္ တစ္လံုး ငါးဆယ္က်ပ္ႏႈန္း တစ္ေန႔ငါးေထာင္ရ မည္။ ကြ်ဲဆြဲခ တစ္ေထာင့္ငါးရာႏုတ္က ဝါးခုတ္ခ သံုးေထာင့္ငါးရာက်ပ္ ၿမိဳးၿမိဳးျမက္ျမက္ ပင္ပန္းက်ိဳး နပ္သည္ မဟုတ္ပါလား။

“ကိုအဲေမာင္ ဗ်ိဳ႕ကိုအဲေမာင္ …ဒီဘက္ျခမ္း ျမန္ျမန္လာ ကုလား ပိုးထိလို႔ဗ်”

ကိုအဲေမာင္နားထဲ သံရည္ပူေလာင္းသည့္ ႏွယ္၊ မၾကားခ်င္ေသာစကားသံ။ မျဖစ္ေစလိုေသာ ကိစၥ။ စဥ္းစားသည္ ငါဘာလုပ္ရမည္နည္း။ ေခြ်းသံ ရႊဲရႊဲျဖင့္ ဝါးေတာထဲ အတင္းထြက္၍ အသံလာရာ ကုလား ပိုးထိရာဆီသို႔ ေျပးသည္။

“ေျမြေပြးဗ်။ ဘယ့္ႏွယ္ၾကမလဲ။ ေျမြေတာ့ ရလိုက္တယ္”

ဖုန္ေတာထဲ လဲက်ေနေသာ သားျဖစ္သူ ကုလား၏ ေျခေထာက္တြင္ အဆိပ္မပ်ံ႕ရန္ ပုဆိုး စုတ္ကိုၿဖဲ၍ စည္းရင္း ကိုခင္ေမာင္ႀကီး ေျပာေန သည္။

“ေရမတိုက္နဲ႔ဗ်ာ။ မစိန္ေဆး႐ံုေရာက္ေအာင္ ပို႔မယ္”

ကိုအဲေမာင္ ေတြေဝေနဖို႔ အခ်ိန္မရ၊ အျမန္ စဥ္းစားရမည္။ ထမ္းစင္ျဖင့္ သယ္ရင္းပင္ လမ္းမွာ ေျြမဆိပ္တက္ၿပီး ကုလား ဆံုးပါးႏိုင္သည္။ ေျြမေပြး အေၾကာင္း အဲေမာင္ ေကာင္းေကာင္းသိသည္။ အဆိပ္ျပင္းတတ္၍ ႏွာေခါင္း၊ သြားဖံုး၊ အဂၤါစပ္က ေသြးထြက္ ေသတတ္သည္။ ထို႔ေၾကာင့္ ေျြမဆိပ္ကို ေခတၲဟန္႔တား ထိန္းခ်ဳပ္ထားႏိုင္မွ ျဖစ္ေပမည္။ စဥ္းစားမိသည္က ကေလးဝၿမိဳ႕၌ အဘိုးကေလးဝ ဆရာေတာ္ႀကီးရွိစဥ္ ဆရာေတာ္ႀကီး ေျြမေပြးကိုက္ ခံရသူကို ကုသေပးရန္ ေျပာေသာေဆးနည္းကို ငယ္စဥ္ကာလ အဲေမာင္ကို ရင္ဝတ္ေနစဥ္ ခ်က္ခ်င္း သတိရျပန္ၾကားမိသည္။ ထိုအပင္သည္က မ႐ိုးပင္။  အဆိပ္ကို ေျပေစေသာ အစြမ္းသတၲိရွိသည္။

ခ်က္ခ်င္း စုေဝးေရာက္လာၾကေသာ ဝါးခုတ္ ေဖာ္မ်ားအား မ႐ိုးရြက္ရွာရန္ ခ်က္ခ်င္း လူခြဲလႊတ္ လိုက္သည္။ မ႐ိုးပင္ဆိုလွ်င္ ေတာသူေတာင္သားအား လံုးနီးနီးသိသည္။ ေတာသူေတာင္သားမ်ား၏ က်န္းမာေရးသာမက ကြ်ဲ၊ ႏြားမ်ား အတြက္အားထား ရေသာေဆးပင္။ ေဒသေပၚလိုက္၍ အမ်ိဳးမ်ိဳးအဖံုဖံု ေခၚၾကသည္။ မု႐ိုးပင္၊ ႏုျဖဴပင္၊ ႏြားျဖဴႀကီးပင္၊ ကြ်ဲေပါက္ပင္၊ ႏို႔ခဲပင္ စသည္တို႔ျဖစ္သည္။

