ထိုင္းကေလး (၁၃) ေယာက္ ဝင္ေရာက္သြားခဲ့သည့္ မယ္ဆိုင္ဂူ (ခ) ထန္းလံုနန္းႏြမ္းဂူ (ခ) သန္ေလာင္နန္ႏြန္ဂူအေၾကာင္း

ထိုင္းကေလး (၁၃) ေယာက္ ဝင္ေရာက္သြားခဲ့သည့္ မယ္ဆိုင္ဂူ (ခ) ထန္းလံုနန္းႏြမ္းဂူ (ခ) သန္ေလာင္နန္ႏြန္ဂူအေၾကာင္း ထန္းလံုနန္းႏြမ္းဂူသည္ ထုိင္းျမန္မာႏွစ္ႏုိင္ငံနယ္နိမိတ္အနီးတြင္တည္ရိွၿပီး တာခ်ီလိတ္ႏွင့္နီးစပ္ပါသည္။ ဂူအ႐ွည္မွာ ငါးမိုင္ခန္႔ရိွၿပီး၊ သက္တမ္းမွာႏွစ္သန္းေပါင္း နဲ႔ ခ်ီၿပီး ၾကာျမင့္သည္ဟုခန္႔မွန္းၾကပါသည္။ သဘာဝဗိသုကာဆရာႀကီး တည္ထားေသာ အံ့ၾသစရာလိႈဏ္ဂူႀကီးတစ္ခုလည္းျဖစ္ေပသည္။ ေဒသခံမ်ားသည္ ထုိဂူကို နတ္ႀကီးေသာဂူဟုယူဆၾကၿပီး ေန႔လည္ေန႔ခင္းအခ်ိန္မွာေတာင္ လူသြားလူလာနည္းပါးလွပါသည္။ ဂူထဲသို႔ဝင္သည့္အခါ ဆုိင္ရာပိုင္ရာမ်ားကိုခြင့္ေတာင္းပူေဇာ္ၿပီးမွဝင္ေလ့ရိွၾကပါသည္။ လိႈဏ္ဂူရွိရာ ေတာင္တန္းႀကီး၏အမည္ ကို ျမန္မာလိုဘာသာျပန္ရမယ္ဆိုရင္ “မင္းသမီးလဲေလ်ာင္းေတာင္ “လို႔ပဲ ဆိုရပါသည္။ ရွမ္းဘက္မွလူေတြကေတာ့ မိန္းမေသေတာင္ ၊ မိန္းမအိပ္ေတာင္လို႔ ေခၚၾကပါသည္။ ဒီနာမည္တြင္ရသည့္ ဒ႑ာရီဟာလည္း စိတ္ဝင္စားစရာပါပဲ။ ဒ႑ာရီအရ တ႐ုတ္ျပည္ ဆစ္ေဆာင္ပန္နားေဒသမွာ ေ႐ွးအခါက ဘုရင့္သမီးေတာ္တစ္ပါးသည္ ျမင္းထိန္းတေယာက္ႏွင့္ ခ်စ္ႀကိဳက္မိခ့ဲပါသည္။ ဘုရင္ႀကီးမသိေအာင္ ဖံုးကြယ္ေနရင္းျဖင့္ ဘုရင့္သမီးေတာ္ေလးမွာ ကိုယ္ေလးကိုယ္ဝန္ရိွလာေသာအခါ ဘုရင္ႀကီးသည္ အျဖစ္မွန္ကို သိရိွသြားေလသည္။ ထိုအခါ ဘုရင္ႀကီးသည္ ေဒါသပုန္ထြက္ၿပီး ျမင္းထိန္းအား သတ္ဖို႔ မႉးမတ္မ်ားကုိ ေစလႊတ္ေလသည္။ ဘုရင့္သမီးေတာ္ေလးလည္း မႉးမတ္ေတြထက္ အရင္ ျမင္းထိန္းဆီကိုသြားေရာက္ကာ အတူတကြ ေတာင္ဘက္အရပ္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကေလသည္။ ေတာနက္ထဲမွာ မင္းသမီးဆာေလာင္လာသျဖင့္ ခင္ပြန္းျဖစ္သူက သူမကိုတစ္ေနရာမွာ တစ္ေယာက္တည္း ထားခဲ့ၿပီး အစာရွာထြက္ပါသည္။ အဲဒီအခ်ိန္မွာ ေနာက္ကလိုက္လာေသာ ဘုရင့္တပ္သားေတြက မင္းသမီး၏ ခင္ပြန္းကႀကိဳးခ်ည္ထားေသာ ျမင္းကို အရင္ေတြ႕ရာကေန ျမင္းထိန္းကိုလည္း ေနာက္ဆုံးရွာေတြ႕ျပီး တစ္ခါတည္း သတ္ျဖတ္လိုက္ၾကပါေတာ့သည္။ ေနာက္ေတာ့မင္းသမီးေလးကိုလည္း ရွာေဖြေတြ႕ရွိခဲ့ျပီး ခမည္းေတာ္ရွိရာ ေနျပည္ေတာ္ကို ဘုရင့္တပ္သားေတြက ျပန္ေခၚဖို႔ ေလွ်ာက္ထားေပမယ့္ သူမ၏ ခင္ပြန္းအသတ္ခံခဲ့ရတာ သိၿပီးေနာက္ မင္းသမီးဟာလည္း သူ႔ဆံထုံးမွာထိုးထားတဲ့ ဆံထိုးကိုဆြဲႏႈတ္ၿပီးေတာ့ သူ႔လည္ပင္းထဲကိုထိုးစိုက္ၿပီး ဘုရင့္ရဲမက္ေတြေရွ႕မွာပဲ အဆံုးစီရင္ သတ္ေသခဲ့ပါသည္။ မင္းသမီးကိုယ္မမွ စီးထြက္သြားသည့္ ေသြးဟာ ေခ်ာင္းေရအျဖစ္ ေျပာင္းသြားခဲ့ၿပီးေတာ့ အခုေခတ္ တာခ်ီလိတ္- မယ္ဆိုင္ၿမိဳ႕အၾကား စီးဆင္းေနတဲ့ နယ္စပ္မ်ဥ္းေပၚက မယ္ဆိုင္ေခ်ာင္းျဖစ္သည္ဟု ေဒသခံေတြက ယံုၾကည္ၾကပါသည္။ သူမ လဲက်သြားခဲ့ေသာ ေနရာဟာ ျမန္မာလို “မင္းသမီးလဲေလ်ာင္းေတာင္”လို႔ အဓိပၸါယ္ရတဲ့ လိြဳင္နန္းေနာင္း ေတာင္တန္းႀကီးျဖစ္သြားပါေေတာ့သည္။ အဲဒီေတာင္၏ ေအာက္ေျခမွာရွိေသာ လိႈဏ္ဂူႀကီးကေတာ့ မင္းသမီးရဲ့ ေမြးလမ္းေၾကာင္းျဖစ္ပါသည္။ ျမန္မာေတြအသိမ်ားေသာ ဘုရင္မပန္းျခံရွိရာ လိြဳင္တုံးေတာင္ကေတာ့ မင္းသမီး၏ ကိုယ္ဝန္ဗိုက္ႀကီးျဖစ္ပါသည္။

