ျမန္မာ့နယ္နိမိတ္ထဲက ျပန္လမ္းမဲ့ေရကန္

Lake of no return လို႔ေခၚတဲ့ ျပန္လမ္းမဲ့ ေရကန္ကေတာ့ ျမန္မာ့နယ္နိမိတ္ထဲမွာ ရွိေနပါ တယ္။ သြားေရးလာေရး ခက္ခဲသလို အိႏၵိယ-ျမန္မာ နယ္စပ္မွာ တည္ရွိေနတာေၾကာင့္ လူေတာ္ေတာ္ မ်ားမ်ား မသိၾကပါဘူး။ ျပန္လမ္းမဲ့ေရကန္ဟာ ထူး ဆန္းအံ့ဩမႈေတြ ျပည့္ႏွက္လို႔ေနပါတယ္။ ဒီေရကန္ အေၾကာင္း ၾကားသိရတာနဲ႔ သြားၾကည့္ခ်င္တဲ့စိတ္ ေတြ စူးစမ္းလိုတဲ့ စိတ္ေတြျဖစ္မွာ ေသခ်ာပါတယ္။ ကန္အမည္ကိုက ျပန္လမ္းမဲ့ ေရကန္ျဖစ္ေနတာ ကိုး။ တခ်ိဳ႕ေတြ အယံုအၾကည္ကဲလြန္းသူေတြက လည္း အမည္နာမေၾကာင့္ပဲ ေဝးေဝးက ေရွာင္ၾကမွာ ေသခ်ာပါတယ္။ ဒါေပမဲ့ ျပန္လမ္းမဲ့ ေရကန္အ ေၾကာင္းကိုေတာ့ သိခ်င္ၾကမွာပါပဲ။ ကြ်န္ေတာ္လည္း စိတ္ဝင္စားလို႔ Lake of no return နဲ႔ ပတ္သက္ၿပီး အခ်က္အလက္ေတြ ရွာေဖြကာ ေရးသားတင္ျပလိုက္ ရပါတယ္။

Lake of no return ဟာ ျပန္လမ္းမဲ့ ေရကန္ဆိုတဲ့ အမည္နာမကို ျမန္မာေတြ နီးစပ္တဲ့ ေဒသခံေတြ ေပးခဲ့တာမ်ိဳး မဟုတ္ပါဘူး။ စစ္အတြင္း က အဂၤလိပ္ကိုယ္တိုင္ေပးခဲ့လို႔ ကမၻာသိ ျဖစ္သြား တာပါ။ ေဒသခံေတြကေတာ့ ေနာင္ယန္းအင္းလို႔ ေခၚဆိုၾကပါတယ္။ ျမန္မာျပည္ထဲကေန အဲဒီကန္ဆီ  သို႔ သြားဖို႔ အေတာ္ေလး ခက္ခဲပါတယ္။ မိုးရာသီမွာ ဆိုရင္ ေတာ္ေတာ့္ကို မလြယ္တာပါ။ ေႏြေပါက္မွ  ျမစ္ႀကီးနားကေန တႏိုင္း၊ နန္းယြန္း ပန္ေဆာင္ ေရာက္ေအာင္ ႏွစ္ရက္ၾကာ သြားရပါတယ္။ ကား တစ္တန္ ဆိုင္ကယ္တစ္တန္ သြားရပါတယ္။

အိႏၵိယ-ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္မွာရွိေနေပ မယ့္ ျမန္မာပိုင္ပါတယ္။ ဒီေရကန္ႀကီးဟာ ကမၻာ ေက်ာ္ နာမည္ႀကီး လီဒိုလမ္းမႀကီးေဘးမွာ တည္ရွိ ေနတာပါ။

ဘာေၾကာင့္မ်ား ျပန္လမ္းမဲ့ ေရကန္လို႔  အမည္ေပးခဲ့ပါသလဲ။

ဘာျမဴဒါႀတိဂံဆိုတာေတာ့ လူတိုင္းၾကားဖူး ၾကမယ္ ထင္ပါတယ္။ အေမရိကတိုက္နားက သမုဒၵ ရာထဲမွာ ရွိပါတယ္။ ဘာျမဴဒါထဲဝင္သြားတဲ့ ေလ ယာဥ္ေတြ၊ သေဘၤာေတြဟာ အစရွာမရေအာင္ကို ထူးဆန္းစြာ ေပ်ာက္ဆံုးသြားတတ္ပါတယ္။ အဲဒီ ဘာျမဴဒါႀတိဂံနဲ႔ ဆက္စပ္ၿပီး အဂၤလိပ္ေတြကလည္း ေနာင္ယန္းအင္းကို The lake of no return လို႔ အမည္ေပးခဲ့ပံုရပါတယ္။ ျမန္မာျပည္ရဲ႕ ဘာျမဴဒါ   ျပန္လမ္းမဲ့ ေရကန္ေပါ့။

