ရေငန်ပိုင်ဦးရှင်ကြီးနှင့် တောင်စောင့်နတ်ကြီး -ဆရာဝင်း (သာကီနွယ်)-

 

၂၀ဝ၈ ခုနှစ် မေလ ဧရာဝတီတိုင်းနှင့် ရန် ကုန်တိုင်းမှာ နာဂစ်မုန်တိုင်းကြီး ကျရောက်ခဲ့ပါရာ နာဂစ်မုန်တိုင်းကြီးကြောင့် လူတွေ သိန်းနဲ့ချီသေပြီး မြို့တွေ ရွာတွေ များစွာ ပျက်စီးခဲ့ရပါတယ်။ တချို့ ရွာတွေဆိုလျှင် ရွာလုံးကျွတ် ပင်လယ်ထဲပါသွားခဲ့ပါ တယ်။ မိသားစုအားလုံး သေဆုံးတာတွေလည်း ရှိပါ တယ်။ မုန်တိုင်းကြီးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ လည်း အများကြီးကျန်ခဲ့ပါတယ်။ အထက်ပိုင်း ရွှေဘို ကန့်ဘလူမြို့နယ်က ဆံပင်ဝယ်တဲ့ အမျိုးသမီးတချို့ လည်း လပွတ္တာမြို့နယ်ထဲ ဆံပင်သွားဝယ်ရင်း မုန် တိုင်းကြီးအတွင်းမှာ သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀ဝ အတွင်း  ဒီ မုန်တိုင်းကြီးဟာ အကြီးမားဆုံးသော သဘာဝဘေး အန္တရာယ်ကြီးဖြစ်ပါတယ်။ မုန်တိုင်းကြီးအတွင်း သစ် ပင်ပေါင်းများစွာ ပြိုလဲခဲ့တဲ့အတွက် ရုက္ခစိုးနတ်တွေ နေစရာမရှိတော့လို့ သက်ဆိုင်ရာနတ်မင်းကြီးများက ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်က တောတောင်တွေ ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါတယ်။

မုန်တိုင်းကြီးအတွင်းမှာ ရုတ်တရက်သေဆုံး သွားကြတဲ့လူတွေဟာ တစ္ဆေဘဝသို့ သောင်းနဲ့သိန်း နဲ့ ရောက်သွားကြပါတယ်။ ရွှေပေါ်ကျွန်းဆရာတော် ကြီးရဲ့ တပည့် ဦးခင်မောင်ဆွေလည်း နာဂစ်မုန်တိုင်း ကြီးပြီးတဲ့အခါ အကျွတ်အလွတ်ပွဲတွေ ကျင်းပပေးခဲ့ ရကြောင်း သိရပါတယ်။ နာဂစ်မုန်တိုင်းကြီးအပြီး သုံးလခန့်ကြာတဲ့အခါ ကျွန်တော့်ဆီကို အဝတ်ဖြူ ခပ်နွမ်းနွမ်းနဲ့ ဝိဇ္ဇာတစ်ပါးြွကလာပါတယ်။ အဲဒီဝိဇ္ဇာ က ကျွဲတစ်ကောင်ပေါ် ပက်လက်အိပ် ပလွေမှုတ် ပြီး ကျွန်တော့်အခန်းထဲ ဝင်လာတာပါ။ အဲဒီဝိဇ္ဇာက ကျွန်တော့်ကို ဖျာပုံမြို့အပြင်ဘက် ရွှေတိဂုံပုံတူ စေတီ မှာ ကန်တော့ပွဲနှစ်ပွဲကပ်လှူပြီး မကျွတ်မလွတ်သေး တဲ့ တစ္ဆေတွေကို အမျှဝေပေးဖို့ အဲဒီဘုရားရင်ပြင် တော်မှာ သူက တစ္ဆေနှစ်သောင်းလောက် စုထား မည် ပြောပါတယ်။ ရက်တော့ မမှတ်မိတော့ပါဘူး။ ဒါနဲ့ ကျွန်တော်လည်း သူပြောတဲ့ရက်ကို လာခဲ့ပါ မည် ပြောလိုက်ပါတယ်။ အဲဒီရက်ရောက်တော့ ကျွန် တော့်မိတ်ဆွေ ဗိုလ်ကြီးဟောင်းတစ်ယောက်နဲ့ သွား ကြပါတယ်။ ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့ကနေ မနက် ၈ နာရီလောက်မှာ ဗင်ကားလေးစီးပြီး သွား ကြပါတယ်။ ကျွန်တော်တို့စီးတဲ့ ကားအမိုးပေါ်မှာ ကျွန်တော်ကိုလာပြီးဖိတ်တဲ့ ဝိဇ္ဇာက ပက်လက်အိပ် ပြီး ပုလွေမှုတ်လိုက်လာတာ တွေ့ရပါတယ်။ ဒါနဲ့ “ဒီဝိဇ္ဇာကတော့ ငပျင်းပဲ …၊ သူများကားပေါ်မှာ ရေသာခို အိပ်လိုက်လာတယ် …” လို့ ကျွန်တော့် စိတ်ထဲက ပြောမိတော့ ဝိဇ္ဇာက “အောင်မယ် … မင်းတို့ကို လာကြိုတာ …” ပြောပြီး ကားအမိုးပေါ် က လျှင်မြန်တဲ့အဟုန်နဲ့ ပြေးထွက်သွားပါတယ်။