ထိုသို႔ေသဆံုးခ်ိန္မွာ မင္းသမီးေလးမွာကိုယ္ဝန္အရင္မာႀကီး ျဖစ္ၿပီး ေသဆံုးၿပီးေနာက္ပိုင္းမွာ နတ္စိမ္းတစ္ပါးျဖစ္သြားခ့ဲပါသည္။ ယခုအခ်ိန္အထိ ဂူကိုေစာင့္ေ႐ွာင့္ေနလွ်က္ရိွသည္ဟု ေဒသခံမ်ားက ယံုၾကည္လ်က္ရိွၾကပါသည္။ ေဒသခံမ်ားသည္ ထုိမင္းသမီးေလးကို ေတာင္ေစာင့္နတ္ ဂူေစာင့္နတ္ အျဖစ္ ပူေဇာ္ပသမႈမ်ား ယေန႔တုိင္ျပဳလုပ္ေနၾကဆဲ ျဖစ္ပါသည္။ ထုိဂူေစာင့္ နတ္မင္းသမီးေလးသည္ သူမပိုင္ဆုိင္သည့္ သူမအစိုးရသည့္ ဂူႏွင့္ေတာင္ေက်ာတဝိုက္တြင္ လူမ်ားဆူဆူညံညံျပဳလုပ္ျခင္းကို မႏွစ္သက္ဘူးဟုေျပာၾကပါသည္။ ဂူအတြင္းတြင္ ေက်ာက္ေဆာင္ႀကီးေတြႏွင့္ ေခ်ာက္မ်ားလဲေပါမ်ားလွၿပီး အလြန္ေၾကာက္စရာေကာင္းလွပါသည္။ ညဘက္အခ်ိန္ဆုိလွ်င္ ဂူအတြင္းမွ ထူးဆန္းေသာအသံမ်ားကိုၾကားရတတ္ပါသည္။ ထုိဂူအနားကိုေရာက္ရိွေသာလူမ်ားအေနျဖင့္ လူရိပ္ႀကီးမ်ားအေနာက္မွလိုက္လာျခင္း၊ ေျခာက္လွန္႔ျခင္း၊ စေသာအျဖစ္အပ်က္မ်ားကိုၾကံဳေတြ႔ရသည္ဟု ဆုိၾကပါသည္။ ဂူ၏အတြင္းပိုင္းသည္က်ယ္ဝန္းၿပီးနက္႐ႈိင္းလွပါသည္။ ခ်ဳိင့္ဝွမ္း ဂလိုင္မ်ားေပါမ်ားလွၿပီး ဂူဝင္ေပါက္မ်ားစြာတုိ႔သည္လည္း ဝကၤပါက့ဲသို႔႐ႈပ္ေထြးလွပါသည္။ ဂူဟာအလြန္႐ွည္လ်ားၿပီး တာခ်ီလိတ္အထိ ေပါက္သည္ဟုေျပာၾကေသာ္လည္း ဂူ၏အတြင္းပိုင္းအထိေရာက္႐ွိခ့ဲဖူးသူေတာ့ မရိွသေလာက္႐ွားပါးလွပါသည္။ ဂူအတြင္းပိုင္းထဲတြင္ စိမ့္ေအးလ်က္ရိွေနၿပီး တဦးထဲသြားလာမည္ဆုိပါက အလြန္ပင္ေၾကာက္စရာေကာင္းေသာေနရာတခုျဖစ္ပါသည္။ ဘယ္သူမွလဲတိတိက်က် ဂူအဆံုးကိုမသိရိွၾကပါ။ ဂူဟာ႐ွည္လ်ားၿပီး အံ့ျသဆန္းျပားစရာအျဖစ္အပ်က္မ်ား ခဏခဏဆုိသလိုျဖစ္ပြားတတ္ပါသည္။ အမ်ဳိးသားမ်ားအေနျဖင့္ တစ္ခါတစ္ရံ နတ္ဝွက္ခံရေလ့ရိွၾကၿပီး တစ္ပတ္ႏွစ္ပတ္ခန္႔ၾကာေသာအခါ ျပန္ၿပီးလြတ္ေျမာက္တတ္ၾကပါသည္။ ဂူအတြင္းပိုင္း႐ွိတခ်ဳိ့ေနရာမ်ားကို ခဲခဲယဥ္းယဥ္း ၾကပ္ၾကပ္သပ္သပ္ ဝင္ရပါသည္။ အခ်ဳိ့ေနရာေတြမွာေဆာ့ ခ်ဳိင့္ေတြရိွၿပီး မေတာ္၍ေခ်ာ္က်ပါက အသက္အႏၲရာယ္ဆုိးရိမ္ဖြယ္ရာရိွပါသည္။ ဂူအတြင္းပိုင္းထဲမွာ ေရမ်ားအျမဲမျပတ္႐ွိေနပါသည္။ ထိုေတာင္ႏွင့္ပတ္သက္ၿပီး အျဖစ္အပ်က္တစ္ခုကိုလည္း ၾကားသိရသည့္အတြက္ ထိုအျဖစ္အပ်က္ေလးကိုပါ ေျပာျပပါရေစ။ ဒီအျဖစ္အပ်က္ လြန္ခဲ့သည့္ ဆယ္ႏွစ္ေက်ာ္ခန္႔က အမ်ဳိးသမီးတစ္ေယာက္ႀကံဳခဲ့ရသည့္ အျဖစ္အပ်က္ပါ။ ” နမ့္စန္မွာေနတုန္းက မိန္းမေသေတာင္ဆိုတာ နာမည္ႀကီးတယ္။ ေတာင္ရဲ႕ ပုံသဏၭန္က မိန္းမတေယာက္အိပ္ေနသလိုဘဲ။ ေတာင္ပိုင္သခင္မက တခါတေလ ရွမ္းအက်ီအနက္ဝတ္ၿပီးအဖိုးအိုတေယာက္နဲ႔အတူထြက္လာတတ္တယ္လို႔ ၾကားဖူးတယ္။ အဲဒီေတာင္က နတ္ႀကီးတယ္ဆိုရမလား သိ္ပ္ပ္အမွားမခံဘူး အဲဒီအနားမွာ တာဝန္က်တဲ့ ရဲေဘာ္ေတြ ကိုယ့္ကိုကိုယ္သတ္ေသတာ ၾကားဖူးတယ္။ ေတာင္ေပၚမွာ ေပါက္တတ္ကရေတြလုပ္လို႔ ဆိုတာ ၾကားဖူးတယ္။ ဟိုအရင္က ဂ်ပန္ေတြ စစ္ေျပးေတာ့ မသယ္ႏိုင္လို႔ ဂူထဲမွာ ရတနာပစၥည္းေတြျမဳပ္သြားခဲ့တာ အမ်ားႀကီးဘဲလို႔လဲ ၾကားဖူးတယ္။ သြားရွာတဲ့သူေတြ မ်က္စိကန္းၿပီး ကုမရဘူးလို႔ ၾကားဖူးတယ္။ ကြ်န္မအိပ္ခန္းကၾကည့္ရင္ အဲဒီေတာင္ကို ျမင္ေနရတယ္ ေဆာင္းတြင္း ႏွင္းေတြက်ေနတဲ့အခ်ိန္ဆို ေနေရာင္ျခည္သန္းလာတာနဲ႔တေျဖးေျဖးထင္ရွားလာတဲ့ ပုံစံဟာ မိန္းမတေယာက္လဲေလ်ာင္းေနသလို သိသိသာသာ ထင္ရွားတယ္ ။ တခါတေလ ေနဝင္ရီတေရာ အဲဒီေတာင္ဘက္ကို ကြ်န္မရပ္ၾကည့္ေနေလ့ရွိတယ္ ။ ကြ်န္မစိတ္ထဲ တရက္ေတာ့ ေရာက္ေအာင္သြားမယ္လို႔ စိတ္ထဲရွိခဲ့တယ္။

