မြတ်သောအကျင့်ကို ကျင့်ကြပါ။

မြတ်သောအကျင့်ကို ကျင့်ကြပါ။ -မောင်ဥာဏ်စိန်- ***************** *****************   ဗုဒ္ဓဘာသာဝင်တို့သည် ငါးပါးသီလကို စောင့်ထိန်းလေ့ရှိကြပေသည်။ ငါးပါးသီလကို စောင့် ထိန်းသောအခါ ကာမေသုမိစ္ဆာစာရတည်းဟူသော သိက္ခာပုဒ်ကို စောင့်ထိန်းကြရပေသည်။ သူတစ်ပါး၏ သားမယားအား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ခြင်းတည်း ဟူသော သိက္ခာပုဒ်ဖြစ်ပေသည်။ ရှစ်ပါးသီလ၊ ကိုးပါးသီလတို့ကို စောင့်ထိန်း ကြသောအခါ ဤမျှနှင့် မလုံလောက်ပါ။ အဗြဟ္မာ စရိယတည်းဟူသော သိက္ခာပုဒ်ကို စောင့်ထိန်းကြရ ပေသည်။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်း မှ ရှောင်ကြဉ်ကြရပေသည်။ မမြတ်သော မေထုန် အကျင့်ကို အဗြဟ္မာစရိယဟုခေါ်ဆိုသဖြင့် မြင့်မြတ် သော အကျင့်ဟူသည်မှာ မေထုန်အမှုပြုခြင်းမှ ရှောင် ကြဉ်သောအကျင့်(ဗြဟ္မာစရိယအကျင့်)ဖြစ်ကြောင်း နားလည်နိုင်ပေသည်။ သာမန်အားဖြင့် ကျင့်ကြံနိုင် သော အကျင့်မဟုတ်သော်လည်း လေ့ကျင့်ပါများက အောင်မြင်သွားနိုင်ပေသည်။ မြတ်စွာဘုရားလက်ထက်က […]