ကျွန်တော်တို့ ဖျာပုံကို မနက် ၁၀ နာရီကျော် လောက် ရောက်ပါတယ်။ ကျွန်တော်တို့ ကားဂိတ်  ဈေးလေးမှာပဲ ကန်တော့ပွဲနှစ်ပွဲဝယ်ပြီး ဆိုင်ကယ် ကယ်ရီနဲ့ ဖျာပုံမြို့ပြင်ဘက် ရွှေတိဂုံပုံတူစေတီဆီ သွားကြပါတယ်။ အဲဒီအချိန်က ရေဘေးဒုက္ခသည် ၃၀ဝ လောက် ဘုရားရင်ပြင်မှာ တွေ့ရပါတယ်။ ကိုယ့်အစု နဲ့ကိုယ် စကားပြောသူကပြော၊ ကလေးတွေကတော့ ဆော့ကစားနေကြတာ တွေ့ရပါတယ်။ သူတို့ရဲ့ မျက် နှာတွေက ဒုက္ခသည်နဲ့မတူပါဘူး။ စိတ်ဆင်းရဲအပူ သောက ခံစားနေကြရတဲ့ပုံ မတွေ့ရပါဘူး။ လောက ဓံကို ဒေါင်ကျကျ ပြားကျကျ ခံနိုင်ပုံရပါတယ်။ ကျွန် တော်တို့ ဘုရားမှာ ကန်တော့ပွဲပြင်ဆင်ပြီး ပတ်ဝန်း ကျင်ကြည့်လိုက်တော့ တစ္ဆေတွေ ငါးသောင်း လောက်ရှိမည်ထင်ပါတယ်။ ဝိဇ္ဇာကြီးက တစ်ပတ်ခန့် ကြိုပြီးချိန်းထားတော့ ရေဘေးနဲ့ ကွယ်လွန်ပြီး တစ္ဆေ ဖြစ်နေတဲ့သူတွေ ရောက်နေကြပါပြီ။ ဘုန်းကြီးတစ္ဆေ နှစ်ပါးလည်း တွေ့ရပါတယ်။ တစ္ဆေတွေ ဘုရားရင် ပြင်အပြည့်လောက်ရှိပါတယ်။ ကျွန်တော်တို့ ဘုရား မှာ ငါးပါးသီလခံယူ ကန်တော့ပွဲကပ်လှူပြီး ရောက်ရှိ နေတဲ့ တစ္ဆေအားလုံးကို အမျှဝေလိုက်တော့ တစ္ဆေ အားလုံး ကျွတ်သွားကြပါတယ်။ ကျွန်တော့်ကို ဗေဒင် ကူဟောပေးတဲ့ နတ်ကြီးကို မေးကြည့်တော့ လူ့ဘဝ ရောက်သွားတဲ့သူ၊ နတ်ဖြစ်သွားတဲ့သူ၊ ငရဲကျသွားတဲ့ လူတွေ ရှိကြောင်း ပြောပါတယ်။