“စိန္ေသာင္း ဝါးဆစ္ဘူးေလး တစ္ခုျမန္ျမန္ ခုတ္၊ င႐ုတ္ဆံုလို ျဖစ္ေအာင္ကြာ။ ေထာင္းဖို႔ က်ည္ေပြ႕ပါ လုပ္။ ျမန္ျမန္လုပ္ပါကြာ”

ရရွိေသာ မ႐ိုးပင္၏ အရြက္မ်ားႏွင့္ ႐ိုးတံ အေစးမ်ားကို ညက္ေအာင္ေထာင္း၍ အေစးနွင့္ အရြက္ေပါင္းစပ္ေနေသာ သတၲဳရည္ကို ကုလား ပါးစပ္အတြင္း ညႇစ္ခ်ေပးလိုက္ၿပီး ပုခက္ထမ္းစင္ျပင္ ၍ မစိန္ေဆး႐ံုပို႔ရန္ ဝါးေတာမွထြက္ခြာၾကေတာ့ သည္။

“ျမန္ျမန္သုတ္သုတ္ေလး ထမ္းၾကပါကြ၊ သားလူေလး ကုလား …သတိရလား သား ဘာမွ မျဖစ္ပါဘူး။ ေဆး႐ံုေရာက္ရင္ ေကာင္းသြားမွာ”

ကဆုန္ေႏြက ပူျပင္းလွ၏။ သို႔ေသာ္ အပူ ရွိန္ျပင္း ေနရွိန္တင္း၍ ေခြ်းစီးမ်ား တဒီးဒီးက်ေန သည္ကို ဂ႐ုမစိုက္ႏိုင္။ ပိုးထိလူနာ ပလူဇဝရြာသို႔ အျမန္ေရာက္ေရး စိုးရိမ္စိတ္အေတြးျဖင့္ အားသြန္ ခြန္စိုက္ ထမ္းပိုးၾကရင္း ေျခလွမ္းတို႔က ခပ္သြက္ သြက္။ ဤအျဖစ္မ်ိဳးျဖင့္ ဘဝတူ လူငယ္တစ္ဦး မဆံုးပါးေစလို။

ကုလား သတိမလစ္ပါ။ ေခါင္းညိတ္ျပသည္။ သက္သာသည္ဆိုေသာ သေဘာ။ ဝါးခုတ္သူ အမ်ား စုက ဘဝတူလူတန္းစားမ်ား ျဖစ္သည္။ ကုလားပိုးထိ သြားၿပီဆိုေသာ အသိေၾကာင့္ အကုန္လံုး မ်က္စိ မ်က္ႏွာ မေကာင္းၾက။ သူတို႔သိထားသည္ ေျမြေပြး ဆိပ္သည္ျပင္း၏ မ်ားေသာအားျဖင့္ ေဆးမမီ၊ ေသရ သည္သာ၊ တစ္လမ္းလံုး နာရီဝက္ျခားတစ္ခါ မ႐ိုး ရြက္နဲ႔ အေစး ေရာေထာင္းထားေသာ သတၲဳရည္ကို ပါးစပ္တြင္းေရာက္ေအာင္ ထည့္ေပးသည္။ အဲေမာင္ စိတ္ထဲဆိုင္ရာ ပုဂၢိဳလ္မ်ား၊ ေတာပိုင္ေတာင္ပိုင္တို႔ အား ကိုးျပစ္ရွိ ေက်ပါ။ ဆယ္ျပစ္ရွိလည္း ေျပေစ ေၾကာင္း ႏႈတ္မွတတြက္တြက္ တဖြဖြေျပာလိုက္။ မ႐ိုး ရြက္ေဆးရည္ ပါးစပ္အတြင္း ညႇစ္ထည့္ေပးလိုက္ျဖင့္ ေခ်ာင္းဆံုရြာေရာက္လာသည္။ ထိုမွတစ္ဆင့္ ပလူ ဇဝရြာသို႔ …ပလူဇဝေရာက္က စက္ေလွျဖင့္ မစိန္ ေဆး႐ံု။

