သရဲကို အနိုင်ယူသော ဆရာစုအကြောင်း

ကျွန်တော့်နာမည် ထွန်းဆိုင်ဟု ခေါ်သည်။ ရှမ်းလူမျိုးဖြစ်ပြီး ဗုဒ္ဓဘာသာကို ကြည်ညိုပါသည်။ ပုသိမ်သို့ တာဝန်အရပြောင်းရွှေ့ တာဝန်ထမ်းဆောင် ရပါသည်။ တောင်တန်းဒေသမှ မြေပြန့် မြစ်ဝကျွန်း ပေါ်သို့ ပြောင်းလာရသဖြင့် ရာသီဥတုပြောင်းလဲမှု၊ လူတွေနှင့် ထိတွေ့ဆက်ဆံမှုပုံစံများမှာ လုံးဝ ပြောင်း လဲသွားသည်။ မြန်မာတို့သည် ရိုးသားသော ရှမ်းတိုင်းရင်း သား ကျွန်ုပ်အား ချစ်ခင်ကြပါသည်။ တစ်ရုံးထဲနေ ဦးသိန်းရွှေနှင့် ခင်မင်ရာမှ တရားစကားများ ပြောဖြစ်  ပါသည်။ ကျွန်ုပ်မှာ ဗုဒ္ဓဘာသာဖြစ်၍ လိုက်၍ ပြောနိုင်ပါသည်။ တစ်ခါတစ်ရံ ဗုဒ္ဓနှင့်ပတ်သက်သော စာအုပ်စာပေများကို ယူဆောင်လာပြီး ကျွန်ုပ်အား ဖတ်ရှုစေပါသည်။ စာရေးဆရာကြီး ဦးသုခ ရေး သော မင်္ဂလသုတ်၊ မေတ္တသုတ် စာအုပ်များသည် ကျွန်တော်တို့ဖတ်၍ ကောင်းသော စာအုပ်များ ဖြစ်ပါ သည်။ […]

မိုးကြိုးပစ်ခံရသော ဒေါ်အုန်းစိန်အကြောင်း

ဒေါ်အုန်းစိန်သည် သန်းကြီးကုန်းရွာတွင် နေ ၏။ သန်းကြီးကုန်းရွာသည် မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တည်ရှိသည်။ ကျောက်ပန်းတောင်း-ပုပ္ပား-တောင်သာ ကားလမ်း မကြီး၏ အရှေ့ဘက် ပုပ္ပားတောင်၏ အရှေ့ဘက် တောင်ခြေမှ ရွာတစ်ရွာ ဖြစ်ပါသည်။ ဦးစံဦးနှင့် ဒေါ်ပုတို့မှ ၁၂၆၈ ခုနှစ်တွင် တစ်ဦးတည်းသောသမီး လေးကို မွေးဖွားခဲ့သည်။ အမည်ကို ရွာဦးကျောင်း ဆရာတော်က တနင်္ဂနွေသမီး “အုန်းစိန်”ဟု အမည် ပေးခဲ့၏။ Read more about မိုးကြိုးပစ်ခံရသော ဒေါ်အုန်းစိန်အကြောင်း