အဲဒီနှစ်မှာပဲ ကျွန်တော်နဲ့ ကျွန် တော့်မိတ်ဆွေ ဗိုလ်ကြီးအငြိမ်း စားတစ်ဦး ဧရာဝတီတိုင်း က မော်တင် စွန်းဘုရားပွဲ သွားရောက်ဖို့ အကြောင်းပေါ် လာပြန်ပါ တယ်။ မော်တင်စွန်းဘုရားပွဲက တပေါင်းလပြည့်နေ့ မှာ ကျင်းပပါတယ်။ ဒါနဲ့ ကျွန်တော့်မိတ်ဆွေဗိုလ် ကြီးကားနဲ့ ပုသိမ်ကို ထွက်ခဲ့ကြပါတယ်။ နေ့လယ် သုံးနာရီလောက်မှာ ကံကြီးထောင့်ရောက်တော့ ကား နားရင်း လက်ဖက်ရည်သောက်ကြပါတယ်။ ကျွန် တော်တို့ လက်ဖက်ရည်သောက်နေစဉ်မှာ နီညို ရောင်ဝတ် နတ်တစ်ပါး ကျွန်တော်တို့နဲ့ မလှမ်း မကမ်းမှာ ရပ်နေတာတွေ့ရပါတယ်။ ဘာကိစ္စများ ရှိပါသလဲမေးတော့ ရေငန်ပိုင်ဦးရှင်ကြီးနတ်ကြီးက သူနဲ့ တစ္ဆေ ၇၀ လောက် ပုသိမ်မြို့အဝင်က စောင့် နေပါမည်။ အဲဒါ အမျှဝေပေးဖို့ ပြောပါတယ်။ ကျွန် တော်က ကောင်းပါပြီ အမျှဝေပေးပါမည်၊ စောင့်သာ နေပါလို့ ပြောလိုက်ပါတယ်။

ကျွန်တော်က အညာကဆိုတော့ ဦးရှင်ကြီး နတ်ဆိုတာ ရေငန်ပိုင် ပင်လယ်နဲ့ပတ်သက်တဲ့ နတ် လို့ပဲ သိပါတယ်။ ကျွန်တော်နေတာက ဧရာဝတီတိုင်း ဇာတိ ဗိုလ်မှူးကြီးအငြိမ်းစားတစ်ယောက်ရဲ့ အိမ်နဲ့ နီးပါတယ်။ သူတို့မိသားစုက ဦးရှင်ကြီးနတ်ကို တစ် နှစ်တစ်ကြိမ် တင်ပါတယ်။ မနက် ၅ နာရီဝန်းကျင် လောက်မှာ အဘိုး …အဘိုး …အဘိုး လို့ ခေါ်တဲ့ အသံက အတော်ကျယ်ပါတယ်။ အသံကလည်း အောင်ပါတယ်။ ဘာကြောင့် ဒီလောက်အကျယ်ကြီး အော်ရသလဲလို့ မေးကြည့်တော့ ဦးရှင်ကြီးနတ်က နားလေးတဲ့အတွက် အသံကျယ်ကျယ်အော်မှ ကြားရ လို့ ယခုလို အော်ခေါ်လာတဲ့အကြောင်း သိရပါတယ်။ ဦးရှင်ကြီးနတ်ရဲ့ မူရင်းဒေသက ဧရာဝတီတိုင်း မိန်းမ လှကျွန်းမှာနေကြောင်း သိရပါတယ်။

