ဒီလိုလုပ်ပါလား … စံ-ဇာဏီဘို

ဒီလိုလုပ်ပါလား …

“အလှမှာ လျှို့ဝှက်ချက်ရှိတယ်”

လူတိုင်းမှာ အလှကိုစီရှိကြပါတယ်။ အဲ့ဒီ အလှကို ကျက်သရေလို့ခေါ်ပါတယ်။ အလှကျက် သရေက အငြိမ်မနေဘူး။ နေ့အလိုက် ဟိုရွေ့ ဒီရွေ့ နဲ့ပေါ့။

လှနေပါလား …

ကျက်သရေ ရှိလိုက်တာ …

စတိုင်ကျ လှချည်လား …

တယ်ခန့်ပါလား …

ကြည့်ကောင်းလိုက်တာ …

ဒါမျိုးလေး ကိုယ့်အပေါ်မှတ်ချက်တာကို လူ တိုင်းလိုလား သဘောကျမှာပါ။ အပြောခံချင်လွန်းလို့ အလှတွေတိုးအောင် အလှဆင် စတိုင်ထုတ်နေကြ တာကိုတော့ ငြင်းလို့မရပါဘူး။

အခုနည်းလေးက မြန်မာ့ရိုးရာနည်းလေး တစ်ခုဖြစ်ပါတယ်။

အလှကျက်သရေရဲ့ လျှို့ဝှက် ချက်ကလေး ဖော်ထုတ်ကြပါစို့။

နေ့အလိုက် အလှကျက်သရေ တည်ရှိနေပုံကို အရင်မှတ်သားဖို့ လိုပါတယ်။ ဒါလူတိုင်းအတွက် ပုံသေဖြစ်ပါတယ်။ နေ့ အလှကျက်သရေတည်ရာ

တနင်္ဂနွေနေ့ ဦးခေါင်း

တနင်္လာနေ့ ပခုံး

အင်္ဂါနေ့ ကျောကုန်း

ဗုဒ္ဓဟူးနေ့ နှာခေါင်းနှင့်နှုတ်ခမ်း

ကြာသပတေးနေ့ လက်ရုံးနှင့်လက်

သောကြာနေ့ ဣနြေ္ဒ

စနေနေ့ တစ်ကိုယ်လုံး

 

ဘယ်လို အသုံးချမလဲ။

နေ့အလိုက်သတ် မှတ်ထားတဲ့ အလှကျက်သရေတည်ရှိရာကို လှပ၊ သပ်ရပ်၊ သန့်ရှင်း၊ တင့်တယ်၊ အမြင်ကောင်းနေ အောင် လုပ်ဖို့ပါပဲ။

#တနင်္ဂနွေနေ့ မှာ ဦးခေါင်းမှာ ကျက်သရေ တည်ပါတယ်။ အဲဒီနေ့ မနက်လင်းကတည်းက ဆံပင် ကို စနစ်တကျ ဖီးသင်ထားမယ်။ ပွပွကြီးဖြစ်အောင်၊ မသပ်မရပ်ဖြစ်အောင် မလုပ်ဘူးပေါ့။ မိန်းကလေး တွေအတွက်က အခါတိုင်းနဲ့မတူအောင် ဆံပင်ပုံဆန်း လေးတွေ အလှပြင်၊ ခေါင်းစည်းကြိုး၊ ဖဲပြား၊ ကလစ် လှလှလေးနဲ့ အလှပြင်ပါ။ အဲဒီနေ့မှာ ဦးခေါင်းပိုင်းကို သူများကကြည့်မိအောင် စတိုင်လုပ်ထား။ ဦးထုပ် မဆောင်းထားနဲ့။ နေပူထဲထွက်ရင်တောင် ထီးလေး ဆောင်းပေါ့။ အမျိုးသားများအတွက် ဆံပင်တိုရင် သပ်သပ်ရပ်ရပ်ဖြီး။ ဆံပင်ခြောက်နေရင် ဆီမွှေးနဲ့ တတ်နိုင်ရင် ပုံစံကျနေအောင် လုပ်ထားပေါ့။ ဆံပင် ရှည် ပခုံးပေါ်ဝဲနေရင်တောင် ဖြောင့်ဖြောင့်တန်းတန်း ပြေပြေပြစ်ပြစ်နဲ့ပေါ့။ ဒါမှမဟုတ် စည်းထားပေါ့။ ခေါင်းကုတ်၊ ဆံပင်ဘုတ်သိုက်၊ ဆံပင်ပွယောင်း ယောင်း မဖြစ်ပါစေနဲ့။ မလိုအပ်ရင် ဦးထုပ်မဆောင်း နဲ့။ ဆောင်းရင်လည်း တကယ့်စတိုင်ရှိတဲ့ တံဆိပ် ကောင်းကောင်း အစစ်အမှန် တန်ဖိုးကြီးတဲ့ ဦးထုပ် ဆောင်း။ အစုတ်အပြတ်တွေ ခေါင်းပေါ်မတင်နဲ့။

