ပဌမံဘိုးဘိုးအောင် အမြဲရွတ်ဖတ် ပဌမံအစချီ ဂါထာမှတ် (သို့) “တန်ပြန် ဂါထာတော်”

Zawgyi Version ကျွန်ုပ်တို့မြန်မာပြည် ဝိဇ္ဇဓိုရ်သမိုင်း တွင် ထင်ရှားကျော်ကြားလှသော ပဌ မံဘိုးဘိုးအောင် အမြဲမပြတ်ရွတ်ဖတ် သရဇ္ဈာယ်ခဲ့သော “ပဌမံအစချီ”ဂါထာ တော်မြတ်ကြီးကို ခုနှစ်ရက်သားသမီး အပေါင်း အကျိုးများစေရန် အတွက် ရေးသားတင်ပြပါမည်။ဤဂါထာတော် မြတ်ကြီးသည် ပုဂံခေတ်ကပင် စတင် ပေါ်ပေါက်ခဲ့၏။မူရင်းရေးဖွဲ့သီကု့းသူ မှာ “သင်္ခေပဝဏ္ဏဋီကာကျမ်းပြုအကျော် အရှင်သဒ္ဓမ္မဇောတိပါလဆရာတော်” ဖြစ်၏။ထိုသင်္ခေပဝဏ္ဏဋီကာ၂၉၆-လာ ဂါထာတော်မြတ်ဖြစ်၏။ရှင်တော်မြတ် ဗုဒ္ဓဟောကြားတော်မူခဲ့သော သစ္စာ (၄)ပါးမြတ်တရားကို ကျစ်လစ်သိပ် သည်းသော အနက်အဓိပ္ပါယ်ဋ္ဌကျယ် ဝန်းသော ရည်ရွယ်ချက်ဖြင့် ဂါထာ ဗန္ဓသီကုံးရေးဖွဲ့ထားခြင်း ဖြစ်၏။သစ္စာ တစ်ပါးစီတွင် အနက်အဓိပ္ပါယ် အကျယ် (၄)ပါးစီရှိကြောင်းပြဆိုထား၍ “သစ္စာအ နက်(၁၆)ချက် ဂါထာကျော်”ဟုလည်း ခေါ်တွင်ကြောင်း သိရှိမှတ်သားရပါ၏။ တဖန် ဤပဌမံအစချီ ဂါထာတော် မြတ်နှင့် ပက်သက်၍ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ မိန့်ကြားချက် ကိုလည်း […]