ကယှက်ယယှက်ဘုရား ပူဇော်ထား အခက်အခဲတွေ အားလုံးသွား

 

လူတို့တွင် အခက်အခဲတစ်ခု မဟုတ်၊ တစ်ခု ကြုံတတ်၏။ ထိုသို့ ကြုံသောအခါ၌ ဟိုယတြာ ဒီယတြာစသည်ဖြင့် မျိုးစုံချေတတ်ကြ၏။

အောက်တွင်ဖော်ပြထားသော ကယှက်ယယှက် စမဘုရားပုံတော်ကို ကတ်ပြားတွင် ကပ်ပြီးလျှင် ကြက်လျှာ အနီရဲရဲလေးတစ်ခု လှူဒါန်းပါ။ Read more about ကယှက်ယယှက်ဘုရား ပူဇော်ထား အခက်အခဲတွေ အားလုံးသွား

အိမ်အေးစေ

အချို့သောအိမ်များတွင် ဖခင်နှင့်သားလည်း ကောင်း၊ မိခင်နှင့်သမီးလည်းကောင်း၊ ညီအစ်မ အချင်းချင်းလည်းကောင်း၊ ညီအစ်ကိုအချင်းချင်း လည်းကောင်း၊ မောင်နှမချင်းလည်းကောင်း အကြောင်း အရာ ကြီးကြီးမားမား မရှိဘဲ ငြင်းခုံခြင်း၊ စကားများ ခြင်းများ ပြုတတ်ကြ၏။ Read more about အိမ်အေးစေ

ဓာတ်တူ နာမ်တူ ငွေကို ယူ

ကိုယ်တိုင်ကိုယ်ကျ ပုံထုတ်ပြီး ချိတ်ဆွဲချင်သူများအတွက် HD Quality ဖြင့် တင်ပေးထားပါတယ်။ ဒီမှာ နှိပ်ပြီး Down ပါ။

DOWNLOAD LINK 

+++++++++++++++++++++++++++++

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ ညီတစ်ယောက် ရောက်ရှိလာလေ၏။

သူသည် ကျွန်ုပ်၏ ညီအရင်းဖြစ်သည်။ ယခင် ကျွန်ုပ် ဗေဒင်လက္ခဏာဟောပြောခဲ့သော အမှတ် (၁၄) ကျောက်ရေတွင်းလမ်းတစ်နေရာတွင် ဗေဒင် ဟောပြောနေသူဖြစ်၏။

ဦးဝင်းဇော် (B.Sc (Foestry) ကလောင်အမည်ဖြင့် ရောင်ပြန်မဂ္ဂဇင်း၌ ဆော်လမွန်အဆောင်တံဆိပ်များ အကြောင်းကို ဆောင်းပါးရေးနေသူဖြစ်၏။ Read more about ဓာတ်တူ နာမ်တူ ငွေကို ယူ

ပစ္စည်းမဆုံးပေ သုံးတတ်စေ

အချို့သောလူများသည် အခက်အခဲတွေ့ သောအခါ၌ မိမိနေသောအိမ်ကို ပေါင်နှံထားရ၏။ ထိုသို့ပေါင်နှံထားပြီး ဖြစ်သော်လည်း အတိုးလည်း မသွင်းနိုင်၊ အရင်းလည်း မသွင်းနိုင်ဖြစ်၍နေ၏။ Read more about ပစ္စည်းမဆုံးပေ သုံးတတ်စေ

မရမ်းတလင်းမြေမှ အံ့ဖွယ်ယတြာများ

ရေအောက်တွင် မြှပ်နေသော သင်္ဘောကြီးအတွက် ယတြာ

ဒေါ်သာဉာဏ်နှင့် အရူးညာကလိတို့သည် ယတြာပညာ သင်ယူရန်အတွက် ကျွန်ုပ်ထံသို့ ရောက် လာကြပြန်၏။ ထိုနေ့နံနက်စာကို အရူးညာကလိက ချက်လေ၏။ ငါးသလောက်ကို လစ်ပိုများထည့်၍ ဆီပြန်ချက်၏။
ဘဲသား ဆူဆူကို တောအရက်နှင့်နှပ်ကာ ချက်လေ၏။ ပုဇွန်ဆိတ်၊ ငါးပိစိမ်းစားနှင့် ငရုတ်သီး ကြက်သွန်တို့ကို လှော်ပြီးလျှင် နွားနို့ထည့်၍ ငါးပိ ချက် ချက်လေ၏။