ဒုတိယကမၻာစစ္တုန္းကေတာ့ ဒီေနရာဟာ  အင္မတန္မွ ေတာနက္လြန္းပါတယ္။ စစ္အတြင္း အေရးတႀကီး အသံုးျပဳဖို႔ စတီးလ္ဝဲလမ္း(ေခၚ) လီဒို လမ္းမႀကီးကို ေဖာက္ရင္း စစ္လက္နက္ရိကၡာေတြ   သယ္ရင္း၊ စစ္တပ္ေတြ ျဖတ္သန္းရင္းက ျပန္လမ္း မဲ့ ေရကန္နဲ႔ သူတို႔ေတြ ေတြ႕ခဲ့ၾကပါတယ္။ ျပန္လမ္း မဲ့ေရကန္လို႔ တြင္ရတာကလည္း စစ္သည္ေတြရဲ႕ အေတြ႕အႀကံဳ၊ ေျပာစကားေတြေၾကာင့္ပဲ ျဖစ္မယ္လို႔ ထင္ပါတယ္။ ဒီေရကန္ထဲမွာပဲ အဂၤလိပ္စစ္တပ္က ေလယာဥ္ေတြ ထူးဆန္းစြာ ေပ်ာက္ဆံုးခဲ့ပါတယ္။ တင့္ကားေတြ ေပ်ာက္ဆံုးပါတယ္။ လူေတြလည္း ဒီေရကန္ထဲမွာ ေပ်ာက္ဆံုးခဲ့ရပါတယ္။

ဒီေရကန္ဆီသြားႏိုင္မယ့္ တစ္ခုတည္းေသာ လမ္းမႀကီးကလည္း အိႏၵိယ-ျမန္မာ-တ႐ုတ္သံုးႏိုင္ ငံကို ျဖတ္ေဖာက္ထားခဲ့တဲ့ လီဒိုလမ္းမႀကီးပါပဲ။ ဒီလမ္းမႀကီး ေဖာက္လုပ္ဖို႔ အိႏၵိယသားေတြ၊ ျမန္မာ တိုင္းရင္းသားေတြ၊ စစ္သံု႔ပန္းေတြ အသက္ေပါင္းမ်ား စြာ စေတးခံခဲ့ရပါတယ္။ အထက္မွာ ေျပာခဲ့သလိုပဲ ျမန္မာျပည္ဘက္ကေန သြားရင္ ခက္ခဲလြန္းေပမယ့္ အိႏၵိယဘက္က သြားခဲ့ရင္ေတာ့ လြယ္ကူ လမ္းသာပါ တယ္။ ကမၻာလွည့္ခရီးသြားေတြကလည္း အိႏၵိယ လမ္းကပဲ ေရကန္ႀကီးဆီ သြားေရာက္ ေလ့လာၾက ပါတယ္။

