အချစ်လက္ခဏာ

လက်ကောက်ဝတ်နေရာကနေပြီး တက်လာ တဲ့ ကံလမ်းကြောင်းကို တနင်္လာဂြိုဟ်ခုံမှ တက်လာ တဲ့ လမ်းသွယ်က အခုလိုမျိုးများ ပူးပေါင်းမိပြီး ဖြတ်သွားခဲ့ရင် ကိုယ်မမှားခဲ့ဘူးအချစ်ရယ်   ပါးစပ်က ဘုရားဘုရား၊ လက်က ကားယား ကားယားဆိုတဲ့ စိတ်အပြောင်းအလဲ မြန်ပြီး ကလေး ဆန်လွန်းတဲ့ချစ်သူမျိုးနဲ့ တွေ့ရမယ်။ အဲဒီချစ်သူမျိုး ဟာ ကာမဆန္ဒပြင်းထန်လွန်းတတ်ပြီး ကိုယ့်အပေါ်  သစ္စာမဲ့တတ်တဲ့သူမျိုးဖြစ်မယ်။ ကိုယ့်ဘက်က မမှား ယွင်းမိခဲ့ရင်တောင်မှ သူ့ဘက်က စတင်ပြီး မှား ယွင်းဖို့အတွက် လမ်းကြောင်းအမျိုးမျိုးရှာနေတတ် မယ်။ သူ့ဘက်က အဲဒီလိုမျိုး မကြာမကြာဆိုသလို အလိုရမ္မက်ပြင်းထန် တတ်လွန်းလို့ နှစ်ကိုယ်ကြား  မှာ စကားများရတတ်တယ်။   ကံလမ်းကြောင်းက နှလုံးလမ်းကြောင်းအထိတိုင် ရောက်ပြီးခါမှ ပြတ်သွားမယ်ဆိုရင် –   ချစ်တာတစ်ခုပဲသိတယ် ချစ်သူရဲ့ မျက်နှာကွက်ကွက်ကလေးကိုပဲ […]

အချစ်လက္ခဏာ

နှလုံးလမ်း ကြောင်းကနေပြီး အခုလိုမျိုး အခက် အလက်ကလေးတွေ ဖြာဆင်းနေကြမယ်ဆိုရင်

ကိုယ့်ဇာတ်ကိုယ်မှ မနိုင်
ကိုယ်ဖြစ်ချင် တာတွေကသိပ်များ နေတယ်။ ဘယ်သူ့မှ မငဲ့ဘူး။ ကိုယ်လုပ်ချင်တာပဲ ကိုယ်သိတယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ ဒေါသ ကြီးပြီး အမြဲတမ်း အနိုင်ယူချင်စိတ်ပဲရှိတယ်။ သည်း သည်းခံစိတ် ခေါင်းပါးလွန်းတယ်။ သစ္စာယွင်းပျက်ဖို့ လည်း ဝန်မလေးတတ်ဘူး။ အဆွယ်အမြှောင်ထား ချင်စိတ်ရှိတယ်။ အသစ်စက်စက် တွေ့လို့ကတော့ ငါးစိမ်းမြင်ရင် ငါးကင်ကို ပစ်တော့မှာ သေချာလွန်း တယ်။ ဒါပေမဲ့ ကိုယ်မွှေးတဲ့မီး ကိုယ်မငြှိမ်းနိုင်ဖြစ်ပြီး ကိုယ့်ကို ပြန်လောင်တတ်တယ်။ Read more about အချစ်လက္ခဏာ

ဘယ်လိုမိန်းမရမှာလဲ

အမျိုးသားတို့အတွက် သီးသန့်ဟောကိန်း လေးတစ်ခု တင်ပြပါမည်။ ဘယ်လိုမိန်းမမျိုးရမလဲ ဆိုတဲ့ မေးခွန်းလေးက အမျိုးသားလူလွတ်တို့ အသိ ချင်ဆုံးလေးပါ။ ကြီးမှာလား၊ ငယ်မှာလား၊ စစ်၊ မစစ် ဒါလေးတွေတော့ သိချင်တာပေါ့။ မြန်မာ့ရိုးရာ နည်းလေးတစ်ခုရှိပါတယ်။ အဆင့်ဆင့် သယ်ဆောင် လာတာ အခုထိပါပဲ။

ပထမဆုံး မွေးသက္ကရာဇ်ကိုတော့ သိဖို့လို  တယ်။ မြန်မာခုနှစ် မွေးသက္ကရာဇ်ဖြစ်ရမည်။ ၄င်းကို တည်ပြီး ၄ နဲ့မြှောက်၊ ရလာတဲ့ကိန်း ဂဏန်းကို ၇ နဲ့စား၊ အကြွင်းကိုကြည့်ပြီး ဟောကိန်း ထုတ်ထား တာကို ဖတ်ကြည့်ပါ။ လိုချင်တဲ့အဖြေကို ရပါလိမ့် မယ်။

ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသား တစ်ဦး ဘယ်လိုမိန်းမနဲ့ရမလဲဆိုပါစို့။ Read more about ဘယ်လိုမိန်းမရမှာလဲ

အချစ်တို့ ဆုံဆည်းခြင်း

 

နှစ်ဦးပေါင်း ကံအနေအထား သိချင်မှာပေါ့။ ရောက်ရှိနေတဲ့အသက်မှာ ချစ်သူနဲ့ လက်ထပ်ဆုံ စည်းခြင်းရှိ၊ မရှိ။ ဘယ်တော့ နှစ်ကိုယ်တူနီးရပါ့ မလဲဆိုတာတွေ သိချင်မှာပေါ့။ Read more about အချစ်တို့ ဆုံဆည်းခြင်း

အချစ်ကိုနတ်စောင့်တယ်

သတ္တဘာဂဆိုတဲ့ ဖူးစာရေးနတ်ကို လူတိုင်း  သိပါတယ်။ ချစ်သူနှစ်ဦး ဖူးစာဆုံအောင် ဖန်တီး စောင့်ရှောက်တဲ့နတ်ပေါ့။ ဒီနေရာမှာ အလျဉ်းသင့် သလို ကိုယ်စောင့်နတ် ၁၂ ပါးရှိပါတယ်ဆိုတာ ပြော ပြချင်တယ်။

၁။ သတ္တဘာဂ

ဖူးစာရေးနတ်မင်း

၂။ သူရဿတီ

ပညာအတတ်ကိုစောင့်ရှောက်တဲ့နတ် Read more about အချစ်ကိုနတ်စောင့်တယ်