အလုံးစုံကျက်သော အခါ၌ ကျွန်ုပ်တို့သည် နံနက်စာ စားကြလေ၏။ ကျွန်ုပ်လည်း ညာကလိချက်သော ဟင်းများကို စိုးရိမ် ထိတ်လန့်စွာနှင့် စားရလေ၏။ ဒေါ်သာဉာဏ်ကြီးမှာမူ ” ကောင်းဟ …ကောင်းဟ ” ဟု ဆိုကာ အရမ်းကာရော စားလိုက်သဖြင့် သွေးများ တိုးလာသောကြောင့် ဆရာဝန်ပင့်ပေးရလေ
၏။

ကျွန်ုပ်လည်း ကြိုတင်ကာကွယ်သောသဘောဖြင့် သွေးကျဆေး နှစ်ပြား သောက်ထားရ၏။ ထိုအချိန်၌ လူတစ်ယောက် ရောက်ရှိလာလေ၏။ ထိုသူ၏အမည်မှာ မောင်ပေါ်ဦးဟူ၍ ဖြစ်၏။ ၎င်းမောင်ပေါ်ဦးက –

” ဆရာ …ကျွန်တော်က ရေငုပ်သမားပါ။ သန်လျင်မြစ်ခွ ဆုံမှာ ရှေးအခါက သင်္ဘောတစ်စီး မြုပ်ဖူးတယ်။ အဲဒီသင်္ဘောကို ရေငုပ်ပြီး ဆယ်ဖို့ ကျွန်တော်က ကန်ထရိုက် ယူထားတယ်။မြစ်ခွဆုံဆိုတော့ အန္တရာယ်တော့များတယ်။ ဆရာရေ …။ အထူးသဖြင့် အဲဒီပတ်ဝန်းကျင်မှာ ကျားငမန်းကြီးတစ်ကောင်ရှိတယ်။ ဘယ်လောက်ပဲ အန္တရာယ် များများ ဆရာ၊ မြိုးမြိုးမြက်မြက် ကလေး
ရတော့လည်း အလုပ်ကို လက်ခံထား လိုက်တယ်။

သန်ဘက်ခါ ကျွန်တော်တို့ အလုပ်စမယ် ဆရာရေ။ အန္တရာယ် ကင်းအောင်လုပ်ပေးပါဦး” ဟု ပြောလေ၏။ ” ယတြာဖယောင်း တိုင်လည်း လုပ်ပေးလိုက် ပါ့မယ်ကွာ …။ ရှင်ဥပဂုတ် ကိုလည်း ပွဲထိုးပြီးတော့
တိုင်တည်ပေါ့။ ဦးရှင်ကြီး ကိုလည်း ပွဲလေးဘာလေးထိုးပြီး တိုင်တည်ပေါ့ …}}ဟု ဆိုကာ ကျွန်ုပ်သည် ဖယောင်းတိုင် တစ်တိုင်ကိုယူ၍ လိမ္မော်ရောင် စက္ကူ ကပ်လိုက်ပြီးလျှင် ကြာသပတေးဂြိုဟ်တံဆိပ်ကို ရေးထွင်းလိုက်လေ၏။ ထို့နောက် အောက်ပါ တံဆိပ်ကိုလည်း ရေးထွင်းကာ ဒေါနဆီများ သုတ်လိမ်းလိုက်
လေ၏။