စစ္အတြင္း ေရကန္ထဲ ေပ်ာက္ဆံုးခဲ့တာ အဂၤလိပ္စစ္တပ္ေတြတင္ မကပါဘူး။ အေမရိကန္ စစ္ေလယာဥ္လည္း ပါဝင္ပါတယ္။ ကန္အနီးမွာပဲ အေမရိကန္စစ္ေလယာဥ္ဟာ ပ်ံေနတုန္း ႐ုတ္တရက္ ေပ်ာက္ဆံုးသြားပါတယ္။ ဘယ္လိုမွ ျပန္ရွာလို႔ မေတြ႕ ေတာ့ပါဘူး။ လီဒိုလမ္းမႀကီး ေဖာက္ေနတဲ့ကာလ မွာလည္း အေမရိကန္စစ္သားေတြဟာ စူးစမ္းလိုစိတ္ နဲ႔ ကန္ႀကီးအေၾကာင္း သိရေအာင္ဆိုၿပီး ကြင္းဆင္း ေလ့လာခဲ့ၾကပါတယ္။ အဲဒီတစ္ဖြဲ႕လံုးလည္း အစရွာ မရေအာင္ ေပ်ာက္ဆံုးသြားခဲ့ပါတယ္။ ဂ်ပန္ေခတ္ ေရာက္လာျပန္ေတာ့လည္း ဂ်ပန္စစ္တပ္နဲ႔ ဂ်ပန္ စစ္သားေတြဟာ ကန္အနားမွာပဲ ေရာဂါေဝဒနာေတြ ခံစားၿပီး ေသဆံုးကုန္ပါတယ္။ အဂၤလိပ္စစ္သားေတြ လည္း တပ္စြဲထားရင္း ေသဆံုးကုန္တယ္လို႔ မွတ္ တမ္းေတြက ဆိုပါတယ္။ ဒီအေၾကာင္း အခ်က္ေတြ ေၾကာင့္ပဲ ေနာင္ယန္းအင္းကို အဂၤလိပ္ေတြက Lake of no returnျပန္လမ္းမဲ့ေရကန္လို႔ အမည္ေပးခဲ့ ပံုရပါတယ္။

အဂၤလိပ္ေတြ အမည္ေပးခဲ့တဲ့ ျပန္လမ္းမဲ့ ေရကန္နဲ႔ ပတ္သက္ၿပီး ပါးစပ္ရာဇဝင္ေတြကလည္း အမ်ားႀကီးရွိေနပါတယ္။ အေမရိကန္စစ္ေလယာဥ္နဲ႔ အတူ ေပ်ာက္ဆံုးခဲ့တဲ့ ေလသူရဲဟာ ေဒသခံတိုင္း ရင္းသူတစ္ေယာက္နဲ႔ ဖူးစာဆံုၿပီး ဒီေဒသတစ္ဝိုက္ မွာပဲ ဇာတ္ျမႇဳပ္ေနထိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒီေရကန္ရဲ႕ တည္ေနရာကို တိတိက်က် ေျပာရမယ္ဆိုရင္ေတာ့ စစ္ကိုင္းတိုင္းေဒသႀကီးထဲ က နာဂလူမ်ိဳးေတြ အမ်ားစုေနထိုင္တဲ့ ပန္ေဆာင္ ၿမိဳ႕ေလးနားမွာပါ။ အခုခ်ိန္မွာေတာ့ ပြင့္လင္းရာသီ မွာ ခရီးသြားတခ်ိဳ႕လည္း လာေရာက္လည္ပတ္ေန ၾကပါၿပီ။

ေနာင္ယန္းအင္း သို႔မဟုတ္ ျပန္လမ္းမဲ့ ေရ ကန္နဲ႔ ပတ္သက္ၿပီး ေဒသခံေတြရဲ႕ ယံုၾကည္မႈ၊ အစဥ္အဆက္ လက္ဆင့္ကမ္းခဲ့တဲ့ ပါးစပ္ရာဇဝင္ ေတြကလည္း သီးျခားရွိေနပါေသးတယ္။ အဂၤလိပ္ ေတြ မွတ္တမ္းတင္လို႔ ျပန္လမ္းမဲ့ ေရကန္တြင္ခဲ့ သလိုမ်ိဳးပါပဲ။ မူနည္းနည္းေတာ့ ကြဲပါတယ္။ အိႏၵိယ သားေတြရဲ႕ ယံုၾကည္မႈက တစ္မ်ိဳးပါ။ ေနာင္ယမ္းအင္း ဟာ သာမန္အင္းမ်ိဳးမဟုတ္ဘူး။ နတ္ေဒဝါေတြနဲ႔ ပတ္သက္သလို နတ္နဂါးေစာင့္ေရွာက္တယ္လို႔ ယံု ၾကည္ထားပါတယ္။ ေစာင့္ေရွာက္တဲ့ နတ္နဂါးဟာ အျဖဴေရာင္ နတ္နဂါးျဖစ္ပါတယ္တဲ့။ ဒါေၾကာင့္မို႔သာ ဒီေဒသကို ဖ်က္စီးရန္လို စစ္မက္ျပဳခ်င္သူေတြ ဒုကၡ ေရာက္ေအာင္ နတ္နဂါးက လုပ္ပစ္တာလို႔ ေျပာဆို ၾကပါတယ္။ အိႏၵိယသားေတြဟာ သူတို႔ယံုၾကည္ရာ အတိုင္း တစ္ႏွစ္တစ္ခါ နတ္နဂါးႀကီးဆီလာၿပီး ပူေဇာ္ပသၾကတယ္လို႔ ဆိုပါတယ္။ အိႏၵိယႏိုင္ငံထုတ္ သတင္းစာေတြကလည္း ဒီအေၾကာင္းကို ေရးသား ခဲ့ပါတယ္။ အိႏၵိယသားေတြက ေနာင္ယန္းအင္းကို   အိႏၵိယရဲ႕ ဘာျမဴဒါေလးလို႔ တင္စားေခၚေဝၚၾကပါ တယ္။