“မင္းေအာင္ …မင္း ပလူဇဝကို ေရွ႕က ျမန္ျမန္ သြားၿပီး စက္ေလွအသင့္ငွားထား”

သို႔ျဖင့္ ပလူဇဝမွ မစိန္တိုက္နယ္ေဆး႐ံုသို႔ သတိလစ္ျခင္းမရွိဘဲ။ ကုလားတစ္ေယာက္ ေဆး႐ံု ေရာက္၍ ေျမြဆိပ္ေျပေဆး ထိုးႏိုင္ခဲ့ေလသည္။ ဆရာဝန္က –

“ပိုးထိလူနာ ေသြးလည္း မယိုစီးဘူး။ သတိ လည္းရတယ္ဆိုေတာ့ အံ့ဩစရာပါလား”

ကုလား အသက္ခ်မ္းသာခြင့္ရေလသည္။ သို႔ေသာ္ ေတာသူေတာင္သားတို႔ အစြဲသည္ကား စိန္ေသာင္း၊ မင္းေအာင္ႏွင့္အတူ ကုလားတို႔ လမိုင္း နတ္စင္မွ ၾကက္သားေၾကာ္ႏွင့္ အရက္ပုလင္းမ်ား စြန္႔ယူေၾကာင္း နတ္စင္အနီး အရက္ေသာက္၍ ၾကမ္း ၾကမ္းတမ္းတမ္း စကားမ်ား ေျပာဆိုၾကေၾကာင္း၊ စကားအမွားျပဳလုပ္၍ ဆိုင္ရာပိုင္ရာက ဒဏ္ခတ္တာ ျဖစ္ေၾကာင္း၊ ကုလားက ကံနိမ့္၍ခံရေၾကာင္း စေသာ သတင္းစကားတို႔သည္ကား ေခ်ာင္းဆံုရြာမက ပလူဇဝရြာအထိပင္ ေလသင့္တိုင္း ပ်ံ႕ႏွံ႔သြားေလ  သည္။

မည္သို႔ဆိုေစ အဲေမာင္တစ္ေယာက္ သား ျဖစ္သူ ကုလားကိုေခၚ၍ လမိုင္းနတ္စင္ေရွ႕သြားကာ အရက္ႏွင့္အတူ ၾကက္ဖို၊ ၾကက္မ တင္ေျမႇာက္ ေတာင္းပန္အၿပီး ေဆးစြမ္းထက္ေသာ မ႐ိုးပင္၏ အစြမ္းေၾကာင့္သာ ေျမြေပြး၏ အဆိပ္ကို ေခတၲ ဟန္႔တား ထိန္းခ်ဳပ္ႏိုင္ျခင္း ျဖစ္သည္ဟု ယံုၾကည္မိ ျခင္းႏွင့္အတူ ေဆးနည္းေျပာျပခဲ့ဖူးေသာ ေက်းဇူး ေတာ္ရွင္ နာဂလိုဏ္ဂူ အဘိုးကေလးဝ ဆရာေတာ္ ႀကီးကို အႀကိမ္ႀကိမ္ အလီလီ စိတ္မေနာတြင္ ကန္ေတာ့ေနမိပါေတာ့သည္။

ေက်းဇူးေတာ္ရွင္ မဟာေဗာဓိၿမိဳင္ဆရာေတာ္ ႀကီးအား အာ႐ံုျဖင့္ ဦးခိုက္လ်က္ …

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

 

