ကြက်ရိုးနှိုက်တဲ့လက်

ကျွန်တော်သည် အစိုးရဝန်ထမ်း အငြိမ်းစား တစ်ဦးဖြစ်ပါသည်။ ဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့ ပြီးနောက်ပိုင်း တတိယအရွယ်ပိုင်းတွင် လောကုတ္တ ရာဘာသာရေးလုပ်ငန်းများကိုသာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀ဝ၂ ခုနှစ်ကုန်ခါနီးမှာ အငြိမ်းစားယူခဲ့ပြီး ၂၀ဝ၄ ခုနှစ်တွင် စစ်ကိုင်းတောင် ရိုး၊ ပထမဂန္ဓာရုံကျောင်းတိုက်၌ ဒုလ္လဘရဟန်းဝတ် ခဲ့ပါသည်။ ဒုလ္လဘရဟန်းအဖြစ် သုံးဝါအတွင်း၊ မန္တလေးမြို့ စိန်ပန်း မဟာစည်သာသနာ့ရိပ်သာ၌ လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက် တောရသာသနာ့ရိပ်သာ၌လည်း ကောင်း၊ မိုးကုတ်သာသနာ့ရိပ်သာများ၌လည်း ကောင်း ရှင်တော်ဗုဒ္ဓဟောပြတော်မူခဲ့သော အဘိ ဓမ္မာ ဒေသနာ တရားတော်များနှင့်အညီ မဟာ သတိ ပဋ္ဌာန်ဝိပဿနာ ဘာဝနာတရားတော်များကို အား ထုတ်ခဲ့ပါသည်။ ကျွန်တော်နေထိုင်သည့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းစံပြကျေးရွာရှိ ရွှေ ကူတောင်ကျောင်းတိုက်၏ မိုးကုတ်ဝိပဿနာ ၁၀ […]