ျမန္မာဘက္က ေဒသခံေတြရဲ႕ ဒ႑ာရီစကား ေတြလည္း ရွိပါေသးတယ္။ ဒီေဒသနဲ႔ ဒီအင္းဟာ နတ္ႀကီးတယ္လို႔ ဆို႐ိုးရွိပါတယ္။ ဘီလူးေတြ က်က္ စားတဲ့ ေရကန္ျဖစ္လို႔ ေဒသခံေတြက ဒီအင္းထဲဆင္း ၿပီး ဖားရွာ၊ ငါးရွာ မလုပ္ၾကပါဘူး။ ဒီအင္းႀကီးကို ေဘးမဲ့ေပးထားၾကပါတယ္။ ေဒသခံေတြ ေနာက္ထပ္ အစြဲရွိတာကေတာ့ အိႏၵိယဘက္နဲ႔ အနည္းငယ္ဆင္ ပါတယ္။ ေရွးအစဥ္အဆက္ လူႀကီးသူမေတြ ေျပာ စကားအရ ကန္ထဲမွာ ေရနဂါးေတြကို ေတြ႕ရတတ္ တယ္လို႔ ဆိုပါတယ္။ ေရနဂါးေတြဟာ အလြန္ပဲ အရြယ္ႀကီးမားၾကပါတယ္တဲ့။ ေရကန္ရဲ႕ ေအာက္ေျခ မွာေတာ့ နဂါးေတြေနတဲ့ နဂါးတိုင္းျပည္ တစ္ခုရွိေန တယ္လို႔လည္း ေဒသခံေတြေျပာဆိုၾကပါတယ္။

သြာေးရးလာေရးကေတာ့ အနည္းငယ္ခက္ ပါတယ္။ သို႔ေသာ္လည္း တစ္ႏွစ္ထက္တစ္ႏွစ္    သြားေရာက္ေလ့လာသူေတြလည္း ရွိလာေနပါၿပီ။  ပရိသတ္ႀကီးလည္း ႀကံဳခဲ့မယ္ဆိုရင္ ျပန္လမ္းမဲ့ ေရကန္ဆီကို အေရာက္သြားဖို႔ ဆႏၵရွိပါ့မလား။

 

ေနလေရာင္

 

Unicode Version

Lake of no return လို့ခေါ်တဲ့ ပြန်လမ်းမဲ့ ရေကန်ကတော့ မြန်မာ့နယ်နိမိတ်ထဲမှာ ရှိနေပါ တယ်။ သွားရေးလာရေး ခက်ခဲသလို အိန္ဒိယ-မြန်မာ နယ်စပ်မှာ တည်ရှိနေတာကြောင့် လူတော်တော် များများ မသိကြပါဘူး။ ပြန်လမ်းမဲ့ရေကန်ဟာ ထူး ဆန်းအံ့ဩမှုတွေ ပြည့်နှက်လို့နေပါတယ်။ ဒီရေကန် အကြောင်း ကြားသိရတာနဲ့ သွားကြည့်ချင်တဲ့စိတ် တွေ စူးစမ်းလိုတဲ့ စိတ်တွေဖြစ်မှာ သေချာပါတယ်။ကန်အမည်ကိုက ပြန်လမ်းမဲ့ ရေကန်ဖြစ်နေတာ ကိုး။ တချို့တွေ အယုံအကြည်ကဲလွန်းသူတွေက လည်း အမည်နာမကြောင့်ပဲ ဝေးဝေးက ရှောင်ကြမှာ သေချာပါတယ်။ ဒါပေမဲ့ ပြန်လမ်းမဲ့ ရေကန်အ ကြောင်းကိုတော့ သိချင်ကြမှာပါပဲ။ ကျွန်တော်လည်း စိတ်ဝင်စားလို့ Lake of no return နဲ့ ပတ်သက်ပြီး အချက်အလက်တွေ ရှာဖွေကာ ရေးသားတင်ပြလိုက် ရပါတယ်။

