စိတ္ဆုိးေျပေအာင္ ယၾတာေဆာင္

(Zawgyi)

“ကြ်န္ေတာ့္ကို ဘယ္သူကေတာ့ စိတ္ဆိုးေနတယ္”

“ကြ်န္မကို ဘယ္ဝါကေတာ့ စကားေတာင္ ျပန္မေျပာေလာက္ေအာင္ စိတ္အရမ္းဆိုးေနတယ္”

“ကိုယ့္အရာရွိက ကိုယ့္ကို စိတ္အရမ္းဆိုး ေနတယ္။ အေရးယူခံရမလား မသိဘူး”

လူဆိုသည္မွာ အသက္တစ္ရာ ေနခ်င္မွ ေနရမည္ မွန္ေသာ္ျငား ကိစၥမ်ားေျမာင္ ေလာကီ ေဘာင္အတြင္းမွာေတာ့ျဖင့္ တစ္ဦးႏွင့္တစ္ဦး ကေတာက္ကဆ ျဖစ္တာမ်ိဳးေတြ၊ မေခၚခ်င္၊ မေျပာ ခ်င္ေလာက္ေအာင္ စိတ္ဆိုးမာန္ဆိုးျဖစ္တာမ်ိဳးေတြ ႀကံဳရလိမ့္မည္ထင္ပါသည္။ ႀကံဳလည္း ႀကံဳဖူးၾကပါ လိမ့္မည္။ စိတ္ဆိုးျခင္းဆိုသည္မွာ ႏွစ္ဦးႏွစ္ဖက္ အတြက္ ေကာင္းေသာ လကၡဏာ မဟုတ္ပါ။ စိတ္ ဆိုးသူအေနျဖင့္ အလိုမက်မႈမ်ား ျြပမ္းတီးေန သည့္အတြက္ ေဒါသကို ျမစ္ဖ်ားခံကာ ပူေလာင္ ေနပါလိမ့္မည္။ စိတ္ဆိုးရာ၌လည္း အတိုင္းအဆမဲ့ၿပီ ဆိုလွ်င္ သတိတရား၊ ဆင္ျခင္တံုတရားတို႔ ငွက္ အေတာင္ကြ်တ္သည့္အလား အလြတ္ႀကီးလြတ္ကာ မျဖစ္သင့္မျဖစ္ထိုက္တာေတြ ျဖစ္ပြားရတတ္ပါ တယ္။ သည္လိုမ်ိဳး သာဓကေတြ ဆိုသည္မွာ အမ်ား ႀကီးပင္။

စိတ္ဆိုးခံရသူမွာလည္း ရင္တထိတ္ထိတ္ႏွင့္ အေနႀကံံဳ႕ရပါေတာ့သည္။ အနာဂတ္ေရးအတြက္ လည္း စိတ္မသက္မသာ ျဖစ္ရပါသည္။ ေသာကပူ ပန္ပြားရတတ္ပါသည္။ တစ္ဖက္သားမွ ေထာက္ခ်င့္ စာနာမႈမရွိဘဲ အျပစ္ဒဏ္ေပးသည္ကိုလည္း ခံခ်င္ ခံရႏိုင္သည္ျဖစ္ရာ ကဲ စိတ္ဆိုးျခင္း စိတ္ဆိုးခံရ ျခင္းတို႔မွာ ဘယ္မွာလာ၍ ေကာင္းႏိုင္ပါမည္နည္း။

တေလာေလးဆီတုန္းက ကြ်ႏု္ပ္ထံသို႔ တပည့္ ကေလး ေမာင္တင္ေထြး ေရာက္လာ၏။ ကိစၥက သူ႕အလုပ္ရွင္ျဖစ္သူက သူ႕အား စိတ္ဆိုးေနသည့္ ကိစၥ။

“ကြ်န္ေတာ္ကလည္း ကြ်န္ေတာ္ပါပဲ ဆရာ ရယ္၊ အလုပ္ရွင္ကို အက်ိဳးအေၾကာင္းလည္း မေျပာ၊ ခြင့္ေတြဘာေတြလည္း မတိုင္နဲ႔၊ အေပါင္းအသင္းမင္ ၿပီး ေတာင္ႀကီးဘက္ လိုက္သြားတာ ငါးရက္တိတိ ေတာင္ၾကာသြားတာကိုး ဆရာရဲ႕”