တစ္ေန႔ေတာ ့ ၾကံစည္ထားတဲ့အတိုင္း မိန္းမေသေတာင္ကိုတက္ၾကမယ္လို႔ လူစုၿပီး အဖြဲ႕လိုက္သြားၾကတယ္ ။ လမ္းတေလွ်ာက္ ထူးထူးျခားျခား ဘာမွမရွိဘူး။ ေတာင္ေျခမွာ ကားဆရာကိုထားခဲ့တယ္။ ေတာင္ေပၚက ျပန္ဆင္းေတာ့ ဒီေတာင္ဟာ နာမည္ႀကီးၿပီး ေႁမြေလးတေကာင္ေတာင္ မျမင္ရဖူး ပ်င္းတာလို႔ ကြ်န္မစကားမွားတာနဲ႔ ခ်က္ျခင္းဆိုသလို လမ္းေပ်ာက္သြားတာဟာ မ်က္လွည့္ျပလိုက္သလိုပါပဲ။ ဒီလမ္းကတက္ၿပီး ဒီလမ္းကဘဲ ျပန္ဆင္းတာ လမ္းခြဲလဲမရွိဘဲ ေတာင္ေျခမွာရပ္ထားတဲ့ကားလဲ မေတြ႕ရဘဲ ထြက္တဲ့လမ္းဟာ ျဖဳန္းဆိုေပ်ာက္သြားခဲ့တယ္။ အခ်ိန္က ညေန ေျခာက္နာရီေက်ာ္ပါၿပီ။ကြ်န္မတို႔ေတာင္ေျခမွာေျခဦးတည့္ရာေလွ်ာက္သြားေနခဲ့ၾကတယ္။ ဘာေၾကာင့္မွန္း နားမလည္ေသးဘဲ စကားေတြေျပာေနၾကေသးတယ္။ ၾကာေတာ့ တေျဖးေျဖး စိတ္ေတြ ေလးလာတယ္ ။ ႐ုတ္တရက္ ေခါင္းမူးၿပီး ေခြ်းျပန္လာတယ္။ ကြ်န္မက ေခၚင္းေဆာင္လုပ္သြားၿပီး စကားမွားတာလဲ ရွိေတာ့ ခံစားမႈ႕အာ႐ုံေတြက ကြ်န္မဆီကိုဘဲ တိုးေဝွ႕လာတယ္လို႔ ထင္မိတယ္။ ေနာက္ဆုံး ၾကံရာမရတဲ့အဆုးံ ကားဆရာနာမည္ေအာ္ေခၚၾကတယ္။ ေတာင္ေပၚက ေယာက္က်ားသံေတြ ခ်က္ျခင္း တုန္႔ျပန္လာတယ္။ကြ်န္မတို႔ရပ္ရင္ သူတို႔လဲရပ္တယ္။ ပဲ့တင္သံမဟုတ္ဘူး ကြ်န္မတို႔က လူနာမည္ေအာ္ေခၚတာျဖစ္ၿပီး ျပန္ၾကားတဲ့အသံက ေဟ လို႔ ထူးတဲ့အသံမ်ိဳး နိမ့္ရာက ျမင့္လာသလို တိုးရာက က်ယ္လာသလို မ်ိဳးပဲ။ တကယ္ေတာ့ ၾကက္သီးထစရာေကာင္းတယ္ ။ အသံေတြက ဟိုးအေဝးႀကီးကေန ပ်ံံ႕လာတဲ့ အေနအထားမ်ိဳး …ေတာင္ပတ္ပတ္လည္က လူေတြဝိုင္းၿပီး ျပန္ေအာ္တဲ့ အသံမ်ိဳး …အဆိုးရြားဆုံးက ကြ်န္မတို႔အနား လူေတြဝိုင္းေနသလို ခံစားရတာဘဲ ။ အဲဒီအခ်ိန္မွာအသက္ႀကီးၿပီးအေတြ႕အၾကံဳရွိတဲ့ အန္တီမိက ေတာထဲမွာ လူနာမည္ေတြေအာ္မေခၚေကာင္းဘူးလို႔ သတိေပးတယ္။ ဘာေၾကာင့္မွန္းမသိဘူး ကြ်န္မစိတ္ထဲမွာ ေတာင္းပန္ရမယ္လို႔ အသိဝင္လာတယ္။ ကမန္းကတန္းကြ်န္မထိုင္ခ်လိုက္တယ္ ေနာက္ကလူေတြလဲ ၿပိဳင္တူ ေျမႀကီးေပၚထိုင္ၿပီး ေတာင္ပိုင္သခင္မ ေျပာမွားဆိုမွားရွိရင္ ေဗြမယူပါနဲ႔ ေတာင္းပန္ပါတယ္လို႔ တိုင္ပင္မထားၾကဘဲ ကန္ေတာ့ၾကတယ္။ တကယ့္အခ်ိန္ပါဘဲ တိုက္ဆိုင္လြန္းတယ္ဆိုရင္ ဒါဟာ သတိေပးတဲ့ အမွတ္အသားလို႔ ကြ်န္မကယုံၾကည္တယ္။ ကြ်န္မတို႔အားလုးံ ေတာင္းပန္ၿပီးတာနဲ႔ တၿပိဳင္နက္ ေတာင္ေပၚက က်ယ္ေလာင္ျပင္းထန္လြန္းတဲ့အသံတစ္သံဟာ တေတာလုံးဟိန္းသြားေအာင္ အုန္းကနဲ ေပၚထြက္လာတယ္ ငွက္ေတြ ေဝါကနဲ ၿပိဳဆင္းလာတယ္ တိုက္ဆိုင္လြန္းစြာကြ်န္မစိတ္အာ႐ုံမွာ မိန္းမတေယာက္ ခါးေထာက္ၿပီး ေျမႀကီးကို ဖေနာင့္နဲ႔ ေပါက္လိုက္တဲ့ပုံဟာ ထင္ရွားစြာေပၚလာတယ္။ ထိုင္ေနရာက ကြ်န္မတို႔ၿပိဳင္တူရပ္လိုက္ၾကတယ္ ေတာင္ေပၚက အသံဟာ ကြ်န္မတို႔ကိုဆြဲခါလိုက္သလို တုန္သြားေစတယ္ အင္အားျပင္းထန္ၿပီး က်ယ္ေလာင္လြန္းတဲ့အသံက တကယ္ဆို ၿမိဳ႕တဝက္ေလာက္ ၾကားရႏိုင္တယ္။ ကြ်န္မတို႔ မ်က္ႏွာမူရာအရပ္ကို ဒေရာေသာပါးထြက္ေျပးၾကတယ္။ ခဏေလးမွ တကယ့္ခဏေလး ကားဆရာႀကီး ကို ဘြားကနဲေပၚလာသလို ျမင္လိုက္ရတယ္ နီးနီးေလးရယ္ သူကကြ်န္မတို႔ေျပးလာတာျမင္ေတာ့ စိတ္ပူၿပီး ဘာျဖစ္တာလဲ လို႔ ေမးတယ္။ ထူးဆန္းတာက သူက ဘာသံမွ မၾကားရဘူး တကယ္ဆို ခပ္က်ယ္က်ယ္စကားေျပာရင္ေတာင္ ၾကားရတဲ့အကြာအေဝး မွာ တခ်ိန္လုးံ သူရပ္ေနခဲ့တာေပါ့။ ”