ညာကလိသည် ကျွန်ုပ်ရေးသည်ကို ကြည့်ပြီးနောက် –

” ဆရာ …ဒီတံဆိပ်က ဘာလဲဗျ …” ဟု မေးလေ၏။

” ဒီတံဆိပ်ကို ညြေညဖေ လို့ ခေါ်တယ်ကွ။ စွန့်စားလုပ်ကိုင်ရတဲ့ အလုပ်တွေမှာ ဒီတံဆိပ်ကို အသုံးပြုပြီး ပုဂ္ဂိုလ်ထူးတွေကို တိုင်တည်ရတယ်ကွ” ဟု ကျွန်ုပ်က ရှင်းပြလိုက်ရလေ၏။

” ဒါ …ပွိုင့်ပဲ” ဟု ပြောပြန်လေ၏။ ထို့နောက် ကျွန်ုပ်သည် မောင်ပေါ်ဦးအား
ဖယောင်း တိုင်ကို ပေးလိုက်ပြီးလျှင် သန်လျင် ရှင်မွေး နွန်းဘုရား၌ မီးပူဇော်ရန် မှာကြားလိုက်လေ၏။ ထိုအခါ ညာကလိက –

” ဘာဖြစ်လို့ အဲဒီဘုရားမှာ ထွန်းခိုင်းရတာလဲ ဆရာ …” ဟု မေးပြန်၏။
” ရှင်မွေးနွမ်းတို့ မင်းနန္ဒာတို့ဟာ အဲဒီ ရေကြောင်း တွေနဲ့ ပတ်သက်ခဲ့တာလေ …” ဟု ကျွန်ုပ်က ရှင်းပြခဲ့ရလေ၏။

ကျွန်ုပ်လည်း မောင်ပေါ်ဦး၏သတင်းကို နားစွင့်နေမိ၏။ တစ်လခန့်ကြာမြင့်လျှင် မောင်ပေါ်ဦးသည် ကျွန်ုပ်ထံသို့ ရှမ်းစတားဂျစ်တစ်စီးဖြင့် ရောက် ၍လာလေတော့၏။ ကျွန်ုပ်ကိုလည်း လက်ဖက်ခြောက်များ၊ သကြားများ၊ နို့ဆီဘူးများ ငွေများဖြင့် ကန်တော့သွားလေ၏။

” ဘယ်လိုလဲ မောင်ပေါ်ဦးရဲ့” ဟု ကျွန်ုပ်ကမေးရာ –

” အောင်မြင်သွားပါပြီ ဆရာ၊ ကျွန်တော်တို့ ရေငုပ်သမားလေး ယောက်က ရေအောက်ကို ငုပ်ပြီးမြုပ်နေတဲ့သင်္ဘောပျက်ရဲ့ ဗိုက်အောက်က စတီးကြိုးတွေ ဆိုင်းတယ်။ ပြီးတော့ ရေပေါ် ပေါ်နိုင်တဲ့ သံကန်ကြီးတွေနဲ့ ဆက်လိုက်တယ်။ ရေလည်းတက် လာရော အဲဒီသံကန်ကြီးတွေက ရုန်းပြီးတင်လိုက်
တာ။ သင်္ဘောကြီးလည်း ဘွားခနဲ တက်လာတော့ တာပါပဲ။ အဲဒီလုပ်ငန်းအတွက် ကျွန်တော် သိန်း၂၀ဝ လောက် ရလိုက်တယ်ဆရာ …” ဟု အားရ ဝမ်းသာ ပြောလိုက်လေတော့သတည်း။

Read more about မရမ်းတလင်းမြေမှ အံ့ဖွယ်ယတြာများ

ပန်းမြတ်မာလာ

အောက်တွင်ဖော်ပြထားသော ပန်းမြတ်မာလာဖြင့် နေမကောင်းသောအခါ၌ ခေါင်းမှခြေဖျား အထိ ပန်းဖြင့်ကိုးချက်ရိုက်ရ၏။ Read more about ပန်းမြတ်မာလာ