Unicode Version

“ဟေ့ကောင် ကုလားထတော့။ ဝါးတော တက်ရအောင် … မင်းကလည်းကွာ ပျင်းလိုက် တာက လွန်ရော”
အိပ်ချင်မူးတူးထရင်း ဆားအိုးကို လက်ဖြင့် နှိုက်ယူ၍ သွားတိုက်မျက်နှာသစ်ရန် ကုလား တဲမီးဖို နောက် ဝင်သွားသည်ကို အဲမောင် မြင်၏။ တွေ့ရာ ပုဆိုးကြမ်းကို မျက်နှာသုတ်၍ ဖခင်ဖြစ်သူ အဲမောင် အိပ်ရာက စောစောထပြီး ပေါင်းထားသော ကောက် ညှင်းပေါင်း ပူနွေးနွေးနှင့် ချေသားခြောက်ကို အားပါး တရ စားလိုက်သည်။ သို့သော် ခေါင်းထဲ မကြည်။ ငြီးစီစီ။ တစ်ခြံကျော်က မိအေးမာ မင်္ဂလာဆောင် အပြီး ညပိုင်း မိအေးမာယောကျာ်း သတို့သား ကျော် ဆွေ ပြုစုဧည့်ခံသော ဂရင်းဝီစကီအရက်တော်တော် များများသောက်၍ ကုလား ကောင်းကောင်း မူးသွား သည်။ တစ်ရွာတစ်ကျေးမှ ရောက်လာသူ ကျော်ဆွေ ကို အားမငယ်ဖို့ ကုလားနဲ့ရွာခံ လူငယ်များအားပေးကြ သည်။ ချီးမြှောက်ကြသည်။ ကျော်ဆွေသည်လည်း လက်လုပ်လက်စား မိမိတို့လို ရွာသား၊ ရိုးသားဖြူစင် သူ၊ တစ်နည်းမိမိတို့ ချောင်းဆုံရွာခံ အမာခံ ဖြစ်လာ မည့်သူ။

ချောင်းဆုံရွာက ကလေးဝမြို့နယ်အဆုံး မော်လိုက်မြို့နယ်အစ ချင်းတွင်းမြစ်နံဘေးရှိ ပလူ ဇဝရွာမှ အတွင်းသို့ သုံးမိုင်လောက် ဝင်လျှင် ရောက် သည်။ အိမ်ခြေ ၃၀ မျှရှိသော ရွာလေး၊ မုဆိုးလုပ်၊ ဝါးခုတ်၊ အခင်းလုပ်၍ နေ့စဉ် ဝမ်းစာရေးအတွက် ရှာမှဖွေမှ စားရသူများ နေထိုင်ရာ ရွာလေး၊ လက် လုပ်စားဘဝသမားများ၏ ရွာ၊ တစ်ရွာလုံးနီးပါး မုဆိုး အလုပ်ကို လုပ်သည်။ ဒီလိုကဆုန်လသည် ချောင်း ဆုံသားတို့အတွက် တောတက်ဝါးခုတ်ကြရသည့် အချိန်။ လုပ်နိုင်သမျှ အကျိုးရှိသည်။ ချင်းတွင်းမြစ် နဘေး၊ ပလူဇဝရွာတွင် သစ်သမား၊ ဝါးသမား၊ ပွဲစား များရောက်ရှိပြီး သစ်ဝါးကောက်ကြသည်။ တောင် ပေါ်မှ တင်းဝါး၊ မျှင်ဝါးများအား ကျွဲဖြင့်ဆွဲချ၍ ပလူဇဝရွာ ချင်းတွင်းမြစ်ကမ်းဘေးထိ ပို့ရသည်။ ထို့ကြောင့် ညနေပိုင်း တန်ဖိုးနည်းသော လေးငါးရာ တန်အရက် တစ်လုံးနှစ်လုံးတော့ ဝယ်သောက်နိုင် ကြသည်။ ပင်ပန်းသမျှ အညောင်းအညာ ဖြေသည် ဟုဆိုသည်က အကြောင်းပြချက်၊ အမှန်လည်း နေပူ ပူမှာ ပင်ပန်းကြသည်ကိုး။ ဝါးခုတ်သမား၊ ကုလား တို့ အရက်ဝိုင်းက စလေသည်။

“ကုလား မင်းနတ်ကို ယုံလား။ ငါကတော့ လူကြီးတွေ တင်တာမြှောက်တာလုပ်တာနေကြလို့ပဲ။ မယုံဘူး”

“ငါက ပိုတောင်ဆိုးသေး။ အဖေတို့တင် တော့ ငါတို့ စားရတာပဲလေ။ ဒါကြောင့် မဝေဖန် ဘူး”

“ငါပြောတာ အကြောင်းရှိတယ် ကုလား၊ ဇရှိရင် လမိုင်းစင်မှာ အရက် နှစ်လုံးနဲ့ ကြက်ကြော် တွေ တင်ထားတယ်။ ဝါးပွဲစားက ဝါးအဝယ် ကောင်း အောင် ဖယောင်းတိုင်တွေထွန်းပြီး ရှယ်တင်ထားတာ ညနေထဲကကွ။ ရေစကြိုက ပွဲစား”