“ေအး မင္းအလြန္ကိုေတာ့ မင္းသိသားပဲ”

“အဲဒါဆရာရယ္၊ ဒီကေန႔ အလုပ္ခြင္ထဲ ျပန္ ေရာက္သြားရင္ မဆင္းနဲ႔ေတာ့ဆိုၿပီး ေမာင္းထုတ္ တာေတာင္ ခံရမလား မသိပါဘူး”

“ေမာင္းထုတ္ခံရကာမွ ခံရေရာ၊ ကိုယ္က မွားတဲ့လူ၊ အျပစ္ရွိတဲ့လူဆိုေတာ့ ေအာက္က်ခံၿပီး သြားရမွာပဲ။ အက်ိဳးအေၾကာင္းရွင္းျပၿပီး ေတာင္းပန္ ရမွာပဲ။ ေလာကမွာ သစ္ပင္ပိရင္သာ ေသရတာပါ။  လူပိလို႔ ေသစရာမရွိပါဘူး။ ေမာင္တင္ေထြးရာ”

“ဟုတ္ကဲ့ အဲဒီလိုသြားတဲ့အခါ ခုသာခံသာ ရွိေအာင္ ေလာကီယၾတာေလး ဘာေလး လုပ္ေပးပါ ဆရာရယ္၊ အားကိုးပါတယ္”

ျဖစ္လာေတာ့လည္း ကြ်ႏု္ပ္အဖို႔ မ်က္ႏွာလြဲ ၍ မေနသာေတာ့။ သူ႕အေပၚ စိတ္ဆိုးေနသည့္ အလုပ္ရွင္၏ ေန႔နံကို ေမးရသည္။ စေနသားဆိုပဲ။

ဘာမွမပူပါနဲ႔ကြာ၊ အလုပ္ရွင္ကို စိတ္ထဲမွာ ေမတၲာပို႔ေပးပါ။ စေနသားဆိုေတာ့ စေနရဲ႕ စတုရန္း က်တဲ့ အဂၤါနံအျမစ္၊ အဲ ဆီးျမစ္ေပါ့ကြယ္၊ အဲဒါကို လက္ခလယ္ ပထမဆစ္နဲ႔ တိုင္းျဖတ္ၿပီး ေဆာင္သြား ပါ။ ထူးျခားပါလိမ့္မယ္

“ဟုတ္ကဲ့ ဆရာ”

ေမာင္တင္ေထြးတစ္ေယာက္ ကြ်ႏု္ပ္မွာသည့္ အတိုင္း တစ္သေဝမတိမ္း လုပ္ေဆာင္ၿပီးသည့္ သကာလ အလုပ္ခြင္သို႔ သြား၏။ ညေနဘက္ ကြ်ႏု္ပ္ထံသို႔ ဝင္လာ၏။ ၿပံဳးၿပံဳးရႊင္ရႊင္။

“အဆင္ေျပတယ္ဆရာ၊ ေနာက္ဒါမ်ိဳး မျဖစ္ေစနဲ႔သာ ေျပာၿပီး ၾကည္ၾကည္သာသာပဲ ဆရာ ရဲ႕”တဲ့။

ဤ၌ မိမိအေပၚ စိတ္ဆိုးေနသူမ်ား စိတ္ဆိုး ေျပေစမည့္ အေဆာင္ယၾတာေလးကို ေဖာ္ျပလိုက္ပါ၏။ အလိုရွိက အသံုးခ်ေတာ္မူၾကပါကုန္။