ကျွန်တော်တို့က ပုသိမ်ဘက် ဆက်မောင်း လာတော့ ပုသိမ်မြို့အဝင် လေတပ်အနီးမှာ ဦးရှင် ကြီးနတ်လို့ ယူဆရတဲ့ အဘိုးကြီးတစ်ယောက်နဲ့ တစ္ဆေတွေ ၈၀ လောက် စုပြီးရပ်စောင့်နေတာ ကျွန် တော်မြင်လိုက်တော့ ကားကို ခေတ္တရပ်ပါတယ်။ ကျွန်တော် ကားပေါ်ဆင်းပြီး အမျှဝေပါတယ်။ အဲဒီ အခါမှာ တစ္ဆေအားလုံး ကျွတ်သွားကြပါတယ်။ ကျွန် တော်က ဦးရှင်ကြီးနတ်ကို “ကျွန်တော် ဦးရှင်ကြီးနတ် ကြီး အကူအညီတောင်းတာကို ဆောင်ရွက်ပြီးပါပြီ။ ကျွန်တော့်ကို ဘာများ ကူညီဆောင်ရွက်ပေးနိုင်ပါသ လဲ” မေးတော့ “စီးပွားရေး၊ ကျန်းမာရေး၊ အကူအညီ မပေးနိုင်ပါဘူး။ ရေကြောင်းခရီးမှာတော့ ဥပဒ် အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးနိုင်ပါတယ်”လို့ ပြောပါတယ်။ ကျွန်တော်က “ဒီလိုဆို ကောင်းပါပြီ။ ကျွန်တော်တို့ မနက်ဖြန် ပင်လယ်ခရီးကို မော်တော် တို့ သင်္ဘောတို့နဲ့ မသွားဖူးပါဘူး။ အဲဒီခရီးစဉ်မှာ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးပါ”လို့ ပြောလိုက်ပါတယ်။ ဦးရှင်ကြီးကလည်း “ကောင်းပါ ပြီ။ စောင့်ရှောက်ပေးမယ်”လို့ ပြောပါတယ်။

ကျွန်တော်တို့ အဲဒီညမှာ ပုသိမ်ဟိုတယ်မှာ  တည်းပါတယ်။ နောက်တစ်ရက် မနက် ၉ နာရီ လောက်မှာ သင်္ဘောဆိပ်ဆင်းပြီး ကျွန်တော်တို့စီး ရမည့် မော်တော်ကြီးပေါ် တက်ပါတယ်။ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ အတူတူစီးရပါတယ်။ တိုင်းအကြီးအကဲတွေက မော်တင်စွန်းဘုရားပွဲ ကျင်း ပဖို့ သွားကြမည့်သူတွေပါ။ သူတို့ရဲ့ မိသားစုတွေ လည်း ပါပါတယ်။ မော်တော်ကြီးကလည်း လူ ၁၀ဝ လောက် စီးနိုင်ပါတယ်။ တော်တော်ကောင်းတဲ့ မော် တော်ကြီးပါ။ ထိုင်ခုံတွေက တစ်ယောက်ထိုင်ဆိုဖာ ခုံတွေနဲ့ပါ။ ခရီးဝေးစီးရတာ အဆင်ပြေပါတယ်။

မော်တော်က မနက် ၉ နာရီခွဲလောက် ခရီး စထွက်ပါတယ်။ တစ်နာရီကျော်လောက်ကြာတော့ ပင်လယ်ထဲရောက်ပြီ မှတ်ပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့မော်တော်ကြီးက ကမ်းနဲ့သိပ်မဝေးတဲ့ နေရာ က မောင်းနေပါတယ်။ ကျွန်တော်လည်း မရောက်ဖူး တဲ့ဒေသဆိုတော့ ပတ်ဝန်းကျင်ရှုခင်းတွေကို ကြည့် လာပါတယ်။ ရုတ်တရက် မော်တော်ကြီးက စက်ရပ် သွားပါတယ်။ မော်တော်လုပ်သားတွေလည်း လှုပ် ရှားနေကြပါတယ်။ မော်တော်ကြီးက အသစ်နီးပါး ကောင်းနေတဲ့ မော်တော်ကြီးဆိုတော့ ကျွန်တော့်စိတ် ထဲ မပူပါဘူး။ ဒါပေမဲ့ တစ်နာရီကျော်ကျော်လောက် အထိ မော်တော်ကြီးက ပြန်ကောင်းမလာတော့ ပရ လောကက တစ်စုံတစ်ရာ နှောင့်ယှက်တာများလား လို့ ထင်တာနဲ့ ကျွန်တော့်ဗေဒင်ကူဟောပေးတဲ့ နတ် ကြီးကို မေးကြည့်တော့ အစိမ်းရောင် တောင်စောင့် နတ်ကြီးတစ်ပါး နှောင့်ယှက်မှုကြောင့် မော်တော် မသွားနိုင်တဲ့အကြောင်း သိရပါတယ်။ ဒါနဲ့ ကျွန် တော် အစိမ်းရောင်တောင်စောင့်နတ်ကြီးခေါ်ပြီး ဘာ ကြောင့် နှောင့်ယှက်ရတာလဲ မေးကြည့်တော့ တစ်ခု သောဘဝက သူနဲ့ရန်သူဖြစ်ခဲ့တဲ့ လူကြီးကတော်တစ် ယောက် ပါလာလို့ သူ့ကိုနှောင့်ယှက်ချင်လို့ ယခုလို မော်တော် မသွားနိုင်အောင် ပြုလုပ်တဲ့အကြောင်း ပြောပါတယ်။