#တနင်္လာနေ့ ပခုံးမှာ အလှကျက်သရေ တည် ရှိနေပါတယ်။ ပခုံးကို သူများလာပုတ်တာ၊ သူတစ်ပါး ကိုယ့်ပခုံးပေါ် လက်လာတင်တာ မခံလေနဲ့။ ကျက်သ ရေ ယုတ်လျော့တယ်။ ပခုံးကိုလည်း ရေမွှေးနံ့သာ ပက်ဖျန်းထား၊ သန့်ရှင်းစွာထားပေါ့။ အင်္ကျီအဝတ် အစားမှာ ပခုံးစတိုင်ပေါ်စေတဲ့ ပုံစံမျိုးဝတ်ပါ။ မိန်းက လေးတွေကတော့ ပခုံးကို ဒေါက်တွေခံပြီး ဝတ်တာ မျိုးရှောင်ပါ။ ပခုံးပေါ် ဖော့ပြားတင်ပြီးချုပ်တဲ့အဝတ် မျိုး ၄င်းနေ့မှာ မဝတ်သင့်ပါဘူး။ ပခုံးသားအပေါ် အဝတ်မှတစ်ပါး အခြားဖုံးနေတာမျိုး မဖြစ်သင့်ဘူး။ ရှိရင်းစွဲ ကိုယ့်ပခုံးစတိုင်ပေါ်အောင် ဝတ်ပါ။ ထူထူပွပွ မဝတ်သင့်ပါ။ စပို့ရှပ်လို ပုံစံမျိုး ဝတ်သင့်ပါတယ်။ အမျိုးသားများအဖို့ အဲဒီနေ့တွေမှာ အင်္ကျီပခုံးပေါ် ပစ်တင်တဲ့စတိုင် မရှိပစေနဲ့။ အင်္ကျီမှာလည်း ပခုံးပေါ် ဒေါက်တွေပါတဲ့စတိုင် ရှောင်ပါ။

#အင်္ဂါနေ့ မှာ ကျောကုန်းမှာ အလှကျက်သ ရေကျရောက်တယ်။ ကျောကုန်းလေးကို အလှဆင် ကြပါစို့။ မိန်းကလေးတွေ ဆံပင်ကိုဖားလျားချပြီး ကျောဘက်ကို ပိတ်မထားနဲ့ပေါ့။ ဆံပင်ရှည်ရင် အဲဒီ နေ့မှာ ကုပ်ပိုးသားနဲ့ ကျောကုန်းကိုမဖုံးစေတဲ့အလှ ဆင်နည်းတွေသုံးပါ။ ဆံပင်ဖြန့်ချနေကျသူတွေ အဲဒီ နေ့မှာ လည်ကုပ်စပ်ကနေသိမ်းပြီ ဆံပင်အရှေ့ဘက် ချထားပေါ့။ ဒါမှမဟုတ်လည်း ကုပ်ပိုးသားပေါ်အောင် ဆံပင်ကို အပေါ်ဘက်မြှင့်ပြီး စည်းနှောင်လိုက်ပါ။ အင်္ကျီအဝတ်အစားဝတ်ရင် ကျောကွဲအင်္ကျီမျိုး မဝတ် နဲ့။ ကျောဘက်မှာ ပြောင်ရှင်းနေမှ နဂိုနေ ကျက်သရေ ရှိမှာ။ ရှုပ်ရှုပ်ယှက်ယှက် ကြိုးတွေ ကြယ်သီးတွေနဲ့ဆို ဟန်မကျဘူး။ အမျိုးသားများအဖို့ ကျောကုန်းကို သူများ လာပုတ်တာမခံနဲ့။ ကျောကုန်းမှာ လှပတဲ့ပုံ၊ ပန်းချီ၊ စတစ်ကာပုံတွေ၊ ထူးခြား တဲ့စာတွေပါတဲ့ စပို့ရှပ်မျိုး ဝတ်လို့ရ တယ်။ ပုဆိုးတွေမဝတ်နဲ့ပေါ့။ အင်္ကျီ ကျောဘက်မှာ တွန့်ကြေနေတာ မျိုး မဖြစ်စေနဲ့ပေါ့။

