သံဝေဂတရား (၄) ပါး

စတုရာရက္ခတရား (အာရက္ခတရား ၄ ပါး)

မ သု
မေ ဗု

မ – မရဏာနုဿ      တိ
သု – အသုဘာနုဿ      တိ
မေ – မေတ္တာ
ဗု – ဗုဒ္ဓါနုဿ      တိ
သံသရာဝဋ်အတွင်းမှ လွတ်မြောက်ရန် တရားဘာဝနာ အားထုတ်ကြမည့် ယောဂီများသည် သံဝေဂအသိစွဲမြဲသိစေရန်အတွက် ဤစတုရာရက္ခတရား (၄) ပါးကို မျှဝေအပ်ပါသည်။

မရဏာနုဿ      တိ
ဘုရားရှင်ရှိစဉ်အခါက တစ်နေ့မှာ ဘုရားရှင်ကျောင်းတော်မှာ ရဟန်း တော်တို့ သေခြင်းတရားဖြစ်တဲ့ မရဏနုဿတိကို မိမိတို့ ဆင်ခြင်ပုံကို တိုင်ပင် ဆွေးနွေးရာနေရာသို့ ဘုရားရှင်ရောက်တော်မူ၍ ချစ်သားရဟန်းတို့ ငါဘုရား မရောက်မီ ဘယ်စကား ဆက်စပ်၍ တိုင်ပင်နေပါသလဲလို့ သိလျက်နှင့် မေးတော် မူရာ ရဟန်းတို့သည် ဘုရားရှင်အား နေရာထိုင်ခင်းပေးပြီး ရိုသေစွာ လျှောက် ထားအပ်ပါသည်။ ဘုရားတပည့်တော်တို့ သေခြင်းတရားအပေါ် အောက်မေ့မှုကို တိုင်ပင်ကြကြောင်း လျှောက်ထားသော် ပထမရဟန်းတော်သည် (၁)လအတွင်း သေနိုင်ပါသည်ဟု လျှောက်သော် ဘုရားရှင်က ဆိတ်ဆိတ်နေသော် ရက် (၂၀)၊ (၁၀)ရက်၊ (၅)ရက်၊ (၄)ရက်၊ (၂)ရက်၊ (၁) ရက်၊ နေ့ဝက်၊ ၅ နာရီ၊ ၂ နာရီ၊ ၁ နာရီ၊ ဆွမ်းတစ်နပ်စား၊ ၁၀ လုပ်စား၊ ၅ လုပ်စား၊ ၂ လုပ်စား၊ ၁ လုပ်စား အစရှိသမျှ လျှောက်ထားသော် ဘုရားရှင်သည် ဆိတ်ဆိတ်ပင်နေတော်မူရာ နောက်ဆုံး အမှန်အတိုင်း လျှောက်ထားမည့်ရဟန်းတော်မှာ ရိုသေစွာ လက်ကန် တော့တင်ကာ ဘုရားတပည့်တော်သည် ‘အသက်ရှူဆဲ၊ ရှိုက်ဆဲ၊ မျက်တောင် တစ်ခတ်အတွင်းမှာပင် သေနိုင်ကြောင်း လျှောက်တင်သော်’ ဘုရားရှင်သည် ဝမ်းမြောက်စွာဖြင့် သာဓုခေါ်ပါသည်။
ချစ်သားတို့ ဤကဲ့သို့ သေရခြင်းဟာ သေခြင်းမရှိသော နိဗ္ဗာန်ကို မရ သေးလို့သာ သေရတာပါ။ ဒါကြောင့် သေခြင်းမရှိရာ နိဗ္ဗာန်ရဖို့အတွက် ဝိပဿ      နာတရား ကျင့်ကြံပွားများရန် ဟောတော်မူခဲ့ပါသည်။

