စစ်ကိုင်းမြို့ သမိုင်းဦးဘုံမြေခေတ်မှ လူသားများ

အစောပိုင်း သမိုင်းပညာရှင်များက မြန်မာနိုင်ငံအတွင်း လူများ အခြေချနေထိုင်ပုံနဲ့ပတ်သက်ပြီး ရေးသားတင်ပြကြရာမှာ အာရှတိုက်အလယ်ပိုင်း တိဗက်ကုန်းပြင်မြင့်မှ ရေကြည်ရာမြက်နုရာသို့ ဆင်း သက်လာခဲ့ကြတဲ့ မွန်ဂိုမျိုးနွယ်များဖြစ်ကြောင်း၊ ထိုသူ များမှ ပျူ၊ ကမ်းယံ၊ သက်၊ မွန်လူမျိုးများ ဖြစ်လာ ကြောင်း ရေးသားခဲ့ကြပါတယ်။ Read more about စစ်ကိုင်းမြို့ သမိုင်းဦးဘုံမြေခေတ်မှ လူသားများ

ကမ္ဘာကြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဘာကြောင့်ကျရောက်နေတာလဲ

ယနေ့ ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ် အမျိုးမျိုး ကျရောက်နေပါတယ်။ ယခုလပိုင်းတွေမှာပဲ ဂျပန်နိုင်ငံမှာ လေမုန်တိုင်းကြီးတွေတိုက်၊ ရေတွေ ကြီး၊ ပြင်းထန်တဲ့ ငလျင်တွေလှုပ်၊ တစ်ခုပြီးတစ်ခု ဖြစ်နေပါတယ်။ Read more about ကမ္ဘာကြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဘာကြောင့်ကျရောက်နေတာလဲ

ရှမ်းပြည်နယ်ကြီး စစ်မီးငြိမ်းဖို့ ရွာငံမြို့ ဘုရားတစ်ဆူကို သွားရောက်ဆုတောင်းခြင်း

ကျွန်တော့်ကို အထက်ဆိုင်ရာ တန်ခိုးရှင် ကြီးတွေ၊ နတ်ကြီးတွေရဲ့ တာဝန်ပေးစေခိုင်းချက် အရ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တဲ့ နေရာဒေသများကို သဘာဝဘေး အန္တရာယ်မှ ကာကွယ်နိုင်ရန် ယတြာအစီအရင်များ သွားရောက်ဆောင်ရွက်ပေးရခြင်း၊ သို့မဟုတ် တန်ခိုး ကြီး ဘုရားများသို့ ကန်တော့်ပွဲများ ကပ်လှူပြီး ဆုတောင်းပေးရခြင်းမျိုး မကြာခဏ ဆောင်ရွက်ခဲ့ ရပါတယ်။ Read more about ရှမ်းပြည်နယ်ကြီး စစ်မီးငြိမ်းဖို့ ရွာငံမြို့ ဘုရားတစ်ဆူကို သွားရောက်ဆုတောင်းခြင်း

ဗျာဒိတ်ရ ဘုရားလောင်း

zawgyi version

ဗုဒ္ဓဘုရားရှင်တစ်ဆူ ပွင့်ထွန်းပေါ်ပေါက်ဖို့ အတွက် အမျိုးသားကောင်းတစ်ဦးအနေနှင့် ပထမ ဘုရားဆုပန်ရတယ်၊ ဘုရားဖြစ်စေရာ ဖြစ်စေကြောင်း ပါရမီတွေ ဖြည့်ရတယ်။ အဲဒီနောက် ဘုရားရှင်ကြီး တစ်ဆူက ဘုရားဖြစ်စေဖို့ ဗျာဒိတ်ပေးရတယ်။ အဲဒီ နောက်မှ ပါရမီတွေဖြည့်ကျင့်ရင်း နောက်ဆုံး သမ္မာ သမ္ဗောဓိ ဘုရားအဖြစ်သို့ရောက်ရှိတာ ဖြစ်တယ် လို့ ကျွန်တော် နားလည်ပါတယ်။ Read more about ဗျာဒိတ်ရ ဘုရားလောင်း

လက်လေးဖက်နှင့် လူသားများ

အာကာသကြီးအတွင်း စကြဝဠာပေါင်း သန်းနှင့်ချီပြီး ရှိရာမှာ အချို့သော စကြဝဠာများ တွင် လူသားများရှိနေပါတယ်။ ကျွန်တော်တို့ကမ္ဘာ က လူသားတွေထက် ဥာဏ်ရည်မြင့်တဲ့ လူသားတွေ ရှိသလို ကျွန်တော်တို့ ကမ္ဘာက လူသားတွေထက် ဥာဏ်ရည်နိမ့်တဲ့ လူသားတွေလည်း ရှိပါတယ်။ Read more about လက်လေးဖက်နှင့် လူသားများ

လမိုင်းနတ်များ

ကျွန်တော် လမိုင်းနတ်များနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးဖို့ လွန်ခဲ့တဲ့လေးနှစ်လောက်က စိတ် ကူးရှိခဲ့ပေမယ့် မရေးဖြစ်ခဲ့ပါဘူး။ လမိုင်းနတ်နဲ့ ပတ် သက်လို့ လူအများက အတုအယောင်နတ်လို့ပဲ ယေ ဘုယျနားလည်နေကြပါတယ်။ သေသေချာချာ ဂဃ နဏ သိသူ အတော်ရှားမည်ထင်ပါတယ်။

လမိုင်းနတ်က တကယ်တော့လည်း အတု အယောင်ဖန်ဆင်း သရုပ်ဆောင်ရာမှာ အလွန်တူ အောင် ဖန်ဆင်းနိုင်တာ တွေ့ရပါတယ်။ ပရလောက နာမ်လောကမှ ထင်ရှားတဲ့ ဝိဇ္ဇာကြီးတွေ၊ နတ်ကြီး တွေ၊ ဘိုးတော်သိကြားမင်းကအစ ဗုဒ္ဓဘုရားရှင်ကြီး အထိ အသွင်ဖန်ဆင်းပြီး ပြနိုင်ပါတယ်။ Read more about လမိုင်းနတ်များ

အဂ္ဂိရတ်ထိုးမည်ဆိုလျှင်

အဂ္ဂိရတ်ပညာရပ်က မြန်မာ့ရှေးဟောင်း ပညာရပ်ပါ။ ပုဂံခေတ်ကပင် ထွန်းကားခဲ့တဲ့ ပညာရပ် ဖြစ်ပါတယ်။ အရည်းကြီး ရဟန်းတွေလည်း အဂ္ဂိရတ် ထိုးခဲ့ကြပုံရပါတယ်။ ဒီပညာရပ် ပေါက်မြောက် အောင်မြင်လျှင် ရွှေလည်း ဖြစ်နိုင်၊ သူဋ္ဌေးလည်း ဖြစ်နိုင်တယ်။ ရောဂါဘယမျိုးစုံလည်း ကုနိုင်တယ်။ ကာယသိဒ္ဓိဆိုတဲ့ ဓားလှံ လက်နက်လည်း ပြီးနိုင် တယ်။ လူချစ်လူခင်လည်း ပေါနိုင်တယ်။ အသက် ရှည် ကျန်းမာခြင်းနဲ့လည်း ပြည့်စုံနိုင်ပါတယ်။ Read more about အဂ္ဂိရတ်ထိုးမည်ဆိုလျှင်