(၁) တနဂၤေႏြသား စိတ္ဆိုးေသာ္

လက္ခလယ္ လက္တစ္ဆစ္ ရဲယိုျမစ္ ျဖတ္၍ေဆာင္ပါ။

(၂) တနလၤာသား စိတ္ဆိုးေသာ္

လက္ခလယ္ လက္တစ္ဆစ္ မဲျမစ္ ျဖတ္၍ေဆာင္ပါ။

(၃) အဂၤါသား စိတ္ဆိုးေသာ္

လက္ခလယ္ လက္တစ္ဆစ္ သီးျမစ္ ျဖတ္ ၍ေဆာင္ပါ။

(၄) ဗုဒၶဟူးသား စိတ္ဆိုးေသာ္

လက္ခလယ္ လက္တစ္ဆစ္ ဒန္းျမစ္ ျဖတ္ ၍ေဆာင္ပါ။

(၅) ၾကာသပေတးသား စိတ္ဆိုးေသာ္

လက္ခလယ္ လက္တစ္ဆစ္ အုန္းျမစ္ ျဖတ္ ၍ေဆာင္ပါ။

(၆) ေသာၾကာသား စိတ္ဆိုးေသာ္

လက္ခလယ္ လက္တစ္ဆစ္ ကံ့ေကာ္ျမစ္ ျဖတ္ ၍ေဆာင္ပါ။

(၇) စေနသား စိတ္ဆိုးေသာ္

လက္ခလယ္ လက္တစ္ဆစ္ ဆီးျမစ္ ျဖတ္ ၍ေဆာင္ပါ။

သုေတသီၿငိမ္း

++++++++++++++++++++++++++++++++++

(Unicode)

“ကျွန်တော့်ကို ဘယ်သူကတော့ စိတ်ဆိုးနေတယ်”

“ကျွန်မကို ဘယ်ဝါကတော့ စကားတောင် ပြန်မပြောလောက်အောင် စိတ်အရမ်းဆိုးနေတယ်”

“ကိုယ့်အရာရှိက ကိုယ့်ကို စိတ်အရမ်းဆိုး နေတယ်။ အရေးယူခံရမလား မသိဘူး”

လူဆိုသည်မှာ အသက်တစ်ရာ နေချင်မှ နေရမည် မှန်သော်ငြား ကိစ္စများမြောင် လောကီ ဘောင်အတွင်းမှာတော့ဖြင့် တစ်ဦးနှင့်တစ်ဦး ကတောက်ကဆ ဖြစ်တာမျိုးတွေ၊ မခေါ်ချင်၊ မပြော ချင်လောက်အောင် စိတ်ဆိုးမာန်ဆိုးဖြစ်တာမျိုးတွေ ကြုံရလိမ့်မည်ထင်ပါသည်။ ကြုံလည်း ကြုံဖူးကြပါ လိမ့်မည်။ စိတ်ဆိုးခြင်းဆိုသည်မှာ နှစ်ဦးနှစ်ဖက် အတွက် ကောင်းသော လက္ခဏာ မဟုတ်ပါ။ စိတ် ဆိုးသူအနေဖြင့် အလိုမကျမှုများ ြွပမ်းတီးနေ သည့်အတွက် ဒေါသကို မြစ်ဖျားခံကာ ပူလောင် နေပါလိမ့်မည်။ စိတ်ဆိုးရာ၌လည်း အတိုင်းအဆမဲ့ပြီ ဆိုလျှင် သတိတရား၊ ဆင်ခြင်တုံတရားတို့ ငှက် အတောင်ကျွတ်သည့်အလား အလွတ်ကြီးလွတ်ကာ မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်ပွားရတတ်ပါ တယ်။ သည်လိုမျိုး သာဓကတွေ ဆိုသည်မှာ အများ ကြီးပင်။

စိတ်ဆိုးခံရသူမှာလည်း ရင်တထိတ်ထိတ်နှင့် အနေကြုံ့ရပါတော့သည်။ အနာဂတ်ရေးအတွက် လည်း စိတ်မသက်မသာ ဖြစ်ရပါသည်။ သောကပူ ပန်ပွားရတတ်ပါသည်။ တစ်ဖက်သားမှ ထောက်ချင့် စာနာမှုမရှိဘဲ အပြစ်ဒဏ်ပေးသည်ကိုလည်း ခံချင် ခံရနိုင်သည်ဖြစ်ရာ ကဲ စိတ်ဆိုးခြင်း စိတ်ဆိုးခံရ ခြင်းတို့မှာ ဘယ်မှာလာ၍ ကောင်းနိုင်ပါမည်နည်း။

တလောလေးဆီတုန်းက ကျွန်ုပ်ထံသို့ တပည့် ကလေး မောင်တင်ထွေး ရောက်လာ၏။ ကိစ္စက သူ့အလုပ်ရှင်ဖြစ်သူက သူ့အား စိတ်ဆိုးနေသည့် ကိစ္စ။

“ကျွန်တော်ကလည်း ကျွန်တော်ပါပဲ ဆရာ ရယ်၊ အလုပ်ရှင်ကို အကျိုးအကြောင်းလည်း မပြော၊ ခွင့်တွေဘာတွေလည်း မတိုင်နဲ့၊ အပေါင်းအသင်းမင် ပြီး တောင်ကြီးဘက် လိုက်သွားတာ ငါးရက်တိတိ တောင်ကြာသွားတာကိုး ဆရာရဲ့”

