ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်

ကျွန်မငယ်ငယ်တုန်းက တော်တော့်ကို ဆိုးခဲ့ ပါတယ်။ နို့ အခုတော့ရောလို့ မေးလာခဲ့ရင်လည်း လူဆိုးစာရင်းထဲထည့်လို့ ရသေးတာပါပဲ။ ဒါပေမဲ့ အသက်အရွယ်၊ အလေ့အထ၊ အတွေ့အကြုံတို့ရဲ့ ထုထောင်းဖိသိပ် နှိပ်စက်မှုကြောင့် အနည်းငယ် လောက်ပဲဖြစ်ဖြစ် လိမ္မာရေးခြားရှိလာပါပြီလို့ ပြော နိုင်ပါတယ်။

ပထမဆုံး ပြောင်းလဲလာတဲ့ အခြေအနေ တွေကို ပြောပြချင်ပါတယ်။ ငယ်ငယ်ကလေး ကတည်းက မိကောင်း ဖကောင်း ဆရာကောင်းတို့ရဲ့ သွန်သင်ခြင်းကို တစေခံယူခဲ့ရတဲ့အတွက် သညာသိ ကတော့ သိပ်မဆိုးလှပါဘူး။ သူများတကာ ပြော တာဆိုတာကို အမီလိုက်နိုင်လောက်အောင်လောက် တော့ တတ်ပါရဲ့လို့ ပြောရမယ် ဖြစ်ပါတယ်။ Read more about ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်

အကြည်ညို အပူဇော်ခံရအောင် နေတတ်ပါ။

 

“လူတွေဟာ ဘာကိုများ ကိုးကွယ်ကြတာပါ လိမ့်”ဆိုတဲ့ ခေါင်းစဉ်နဲ့ အယူလွဲ အကျင့်လွဲနေတဲ့ သူများရဲ့ အကြောင်းကို ရှေ့မှာ ဆွေးနွေးတင်ပြခဲ့ပြီး ပါပြီ။ ခု အကြည်ညိုခံ အပူဇော်ခံနေရတဲ့ သူများ အနေနဲ့ အနေတတ်ဖို့ လိုတာကို ဆွေးနွေးတင်ပြ လိုပါတယ်။ Read more about အကြည်ညို အပူဇော်ခံရအောင် နေတတ်ပါ။