Lake of no return ဟာ ပြန်လမ်းမဲ့ ရေကန်ဆိုတဲ့ အမည်နာမကို မြန်မာတွေ နီးစပ်တဲ့ ဒေသခံတွေ ပေးခဲ့တာမျိုး မဟုတ်ပါဘူး။ စစ်အတွင်း က အင်္ဂလိပ်ကိုယ်တိုင်ပေးခဲ့လို့ ကမ္ဘာသိ ဖြစ်သွား တာပါ။ ဒေသခံတွေကတော့ နောင်ယန်းအင်းလို့ ခေါ်ဆိုကြပါတယ်။ မြန်မာပြည်ထဲကနေ အဲဒီကန်ဆီ  သို့ သွားဖို့ အတော်လေး ခက်ခဲပါတယ်။ မိုးရာသီမှာ ဆိုရင် တော်တော့်ကို မလွယ်တာပါ။ နွေပေါက်မှ  မြစ်ကြီးနားကနေ တနိုင်း၊ နန်းယွန်း ပန်ဆောင် ရောက်အောင် နှစ်ရက်ကြာ သွားရပါတယ်။ ကား တစ်တန် ဆိုင်ကယ်တစ်တန် သွားရပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာရှိနေပေ မယ့် မြန်မာပိုင်ပါတယ်။ ဒီရေကန်ကြီးဟာ ကမ္ဘာ ကျော် နာမည်ကြီး လီဒိုလမ်းမကြီးဘေးမှာ တည်ရှိ နေတာပါ။

ဘာကြောင့်များ ပြန်လမ်းမဲ့ ရေကန်လို့  အမည်ပေးခဲ့ပါသလဲ။

ဘာမြူဒါတြိဂံဆိုတာတော့ လူတိုင်းကြားဖူး ကြမယ် ထင်ပါတယ်။ အမေရိကတိုက်နားက သမုဒ္ဒ ရာထဲမှာ ရှိပါတယ်။ ဘာမြူဒါထဲဝင်သွားတဲ့ လေ ယာဉ်တွေ၊ သင်္ဘောတွေဟာ အစရှာမရအောင်ကို ထူးဆန်းစွာ ပျောက်ဆုံးသွားတတ်ပါတယ်။ အဲဒီ ဘာမြူဒါတြိဂံနဲ့ ဆက်စပ်ပြီး အင်္ဂလိပ်တွေကလည်း နောင်ယန်းအင်းကို The lake of no return လို့ အမည်ပေးခဲ့ပုံရပါတယ်။ မြန်မာပြည်ရဲ့ ဘာမြူဒါ   ပြန်လမ်းမဲ့ ရေကန်ပေါ့။

ဒုတိယကမ္ဘာစစ်တုန်းကတော့ ဒီနေရာဟာ  အင်မတန်မှ တောနက်လွန်းပါတယ်။ စစ်အတွင်း အရေးတကြီး အသုံးပြုဖို့ စတီးလ်ဝဲလမ်း(ခေါ်) လီဒို လမ်းမကြီးကို ဖောက်ရင်း စစ်လက်နက်ရိက္ခာတွေ   သယ်ရင်း၊ စစ်တပ်တွေ ဖြတ်သန်းရင်းက ပြန်လမ်း မဲ့ ရေကန်နဲ့ သူတို့တွေ တွေ့ခဲ့ကြပါတယ်။ ပြန်လမ်း မဲ့ရေကန်လို့ တွင်ရတာကလည်း စစ်သည်တွေရဲ့ အတွေ့အကြုံ၊ ပြောစကားတွေကြောင့်ပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီရေကန်ထဲမှာပဲ အင်္ဂလိပ်စစ်တပ်က လေယာဉ်တွေ ထူးဆန်းစွာ ပျောက်ဆုံးခဲ့ပါတယ်။ တင့်ကားတွေ ပျောက်ဆုံးပါတယ်။ လူတွေလည်း ဒီရေကန်ထဲမှာ ပျောက်ဆုံးခဲ့ရပါတယ်။