ဂူထဲက ကေလးေတြရွာရင္း ထူးဆန္းမႈမ်ား ေတြ႔ႀကံဳရသည္ဟု ဆိုပါသည္။ ဒီအေၾကာင္းကေတာ့ ထိုင္းဘာသာျဖင့္ ေဖာ္ျပထားပီးေတာ့ အင္တာနက္ေပၚတြင္ ကိုေသာ္ဇင္ေအာင္ေဖာ္ျပထားခ်က္ကို ျပန္လည္ေဖာ္ျပရျခင္းပါ။ ၁ ။ အလိုလို မီးပ်က္သြားျခင္း၊ သြားစစ္ေဆးၾကည့္ေတာ့ လူေတြအမ်ားႀကီး ေစာင့္ၾကည့္ေနၾကစဥ္မွာ ဘယ္သူက မ်ား မီးႀကိဳးကိုလာျဖဳတ္သြားတာလဲမသိ။ ၂ ။ ဂူအတြင္းဘက္မွ ေအာ္ေခၚသံေတြၾကားရလို႔ အဖြဲ႕ဝင္ေတြသြားၾကည့္ၾကေတာ့ ဘာမွလဲမရွိဘူူး။ ၃ ။ လာကူညီၾကတဲ့ စစ္သားေတြမွာ အားလံုးက်န္းမာ အၾကမ္းခံႏိုင္ရက္နဲ႔ ေတာ္ေတာ္ မ်ားမ်ားဟာ ဖ်ားနာမႈေတြ ျဖစ္ၾကတယ္။ ၄ ။ ဒီဂူေရွ႕မွာ လာေနသူေတြဟာ ည ၉ နာရီ ေနာက္ပိုင္း ဆိုရင္ ေတာင္ေပၚက ထြက္ေပၚလာတဲ့ ေၾကာက္စရာ အသံေတြကို ဂူေရွ႕အထိ ၾကားေနရ ပါတယ္။ အရင္ကေရာက္ဖူးသူေတြလည္း ဒီလိုအသံမ်ိဳး ညတိုင္းၾကားေနရတတ္ပါတယ္။ ဘာအသံလည္းေတာ့ မသိၾကပါဘူး။ ၅ ။ လာကူညီၾကတဲ့ စစ္သားေတြက ကိုယ္ေတြ႕ၾကံဳလာ ရေတာ့ ေၾကာက္ရြံ႕ ထိတ္လန္႔ ေခ်ာက္ျခားေနၾက ပါတယ္။ဒီေက်ာက္လႈိဏ္ဂူႀကီးထဲမွာျမင္ရသမၽွ အားလံုး ဟာ ေၾကာက္စရာေတြခ်ည္းပဲ။ ေနရာတိုင္းမွာ မ်က္ေစ့ လည္ၿပီး လမ္းမွား စိတ္တုန္လႈပ္စရာေတြႀကီးပဲေလ။ အုပ္စုလိုက္သြားတာေတာင္ ဒီေလာက္ေၾကာက္ဖို႔ ေကာင္းတာ တစ္ေယာက္ထဲေတာ့ဘယ္မွမသြားရဲ ၾက ပါဘူး။ ၆ ။ သူတို႔ေတြက ဒီျဖစ္ရပ္ေတြကို ရယ္ေမာစရာ ဟာသ အျဖစ္ပဲသတ္မွတ္ထားလိုက္ပါတယ္။ ဒါေပမယ့္ ဟာသ မဟုတ္တာကေတာ့ ဂူေရွ႕မွာ အိပ္ေနသူေတြ ဟာ ေၾကာက္မက္ဖြယ္ အသံစိမ္းႀကီးနဲ႔ ညညဆို ထထေယာင္ေနတတ္ပါတယ္။ ဒါကို သူတို႔အဖြဲ႕ဝင္ တစ္ခ်ိဳ႕က အသံသြင္းထားၾကပါတယ္။ ၇ ။ တရက္မွာေတာ့ အုပ္ခ်ဳပ္ေရးမႉးနဲ႔ခပ္ဆင္ဆင္လူတစ္ေယာက္ နဲ႔အဖြဲ႕ဟာ ဂူထဲကို ေရးႀကီးသုတ္ျပာ ဝင္သြားၾကပါတယ္။ ဘာျဖစ္လို႔လဲေတာ့ မသိပါဘူး။ ဒီမွာေရာက္ေနတဲ့ကယ္ဆယ္ေရး အဖြဲ႕ဝင္ အကုန္လံုးဂူေရွ႕ထဲဝင္ၿပီး အၾကာႀကီးပဲေပ်ာက္သြားၾကတယ္။ ဒါေပမယ့္ မိုးသိပ္ခ်ဳပ္ေနၿပီမို႔ ဘယ္သူမွ ထူးျခား သတင္းေပးမႈ မလုပ္ၾကဘူူး။ ၿပီးေနာက္ အဖြဲ႕သားအားလံုး လည္း လူေရာစိတ္ပါေပ်ာ့ေခြ အားေလ်ာ့ သြားၾကပါတယ္။ ၈ ။ အရိပ္အမည္းေရာင္ႀကီးက လူေနာက္ကို လိုက္ ေလၽွာက္သြားေနတာ၊ တခါတေလရပ္ေနတာကို ျမင္ရသူလည္းရွိပါတယ္။ဒီလို ျမင္ရလြန္းလို႔ ေန႔လည္ခင္းေတာင္ တစ္ေယာက္ထဲ ဘယ္မွမသြားရဲၾကပါဘူး။ ၉ ။ မိုးကလည္း တစ္ခ်ိန္လံုးရြာေနတာပဲ။ ဒီဂူမွာပဲရြာတာေလ။ ထူးဆန္းလိုက္တာ။ ဒါေၾကာင့္မို႔ ဘယ္ေလာက္ပဲ ေရေတြကိုစုပ္ထုတ္ထုတ္ ေရက ေလ်ာ့သြားျခင္း၊ ခမ္းသြားျခင္း မရွိပါ။ သူတို႔ေတြ လုပ္ထားတာျဖစ္ဖို႔မ်ားတယ္။ ၁၀ ။ ဒါကေတာ့ အထူးဆန္းဆံုးပဲ။ အစားေဝရင္ အစာလာယူသူတခ်ိဳ႕ဟာ ဝတ္စားဆင္ယင္ထားတာ လိေက ( ျပဇာတ္ ) ကရင္ဝတ္သလိုမ်ိဳးနဲ႔ လွပစြာ လာတာလည္းရွိတယ္တဲ့၊ အစားအစာလာေဝေပးတဲ့ အမႀကီးကေျပာျပတာပါ။ သူကစဥ္းစားတယ္ ဒီလိုလွပစြာဝတ္ၿပီး ဒီေနရာကို လာသူေတြလည္း ရွိတာပဲလားေပါ့။ အမွန္မွာ ဒီလာသူေတြဒီလိုမ်ိဳး မဝတ္ထားၾကပါဘူး။ ၁၁ ။ ပထမဆံုးေန႔က ဒီၿမိဳ႕ခံလူေတြ အမ်ားႀကီးပဲ လာၾကည့္ၾကတယ္။ ဒါေပမယ္ ဒီေန႔ေတာ့ ဘယ္သူ မွ မလာၾကေတာ့ဘူး။ တစ္ခ်ိဳ႕က ကေလးငယ္ေလးေတြ ေခၚလာၾကတယ္။ ကေလးေတြဟာ အိမ္လည္း ျပန္ေရာက္ေရာ ဖ်ားနာၿပီး ဘီလူး၊ သရဲေတြကိုလည္း ေယာင္ေခၚေနတတ္တယ္။ ၿမိဳ႕ခံေတြလည္း ဒီအေၾကာင္းေတြတစ္ဆင့္တစ္ဆင့္ ျပန္ေျပာၾကရင္း ဘယ္သူမွဒီကိုမလာရဲၾကေတာ့ဘူး။ ၁၂ ။ အဖြဲ႕သားေတြ အလုပ္လုပ္ေနစဥ္ အဖ်က္အဆီး အေႏွာင့္အယွက္ ဟန္႔တားမႈေတြ စိတ္႐ႈပ္စရာေတြ အျမဲၾကံဳေနရတတ္တယ္။ပစၥည္းသယ္ျခင္း၊ ပို႔ျခင္းတို႔ စသျဖင့္ေပါ့။ ကားေပၚေရာက္ရင္လည္း စက္ႏႈိးလို႔ ရလိုက္ မရလိုက္နဲ႔ေပါ့။ လုပ္ရကိုင္ရတာ အဆင္မေျပ ခက္ခဲလြန္းလွပါတယ္။

 

မိန္းမေသေတာင္ ရိွ ဂူတစ္ခုထဲကို ဝင္ေရာက္ကာ ေပ်ာက္ဆံုးသြားသည့္ ကေလးငယ္ ၁၃ ဦး ႏွင့္ပတ္သက္ၿပီးေတာ့ ေဟာခ်က္ေဟာကြက္

ယေန႔သည္ ဂူအတြင္းေပ်ာက္ဆံုးသြားၾကေသာ ကေလးငယ္မ်ား ၏ တစ္ပတ္ေက်ာ္ၿပီးကာလလည္း ျဖစ္ေခ်သည္။ ႐ိုးရာအယူအဆမ်ားအရ နတ္ သိုက္ စသည့္ အရာမ်ားျဖင့္ ပတ္သက္ေနေသာ ေပ်ာက္ဆံုးမႈမ်ားသည္ အနည္းဆံုး (၇)ရက္ခန္႔ၾကာပီးေတာ့ ၁၁ ရက္အတြင္း ထူးျခားမႈျဖစ္လာတတ္ပါသည္။ နိမိတ္မ်ား ႏွင့္ သက္ဆိုင္ရာမ်ားကို ေမးျမန္းမႈအရကေတာ့ ထိုေတာင္ကို စိုးမိုးေနသည့္ အေစာင့္အေရွာက္မ်ားသည္ တျဖည္းျဖည္းအင္အားႀကီးလာေနသည္။ သက္ဆိုင္ေသာ အဓိကပုဂၢိဳလ္ႀကီး ေဒါသအားကေတာ့ အရမ္းကိုျပင္းထန္လြန္းတာေၾကာင့္ ဆက္သြယ္၍ မရေခ်။ နိမိတ္မ်ားအရဆိုလွ်င္ ေဟာခ်က္သည္ ေအာက္ပါအတိုင္း ျဖစ္တည္လာခဲ့သည္။ ၁။ ကေလးငယ္ဘက္ကေနလည္း ကိုယ္ခ်င္းစာတတ္ၾကသလို သက္ဆိုင္ေသာအေစာင့္ဘက္ကေနလည္း ကိုယ္ခ်င္းစာတတ္ရန္လိုေပသည္။ ပထမ ေရာက္လာစဥ္တုန္းကလည္း အျပစ္မ်ားျပဳလုပ္ခဲ့ၾကေပသည္။ သို႔ေသာ္ ေဗြမယူခဲ့။ ယခုလာေရာက္ၾကသည့္ ၁၃ ေယာက္အေနျဖင့္ မႀကိဳက္ေသာအရာမ်ားကိုလည္း ျပဳလုပ္ခဲ့သလို မေလးမစားျပဳလုပ္ခဲ့တာေတြလည္းရိွေပသည္။ ပထမအႀကိမ္လာေရာက္စဥ္တုန္းက က်န္ခဲ့ေသာ အေႂကြးမ်ား ႏွင့္ ဝင္ေရာက္ေသာအခါ ျပဳလုပ္ရမည့္ ပရိကံကိုလည္း ဆန္႔က်င္မႈျပဳလုပ္သည့္အတြက္ ဂူထဲသြင္းကာ အေမွာင္ခ်လိုက္ျခင္း ျဖစ္သည္။ ကေလးတိုင္း အသက္ရွင္ႏိုင္မည္ဟုလို႔ေသာ အာမမခံႏိုင္။ ဒါေပမယ့္ ထက္ဝက္ေက်ာ္ေလာက္ကိုေတာ့ အသက္ခ်မ္းသာေပးမည္ဟု ဆံုးျဖတ္ထားသည္။ အသက္႐ႈၾကပ္ ၍ ျပင္းထန္ေသာေဝဒနာ ခံစားေနရသူ ၊ ျပဳတ္က်သျဖင့္ ေျခေထာက္အ႐ိုး ေငါ့သြားသူ ၊ ဒဏ္ရာရသူ ၊ ထိုအထဲမွာ အေကာင္းပကတိျဖစ္ေနသည္ကေတာ့ ေလးေယာက္မွ်သာျဖစ္မည္။ က်န္ေသာကိုးေယာက္မွာေတာ့ အေသးအမႊားထိခိုက္မႈကေန အႀကီးမားဆံုး ႐ုပ္ပ်က္ဆင္းပ်က္ေသဆံုးမႈအထိျဖစ္ႏိုင္ေပသည္။ ၂။။ သဘာဝတရားကို အားကိုးပါ။ ရွာေဖြလိုသူမ်ားအေနျဖင့္ ကိုယ္ရွာေဖြေနသည့္ အရာကို ပိုမို Target ထားပါ ။ ရွာေဖြေနသည့္ ေနရာျဖင့္ အနီးကပ္ဆံုးေနရာမွာပဲ ရိွေနတာပါ။ မျမင္ႏိုင္ေသာအလႊာေတြေၾကာင့္မို႔ မျမင္ရတဲ့အပိုင္းေတြျဖစ္ေနတာပါ။ ၃။ ဒီတစ္ေခါက္ဝင္ၿပီးေနာက္ပိုင္း လူေတြဆိုရင္ေတာ့ စကားမွား အေနအထိုင္မွားပါက ေတာင္းပန္၍ေတာင္ လက္မခံႏိုင္ေတာ့ဘဲ အဆံုးထိ လုပ္မည္ျဖစ္သည္။ ၄။ ယေန႔ကိစၥမ်ားတြင္ သက္ဆိုင္ေသာဆရာေတာ္ႀကီးမ်ား ႏွင့္ ဝိဇၨာပုဂၢိဳလ္မ်ားက ေမတၱာရပ္ခံေနျခင္းေၾကာင့္မို႔ သနားမွ်တစြာ အျမန္ဆံုးျပန္ေတြ႕ဆံုေပးပါလိမ့္မည္။ ၅။ ေတြ႕ဖို႔မလိုေတာ့သည့္အေျခအေနထဲမွာပဲ ေရာက္ေနပါၿပီ မၾကာခင္မွာ ေတြ႕ရေတာ့မွာပါ။ သို႔ေသာ္ အရမ္းစိုးရိမ္ရေသာအေျခအေနအဆင့္မွာရိွေနပါသည္။ ပိုမိုေကာင္းမြန္ေသာအေျခအေနနဲ႔ ေတြ႕ရဖို႔ကေတာ့ ကြၽန္ေတာ္တို႔အေနျဖင့္ ဆုေတာင္းေမတၱာပို႔သေပးဖို႔ပါပဲ။