ဘာလိုနေလဲ သိကြားမင်းဆီတောင်းပါလား

ကျွန်ုပ်တို့သည် လူ့လောကအတွင်း၌ တစ် ခုမဟုတ်လျှင် တစ်ခုဆိုသလို လိုအပ်မှုများရှိနေ တတ်၏။ အိမ်ပိုင်မရှိသေးသူသည် အိမ်ပိုင်တစ်လုံးလို ချင်နေ၏။ မော်တော်ကားမရှိသောသူသည် မော် တော်ကားတစ်စီးလိုအပ်နေ၏။ Read more about ဘာလိုနေလဲ သိကြားမင်းဆီတောင်းပါလား

ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာသတ်မှု

ကျွန်ုပ်သည် မျက်နှာဖြူအစိုးရလက်ထက် တွင် အမှုလိုက်ရာတွင် အလွန်အမင်းကျွမ်းကျင်လှ သော ဆားပုလင်းနှင်းမောင်နှင့် တွဲဖက်ကာ အမှု ပေါင်းများစွာ လိုက်ခဲ့ဖူးပါသည်။ Read more about ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာသတ်မှု

ဘာရောင်းချင်သလဲ၊ ခက်နေသလား …၊ ဒါလေးများ ဒီလိုလုပ်လိုက်ပါလား။ -မင်းသိင်္ခ-

သင်သည်အကယ်၍ အိမ်ကိုရောင်းလိုသည်။ ထိုရောင်းရသော ငွေဖြင့်သားကလေးကို နိုင်ငံခြား သို့ ပို့ရန် ရည်ရွယ်ထား၏။ သို့ရာတွင် အိမ်ကို ရောင်းရခက်နေ၏။ ဝယ်မည့်သူ၊ ကြည့်မည့်သူမလာ ဘဲ ရှိနေ၏။ ထို့ကြောင့် အိမ်ဖြစ်စေ၊ ကားဖြစ်စေ၊ ဆိုင်ဖြစ်စေ အလွယ်တကူရောင်းရသော ဓာတ်ရိုက် ဓာတ်ဆင်နည်းကလေးကို ဖော်ပြလိုက်ပါသည်။ Read more about ဘာရောင်းချင်သလဲ၊ ခက်နေသလား …၊ ဒါလေးများ ဒီလိုလုပ်လိုက်ပါလား။ -မင်းသိင်္ခ-

ဘာရောင်းချင်သလဲ၊ ခက်နေသလား …၊ ဒါလေးများ ဒီလိုလုပ်လိုက်ပါလား။

  သင်သည်အကယ်၍ အိမ်ကိုရောင်းလိုသည်။ ထိုရောင်းရသော ငွေဖြင့်သားကလေးကို နိုင်ငံခြား သို့ ပို့ရန် ရည်ရွယ်ထား၏။ သို့ရာတွင် အိမ်ကို ရောင်းရခက်နေ၏။ ဝယ်မည့်သူ၊ ကြည့်မည့်သူမလာ ဘဲ ရှိနေ၏။ ထို့ကြောင့် အိမ်ဖြစ်စေ၊ ကားဖြစ်စေ၊ ဆိုင်ဖြစ်စေ အလွယ်တကူရောင်းရသော ဓာတ်ရိုက် ဓာတ်ဆင်နည်းကလေးကို ဖော်ပြလိုက်ပါသည်။ ထို နည်းကလေးသည် သင့်အတွက် များစွာ အသုံးဝင် ပေလိမ့်မည်။ ကျွန်ုပ်တို့၏ခြံသို့ ဦးကျင်သိန်းဆိုသူ ရောက်လာပြီးလျှင် သူ၏ကား၁၁စီးကို ရောင်းရန် ပြော၏။ ကျွန်ုပ်သည် ဤနည်းဖြင့်ဓာတ်ရိုက်ပေးရာ ၄င်း၏ကား ၁၁ စီးသည် နောက်တစ်နေ့တွင်အကုန် ထွက်ကုန်၏။ ထို့ကြောင့် အကြောင်းရှိလျှင် သုံးနိုင် ရန်အတွက် ဤနည်းကို ဆရာစားမချန်ဘဲ ဖော်ပြ လိုက်ပါသည်။ ဘာရောင်းချင်သလဲ၊ ခက်နေသလား …၊ ဒါလေးများ […]