ဒီရေကန်ဆီသွားနိုင်မယ့် တစ်ခုတည်းသော လမ်းမကြီးကလည်း အိန္ဒိယ-မြန်မာ-တရုတ်သုံးနိုင် ငံကို ဖြတ်ဖောက်ထားခဲ့တဲ့ လီဒိုလမ်းမကြီးပါပဲ။ ဒီလမ်းမကြီး ဖောက်လုပ်ဖို့ အိန္ဒိယသားတွေ၊ မြန်မာ တိုင်းရင်းသားတွေ၊ စစ်သုံ့ပန်းတွေ အသက်ပေါင်းများ စွာ စတေးခံခဲ့ရပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ မြန်မာပြည်ဘက်ကနေ သွားရင် ခက်ခဲလွန်းပေမယ့် အိန္ဒိယဘက်က သွားခဲ့ရင်တော့ လွယ်ကူ လမ်းသာပါ တယ်။ ကမ္ဘာလှည့်ခရီးသွားတွေကလည်း အိန္ဒိယ လမ်းကပဲ ရေကန်ကြီးဆီ သွားရောက် လေ့လာကြ ပါတယ်။

စစ်အတွင်း ရေကန်ထဲ ပျောက်ဆုံးခဲ့တာ အင်္ဂလိပ်စစ်တပ်တွေတင် မကပါဘူး။ အမေရိကန် စစ်လေယာဉ်လည်း ပါဝင်ပါတယ်။ ကန်အနီးမှာပဲ အမေရိကန်စစ်လေယာဉ်ဟာ ပျံနေတုန်း ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ ဘယ်လိုမှ ပြန်ရှာလို့ မတွေ့ တော့ပါဘူး။ လီဒိုလမ်းမကြီး ဖောက်နေတဲ့ကာလ မှာလည်း အမေရိကန်စစ်သားတွေဟာ စူးစမ်းလိုစိတ် နဲ့ ကန်ကြီးအကြောင်း သိရအောင်ဆိုပြီး ကွင်းဆင်း လေ့လာခဲ့ကြပါတယ်။ အဲဒီတစ်ဖွဲ့လုံးလည်း အစရှာ မရအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဂျပန်ခေတ် ရောက်လာပြန်တော့လည်း ဂျပန်စစ်တပ်နဲ့ ဂျပန် စစ်သားတွေဟာ ကန်အနားမှာပဲ ရောဂါဝေဒနာတွေ ခံစားပြီး သေဆုံးကုန်ပါတယ်။ အင်္ဂလိပ်စစ်သားတွေ လည်း တပ်စွဲထားရင်း သေဆုံးကုန်တယ်လို့ မှတ် တမ်းတွေက ဆိုပါတယ်။ ဒီအကြောင်း အချက်တွေ ကြောင့်ပဲ နောင်ယန်းအင်းကို အင်္ဂလိပ်တွေက Lake of no returnပြန်လမ်းမဲ့ရေကန်လို့ အမည်ပေးခဲ့ ပုံရပါတယ်။

အင်္ဂလိပ်တွေ အမည်ပေးခဲ့တဲ့ ပြန်လမ်းမဲ့ ရေကန်နဲ့ ပတ်သက်ပြီး ပါးစပ်ရာဇဝင်တွေကလည်း အများကြီးရှိနေပါတယ်။ အမေရိကန်စစ်လေယာဉ်နဲ့ အတူ ပျောက်ဆုံးခဲ့တဲ့ လေသူရဲဟာ ဒေသခံတိုင်း ရင်းသူတစ်ယောက်နဲ့ ဖူးစာဆုံပြီး ဒီဒေသတစ်ဝိုက် မှာပဲ ဇာတ်မြှုပ်နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီရေကန်ရဲ့ တည်နေရာကို တိတိကျကျ ပြောရမယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းဒေသကြီးထဲ က နာဂလူမျိုးတွေ အများစုနေထိုင်တဲ့ ပန်ဆောင် မြို့လေးနားမှာပါ။ အခုချိန်မှာတော့ ပွင့်လင်းရာသီ မှာ ခရီးသွားတချို့လည်း လာရောက်လည်ပတ်နေ ကြပါပြီ။