 

#လင္းညိဳ႕တာရာ

 

Unicode Version

 

ထိုင်းကလေး (၁၃) ယောက် ဝင်ရောက်သွားခဲ့သည့် မယ်ဆိုင်ဂူ (ခ) ထန်းလုံနန်းနွမ်းဂူ (ခ) သန်လောင်နန်နွန်ဂူအကြောင်း ထန်းလုံနန်းနွမ်းဂူသည် ထိုင်းမြန်မာနှစ်နိုင်ငံနယ်နိမိတ်အနီးတွင်တည်ရှိပြီး တာချီလိတ်နှင့်နီးစပ်ပါသည်။ ဂူအရှည်မှာ ငါးမိုင်ခန့်ရှိပြီး၊ သက်တမ်းမှာနှစ်သန်းပေါင်း နဲ့ ချီပြီး ကြာမြင့်သည်ဟုခန့်မှန်းကြပါသည်။ သဘာဝဗိသုကာဆရာကြီး တည်ထားသော အံ့သြစရာလှိုဏ်ဂူကြီးတစ်ခုလည်းဖြစ်ပေသည်။ ဒေသခံများသည် ထိုဂူကို နတ်ကြီးသောဂူဟုယူဆကြပြီး နေ့လည်နေ့ခင်းအချိန်မှာတောင် လူသွားလူလာနည်းပါးလှပါသည်။ ဂူထဲသို့ဝင်သည့်အခါ ဆိုင်ရာပိုင်ရာများကိုခွင့်တောင်းပူဇော်ပြီးမှဝင်လေ့ရှိကြပါသည်။ လှိုဏ်ဂူရှိရာ တောင်တန်းကြီး၏အမည် ကို မြန်မာလိုဘာသာပြန်ရမယ်ဆိုရင် “မင်းသမီးလဲလျောင်းတောင် “လို့ပဲ ဆိုရပါသည်။ ရှမ်းဘက်မှလူတွေကတော့ မိန်းမသေတောင် ၊ မိန်းမအိပ်တောင်လို့ ခေါ်ကြပါသည်။ ဒီနာမည်တွင်ရသည့် ဒဏ္ဍာရီဟာလည်း စိတ်ဝင်စားစရာပါပဲ။ ဒဏ္ဍာရီအရ တရုတ်ပြည် ဆစ်ဆောင်ပန်နားဒေသမှာ ရှေးအခါက ဘုရင့်သမီးတော်တစ်ပါးသည် မြင်းထိန်းတယောက်နှင့် ချစ်ကြိုက်မိခဲ့ပါသည်။ ဘုရင်ကြီးမသိအောင် ဖုံးကွယ်နေရင်းဖြင့် ဘုရင့်သမီးတော်လေးမှာ ကိုယ်လေးကိုယ်ဝန်ရှိလာသောအခါ ဘုရင်ကြီးသည် အဖြစ်မှန်ကို သိရှိသွားလေသည်။ ထိုအခါ ဘုရင်ကြီးသည် ဒေါသပုန်ထွက်ပြီး မြင်းထိန်းအား သတ်ဖို့ မှူးမတ်များကို စေလွှတ်လေသည်။ ဘုရင့်သမီးတော်လေးလည်း မှူးမတ်တွေထက် အရင် မြင်းထိန်းဆီကိုသွားရောက်ကာ အတူတကွ တောင်ဘက်အရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြလေသည်။ တောနက်ထဲမှာ မင်းသမီးဆာလောင်လာသဖြင့် ခင်ပွန်းဖြစ်သူက သူမကိုတစ်နေရာမှာ တစ်ယောက်တည်း ထားခဲ့ပြီး အစာရှာထွက်ပါသည်။ အဲဒီအချိန်မှာ နောက်ကလိုက်လာသော ဘုရင့်တပ်သားတွေက မင်းသမီး၏ ခင်ပွန်းကကြိုးချည်ထားသော မြင်းကို အရင်တွေ့ရာကနေ မြင်းထိန်းကိုလည်း နောက်ဆုံးရှာတွေ့ပြီး တစ်ခါတည်း သတ်ဖြတ်လိုက်ကြပါတော့သည်။ နောက်တော့မင်းသမီးလေးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ခမည်းတော်ရှိရာ နေပြည်တော်ကို ဘုရင့်တပ်သားတွေက ပြန်ခေါ်ဖို့ လျှောက်ထားပေမယ့် သူမ၏ ခင်ပွန်းအသတ်ခံခဲ့ရတာ သိပြီးနောက် မင်းသမီးဟာလည်း သူ့ဆံထုံးမှာထိုးထားတဲ့ ဆံထိုးကိုဆွဲနှုတ်ပြီးတော့ သူ့လည်ပင်းထဲကိုထိုးစိုက်ပြီး ဘုရင့်ရဲမက်တွေရှေ့မှာပဲ အဆုံးစီရင် သတ်သေခဲ့ပါသည်။ မင်းသမီးကိုယ်မမှ စီးထွက်သွားသည့် သွေးဟာ ချောင်းရေအဖြစ် ပြောင်းသွားခဲ့ပြီးတော့ အခုခေတ် တာချီလိတ်- မယ်ဆိုင်မြို့အကြား စီးဆင်းနေတဲ့ နယ်စပ်မျဉ်းပေါ်က မယ်ဆိုင်ချောင်းဖြစ်သည်ဟု ဒေသခံတွေက ယုံကြည်ကြပါသည်။ သူမ လဲကျသွားခဲ့သော နေရာဟာ မြန်မာလို “မင်းသမီးလဲလျောင်းတောင်”လို့ အဓိပ္ပါယ်ရတဲ့ လွိုင်နန်းနောင်း တောင်တန်းကြီးဖြစ်သွားပါတော့သည်။ အဲဒီတောင်၏ အောက်ခြေမှာရှိသော လှိုဏ်ဂူကြီးကတော့ မင်းသမီးရဲ့ မွေးလမ်းကြောင်းဖြစ်ပါသည်။ မြန်မာတွေအသိများသော ဘုရင်မပန်းခြံရှိရာ လွိုင်တုံးတောင်ကတော့ မင်းသမီး၏ ကိုယ်ဝန်ဗိုက်ကြီးဖြစ်ပါသည်။