“မင်းက ဘာလုပ်ချင်တာလဲ။ သွားစွန့်ချင် နေတာလား စိန်သောင်း”

“ဟုတ်တယ် ထပ်သောက်ချင်တာလေ၊ မင်းအောင် မင်းပါလိုက်ခဲ့ကွာ”

လမိုင်းနတ်စင်သည် ရွာဦးတွင်ရှိပြီး အဲမောင် သားကောင်ကြီးရစဉ်က ငွေလေးပိုလျှံ၍ ရွာခံမုဆိုး များဖြင့် စုပေါင်းတည်ဆောက် ကိုးကွယ်ထားသော သစ်သားနတ်စင်။ ဘိုးဘွားတွေ လက်ထက်ကတည်း က တောမတက်ခင် ဒီနတ်စင်တွင် ဆုတောင်းကြ သည်။ သစ္စာဆိုကြသည်။ တစ်နည်း ချောင်းဆုံသား တို့၏ သစ္စာဆို၍ သားကောင်တောင်းရာ မြေလည်း ဖြစ်သည်။ တောင်းဆိုသည့်အတိုင်း သားကောင်ရကြ ပါက မုဆိုးတို့ ဝမ်းသာအားရ သားကောင်၏ နှုတ် ခမ်း၊ နားရွက်၊ အူစုံသည်းစုံ၊ ခွာ စသည်တို့အား စတိ သဘော အဖျားအနားလှီး၍ လမိုင်းနတ်ကြီးကို တောအရက်တစ်လုံးဖြင့် ဆက်သမြဲဖြစ်သည်။

ကုလား၊ မင်းအောင်၊ စိန်သောင်းတို့ လေ တဖြူးဖြူး မြေသင်းဖြူးခင်းထားသည့်နှယ် ချောင်း  ကမ်းစပ်သဲသောင်ပြင်၌ အရက်ဝိုင်းဖွဲ့၍ အရှိန်ရနေ ကြသည်။ မိဘများသည်လည်း သူငယ်ချင်းအရင်း နှင့် ဆွေမျိုးမကင်းသူများသာ။ သူတို့သုံးယောက် နံနက်လင်းသည်နှင့် အလုပ်နှင့် လက်ပြတ်သည်မရှိ သော လူငယ်များ၊ အလွန်ဆုံးရှိမှ သူတို့အသက် ၂၄၊ ၂၅ အရွယ်။ စာပေမသိ၍ ပညာအသိက နည်း လှ၏။

လက်နှိပ်ဓာတ်မီး သုံးတောင့်ထိုးကို ဝင့်၍ ရွာဦး လမိုင်းနတ်စင်သို့ ကုလား ဦးဆောင်ချီတက် ကြသည်။ စိန်သောင်းက အားတက်သရော ရှိသော် လည်း နတ်ကို အယုံအကြည်ရှိသူ မင်းအောင်က စိတ်ပါလှသည် မဟုတ်လှ။ လမိုင်းနတ်ကို ချောင်းဆုံ သား မုဆိုးအလုပ်ဖြင့် အသက်မွေးသူလူကြီးများ ယုံကြည်ကြသည်။ သို့သော် တောအတွေ့အကြုံနည်း သော ကလားတို့လို လူငယ်များ မယုံကြည်ကြ။

“မထူးဘူး စိန်သောင်း။ ဒီမှာပဲ သောက်ကြ စို့၊ အဘိုးကြီးတွေမြင်ရင် အဆူခံရဦးမယ်။ ကြက်သား ကြော်တွေ ပုရွက်ဆိတ်တောင် တက်နေပြီ။ ငါ ကြက်သားတွေ ယူမယ်။ မင်းပုလင်းနှစ်လုံးယူလိုက်”

“အေး ပွဲစားကြီး ဝါးများများ ဝယ်ရပါစေ။ လမိုင်းနတ်ကြီး ကူညီလိုက်ပါဦး ဟားဟား”

“အမှန်တော့ ပွဲစားတွေလိုတဲ့ ဝါးက ငါတို့ ပေးရတာကွ။ ငါတို့ကို တင်မြှောက်ပသရမှာ ကုလား ရ …”