#ဗုဒ္ဓဟူးနေ့ မှာ အလှကျက်သရေဟာ နှာ ခေါင်းနဲ့ နှုတ်ခမ်းမှာ တည်ရှိနေတယ်။ နှာခေါင်းမှာ ချွေးတွေ စို့နေတာမျိုး၊ နှုတ်ခမ်း အဆီတဝင်းဝင်းနဲ့ ကွက်ကြားဖြစ်မနေအောင် နေပါ။ နှုတ်ခမ်းဖျားက ကျက်သရေရှိတဲ့ စကားတွေပြောပါ။ ဆဲတာဆိုတာ အယုတ္တ အနတ္တစကားပြောတာမျိုးတွေ၊ စကားပြော ရင် နှုတ်ခမ်းရှုံ့လိုက်၊ နှုတ်ခမ်းရွဲ့လိုက်နဲ့ ပြောတာမျိုး တွေရှောင်ပါ။ တချို့မိန်းကလေးတွေ ပါးစပ်နဲ့ နှာ ခေါင်းကို လက်ကိုင်ပဝါနဲ့ပိတ်ဆို့ပြီး စကားပြောတတ် တယ်။ အဲဒီအကျင့်မျိုး ဒီနေ့မလုပ်ပါနဲ့။ လက်ကိုပဝါ၊ တစ်သျှူးတို့နဲ့ နှာခေါင်းက ထွက်လာတဲ့ အဆီ၊ ချွေး တွေကိုသုတ်ပါ။ လှပတဲ့ နှုတ်ခမ်းနီ ဆိုးရင်လည်း ကောင်းပါတယ်။ နှာခေါင်းပွတ်၊ နှာခေါင်းနှိုက်၊ နှာ ခေါင်းတပွပွ မလုပ်မိအောင်ရှောင်ပါ။ အမျိုးသားများ အတွက် လူကြားသူကြားထဲ နှာခေါင်းထဲလက်နှိုက် တာမျိုး အထူးရှောင်ပါ။ နှာခေါင်းကို လိမ့်နေအောင် ပွတ်တာမျိုး မလုပ်နဲ့။ အစားအသောက်စားပြီး နှုတ် ခမ်းတစ်ဝိုက် အညစ်အကြေး၊ အဆီများကင်းအောင် လုပ်ထားပါ။ ခံတွင်းနံ့ သင်းစေတဲ့ အစားအသောက်၊ ချိုချဉ်၊ ရေမွှေးတို့ကို အဲဒီနေ့သုံးပေါ့။

#ကြာသပေတေနေ့ မှာ အလှကျက်သရေ ဟာ လက်ရုံး၊ လက်ဖျံနှင့် လက်နှစ်ဖက်မှာ တည်နေ တယ်။ လက်ကိုသန့်စင်အောင်ဆေးပါ။ လက်သည်း တွေကြား ချေးတွေမဝင်အောင် အဲဒီနေ့ပြုထားပေါ့။ လက်သည်းတွေ ညီညာအောင် ဂရုစိုက်။ မိန်းကလေး တွေက လိုအပ်လာရင် လက်သည်းဆိုးဆေး ကွက် နေတာတွေဖျက်ပစ်။ ဆေးအသစ်ဆိုး။ လက်ဖျံ လက် မောင်းသားလေးတွေ လှနေအောင်၊ အလှပေါ်အောင် ဝတ်စားပါ။ လက်ရှည်ကြီးတွေ မဝတ်နဲ့။ အမျိုးသား များ လက်ဖျံလက်ရုံးတွေ ပေါ်လွင်စေတဲ့ အဝတ်မျိုး တွေ ရွေးဝတ်ပါ။ လက်ကိုမညစ်ပတ်စေနဲ့။ လက် သည်းကြားကအစ သန့်နေအောင်ထား။ လက်ရှည် ဝတ်ရင်တောင် လက်ခေါက်ဝတ်ပေါ့။ လက်ဖျံကို စတိုင်ပဲ့စေတဲ့ ရှုပ်ရှုပ်ယှက်ယှက်ဝတ်တာတွေ အဲဒီနေ့ ခဏချွတ်ထားလိုက်ပါ။ လက်ဖျံလက်ဝါးလက်စောင်း တို့ကို အမွှေးနံ့သာပက်ဖျန်းပေးပါ။