ထိုသို့သေဆုံးချိန်မှာ မင်းသမီးလေးမှာကိုယ်ဝန်အရင်မာကြီး ဖြစ်ပြီး သေဆုံးပြီးနောက်ပိုင်းမှာ နတ်စိမ်းတစ်ပါးဖြစ်သွားခဲ့ပါသည်။ ယခုအချိန်အထိ ဂူကိုစောင့်ရှောင့်နေလျှက်ရှိသည်ဟု ဒေသခံများက ယုံကြည်လျက်ရှိကြပါသည်။ ဒေသခံများသည် ထိုမင်းသမီးလေးကို တောင်စောင့်နတ် ဂူစောင့်နတ် အဖြစ် ပူဇော်ပသမှုများ ယနေ့တိုင်ပြုလုပ်နေကြဆဲ ဖြစ်ပါသည်။ ထိုဂူစောင့် နတ်မင်းသမီးလေးသည် သူမပိုင်ဆိုင်သည့် သူမအစိုးရသည့် ဂူနှင့်တောင်ကျောတဝိုက်တွင် လူများဆူဆူညံညံပြုလုပ်ခြင်းကို မနှစ်သက်ဘူးဟုပြောကြပါသည်။ ဂူအတွင်းတွင် ကျောက်ဆောင်ကြီးတွေနှင့် ချောက်များလဲပေါများလှပြီး အလွန်ကြောက်စရာကောင်းလှပါသည်။ ညဘက်အချိန်ဆိုလျှင် ဂူအတွင်းမှ ထူးဆန်းသောအသံများကိုကြားရတတ်ပါသည်။ ထိုဂူအနားကိုရောက်ရှိသောလူများအနေဖြင့် လူရိပ်ကြီးများအနောက်မှလိုက်လာခြင်း၊ ခြောက်လှန့်ခြင်း၊ စသောအဖြစ်အပျက်များကိုကြုံတွေ့ရသည်ဟု ဆိုကြပါသည်။ ဂူ၏အတွင်းပိုင်းသည်ကျယ်ဝန်းပြီးနက်ရှိုင်းလှပါသည်။ ချိုင့်ဝှမ်း ဂလိုင်များပေါများလှပြီး ဂူဝင်ပေါက်များစွာတို့သည်လည်း ဝင်္ကပါကဲ့သို့ရှုပ်ထွေးလှပါသည်။ ဂူဟာအလွန်ရှည်လျားပြီး တာချီလိတ်အထိ ပေါက်သည်ဟုပြောကြသော်လည်း ဂူ၏အတွင်းပိုင်းအထိရောက်ရှိခဲ့ဖူးသူတော့ မရှိသလောက်ရှားပါးလှပါသည်။ ဂူအတွင်းပိုင်းထဲတွင် စိမ့်အေးလျက်ရှိနေပြီး တဦးထဲသွားလာမည်ဆိုပါက အလွန်ပင်ကြောက်စရာကောင်းသောနေရာတခုဖြစ်ပါသည်။ ဘယ်သူမှလဲတိတိကျကျ ဂူအဆုံးကိုမသိရှိကြပါ။ ဂူဟာရှည်လျားပြီး အံ့သြဆန်းပြားစရာအဖြစ်အပျက်များ ခဏခဏဆိုသလိုဖြစ်ပွားတတ်ပါသည်။ အမျိုးသားများအနေဖြင့် တစ်ခါတစ်ရံ နတ်ဝှက်ခံရလေ့ရှိကြပြီး တစ်ပတ်နှစ်ပတ်ခန့်ကြာသောအခါ ပြန်ပြီးလွတ်မြောက်တတ်ကြပါသည်။ ဂူအတွင်းပိုင်းရှိတချို့နေရာများကို ခဲခဲယဉ်းယဉ်း ကြပ်ကြပ်သပ်သပ် ဝင်ရပါသည်။ အချို့နေရာတွေမှာဆော့ ချိုင့်တွေရှိပြီး မတော်၍ချော်ကျပါက အသက်အန္တရာယ်ဆိုးရိမ်ဖွယ်ရာရှိပါသည်။ ဂူအတွင်းပိုင်းထဲမှာ ရေများအမြဲမပြတ်ရှိနေပါသည်။ ထိုတောင်နှင့်ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကိုလည်း ကြားသိရသည့်အတွက် ထိုအဖြစ်အပျက်လေးကိုပါ ပြောပြပါရစေ။ ဒီအဖြစ်အပျက် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က အမျိုးသမီးတစ်ယောက်ကြုံခဲ့ရသည့် အဖြစ်အပျက်ပါ။ ” နမ့်စန်မှာနေတုန်းက မိန်းမသေတောင်ဆိုတာ နာမည်ကြီးတယ်။ တောင်ရဲ့ ပုံသဏ္ဌန်က မိန်းမတယောက်အိပ်နေသလိုဘဲ။ တောင်ပိုင်သခင်မက တခါတလေ ရှမ်းအကျီအနက်ဝတ်ပြီးအဖိုးအိုတယောက်နဲ့အတူထွက်လာတတ်တယ်လို့ ကြားဖူးတယ်။ အဲဒီတောင်က နတ်ကြီးတယ်ဆိုရမလား သိ်ပ်ပ်အမှားမခံဘူး အဲဒီအနားမှာ တာဝန်ကျတဲ့ ရဲဘော်တွေ ကိုယ့်ကိုကိုယ်သတ်သေတာ ကြားဖူးတယ်။ တောင်ပေါ်မှာ ပေါက်တတ်ကရတွေလုပ်လို့ ဆိုတာ ကြားဖူးတယ်။ ဟိုအရင်က ဂျပန်တွေ စစ်ပြေးတော့ မသယ်နိုင်လို့ ဂူထဲမှာ ရတနာပစ္စည်းတွေမြုပ်သွားခဲ့တာ အများကြီးဘဲလို့လဲ ကြားဖူးတယ်။ သွားရှာတဲ့သူတွေ မျက်စိကန်းပြီး ကုမရဘူးလို့ ကြားဖူးတယ်။ ကျွန်မအိပ်ခန်းကကြည့်ရင် အဲဒီတောင်ကို မြင်နေရတယ် ဆောင်းတွင်း နှင်းတွေကျနေတဲ့အချိန်ဆို နေရောင်ခြည်သန်းလာတာနဲ့တဖြေးဖြေးထင်ရှားလာတဲ့ ပုံစံဟာ မိန်းမတယောက်လဲလျောင်းနေသလို သိသိသာသာ ထင်ရှားတယ် ။ တခါတလေ နေဝင်ရီတရော အဲဒီတောင်ဘက်ကို ကျွန်မရပ်ကြည့်နေလေ့ရှိတယ် ။ ကျွန်မစိတ်ထဲ တရက်တော့ ရောက်အောင်သွားမယ်လို့ စိတ်ထဲရှိခဲ့တယ်။