အသုဘကမ္မဋ္ဌာန်း
အသုဘဆိုတာ အရပ်အပြောအရ သေဆုံးသွားသော အလောင်းကောင် ကို ရုတ်ကလာပ်မသာလို့ နားလည်ကြပါတယ်။ မသာဆိုတဲ့စကားအတိုင်းပဲ၊ ဘဝကို သာယာအောင်မှ မစောင့်ရှောက်နိုင်တော့တာကြောင့် မသာ-အသုဘ လို့ ပြောကြတာပါ။ အမှန်စင်စစ်တော့ အသုဘဆိုတာ မတင့်မတယ် ရွံ့ဖွယ်ရာ မှန်သမျှကို ဆိုလိုတာပါ။
ကျွန်တော်တို့အားလုံးဟာလည်း မသေသေးတဲ့ အသုဘတွေပါ။ ကွာခြား တာ ဆိုလို့ သိခြင်း၊ မသိခြင်းပဲ ကွာတာပါ။ ကျွန်တော်တို့အားလုံးမှာ ဒွါရကြီးငယ် ရှိကြတဲ့၊ မျက်စိကလည်း ရွှေမထွက်ပါ၊ မျက်ချေး၊ နားပေါက်ကလည်း နားဖာ ချေး၊ နှာခေါင်းမှလည်း နှပ်၊ ပါးစပ်မှလည်း သွားရည်နှင့် ခန္ဓာကိုယ်အနှံ့ မွေးညင်း ပေါက်အစုံမှလည်း အပုပ်အခိုးများသာ ထွက်တာပါ။ ဘယ်နေရာမှ တင့်တယ် နှစ်လိုဖွယ် မရှိပါ။ နေ့စဉ်နဲ့အမျှ သန့်ရှင်းအောင် စောင့်ရှောက်နေလို့သာ၊ နှစ်ရက် လောက် သန့်စင်မှုမလုပ်ရင် ကိုယ့်အနံ့တောင် ခံချင်မှာမဟုတ်ပါ။ ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ ဘယ်လောက်ပဲ ချမ်းသြွာကယ်ဝပါစေ၊ ပညာတွေ တော်ပါစေ၊ ရာထူးဂုဏ်ထူးတွေ ကြီးမားမြင့်မားပါစေ၊ အသုဘခန္ဓာကိုယ် ရတာ ချင်းတော့ အတူတူပါပဲ။ ဒါကြောင့် နှိမ့်ချခြင်း၊ အထင်သေးခြင်း၊ ရွံ့ရှာခြင်းများ ဖြစ်ပေါ်ပါက အသုဘခန္ဓာကိုယ်ရတာချင်းအတူတူပါလို့ သတိဝင်စေချင်ပါ တယ်။ သူလည်း မသေခင် အသုဘ၊ ငါလည်း မသေခင် အသုဘပဲ၊ အချင်းချင်း ကူညီဖေးမပြီး မေတ္တာထား စောင့်ရှောက်တာ မင်္ဂလာတရားပါ။ ဝေဘူဆရာတော် ကြီး ဆုံးမစကားလေး ကြုံတုန်း ပြောပြပါရစေ။ ]တလောကလုံး မသာလောင်း- ဗလာလောင်း-ပြာလောင်း ကြာညောင်းမနေနဲ့} အဓိပ္ပာယ်ကတော့ အားလုံး သေကြရမယ့် မသာလောင်းတွေပဲ၊ သေတော့လည်း ဘာမှ မပါ လက်ဗလာနဲ့ သွားရမှာ၊ သေပြီးတော့လည်း ပြာလောင်းပေါ့။ ကြာညောင်းမနေနဲ့ဆိုတာ ဒီဘဝ ဒီခန္ဓာကို ပြောတာမဟုတ်ပါ။ သံသရာမှာ ဘဝပေါင်းများစွာ ခန္ဓာပေါင်းများစွာနဲ့ သေမင်းကို အခွန်ဆက်လို့ ပင်ပန်းလှပါပြီ။ ဒါကြောင့် အသုဘကမ္မဋ္ဌာန်းကို အောက်မေ့ပြီး သေခြင်းကင်းရာ နိဗ္ဗာန်သို့ ဝင်စံနိုင်အောင် ဝိပဿနာတရားပာါး များကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