ကျွန်တော်က မော်တင်စွန်းဘုရား သွား ရောက်ကြမည့် ခရီးသည်တွေဖြစ်ကြောင်း၊ မနှောင့် ယှက်ဖို့ မေတ္တာရပ်ခံတော့ သူက မနှောင့်ယှက်တော့ ပါဘူး ပြောပါတယ်။ ဒါနဲ့ကျွန်တော်ကို ရေလမ်းခရီး မှာ ဥပဒ်အန္တရာယ်ကင်းအောင် စောင့်ရှောက်ပါမည် ပြောတဲ့ ဦးရှင်ကြီးနတ်ကို အာရုံယူကြည့်တော့ မော် တော်ရဲ့ ထောင့်တစ်နေရာမှာ ကုတ်ကုတ်ကလေး ထိုင်နေတာ တွေ့ရပါတယ်။ ကျွန်တော်က “ရေကြောင်းခရီးအန္တရာယ်ကင်းအောင် စောင့်ရှောက်ပါ မည်ပြောပြီး ယခု ဘာလို့ မစောင့်ရှောက်နိုင်တာလဲ” မေးကြည့်တော့ “ကျွန်ုပ် တောင့်စောင့်နတ်ကြီး ကို မနိုင်ပါဘူး”လို့ ပြောပါတယ်။ ကျွန်တော်က တောင် စောင့်နတ်က တန်ခိုးပိုကြီးသကိုးလို့ သိလိုက်ရ ပါတယ်။ ၁၀ မိနစ်ခန့်ကြာတော့ ခရီးပြန်ထွက်နိုင် ပါတယ်။ မော်တော်ပျက်တဲ့ကိစ္စ စုံစမ်းကြည့်တော့ မော်တော်ရဲ့ ပန်ကာကို နွယ်တွေနဲ့ပတ်နေလို့ ရေ အောက်ဆင်းငုပ်ပြီး နွယ်တွေဖယ်ရှားပြီးမှ ခရီးဆက် နိုင်တဲ့အကြောင်း သိရပါတယ်။

ကျွန်တော်တို့ ညနေ ၆ နာရီလောက်မှာ ဟိုင်းကြီးကျွန်း ရောက်ပါတယ်။ ဟိုင်းကြီးကျွန်းမှာ မော်တော်ကပ်တော့ မြန်မာနိုင်ငံရဲ့ အနောက်တောင် အစွန်ဆုံး ကျွန်းကြီးပေါ် ရောက်ဖူးတယ်ရှိအောင် ၁၀ မိနစ်ခန့် တက်ရောက်ခဲ့ပါတယ်။ နာဂစ်မုန် တိုင်းကြီးရဲ့ဒဏ်ရာဒဏ်ချက်ပျက်စီးနေတဲ့ အဆောက် အအုံတချို့လည်း တွေ့ရပါတယ်။ နာဂစ်မုန်တိုင်းကြီး ဝင်စဉ်က ဟိုင်းကြီးကျွန်းကို အရင်ဝင်တိုက်ပါတယ်။ အဲဒီလို တိုက်လို့ လူတွေသေ ရေတွေလွှမ်း ဖြစ်နေပြီ ဆိုတဲ့အကြောင်း ည ၇ နာရီလောက်မှာ ဝိဇ္ဇာကြီး တစ်ပါး ပျာပျာသလဲ ကျွန်တော့်ဆီလာပြီး သတင်းပို့ ပါတယ်။ အဲဒီအချိန်မှာ မြန်မာ့ရုပ်မြင်သံကြားက လေမုန်တိုင်းက မြန်မာနိုင်ငံနဲ့ လွဲသွားပြီ၊ ဦးတည် ချက် ပြောင်းသွားပြီလို့ ကြေညာတော့ ကျွန်တော် လည်း ဘာကိုယုံရမလဲ ဖြစ်နေပါတယ်။ ည ၁၀ နာရီလောက်ကြတော့ ကျွန်တော်တို့ ရန်ကုန်ကိုပါ အပြင်းအထန် ဝင်တိုက်တော့တာပါပဲ။