“ဘာထူးမလဲ။ အခုလည်း ငါတို့ကို တင် မြှောက်ပသတာပဲ မဟုတ်လား”

ပြောချင်ရာပြော၊ အရက်အသံဩကြီးများ ဖြင့် နတ်စင်နံဘေး အရက်ဝိုင်း ည ၁၁ နာရီမှ ပြီး ခဲ့၏။ အဲမောင်နှင့် ကုလားသည် သားအဖ၊ ကုလား၏ မိခင် အဲမောင်၏ဇနီး မယ်လှကြီး ဆုံးပါးသည်မှာ တစ်နှစ်မျှရှိလေပြီ။ ထို့ကြောင့် အဲမောင်နှင့် ကုလား က အဖေတစ်ခု သားတစ်ခု ဘဝ။ ဒီတော၊ ဒီမြိုင် အောက်ရှိ ချောင်းဆုံရွာ၌ လူဘဝအတွက် အပြီး သတ်နေမည်ဟု အဓိဋ္ဌာန်ပြုထားသူများ။ မည်သို့ ဆိုစေ အဲမောင် ကုလားကို သနားသည်။ မွေးဖွားပြီး လူဘဝကို ဝင်လာကတည်းက ဆင်းဆင်း ရဲရဲ၊ နွမ်းနွမ်းပါးပါး အရွယ်ရောက်ပြန်တော့ ဖခင်နှင့် အတူ မရှိအတူ ရှိအတူ ဝမ်းရေးအတွက် ရုန်းကန်ရရှာ သော လူငယ်။

“သား အရက်များတယ်ထင်တယ်။ ခြေတုန်၊ လက်တုန်နဲ့။ ညဉ့်ကလည်း ညဉ့်နက်တယ်”

“ဟုတ်တယ်အဖေ …ဟိုနှစ်ကောင်နဲ့ ဆုံမိလို့ပါဗျာ”

တောင်ပေါ်ဝါးတောက နှစ်နာရီပြင်းပြင်း  အတက်အဆင်း၊ သားဖနှစ်ယောက် ဝါးတစ်ရာရ လျှင် တစ်လုံး ငါးဆယ်ကျပ်နှုန်း တစ်နေ့ငါးထောင်ရ မည်။ ကျွဲဆွဲခ တစ်ထောင့်ငါးရာနုတ်က ဝါးခုတ်ခ သုံးထောင့်ငါးရာကျပ် မြိုးမြိုးမြက်မြက် ပင်ပန်းကျိုး နပ်သည် မဟုတ်ပါလား။

“ကိုအဲမောင် ဗျို့ကိုအဲမောင် …ဒီဘက်ခြမ်း မြန်မြန်လာ ကုလား ပိုးထိလို့ဗျ”

ကိုအဲမောင်နားထဲ သံရည်ပူလောင်းသည့် နှယ်၊ မကြားချင်သောစကားသံ။ မဖြစ်စေလိုသော ကိစ္စ။ စဉ်းစားသည် ငါဘာလုပ်ရမည်နည်း။ ချွေးသံ ရွှဲရွှဲဖြင့် ဝါးတောထဲ အတင်းထွက်၍ အသံလာရာ ကုလား ပိုးထိရာဆီသို့ ပြေးသည်။

“မြွေပွေးဗျ။ ဘယ့်နှယ်ကြမလဲ။ မြွေတော့ ရလိုက်တယ်”

ဖုန်တောထဲ လဲကျနေသော သားဖြစ်သူ ကုလား၏ ခြေထောက်တွင် အဆိပ်မပျံ့ရန် ပုဆိုး စုတ်ကိုဖြဲ၍ စည်းရင်း ကိုခင်မောင်ကြီး ပြောနေ သည်။

“ရေမတိုက်နဲ့ဗျာ။ မစိန်ဆေးရုံရောက်အောင် ပို့မယ်”