တစ်နေ့တော ့ ကြံစည်ထားတဲ့အတိုင်း မိန်းမသေတောင်ကိုတက်ကြမယ်လို့ လူစုပြီး အဖွဲ့လိုက်သွားကြတယ် ။ လမ်းတလျှောက် ထူးထူးခြားခြား ဘာမှမရှိဘူး။ တောင်ခြေမှာ ကားဆရာကိုထားခဲ့တယ်။ တောင်ပေါ်က ပြန်ဆင်းတော့ ဒီတောင်ဟာ နာမည်ကြီးပြီး မြွေလေးတကောင်တောင် မမြင်ရဖူး ပျင်းတာလို့ ကျွန်မစကားမှားတာနဲ့ ချက်ခြင်းဆိုသလို လမ်းပျောက်သွားတာဟာ မျက်လှည့်ပြလိုက်သလိုပါပဲ။ ဒီလမ်းကတက်ပြီး ဒီလမ်းကဘဲ ပြန်ဆင်းတာ လမ်းခွဲလဲမရှိဘဲ တောင်ခြေမှာရပ်ထားတဲ့ကားလဲ မတွေ့ရဘဲ ထွက်တဲ့လမ်းဟာ ဖြုန်းဆိုပျောက်သွားခဲ့တယ်။ အချိန်က ညနေ ခြောက်နာရီကျော်ပါပြီ။ကျွန်မတို့တောင်ခြေမှာခြေဦးတည့်ရာလျှောက်သွားနေခဲ့ကြတယ်။ ဘာကြောင့်မှန်း နားမလည်သေးဘဲ စကားတွေပြောနေကြသေးတယ်။ ကြာတော့ တဖြေးဖြေး စိတ်တွေ လေးလာတယ် ။ ရုတ်တရက် ခေါင်းမူးပြီး ချွေးပြန်လာတယ်။ ကျွန်မက ခေါ်င်းဆောင်လုပ်သွားပြီး စကားမှားတာလဲ ရှိတော့ ခံစားမှု့အာရုံတွေက ကျွန်မဆီကိုဘဲ တိုးဝှေ့လာတယ်လို့ ထင်မိတယ်။ နောက်ဆုံး ကြံရာမရတဲ့အဆုးံ ကားဆရာနာမည်အော်ခေါ်ကြတယ်။ တောင်ပေါ်က ယောက်ကျားသံတွေ ချက်ခြင်း တုန့်ပြန်လာတယ်။ကျွန်မတို့ရပ်ရင် သူတို့လဲရပ်တယ်။ ပဲ့တင်သံမဟုတ်ဘူး ကျွန်မတို့က လူနာမည်အော်ခေါ်တာဖြစ်ပြီး ပြန်ကြားတဲ့အသံက ဟေ လို့ ထူးတဲ့အသံမျိုး နိမ့်ရာက မြင့်လာသလို တိုးရာက ကျယ်လာသလို မျိုးပဲ။ တကယ်တော့ ကြက်သီးထစရာကောင်းတယ် ။ အသံတွေက ဟိုးအဝေးကြီးကနေ ပျံ့လာတဲ့ အနေအထားမျိုး …တောင်ပတ်ပတ်လည်က လူတွေဝိုင်းပြီး ပြန်အော်တဲ့ အသံမျိုး …အဆိုးရွားဆုံးက ကျွန်မတို့အနား လူတွေဝိုင်းနေသလို ခံစားရတာဘဲ ။ အဲဒီအချိန်မှာအသက်ကြီးပြီးအတွေ့အကြုံရှိတဲ့ အန်တီမိက တောထဲမှာ လူနာမည်တွေအော်မခေါ်ကောင်းဘူးလို့ သတိပေးတယ်။ ဘာကြောင့်မှန်းမသိဘူး ကျွန်မစိတ်ထဲမှာ တောင်းပန်ရမယ်လို့ အသိဝင်လာတယ်။ ကမန်းကတန်းကျွန်မထိုင်ချလိုက်တယ် နောက်ကလူတွေလဲ ပြိုင်တူ မြေကြီးပေါ်ထိုင်ပြီး တောင်ပိုင်သခင်မ ပြောမှားဆိုမှားရှိရင် ဗွေမယူပါနဲ့ တောင်းပန်ပါတယ်လို့ တိုင်ပင်မထားကြဘဲ ကန်တော့ကြတယ်။ တကယ့်အချိန်ပါဘဲ တိုက်ဆိုင်လွန်းတယ်ဆိုရင် ဒါဟာ သတိပေးတဲ့ အမှတ်အသားလို့ ကျွန်မကယုံကြည်တယ်။ ကျွန်မတို့အားလုးံ တောင်းပန်ပြီးတာနဲ့ တပြိုင်နက် တောင်ပေါ်က ကျယ်လောင်ပြင်းထန်လွန်းတဲ့အသံတစ်သံဟာ တတောလုံးဟိန်းသွားအောင် အုန်းကနဲ ပေါ်ထွက်လာတယ် ငှက်တွေ ဝေါကနဲ ပြိုဆင်းလာတယ် တိုက်ဆိုင်လွန်းစွာကျွန်မစိတ်အာရုံမှာ မိန်းမတယောက် ခါးထောက်ပြီး မြေကြီးကို ဖနောင့်နဲ့ ပေါက်လိုက်တဲ့ပုံဟာ ထင်ရှားစွာပေါ်လာတယ်။ ထိုင်နေရာက ကျွန်မတို့ပြိုင်တူရပ်လိုက်ကြတယ် တောင်ပေါ်က အသံဟာ ကျွန်မတို့ကိုဆွဲခါလိုက်သလို တုန်သွားစေတယ် အင်အားပြင်းထန်ပြီး ကျယ်လောင်လွန်းတဲ့အသံက တကယ်ဆို မြို့တဝက်လောက် ကြားရနိုင်တယ်။ ကျွန်မတို့ မျက်နှာမူရာအရပ်ကို ဒရောသောပါးထွက်ပြေးကြတယ်။ ခဏလေးမှ တကယ့်ခဏလေး ကားဆရာကြီး ကို ဘွားကနဲပေါ်လာသလို မြင်လိုက်ရတယ် နီးနီးလေးရယ် သူကကျွန်မတို့ပြေးလာတာမြင်တော့ စိတ်ပူပြီး ဘာဖြစ်တာလဲ လို့ မေးတယ်။ ထူးဆန်းတာက သူက ဘာသံမှ မကြားရဘူး တကယ်ဆို ခပ်ကျယ်ကျယ်စကားပြောရင်တောင် ကြားရတဲ့အကွာအဝေး မှာ တချိန်လုးံ သူရပ်နေခဲ့တာပေါ့။ ”

ဂူထဲက ကလေးတွေရှာရင်း ထူးဆန်းမှုများ တွေ့ကြုံရသည်ဟု ဆိုပါသည်။ ဒီအကြောင်းကတော့ ထိုင်းဘာသာဖြင့် ဖော်ပြထားပီးတော့ အင်တာနက်ပေါ်တွင် ကိုသော်ဇင်အောင်ဖော်ပြထားချက်ကို ပြန်လည်ဖော်ပြရခြင်းပါ။ ၁ ။ အလိုလို မီးပျက်သွားခြင်း၊ သွားစစ်ဆေးကြည့်တော့ လူတွေအများကြီး စောင့်ကြည့်နေကြစဉ်မှာ ဘယ်သူက များ မီးကြိုးကိုလာဖြုတ်သွားတာလဲမသိ။ ၂ ။ ဂူအတွင်းဘက်မှ အော်ခေါ်သံတွေကြားရလို့ အဖွဲ့ဝင်တွေသွားကြည့်ကြတော့ ဘာမှလဲမရှိဘူး။ ၃ ။ လာကူညီကြတဲ့ စစ်သားတွေမှာ အားလုံးကျန်းမာ အကြမ်းခံနိုင်ရက်နဲ့ တော်တော် များများဟာ ဖျားနာမှုတွေ ဖြစ်ကြတယ်။ ၄ ။ ဒီဂူရှေ့မှာ လာနေသူတွေဟာ ည ၉ နာရီ နောက်ပိုင်း ဆိုရင် တောင်ပေါ်က ထွက်ပေါ်လာတဲ့ ကြောက်စရာ အသံတွေကို ဂူရှေ့အထိ ကြားနေရ ပါတယ်။ အရင်ကရောက်ဖူးသူတွေလည်း ဒီလိုအသံမျိုး ညတိုင်းကြားနေရတတ်ပါတယ်။ ဘာအသံလည်းတော့ မသိကြပါဘူး။ ၅ ။ လာကူညီကြတဲ့ စစ်သားတွေက ကိုယ်တွေ့ကြုံလာ ရတော့ ကြောက်ရွံ့ ထိတ်လန့် ချောက်ခြားနေကြ ပါတယ်။ဒီကျောက်လှိုဏ်ဂူကြီးထဲမှာမြင်ရသမျှ အားလုံး ဟာ ကြောက်စရာတွေချည်းပဲ။ နေရာတိုင်းမှာ မျက်စေ့ လည်ပြီး လမ်းမှား စိတ်တုန်လှုပ်စရာတွေကြီးပဲလေ။ အုပ်စုလိုက်သွားတာတောင် ဒီလောက်ကြောက်ဖို့ ကောင်းတာ တစ်ယောက်ထဲတော့ဘယ်မှမသွားရဲ ကြ ပါဘူး။ ၆ ။ သူတို့တွေက ဒီဖြစ်ရပ်တွေကို ရယ်မောစရာ ဟာသ အဖြစ်ပဲသတ်မှတ်ထားလိုက်ပါတယ်။ ဒါပေမယ့် ဟာသ မဟုတ်တာကတော့ ဂူရှေ့မှာ အိပ်နေသူတွေ ဟာ ကြောက်မက်ဖွယ် အသံစိမ်းကြီးနဲ့ ညညဆို ထထယောင်နေတတ်ပါတယ်။ ဒါကို သူတို့အဖွဲ့ဝင် တစ်ချို့က အသံသွင်းထားကြပါတယ်။ ၇ ။ တရက်မှာတော့ အုပ်ချုပ်ရေးမှူးနဲ့ခပ်ဆင်ဆင်လူတစ်ယောက် နဲ့အဖွဲ့ဟာ ဂူထဲကို ရေးကြီးသုတ်ပြာ ဝင်သွားကြပါတယ်။ ဘာဖြစ်လို့လဲတော့ မသိပါဘူး။ ဒီမှာရောက်နေတဲ့ကယ်ဆယ်ရေး အဖွဲ့ဝင် အကုန်လုံးဂူရှေ့ထဲဝင်ပြီး အကြာကြီးပဲပျောက်သွားကြတယ်။ ဒါပေမယ့် မိုးသိပ်ချုပ်နေပြီမို့ ဘယ်သူမှ ထူးခြား သတင်းပေးမှု မလုပ်ကြဘူး။ ပြီးနောက် အဖွဲ့သားအားလုံး လည်း လူရောစိတ်ပါပျော့ခွေ အားလျော့ သွားကြပါတယ်။ ၈ ။ အရိပ်အမည်းရောင်ကြီးက လူနောက်ကို လိုက် လျှောက်သွားနေတာ၊ တခါတလေရပ်နေတာကို မြင်ရသူလည်းရှိပါတယ်။ဒီလို မြင်ရလွန်းလို့ နေ့လည်ခင်းတောင် တစ်ယောက်ထဲ ဘယ်မှမသွားရဲကြပါဘူး။ ၉ ။ မိုးကလည်း တစ်ချိန်လုံးရွာနေတာပဲ။ ဒီဂူမှာပဲရွာတာလေ။ ထူးဆန်းလိုက်တာ။ ဒါကြောင့်မို့ ဘယ်လောက်ပဲ ရေတွေကိုစုပ်ထုတ်ထုတ် ရေက လျော့သွားခြင်း၊ ခမ်းသွားခြင်း မရှိပါ။ သူတို့တွေ လုပ်ထားတာဖြစ်ဖို့များတယ်။ ၁၀ ။ ဒါကတော့ အထူးဆန်းဆုံးပဲ။ အစားဝေရင် အစာလာယူသူတချို့ဟာ ဝတ်စားဆင်ယင်ထားတာ လိကေ ( ပြဇာတ် ) ကရင်ဝတ်သလိုမျိုးနဲ့ လှပစွာ လာတာလည်းရှိတယ်တဲ့၊ အစားအစာလာဝေပေးတဲ့ အမကြီးကပြောပြတာပါ။ သူကစဉ်းစားတယ် ဒီလိုလှပစွာဝတ်ပြီး ဒီနေရာကို လာသူတွေလည်း ရှိတာပဲလားပေါ့။ အမှန်မှာ ဒီလာသူတွေဒီလိုမျိုး မဝတ်ထားကြပါဘူး။ ၁၁ ။ ပထမဆုံးနေ့က ဒီမြို့ခံလူတွေ အများကြီးပဲ လာကြည့်ကြတယ်။ ဒါပေမယ် ဒီနေ့တော့ ဘယ်သူ မှ မလာကြတော့ဘူး။ တစ်ချို့က ကလေးငယ်လေးတွေ ခေါ်လာကြတယ်။ ကလေးတွေဟာ အိမ်လည်း ပြန်ရောက်ရော ဖျားနာပြီး ဘီလူး၊ သရဲတွေကိုလည်း ယောင်ခေါ်နေတတ်တယ်။ မြို့ခံတွေလည်း ဒီအကြောင်းတွေတစ်ဆင့်တစ်ဆင့် ပြန်ပြောကြရင်း ဘယ်သူမှဒီကိုမလာရဲကြတော့ဘူး။ ၁၂ ။ အဖွဲ့သားတွေ အလုပ်လုပ်နေစဉ် အဖျက်အဆီး အနှောင့်အယှက် ဟန့်တားမှုတွေ စိတ်ရှုပ်စရာတွေ အမြဲကြုံနေရတတ်တယ်။ပစ္စည်းသယ်ခြင်း၊ ပို့ခြင်းတို့ စသဖြင့်ပေါ့။ ကားပေါ်ရောက်ရင်လည်း စက်နှိုးလို့ ရလိုက် မရလိုက်နဲ့ပေါ့။ လုပ်ရကိုင်ရတာ အဆင်မပြေ ခက်ခဲလွန်းလှပါတယ်။