ဟိုင်းကြီးကျွန်းမှာ မြန်မာ့ရေတပ်အခြေစိုက် ပြီး ရေတပ်သင်္ဘောတွေလည်း ပတ်ဝန်းကျင်မှာ တွေ့ ရပါတယ်။ တစ်ချိန်က ဒီကျွန်းကြီးပေါ်မှာ အလောင်း မင်းတရားကြီးရဲ့ မြန်မာတပ်တွေက ကျူးကျော်တပ် စွဲထားတဲ့ အင်္ဂလိပ်တပ်တွေကို တိုက်ခိုက်နှိမ်နင်း အောင်ပွဲခံခဲ့တာကိုလည်း မြင်ယောင်နေပါတယ်။ ကျွန်တော်တို့ ည ၈ နာရီလောက်မှာ မော်တင်စွန်း ဘုရားကို ကားတစ်တန်စီးပြီး ရောက်ကြပါတယ်။

မော်တင်စွန်းဘုရားက ဉာဏ်တော် သိပ်မမြင့် ပါဘူး။ ကျွန်တော့်အထင် ပေ ၄၀ ဝန်းကျင်လောက် ရှိမည်ထင်ပါတယ်။ ကုန်းတော်မှာ တည်ထားတာပါ။ ဘုရားရင်ပြင်တော်ကလည်း သိပ်ပြီးမကျယ်ပါဘူး။ ဒါပေမဲ့ ဂေါတမမြတ်စွာဘုရား ဆံတော်ကိန်းဝပ်တော် မူတဲ့ စေတီဆိုတော့ တန်ခိုးကြီးပါတယ်။ ဘုရားပွဲ ကျင်းပမည့် ကွင်းပြင်ကြီးနဲ့ ဈေးဆိုင်တန်းတွေ ကြည့် ခြင်းအားဖြင့် ဘုရားပွဲဟာ တော်တော်စည်ကားမည် ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ မော်တင်စွန်းဘုရားကို လူတစ်ရစ်၊ နတ်တစ်ရစ်၊ နဂါးတစ်ရစ်တည်တယ်လို့ သိရပါတယ်။ ဘုရားပွဲကိုလည်း လူတွေ ကျင်းပတဲ့ ရက်၊ နတ်တွေ ကျင်းပတဲ့ရက်၊ နဂါးတွေ ကျင်းပ တဲ့ရက်ဆိုပြီး ရှိပါတယ်။ သုံးရက်ဆက်တိုက် ကျင်းပ တယ်လို့ သိရပါတယ်။

