တောင်းလျှင်လည်း မုန်း၊ မပေးမုန်း၊ နောက်ဆုံး မိတ်ဆွေပျက်

လွန်လေပြီးသောအခါက ဗာရာ ဏသီပြည်ရှိ တစ်ခုသော ရွာတွင် အ လောင်းတော်သည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အမည်မှာ အဋ္ဌိသေန သတို့သား ဖြစ်ပါ သည်။

အလောင်းတော် အဋ္ဌိသေနသတို့ သားသည် အရွယ်ရောက်လာသောအခါ တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ် ပညာတို့ကို သင်ယူတတ် မြောက်ခဲ့ပြီး နောက် လူ့ဘောင်ကို စွန့်ခွာ၍ ရသေ့ ရဟန်းပြုကာ ဟိမဝန္တာတောတွင် ဈာန် အဘိညာဉ် သမာပတ်တို့ဖြင့် တည်ရှိနေ ၏။ Read more about တောင်းလျှင်လည်း မုန်း၊ မပေးမုန်း၊ နောက်ဆုံး မိတ်ဆွေပျက်

မေတ္တာကြီးမား သည်းခံခြင်းကား မိဘမှတစ်ပါး အခြားမရှိ

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်  အပျိုကြီးတစ်ဦး၏ ဖြားယောင်းခြင်းကို ခံရသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောပြတော်မူခဲ့ပါသည်။

လွန်လေပြီးသောအခါက ဗာရာဏသီပြည် တွင် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပါသည်။  အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ သင် ကြားအပ်သော အတတ်ပညာများကို သင်ယူတတ် မြောက်ပြီးနောက် အိမ်ထောင်အမှုကို ပြုခဲ့ပါသည်။ သားတစ်ဦးရရှိပြီးနောက် ထိုသားအရွယ်ရောက်ချိန် တွင် ဇနီးမယားမှာ ကွယ်လွန်သွားခဲ့ပါသည်။ ထိုအခါ အလောင်းတော်သည် သားငယ်ကိုပါ ခေါ်ဆောင်၍ ဟိမဝန္တာသို့သွားကာ သားနှင့်အဖ နှစ်ဦးစလုံး ရသေ့ ရဟန်းပြု၍ နေထိုင်ခဲ့ပါသည်။ တစ်နေ့တွင် အ လောင်းတော်ရသေ့သည် သားရသေ့ကို ကျောင်း၌ ထားရှိခဲ့ပြီး မိမိမှာမူ သစ်သီးကြီးငယ်ရှာရန် တောထဲ သို့ ထွက်လာခဲ့ပါသည်။ Read more about မေတ္တာကြီးမား သည်းခံခြင်းကား မိဘမှတစ်ပါး အခြားမရှိ

စေတနာသည် ကံ

မြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်၊ ဆီးတောကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ သားတော် အရှင်ရာဟုလာ မထေရ်ကို အကြောင်း ပြု၍ ဤဇာတ်တော်ကို ဟောပြတော်မူခဲ့ပါသည်။ Read more about စေတနာသည် ကံ