#သောကြာနေ့ မှာ အလှကျက်သရေဟာ ဣနြေ္ဒမှာ တည်နေတယ်ဆိုတော့ ဣနြေ္ဒရရ ဝတ်စား ဆင်ယင်နေထိုင်ပြုမူရမယ့် သဘောပါပဲ။ ရှပ်တိရှပ် ပျာ လပ်လျားလပ်လျား ဣနြေ္ဒမရ မလုပ်နဲ့ပေါ့။ ဝတ်စားဆင်ယင်မှုကအစ ဣနြေ္ဒရှိရှိ လူကြီးဆန်ဆန် စတိုင်ထုတ်ပါ။ ဒီခေတ် ဒီအခါမှာ ဘယ်လိုဣနြေ္ဒကြီး တဲ့ စတိုင်ထုတ်သလဲ။ အဲဒီပုံစံပေါ့။ အရမ်းခေတ်ရှေ့ ပြေးပြီး ကျပ်နေအောင် မဝတ်နဲ့။ ဖောင်းပွပြီးနေ အောင် မဝတ်နဲ့။ ကျစ်ကျစ်လျစ်လျစ် ပေါ့ပေါ့ပါးပါးရှိ စေတဲ့ အဝတ်အထည်မျိုးဝတ်ပါ။ ခေတ်နောက်ကျတဲ့ ပုံစံမျိုးလည်း မဟုတ်၊ အခုခေတ်လည်း မဟုတ်။ အဒေါ်တွေ၊ အမေတွေ၊ ဦးလေးတွေခေတ်က စတိုင် မျိုး ပြန်ယူပါ။ ဝတ်စားရင်လည်း သပ်သပ်ရပ်ရပ်။ ကြည့်လိုက်တာနဲ့ မျက်စိအေးစေတဲ့ အရောင်မျိုး၊ ဒီဇိုင်းမျိုးတွေ ဝတ်ပါ။ စကားပြောတာဆိုတာကအစ အော်ကြီးဟစ်ကျယ်၊ တဟားဟား တခစ်ခစ်နဲ့ မနေ နဲ့။ လမ်းလျှောက်ရင်း တစ်ယောက်နဲ့ တစ်ယောက် တွန်းတိုးနေတာမျိုးရှောင်ပါ။ ဣနြေ္ဒနဲ့စား၊ ဣနြေ္ဒနဲ့ လမ်းလျှောက်။ အချင်းချင်းကတောင် “တယ် မူယာ များပါလား”လို့နောက်ရင်တောင် ဣနြေ္ဒလေးနဲ့ ပြန် ပြုံးပြလိုက်ပါ။

#စနေနေ့ မှာ ကိုယ်လုံးပြည့်မှာ အလှကျက် သရေ တည်ရှိနေတော့ ဟန်ကျတာပေါ့။ တစ်ကိုယ် လုံး သန့်ရှင်းစင်ကြယ်နေအောင်ထားပြီး အမွှေးနံ့သာ ပက်ဖျန်း စတိုင်ထုတ်။ ဘယ်နေရာကြည့်ကြည့် လှ နေအောင် ခြေဆုံးခေါင်းဆုံး စတိုင်ထုတ်ပေါ့။ ခြေ ဖဝါး၊ ခြေသည်းပါမကျန် သန့်ရှင်းသန့်စင် လှပနေ ပါစေ။ ဖိနပ်စုတ် မဝတ်နဲ့။ အင်္ကျီအဝတ်အစား အပေါက်အပြဲ အဖာအထေးပါတာတွေ မဝတ်နဲ့။ ညစ်ပေနေအောင်မနေနဲ့။ ကြည့်လိုက်ရင် လှလှပပ ကြော့ကြော့ပေါ့။ အမျိုးသားတွေလည်း ချွေတွေသံ တွေ တအားထွက်ပြီး ကပျစ်ကညစ် မဖြစ်အောင် နေပါ။ အဲဒီလို နေ့အလိုက် အလှကျက်သရေ တိုး အောင်၊ တင့်တယ်အောင်လုပ်နိုင်ရင် တကယ်မျက် နှာပွင့်မှာ သေချာတယ်။ ဥပဓိရုပ် တကယ်ထက် လာမှာပါ။

စံ-ဇာဏီဘို

မနောမယဂမ္ဘီရဂျာနယ်

ဒီလိုလုပ်ပါလား … စံ-ဇာဏီဘို
ဒီလိုလုပ်ပါလား …
စံ-ဇာဏီဘို

Comments

comments

Post Author: manawmaya