မေတ္တာဘာဝနာ

မေတ္တာဆိုသော ဝေါဟာရစကားကို လူသားအားလုံး မိမိတို့ရဲ့ကဏ္ဍ အလိုက် သုံးနှုန်းရေးသားကြ၊ ပြောဆိုကြပါတယ်။ စာအုပ်ပေါင်းများစွာလည်း ရေးသားကြပါတယ်။ ဘယ်လောက်ပင်များပြားကြသော်လည်း မေတ္တာဆိုတဲ့ စကားလုံးကို ညွှန်းဆိုတဲ့အချက်ကို ကျွန်တော့်အနေနဲ့ နားလည်သလောက် ပြောချင်ပါတယ်။ ကျွန်တော်နားလည်တာ အချက်သုံးချက်ပြောမှာပါ။ ပထမ အချက်ကတော့ မေတ္တာတရား ပေးဆပ်သူတိုင်း မိမိနှင့် ပတ်ဝန်းကျင်သဘော သဘာဝတို့ကို ]နားလည်မှု}ပေးနိုင်ရပါမယ်။ နားလည်မှုရှိသည်နှင့်အမျှ အရာရာ တိုင်းမှာ ]ခွင့်လွှတ်}တတ်တယ်။ ]သည်းခံ}တတ်မှာပါ။
ဥပမာ ။ လူတစ်ယောက်ဟာ ခွင့်မလွှတ်နိုင်အောင် မကောင်းနေ၊ ဆိုးသွမ်းနေပါစေ၊ သူ ဘာကြောင့် မကောင်းသလဲ၊ ဆိုးရသလဲဆိုတာကို နားလည်မှုပေးနိုင်မယ်ဆိုရင် သူဆိုးသမျှ မကောင်းသမျှတွေကို ခွင့်လွှတ်နိုင်၊ သည်းခံနိုင်မယ်ဆိုရင် သူ့အပေါ် မေတ္တာထားနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ နားလည်မှုကြောင့်ပါ။ နားလည်မှု၊ ခွင့်လွှတ်မှု၊ သည်းခံမှုသည် တကယ်မေတ္တာ အစစ်ပါ။ စကားလုံးမေတ္တာ၊ အပြောမေတ္တာမဟုတ်၊ နှုတ်ကနေ ပွားရုံရွတ်ဆိုနေ ရသော မေတ္တာမျိုးလည်း မဟုတ်။ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးအတွက် ထားအပ်သော မေတ္တာပါ။ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးသည် သံသရာ တစ်လျှောက် တော်စပ်ခဲ့ဖူးသော သံသရာဆွေမျိုးတွေပါ၊ အားလုံး ကျေးဇူးမကင်း ကြပါ။ ဒီကျေးဇူးတရားတွေ သိမြင်နေသမျှ မေတ္တာပေါ်နေမှာပါ။ ဒီစကားကလည်း ကျေးဇူးရှင်ဆရာ၏အဆုံးအမဖြစ်ပါတယ်။ ]ကျေးဇူးမြင်လျှင် မေတ္တာပေါ်သည်၊ ကျေးဇူးပျောက်လျှင် မာနပေါ်သည်}၊ ဒါကြောင့် သံသရာ ဆွေမျိုးအားလုံး အပေါ် ကျေးဇူးတွေမြင်ပြီး မေတ္တာတွေထားကာ သံသရာမှ လွတ်မြောက်အောင် ဘာဝနာတွေ ပွားကြပါရန် တိုက်တွန်းအပ်ပါသည်။

ဗုဒ္ဓါနုဿ      တိ

ဗုဒ္ဓါနုဿ       တိဆိုတာ များပြားလှသော ဘုရားရှင်တို့၏ဂုဏ်တော်ကျေးဇူး တော်တို့နှင့် အံ့မခန်းသော ဥာဏ်တော်တို့ကို ရှေးဆရာအသီးသီးတို့မှ ပူဇော် စပ်ဆိုခဲ့သော ဂုဏ်တော်အမွှမ်းတို့ကို မိမိတို့ဘာသာ စာပေစကားအလိုက် ပူဇော် ကြပါတယ်။ တချို့ပူဇော်မှုမှာ မိမိအကျိုးစီးပွားလိုအင်ဆန္ဒအတွက် ပူဇော်နေကြ တာပါ။ ဥပမာအားဖြင့် ဒီဂုဏ်တော်ကို ပူဇော်လျှင် ဘယ်လိုအကျိုးရာထူးအာဏာ တွေ ရရှိမယ်၊ ကျန်းမာမယ်၊ ချမ်းသာမယ်ပေါ့။ ဂုဏ်တော်တွေ ပူဇော်ရွတ်ဖတ် တာ ကောင်းပါတယ်။ အယူနဲ့လုပ်ရင် စေတနာမမှန်တဲ့အတွက် အကျိုးပေး ညံ့တတ်တယ်။ တကယ်ကို ဘုရားရှင်တို့၏ဂုဏ်တော်ကျေးဇူးတော်တို့ကို နားလည်ပြီး ကြည်ညိုတဲ့စိတ်မြတ်နိုးတန်ဖိုးထားပြီး မိမိ၏တန်ဖိုးရှိသောအချိန် တွေကို ဘုရားဂုဏ်တော်တွေ ပူဇော်ရာမှာ အချိန်ပေးပူဇော်မယ်ဆိုရင် မိမိစိတ်မှာ ဘုရားရှင်ဓာတ်ကိန်းနေပြီး မိမိဆန္ဒအလျောက် ဆုတောင်းစရာမလိုအောင် အကျိုး ပေးမှာပါ။ ဒါကြောင့် ဗုဒ္ဓနှင့် ဂုဏ်တော်တို့ကို မှန်ကန်စွာ အောက်မေ့ခြင်း၊ သမ္မာသင်္ကပ္ပ စသော မဂ္ဂင်ရှစ်ပါးတရားတို့ကို ပွားများအောက်မေ့လျက် သံသရာမှ လွတ်မြောက်နိုင်ကြပါစေ။

Comments

comments

Post Author: manawmaya