နောင်ယန်းအင်း သို့မဟုတ် ပြန်လမ်းမဲ့ ရေ ကန်နဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ယုံကြည်မှု၊ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့တဲ့ ပါးစပ်ရာဇဝင် တွေကလည်း သီးခြားရှိနေပါသေးတယ်။ အင်္ဂလိပ် တွေ မှတ်တမ်းတင်လို့ ပြန်လမ်းမဲ့ ရေကန်တွင်ခဲ့ သလိုမျိုးပါပဲ။ မူနည်းနည်းတော့ ကွဲပါတယ်။ အိန္ဒိယ သားတွေရဲ့ ယုံကြည်မှုက တစ်မျိုးပါ။ နောင်ယမ်းအင်း ဟာ သာမန်အင်းမျိုးမဟုတ်ဘူး။ နတ်ဒေဝါတွေနဲ့ ပတ်သက်သလို နတ်နဂါးစောင့်ရှောက်တယ်လို့ ယုံ ကြည်ထားပါတယ်။ စောင့်ရှောက်တဲ့ နတ်နဂါးဟာ အဖြူရောင် နတ်နဂါးဖြစ်ပါတယ်တဲ့။ ဒါကြောင့်မို့သာ ဒီဒေသကို ဖျက်စီးရန်လို စစ်မက်ပြုချင်သူတွေ ဒုက္ခ ရောက်အောင် နတ်နဂါးက လုပ်ပစ်တာလို့ ပြောဆို ကြပါတယ်။ အိန္ဒိယသားတွေဟာ သူတို့ယုံကြည်ရာ အတိုင်း တစ်နှစ်တစ်ခါ နတ်နဂါးကြီးဆီလာပြီး ပူဇော်ပသကြတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံထုတ် သတင်းစာတွေကလည်း ဒီအကြောင်းကို ရေးသား ခဲ့ပါတယ်။ အိန္ဒိယသားတွေက နောင်ယန်းအင်းကို   အိန္ဒိယရဲ့ ဘာမြူဒါလေးလို့ တင်စားခေါ်ဝေါ်ကြပါ တယ်။

မြန်မာဘက်က ဒေသခံတွေရဲ့ ဒဏ္ဍာရီစကား တွေလည်း ရှိပါသေးတယ်။ ဒီဒေသနဲ့ ဒီအင်းဟာ နတ်ကြီးတယ်လို့ ဆိုရိုးရှိပါတယ်။ ဘီလူးတွေ ကျက် စားတဲ့ ရေကန်ဖြစ်လို့ ဒေသခံတွေက ဒီအင်းထဲဆင်း ပြီး ဖားရှာ၊ ငါးရှာ မလုပ်ကြပါဘူး။ ဒီအင်းကြီးကို ဘေးမဲ့ပေးထားကြပါတယ်။ ဒေသခံတွေ နောက်ထပ် အစွဲရှိတာကတော့ အိန္ဒိယဘက်နဲ့ အနည်းငယ်ဆင် ပါတယ်။ ရှေးအစဉ်အဆက် လူကြီးသူမတွေ ပြော စကားအရ ကန်ထဲမှာ ရေနဂါးတွေကို တွေ့ရတတ် တယ်လို့ ဆိုပါတယ်။ ရေနဂါးတွေဟာ အလွန်ပဲ အရွယ်ကြီးမားကြပါတယ်တဲ့။ ရေကန်ရဲ့ အောက်ခြေ မှာတော့ နဂါးတွေနေတဲ့ နဂါးတိုင်းပြည် တစ်ခုရှိနေ တယ်လို့လည်း ဒေသခံတွေပြောဆိုကြပါတယ်။

သွေားရးလာရေးကတော့ အနည်းငယ်ခက် ပါတယ်။ သို့သော်လည်း တစ်နှစ်ထက်တစ်နှစ်    သွားရောက်လေ့လာသူတွေလည်း ရှိလာနေပါပြီ။  ပရိသတ်ကြီးလည်း ကြုံခဲ့မယ်ဆိုရင် ပြန်လမ်းမဲ့ ရေကန်ဆီကို အရောက်သွားဖို့ ဆန္ဒရှိပါ့မလား။

နေလရောင်

Comments

comments

Post Author: manawmaya