နက္ခတ်ဓာတ်စာ စားစရာ

(၂-၁-၂၀၁၈)မှ (၁၉-၁-၂၀၁၈)ထိ

ထိုရက်အတွင်း စတုရန်းတိုင်ကျရောက်သဖြင့် သည်းခြေကြိုက်အစာဖြစ်သော ချို-ချဉ်-ဖန် အစာများကို စားသုံးရမှာဖြစ်သည်။ အဖန်အုပ်စိုး သော အခါဖြစ်၍ ဓာတ်သက်ကို ကြိုက်သောတိုင် ဖြစ်ပါသည်။ ဝမ်းမချုပ်စေရန် သတိပြုရမည်ဖြစ် သည်။ ဝမ်းချုပ်ခြင်းကြောင့် အထက်ဆောင့်ပြီး ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ သွေးတက်ခြင်းများ ဖြစ်တတ်သည်။

ရင်ပြည့်ရင်ကယ်ပျို့အန်လျှင် နာနတ်သီး ပျားရည်နှင့် ခေါက်၊ အရည်ကို သောက်ပေးပါ။  အဖတ်များ မစားရပါ။ ဆီးဖျော်ရည် (သို့) သံပရာရည် သကြားနှင့် ချိုချဉ်ဖျော်သောက်ပါ။ ခေါင်းကိုက်၍ မူးဝေလျှင် ဦးခေါင်းကို သံပုရာသီးနှင့် ပွတ်၊ ခေါင်းမှ ရေလောင်းပြီးချိုးပါ။ သီးခေါက်နှင့် နံ့သာဖြူ စပ်၍ သွေးလူးပါ။ Read more about နက္ခတ်ဓာတ်စာ စားစရာ