ကျွန်တော် ည ၉ နာရီကျော်လောက် ဘုရား မှာ ပုတီးစိပ် မေတ္တာပို့ အမျှဝေပြီး ဧည့်ရိပ်သာရှေ့ အနားယူထိုင်နေစဉ် နဂါးတွေ ဘုရားဆီလာကြတာ မြင်ရပါတယ်။ နဂါးကောင်ရေ ၈၀ လောက်ရှိမည် ထင်ပါတယ်။ ဘုရားဖူးလာကြတယ်လို့ ထင်ပါတယ်။ တချို့နဂါးတွေက ကျွန်တော့်ကို မြင်တော့ လာ ရောက်တိုက်ခိုက်ပါတယ်။ တချို့နဂါးတွေကလည်း ကျွန်တော့်ကို ကာကွယ်တဲ့အနေနဲ့ အဲဒီနဂါးတွေကို ပြန်တိုက်ခိုက်ကြပါတယ်။ ခဏနေတော့ သိကြားမင်း ကြီး ရောက်လာပြီး တားမြစ်တော့မှ နဂါးတွေ ငြိမ် သွားကြပါတယ်။ ကျွန်တော့်ကို လာရောက်တိုက်ခိုက် တဲ့ နဂါးတွေရဲ့ နဂါးမင်းကြီးကို ကျွန်တော် သတ် ပစ်ခဲ့ရဖူးပါတယ်။ အကြောင်းက တစ်ရက်သော နေ့လယ်ခင်းမှာ ကျွန်တော် ရုံးမှာထိုင်နေစဉ် နဂါး ကြီးတစ်ကောင် ရုံးက ကော်ရစ်ဒါတစ်လျှောက် ကျွန် တော့်ဆီ ဦးတည်လာနေတာ တွေ့ရပါတယ်။ အရှည် ပေ ၅၀ လောက်ရှိမည်ထင်ပါတယ်။ လုံးပတ်လည်း တော်တော်ကြီးပါတယ်။ ကျွန်တော့်အနီးရောက်တော့ ဘာကိစ္စ ကြွလာပါသလဲမေးတော့ ကျွန်တော့်ကို တိုက်ခိုက်မည် ပြောပါတယ်။ ကျွန်တော်လည်း အံ့ အားသင့်သွားပါတယ်။ ယခင်က ကျွန်တော့်ကို မိစ္ဆာ နတ်တွေ လာရောက်တိုက်ခိုက်မည်ဆိုလျှင် နဂါးတွေ က ကျွန်တော့်ကို ကာကွယ်တိုက်ခိုက်ပေးပါတယ်။ ကျွန်တော့်ကို ဘာကြောင့်တိုက်ခိုက်ချင်ပါသလဲ မေး တော့ မင်းနဲ့ အင်အားချင်းပြိုင်ချင်လို့ဆိုပြီး ပြောပါ တယ်။ ကျွန်တော့်ကို သူက တိုက်ခိုက်မည်ဆိုပြီး ရှေ့တိုးလာတော့ သူ့လည်ပင်းကိုဖမ်းပြီး သတ်ပစ် လိုက်ပါတယ်။ နဂါးကြီးရဲ့ ခန္ဓာကိုယ်ကြီးက ခဏနေ တော့ ပျောက်ကွယ်သွားပါတယ်။

နောက်တစ်ရက်မှာလည်း အလားတူ နဂါး ကြီးတစ်ကောင်လာပြီး ကျွန်တော်ကို ရုံးမှာပဲ လာ တိုက်ပြန်ပါတယ်။ ကျွန်တော်လည်း လည်ပင်းဖမ်းပြီး သတ်ပစ်လိုက်ပါတယ်။ ရုံးအောက်လှမ်းကြည့်လိုက် တော့ နဂါးမနှစ်ကောင်နဲ့ နဂါးသုံးကောင်က စောင့် နေကြပြီး မတိုက်ချင်ပါနဲ့ တားရဲ့သားနဲ့ဆိုပြီး အပြစ် တင်နေကြတာ တွေ့ရပါတယ်။ သူတို့ကတော့ နဂါး အလောင်းကို ဝိုင်းဆွဲသွားတာ တွေ့ရပါတယ်။

ယခု ကျွန်တော့်ကို လာတိုက်ခိုက်တဲ့နဂါး တွေက သေဆုံးသွားတဲ့ နဂါးကြီးနှစ်ကောင်ရဲ့ တပည့်တွေနဲ့ တူပါတယ်။ ကျွန်တော့်လည်း တစ်ချိန် က နဂါးပြည်မှာ အကြီးအကဲဖြစ်ခဲ့ဖူးတော့ ကျွန်တော့် ရဲ့ တပည့်နဂါးတွေက ကျွန်တော့်ကို ကာကွယ်ပေး ကြပုံ ရပါတယ်။

နောက်တစ်ရက် မနက် ၈ နာရီလောက်မှာ မော်တင်တွင်း မော်တင်စွန်းဘုရားကနေ ပင်လယ် ဆိပ်ကမ်းသစ် ဖွင့်လှစ်မည့်နေရာ သွားကြည့်ပြီး ပုသိမ်ပြန်ခဲ့ကြပါတယ်။

 

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ

ဆရာဝင်း(သာကီနွယ်)

 

Comments

comments

Post Author: manawmaya