ပျင်းရိတဲ့ မြည်းတစ်ကောင်အကြောင်း

‘ဘိုလာ’ အမည်ရှိကုန်သည်တစ်ဦးမှာ ‘ခန်ဒယာ’ လို့နာမည်ပေးထားတဲ့ ဝန်တင်မြည်းလေး တစ်ကောင်ရှိတယ်။ ‘ဘိုလာ’ ဟာ စိတ်သဘော ထားကောင်းမွန်တဲ့အတွက် သူ့ရဲ့ဝန်တင်မြည်းလေး ‘ချန်ဒယာ’ ကို ကောင်းကောင်းကျွေးမွေးစောင့် ရှောက်ထားတာပါ။ ဒါပေမယ့် ‘ချန်ဒယာ’ ကတော့ ပျင်းရိပြီး အလုပ်ကိုမလုပ်ချင်လုပ်ချင်လုပ်ပါတယ်။ဝန်တင်ခါနီးဆိုရင်လည်း အသာတကြည်အတင်မခံ ဘဲ ပေကပ်ကပ်လုပ်နေလို့ ‘ဘိုလာ’ က မရိုက်ချင် ဘဲ ရိုက်ရတယ်။ အသားနာသွားမှ ဝန်အတင်ခံတော့ တယ်။ Read more about ပျင်းရိတဲ့ မြည်းတစ်ကောင်အကြောင်း

ဝဋ်လည်ခြင်း

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ရက်စက် ကြမ်းကြုတ်တဲ့ဘုရင်တစ်ပါး အုပ်ချုပ်မင်းလုပ်နေ တယ်။ ဘုရင်ကြီးဟာ ရက်စက်ကြမ်းကြုတ်တဲ့အပြင် တရားမျှတမှုမရှိဘဲ ထင်ရာစိုင်းတတ်တဲ့အတွက် ပြည် သူလူထုကြီးက မနှစ်သက်တဲ့အပြင် သူ့ရဲ့မှူးမတ် တွေအတွင်းမှာပါ မကျေနပ်သူတွေ ရှိလာခဲ့တယ်။မကျေနပ်တဲ့မှူးမတ်တွေက အခွင့်သာရင် နန်းတွင်း ပုန်ကန်မှုလုပ်ပြီး ဘုရင်ကြီးကို ဖြုတ်ချမယ်၊ တရား မျှတမှုရှိသူတစ်ဦးကို နန်းတင်မယ်လို့ ဆုံးဖြတ်ထား ကြတယ်။

ဒါပေမယ့် တစ်နေ့မှာတော့ မှူးမတ်တွေ မျှော် လင့်မထားတဲ့အခြင်းအရာတစ်ခု ဖြစ်လာခဲ့တယ်။ ဘုရင်ကြီးက နန်းတွင်းမှာရှိတဲ့ မှူးမတ်တွေ၊ စစ်သူ ကြီးတွေအားလုံးကို ညီလာခံခေါ်ပြီး ကြေညာလိုက် တယ်။ Read more about ၀ဋ်လည်ခြင်း

လူသုံးမျိုး

ကျောင်းဆရာဟာ စာသင်ခန်းထဲကို လူရုပ် ကလေး သုံးရုပ် ယူလာခဲ့ပါတယ်။

“တပည့်တို့၊ ဒီနေ့ ဆရာ စာမသင်ခင် တပည့် တို့ကို လူမှုနီတိပညာပေးချင်လို့ လူရုပ်ကလေးသုံး ရုပ် ယူလာခဲ့တယ်”

ဆရာက သူ ယူလာတဲ့လူရုပ်ကလေးသုံးရုပ် ကို စားပွဲပေါ် တင်ပေးလိုက်တယ်။

“အားလုံး လာပြီး ဒီအရုပ်ကလေးတွေကို လာ ကြည့်ကြ” Read more about လူသုံးမျိုး