ကိုအဲမောင် တွေဝေနေဖို့ အချိန်မရ၊ အမြန် စဉ်းစားရမည်။ ထမ်းစင်ဖြင့် သယ်ရင်းပင် လမ်းမှာ ြွေမဆိပ်တက်ပြီး ကုလား ဆုံးပါးနိုင်သည်။ ြွေမပွေး အကြောင်း အဲမောင် ကောင်းကောင်းသိသည်။ အဆိပ်ပြင်းတတ်၍ နှာခေါင်း၊ သွားဖုံး၊ အင်္ဂါစပ်က သွေးထွက် သေတတ်သည်။ ထို့ကြောင့် ြွေမဆိပ်ကို ခေတ္တဟန့်တား ထိန်းချုပ်ထားနိုင်မှ ဖြစ်ပေမည်။ စဉ်းစားမိသည်က ကလေးဝမြို့၌ အဘိုးကလေးဝ ဆရာတော်ကြီးရှိစဉ် ဆရာတော်ကြီး ြွေမပွေးကိုက် ခံရသူကို ကုသပေးရန် ပြောသောဆေးနည်းကို ငယ်စဉ်ကာလ အဲမောင်ကို ရင်ဝတ်နေစဉ် ချက်ချင်း သတိရပြန်ကြားမိသည်။ ထိုအပင်သည်က မရိုးပင်။  အဆိပ်ကို ပြေစေသော အစွမ်းသတ္တိရှိသည်။

ချက်ချင်း စုဝေးရောက်လာကြသော ဝါးခုတ် ဖော်များအား မရိုးရွက်ရှာရန် ချက်ချင်း လူခွဲလွှတ် လိုက်သည်။ မရိုးပင်ဆိုလျှင် တောသူတောင်သားအား လုံးနီးနီးသိသည်။ တောသူတောင်သားများ၏ ကျန်းမာရေးသာမက ကျွဲ၊ နွားများ အတွက်အားထား ရသောဆေးပင်။ ဒေသပေါ်လိုက်၍ အမျိုးမျိုးအဖုံဖုံ ခေါ်ကြသည်။ မုရိုးပင်၊ နုဖြူပင်၊ နွားဖြူကြီးပင်၊ ကျွဲပေါက်ပင်၊ နို့ခဲပင် စသည်တို့ဖြစ်သည်။

“စိန်သောင်း ဝါးဆစ်ဘူးလေး တစ်ခုမြန်မြန် ခုတ်၊ ငရုတ်ဆုံလို ဖြစ်အောင်ကွာ။ ထောင်းဖို့ ကျည်ပွေ့ပါ လုပ်။ မြန်မြန်လုပ်ပါကွာ”

ရရှိသော မရိုးပင်၏ အရွက်များနှင့် ရိုးတံ အစေးများကို ညက်အောင်ထောင်း၍ အစေးနှင့် အရွက်ပေါင်းစပ်နေသော သတ္တုရည်ကို ကုလား ပါးစပ်အတွင်း ညှစ်ချပေးလိုက်ပြီး ပုခက်ထမ်းစင်ပြင် ၍ မစိန်ဆေးရုံပို့ရန် ဝါးတောမှထွက်ခွာကြတော့ သည်။

“မြန်မြန်သုတ်သုတ်လေး ထမ်းကြပါကွ၊ သားလူလေး ကုလား …သတိရလား သား ဘာမှ မဖြစ်ပါဘူး။ ဆေးရုံရောက်ရင် ကောင်းသွားမှာ”

ကဆုန်နွေက ပူပြင်းလှ၏။ သို့သော် အပူ ရှိန်ပြင်း နေရှိန်တင်း၍ ချွေးစီးများ တဒီးဒီးကျနေ သည်ကို ဂရုမစိုက်နိုင်။ ပိုးထိလူနာ ပလူဇဝရွာသို့ အမြန်ရောက်ရေး စိုးရိမ်စိတ်အတွေးဖြင့် အားသွန် ခွန်စိုက် ထမ်းပိုးကြရင်း ခြေလှမ်းတို့က ခပ်သွက် သွက်။ ဤအဖြစ်မျိုးဖြင့် ဘဝတူ လူငယ်တစ်ဦး မဆုံးပါးစေလို။

