လောကမှာ ကြောက်စရာအကောင်းဆုံးအရာ

လောကမှာ ကြောက်စရာအကောင်းဆုံးအရာ -ယမုံအေး(စမ်းချောင်း)- ************************* ဟိုးရှေးရှေးတုန်းက တရုတ်ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဆရာဖြစ်တဲ့ဘုန်းကြီးအိုကြီးတစ်ပါးနဲ့ တပည့်ကိုရင်လေး တစ်ပါးရှိကြသတဲ့။ တစ်နေ့တော့ ကိုရင်လေးက ဆရာသခင် ဘုန်းကြီးအိုကြီးကို သူသိချင်တာ တစ်ခုမေးတယ်။ “ဆရာတော်ဘုရား။ တစ်ယောက်တည်း ဖြစ်နေတဲ့ လူတစ်ယောက်မှာ သူ့အတွက် ကြောက် စရာ အကောင်းဆုံးအရာက ဘယ်အရာဖြစ်ပါသလဲ ဘုရား” ဘုန်းကြီးအိုကြီးက ပြန်မဖြေသေးဘဲ ရယ် နေရင်းက မေးခွန်းပြန်မေးတယ်။ “သင် ဘယ်လိုထင်သလဲ” ကိုရင်လေးက – “တစ်ယောက်တည်း အထီးကျန်စွာနေရမှာ ကို ကြောက်တာလား ဘုရား” ဘုန်းကြီးအိုကြီးက ခေါင်းယမ်းလျက် – “ဒါမမှန်သေးဘူး” “ဒါဆို တခြားသူတွေက ကိုယ့်ကိုအထင်လွဲ မှာကို ကြောက်တာလား ဘုရား” “ဒါလည်း မမှန်သေးဘူး” “လုပ်သမျှကိစ္စတိုင်း အဆင်မပြေမှာကို ကြောက်တာလား […]