လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်

ကျွန်တော်ကိုယ်တိုင် ကြုံရသည်တော့မဟုတ် ပါ။ ကိုယ်တွေ့မဟုတ်သော်လည်း စိတ်ကူးယဉ် လည်း မဟုတ်ပါ။ ကိုယ်တိုင်ကြုံရသူက ကျွန်တော် ၏အမေ့အစ်ကို ဦးရီး ဦးပြားမောင်ဖြစ်သည်။ Read more about လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်

စကားပြောကြပါသည်

 

မိမိတို့ပြုခဲ့သော အတိတ်ကုသိုလ်ကံအ ကြောင်းတရားတို့ကြောင့် သေသည်၏အခြားမဲ့၌ ဘုံဋ္ဌာနအသီးသီးသို့ ရောက်ရှိခံစား၊ စံစားကြရကုန် ၏ဟု ကြားဖူးပါသည်။ Read more about စကားပြောကြပါသည်

Facebook သုံးတဲ့ သရဲ – ခွန်လှိုင်း –

 

၂၀၁၁ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ကျွန်မရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ အသက် ၁၅ နှစ်အရွယ် သမီးလေး ‘ဆူဇန်’ (Suzanne) ဟာ လူ မဆန်လောက်အောင် ရက်စက်တဲ့နည်းနဲ့ အသတ် ခံခဲ့ရပါတယ်။ လူမဆန်လောက်အောင် ရက်စက်တဲ့ နည်းနဲ့သတ်ခဲ့တာဖြစ်တဲ့အပြင် လူသားလူသတ် သမားတစ်ယောက်က သတ်ခဲ့တာမဟုတ်ဘဲ ၀ိညာဉ် လောကသား (သရဲ) တစ်ယောက်က သတ်ခဲ့တာ လို့တောင် ယူဆစရာဖြစ်ခဲ့ပါတယ်။ Read more about Facebook သုံးတဲ့ သရဲ – ခွန်လှိုင်း –

အရက်လာဝယ်သောက်တဲ့ ဝိညာဉ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ရွာလေးဟာ ကျွန်မတို့ ဇာတိ ချက် ကြွမွေးရပ်မြေပေါ့။ ကျွန်မဟာ ဗုဒ္ဓဘာသာ ဝင်တစ်ယောက်ပေမို့ ဘယ်သူတရားပြပြ သရဲ၊ တစ္ဆေကို အရမ်းကြောက်တတ်ပါတယ်။

တရားလွန် ကို ကြောက်တာပါ။

ကျွန်မက တစ်နယ်သားနဲ့ အိမ်ထောင်ကျပြီး အဲ့ဒီနှစ်တွေမှ ရွာမှာပြန်လာပြီး အရက်၊ မုန့်မျိုးစုံဆိုင် လေး ဖွင့်ရောင်းပါတယ်။ ၁၉၉၆ ခုနှစ် တပေါင်းလ ပွင့်လင်းရာသီမှာပေါ့။ ကျွန်မတို့နယ်တစ်ဝိုက်ရဲ့ ထုံးစံ က ဇာတ်ပွဲတစ်ပွဲဟာ ရွာစဉ်လှည့်ပြီး ကပြပါတယ်။ ဒီဇာတ်၊ ဒီမင်းသား၊ မင်းသမီး ဒီပြဇာတ်ကိုပဲ တစ်ရွာ ပြီးတစ်ရွာ ပွဲလိုက်ကြည့်ကြပါတယ်။ လှည်းရှိသူက လှည်းနဲ့၊ စက်ဘီး၊ ခြေကျင်စသည်ဖြင့်ပေါ့။ ပထမဆုံး တပေါင်းလပြည့်နေ့က ‘ကမ်းနီ မြသီတင်’ ဘုရားပွဲ တော်က စကတဲ့ ဇာတ်ပွဲဟာ ကျွန်မတို့ ရွာရဲ့ အနောက်ကမ်း၊ ‘ဒိုးအင်း’ရွာမှာ ကမယ့်နေ့မှာပေါ့။ Read more about အရက်လာဝယ်သောက်တဲ့ ဝိညာဉ်

တောခြောက်ခြင်းလား၊ တောမှောက်ခြင်းလား – ဂမ္ဘီရလှမျိုးဦး

အမ်းမြို့နယ် ထန်းတင်ရွာသား ယောက်ဖ ရွှေသာက ငါနဲ့ တောလည်(လယ်)သွားမယ် မင်း လိုက်ခဲ့လို့ခေါ်တာနဲ့ ကျွန်တော် လိုက်သွားတယ်။ ရွာမှအထွက် တောထဲအဝင် ယောက်ဖ ငှက်မွှေးလှ လှလေး လိုချင်တယ်၊ မှုတ်ပြောင်းနဲ့ပစ်ဖို့ မှုတ်စူးလှ လှစည်းရန် ငှက်မွေး ကြက်မွေးလိုတယ်။ ဒါကို ရည်ရွယ်ပြောလိုက်တာ။ Read more about တောခြောက်ခြင်းလား၊ တောမှောက်ခြင်းလား – ဂမ္ဘီရလှမျိုးဦး

အမြင်ပညာ(၄)

သာကေတ ၂ မြောက်ရပ်ကွက်မှ ကိုတင် ဆောင်တို့ ဇနီးမောင်နှံသည် မင်္ဂ္လာတောင်ညွန့်ရှိ ကြက်ဘဲဈေးတွင် အလုပ်လုပ်ကြသည်။ ကိုတင်ဆောင် သည် ဝယ်ယူသူများ လာအပ်သော ကြက်ဘဲတို့အား အတောင်နှစ်ဖက်ကို စုကိုင်ပြီး နှစ်တစ်လက်မ တုတ် ဖြင့် ကြက်ဘဲကျောကုန်းကို အားရပါးရ ထုရိုက်လေ သည်။ ကြက်ဘဲတို့ သေသေ မသေသေ ရေနွေးအိုး ထဲသို့ ပစ်ထည့်လိုက်၏။ Read more about အမြင်ပညာ(၄)

အမဲသားတောင်းတယ် – လင်းမြတ် (မင်းတပ်) –

<<< မနောမယဂမ္ဘီရဂျာနယ်သို့ ရေးသားပေးပို့သည့် ကိုယ်တွေ့ဖြစ်ရပ်မှန် >>>

 

၁၉၉၀ ခုနှစ် ဇူလိုင်လ၏ ရက်တစ်ရက် ညနေ ၅း၃၀ ချိန်ခန့်တွင် ကျွန်တော်သည် လှည်းကူး ဈေးထဲမှ အမဲသားတစ်ပိသာဝယ်ပြီး စက်ဘီးစီးကာ တာဝန်ကျရာ အမှတ်(၂၁၅) ခြေလျင်တပ်ရင်းသို့ ပြန်လာခဲ့ပါသည်။

အမှတ်(၂၁၅)ခြေလျင်တပ်ရင်းတွင် တပ် ကြပ်ကြီးတာဝန်ဖြင့် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါသည်။ Read more about အမဲသားတောင်းတယ် – လင်းမြတ် (မင်းတပ်) –