လာဘ်ရွှင်စေရန် ပုတီးစိပ်ပါ

သာမညဆရာတော်ဘုရားကြီး ချီးမြှင့်ခဲ့သော အချိန်အခါရွေးနည်းတွင် နေ့တစ်နေ့ကို အချိန်အပိုင်းအခြားအလိုက် ကောင်းသောအချိန်နှင့် မကောင်းသောအချိန် အကြမ်းဖျင်း ခွဲခြားထားပါသည်။ ငွေကြေးဓနနှင့်ဆိုင်သော စန်းနက္ခတ်တို့ဖြစ်ထွန်းအားကောင်းသော “မုဆိုးရွှေအိုးရကိန်း” အချိန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ တနင်္ဂနွေနေ့တွင် နံနက် ၁၀ နာရီ ၄၉ မိနစ်မှ နေ့လယ် ၁ နာရီ ၁၂ မိနစ်အတွင်း တနင်္လာနေ့တွင် နေ့လယ် ၁ နာရီ ၁၃ မိနစ်မှ ညနေ ၃ နာရီ ၃၆ မိနစ်အတွင်း အင်္ဂါနေ့တွင် ညနေ ၃ နာရီ ၃၇ မိနစ်နှ ညနေ ၆ နာရီအတွင်း ဗုဒ္ဓဟူးနေ့တွင် နံနက် ၆ နာရီမှ နံနက် ၈ နာရီ ၂၄ မိနစ်အတွင်း […]