 

မိန်းမသေတောင် ရှိ ဂူတစ်ခုထဲကို ဝင်ရောက်ကာ ပျောက်ဆုံးသွားသည့် ကလေးငယ် ၁၃ ဦး နှင့်ပတ်သက်ပြီးတော့ ဟောချက်ဟောကွက်

ယနေ့သည် ဂူအတွင်းပျောက်ဆုံးသွားကြသော ကလေးငယ်များ ၏ တစ်ပတ်ကျော်ပြီးကာလလည်း ဖြစ်ချေသည်။ ရိုးရာအယူအဆများအရ နတ် သိုက် စသည့် အရာများဖြင့် ပတ်သက်နေသော ပျောက်ဆုံးမှုများသည် အနည်းဆုံး (၇)ရက်ခန့်ကြာပီးတော့ ၁၁ ရက်အတွင်း ထူးခြားမှုဖြစ်လာတတ်ပါသည်။

နိမိတ်များ နှင့် သက်ဆိုင်ရာများကို မေးမြန်းမှုအရကတော့ ထိုတောင်ကို စိုးမိုးနေသည့် အစောင့်အရှောက်များသည် တဖြည်းဖြည်းအင်အားကြီးလာနေသည်။

သက်ဆိုင်သော အဓိကပုဂ္ဂိုလ်ကြီး ဒေါသအားကတော့ အရမ်းကိုပြင်းထန်လွန်းတာကြောင့် ဆက်သွယ်၍ မရချေ။ နိမိတ်များအရဆိုလျှင် ဟောချက်သည် အောက်ပါအတိုင်း ဖြစ်တည်လာခဲ့သည်။

၁။ ကလေးငယ်ဘက်ကနေလည်း ကိုယ်ချင်းစာတတ်ကြသလို သက်ဆိုင်သောအစောင့်ဘက်ကနေလည်း ကိုယ်ချင်းစာတတ်ရန်လိုပေသည်။ ပထမ ရောက်လာစဉ်တုန်းကလည်း အပြစ်များပြုလုပ်ခဲ့ကြပေသည်။ သို့သော် ဗွေမယူခဲ့။ ယခုလာရောက်ကြသည့် ၁၃ ယောက်အနေဖြင့် မကြိုက်သောအရာများကိုလည်း ပြုလုပ်ခဲ့သလို မလေးမစားပြုလုပ်ခဲ့တာတွေလည်းရှိပေသည်။ ပထမအကြိမ်လာရောက်စဉ်တုန်းက ကျန်ခဲ့သော အကြွေးများ နှင့် ဝင်ရောက်သောအခါ ပြုလုပ်ရမည့် ပရိကံကိုလည်း ဆန့်ကျင်မှုပြုလုပ်သည့်အတွက် ဂူထဲသွင်းကာ အမှောင်ချလိုက်ခြင်း ဖြစ်သည်။ ကလေးတိုင်း အသက်ရှင်နိုင်မည်ဟုလို့သော အာမမခံနိုင်။ ဒါပေမယ့် ထက်ဝက်ကျော်လောက်ကိုတော့ အသက်ချမ်းသာပေးမည်ဟု ဆုံးဖြတ်ထားသည်။ အသက်ရှုကြပ် ၍ ပြင်းထန်သောဝေဒနာ ခံစားနေရသူ ၊ ပြုတ်ကျသဖြင့် ခြေထောက်အရိုး ငေါ့သွားသူ ၊ ဒဏ်ရာရသူ ၊ ထိုအထဲမှာ အကောင်းပကတိဖြစ်နေသည်ကတော့ လေးယောက်မျှသာဖြစ်မည်။ ကျန်သောကိုးယောက်မှာတော့ အသေးအမွှားထိခိုက်မှုကနေ အကြီးမားဆုံး ရုပ်ပျက်ဆင်းပျက်သေဆုံးမှုအထိဖြစ်နိုင်ပေသည်။

၂။ သဘာဝတရားကို အားကိုးပါ။ ရှာဖွေလိုသူများအနေဖြင့် ကိုယ်ရှာဖွေနေသည့် အရာကို ပိုမို Target ထားပါ ။ ရှာဖွေနေသည့် နေရာဖြင့် အနီးကပ်ဆုံးနေရာမှာပဲ ရှိနေတာပါ။ မမြင်နိုင်သောအလွှာတွေကြောင့်မို့ မမြင်ရတဲ့အပိုင်းတွေဖြစ်နေတာပါ။

၃။ ဒီတစ်ခေါက်ဝင်ပြီးနောက်ပိုင်း လူတွေဆိုရင်တော့ စကားမှား အနေအထိုင်မှားပါက တောင်းပန်၍တောင် လက်မခံနိုင်တော့ဘဲ အဆုံးထိ လုပ်မည်ဖြစ်သည်။

၄။ ယနေ့ကိစ္စများတွင် သက်ဆိုင်သောဆရာတော်ကြီးများ နှင့် ဝိဇ္ဇာပုဂ္ဂိုလ်များက မေတ္တာရပ်ခံနေခြင်းကြောင့်မို့ သနားမျှတစွာ အမြန်ဆုံးပြန်တွေ့ဆုံပေးပါလိမ့်မည်။

၅။ တွေ့ဖို့မလိုတော့သည့်အခြေအနေထဲမှာပဲ ရောက်နေပါပြီ မကြာခင်မှာ တွေ့ရတော့မှာပါ။ သို့သော် အရမ်းစိုးရိမ်ရသောအခြေအနေအဆင့်မှာရှိနေပါသည်။ ပိုမိုကောင်းမွန်သောအခြေအနေနဲ့ တွေ့ရဖို့ကတော့ ကျွန်တော်တို့အနေဖြင့် ဆုတောင်းမေတ္တာပို့သပေးဖို့ပါပဲ။

#လင်းညို့တာရာ

Comments

comments

Post Author: manawmaya