“အေး မင်းအလွန်ကိုတော့ မင်းသိသားပဲ”

“အဲဒါဆရာရယ်၊ ဒီကနေ့ အလုပ်ခွင်ထဲ ပြန် ရောက်သွားရင် မဆင်းနဲ့တော့ဆိုပြီး မောင်းထုတ် တာတောင် ခံရမလား မသိပါဘူး”

“မောင်းထုတ်ခံရကာမှ ခံရရော၊ ကိုယ်က မှားတဲ့လူ၊ အပြစ်ရှိတဲ့လူဆိုတော့ အောက်ကျခံပြီး သွားရမှာပဲ။ အကျိုးအကြောင်းရှင်းပြပြီး တောင်းပန် ရမှာပဲ။ လောကမှာ သစ်ပင်ပိရင်သာ သေရတာပါ။  လူပိလို့ သေစရာမရှိပါဘူး။ မောင်တင်ထွေးရာ”

“ဟုတ်ကဲ့ အဲဒီလိုသွားတဲ့အခါ ခုသာခံသာ ရှိအောင် လောကီယတြာလေး ဘာလေး လုပ်ပေးပါ ဆရာရယ်၊ အားကိုးပါတယ်”

ဖြစ်လာတော့လည်း ကျွန်ုပ်အဖို့ မျက်နှာလွဲ ၍ မနေသာတော့။ သူ့အပေါ် စိတ်ဆိုးနေသည့် အလုပ်ရှင်၏ နေ့နံကို မေးရသည်။ စနေသားဆိုပဲ။

ဘာမှမပူပါနဲ့ကွာ၊ အလုပ်ရှင်ကို စိတ်ထဲမှာ မေတ္တာပို့ပေးပါ။ စနေသားဆိုတော့ စနေရဲ့ စတုရန်း ကျတဲ့ အင်္ဂါနံအမြစ်၊ အဲ ဆီးမြစ်ပေါ့ကွယ်၊ အဲဒါကို လက်ခလယ် ပထမဆစ်နဲ့ တိုင်းဖြတ်ပြီး ဆောင်သွား ပါ။ ထူးခြားပါလိမ့်မယ်

“ဟုတ်ကဲ့ ဆရာ”

မောင်တင်ထွေးတစ်ယောက် ကျွန်ုပ်မှာသည့် အတိုင်း တစ်သဝေမတိမ်း လုပ်ဆောင်ပြီးသည့် သကာလ အလုပ်ခွင်သို့ သွား၏။ ညနေဘက် ကျွန်ုပ်ထံသို့ ဝင်လာ၏။ ပြုံးပြုံးရွှင်ရွှင်။

“အဆင်ပြေတယ်ဆရာ၊ နောက်ဒါမျိုး မဖြစ်စေနဲ့သာ ပြောပြီး ကြည်ကြည်သာသာပဲ ဆရာ ရဲ့”တဲ့။

ဤ၌ မိမိအပေါ် စိတ်ဆိုးနေသူများ စိတ်ဆိုး ပြေစေမည့် အဆောင်ယတြာလေးကို ဖော်ပြလိုက်ပါ၏။ အလိုရှိက အသုံးချတော်မူကြပါကုန်။

(၁) တနင်္ဂနွေသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် ရဲယိုမြစ် ဖြတ်၍ဆောင်ပါ။

(၂) တနင်္လာသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် မဲမြစ် ဖြတ်၍ဆောင်ပါ။

(၃) အင်္ဂါသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် သီးမြစ် ဖြတ် ၍ဆောင်ပါ။

(၄) ဗုဒ္ဓဟူးသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် ဒန်းမြစ် ဖြတ် ၍ဆောင်ပါ။

(၅) ကြာသပတေးသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် အုန်းမြစ် ဖြတ် ၍ဆောင်ပါ။

(၆) သောကြာသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် ကံ့ကော်မြစ် ဖြတ် ၍ဆောင်ပါ။

(၇) စနေသား စိတ်ဆိုးသော်

လက်ခလယ် လက်တစ်ဆစ် ဆီးမြစ် ဖြတ် ၍ဆောင်ပါ။

သုတေသီငြိမ်း

Comments

comments

Post Author: manawmaya