ကုလား သတိမလစ်ပါ။ ခေါင်းညိတ်ပြသည်။ သက်သာသည်ဆိုသော သဘော။ ဝါးခုတ်သူ အများ စုက ဘဝတူလူတန်းစားများ ဖြစ်သည်။ ကုလားပိုးထိ သွားပြီဆိုသော အသိကြောင့် အကုန်လုံး မျက်စိ မျက်နှာ မကောင်းကြ။ သူတို့သိထားသည် မြွေပွေး ဆိပ်သည်ပြင်း၏ များသောအားဖြင့် ဆေးမမီ၊ သေရ သည်သာ၊ တစ်လမ်းလုံး နာရီဝက်ခြားတစ်ခါ မရိုး ရွက်နဲ့ အစေး ရောထောင်းထားသော သတ္တုရည်ကို ပါးစပ်တွင်းရောက်အောင် ထည့်ပေးသည်။ အဲမောင် စိတ်ထဲဆိုင်ရာ ပုဂ္ဂိုလ်များ၊ တောပိုင်တောင်ပိုင်တို့ အား ကိုးပြစ်ရှိ ကျေပါ။ ဆယ်ပြစ်ရှိလည်း ပြေစေ ကြောင်း နှုတ်မှတတွက်တွက် တဖွဖွပြောလိုက်။ မရိုး ရွက်ဆေးရည် ပါးစပ်အတွင်း ညှစ်ထည့်ပေးလိုက်ဖြင့် ချောင်းဆုံရွာရောက်လာသည်။ ထိုမှတစ်ဆင့် ပလူ ဇဝရွာသို့ …ပလူဇဝရောက်က စက်လှေဖြင့် မစိန် ဆေးရုံ။

“မင်းအောင် …မင်း ပလူဇဝကို ရှေ့က မြန်မြန် သွားပြီး စက်လှေအသင့်ငှားထား”

သို့ဖြင့် ပလူဇဝမှ မစိန်တိုက်နယ်ဆေးရုံသို့ သတိလစ်ခြင်းမရှိဘဲ။ ကုလားတစ်ယောက် ဆေးရုံ ရောက်၍ မြွေဆိပ်ပြေဆေး ထိုးနိုင်ခဲ့လေသည်။ ဆရာဝန်က –

“ပိုးထိလူနာ သွေးလည်း မယိုစီးဘူး။ သတိ လည်းရတယ်ဆိုတော့ အံ့ဩစရာပါလား”

ကုလား အသက်ချမ်းသာခွင့်ရလေသည်။ သို့သော် တောသူတောင်သားတို့ အစွဲသည်ကား စိန်သောင်း၊ မင်းအောင်နှင့်အတူ ကုလားတို့ လမိုင်း နတ်စင်မှ ကြက်သားကြော်နှင့် အရက်ပုလင်းများ စွန့်ယူကြောင်း နတ်စင်အနီး အရက်သောက်၍ ကြမ်း ကြမ်းတမ်းတမ်း စကားများ ပြောဆိုကြကြောင်း၊ စကားအမှားပြုလုပ်၍ ဆိုင်ရာပိုင်ရာက ဒဏ်ခတ်တာ ဖြစ်ကြောင်း၊ ကုလားက ကံနိမ့်၍ခံရကြောင်း စသော သတင်းစကားတို့သည်ကား ချောင်းဆုံရွာမက ပလူဇဝရွာအထိပင် လေသင့်တိုင်း ပျံ့နှံ့သွားလေ  သည်။

မည်သို့ဆိုစေ အဲမောင်တစ်ယောက် သား ဖြစ်သူ ကုလားကိုခေါ်၍ လမိုင်းနတ်စင်ရှေ့သွားကာ အရက်နှင့်အတူ ကြက်ဖို၊ ကြက်မ တင်မြှောက် တောင်းပန်အပြီး ဆေးစွမ်းထက်သော မရိုးပင်၏ အစွမ်းကြောင့်သာ မြွေပွေး၏ အဆိပ်ကို ခေတ္တ ဟန့်တား ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်ဟု ယုံကြည်မိ ခြင်းနှင့်အတူ ဆေးနည်းပြောပြခဲ့ဖူးသော ကျေးဇူး တော်ရှင် နာဂလိုဏ်ဂူ အဘိုးကလေးဝ ဆရာတော် ကြီးကို အကြိမ်ကြိမ် အလီလီ စိတ်မနောတွင် ကန်တော့နေမိပါတော့သည်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ကြီးအား အာရုံဖြင့် ဦးခိုက်လျက် …

ရဲမျိုးသူ(ဗောဓိမြိုင်)

Comments

comments

Post Author: manawmaya